Property Expo
×

 ထိုင္းႏိုင္ငံရွိ နာနတ္သီးစည္ သြတ္စက္႐ံုတစ္ခုတြင္ ျမန္မာ ကေလးလုပ္သားမ်ား ေစခိုင္းမႈ ႏွင့္ အလုပ္သမားအခြင့္အေရး ခ်ဳိးေဖာက္ခံေနရမႈမ်ား ရွိေနသည့္ အေၾကာင္း အစီရင္ခံစာေရးသား သည့္ ၿဗိတိန္ႏိုင္ငံသား အန္ဒီေဟာ ကို အသေရဖ်က္မႈျဖင့္ ထုိင္းတရား႐ံုးက ဆိုင္းငံ့ေထာင္ဒဏ္သံုးႏွစ္ႏွင့္ ဒဏ္ေငြ ဘတ္တစ္သိန္းခြဲ ေပးေဆာင္ရန္ စက္တင္ဘာ ၂၀ ရက္က ခ်မွတ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

အန္ဒီေဟာသည္ လူ႔အခြင့္ အေရးလႈပ္ရွားမႈျဖင့္ အက်ဳိးျပဳသူ တစ္ဦးျဖစ္ေသာေၾကာင့္ ထုိင္းတရား႐ံုးက သက္ညႇာေသာအားျဖင့္ ဆိုင္းငံ့ျပစ္ဒဏ္ ခ်မွတ္္ျခင္းျဖစ္ ေၾကာင္း ထုိင္းေရာက္ ျမန္မာလုပ္ သားမ်ားအေရး ေဆာင္ရြက္ေပး ေနေသာ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ (MWRN) ဥကၠ႒ ဦးစိန္ေဌးက ေျပာသည္။

‘‘ပထမ အမိန္႔ခ်တာက ေထာင္ေလးႏွစ္ခ်တာ။ သူက တရား႐ံုးကိုလည္း မပ်က္ကြက္ ဘူး။ အမႈနဲ႔ပတ္သက္ၿပီး တရား႐ံုး ကိုလည္း အကူအညီေပးတဲ့ အတြက္ ေလးႏွစ္ကေန တစ္ႏွစ္ ေလွ်ာ့ေပးလိုက္တာ။ ေနာက္ၿပီး အဲဒီသံုးႏွစ္ကိုလည္း ဆုိင္းငံ့ဆိုၿပီး ခ်မွတ္လိုက္တာ။ ဒါေပမဲ့ အဲဒီလုိ ခ်မွတ္လိုက္တဲ့အေပၚ အယူခံ တင္သြားမွာပါ’’ဟု ဦးစိန္ေဌးက ေျပာၾကားသည္။

ဆိုင္းငံ့ျပစ္ဒဏ္သည္ ၂ ႏွစ္အတြင္း မည္သည့္ျပစ္ဒဏ္မွ က်ဴးလြန္ျခင္းမရွိေစရန္ ေနထိုင္ ရမည္ျဖစ္ၿပီး အကယ္၍ ၂ ႏွစ္ အတြင္း ျပစ္ဒဏ္တစ္စံုတစ္ရာ က်ဴးလြန္ပါက ယခုျပစ္ဒဏ္မ်ား က်ခံရမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အန္ဒီေဟာသည္ ထိုင္းႏိုင္ငံရွိ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား အေရးကို ကူညီေဆာင္ရြက္ေပး ေနသူျဖစ္ၿပီး လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္ခ်ခံထားရေသာ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔ အေရးကိုလည္း ကူညီေဆာင္ ရြက္ေပးသူျဖစ္သည္။ ထုိင္းႏိုင္ငံ တြင္ ျမန္မာႏိုင္ငံသားမ်ား ဖြဲ႕စည္း ထားသည့္ ေရႊ႕ေျပာင္းအလုပ္ သမားအခြင့္အေရး ကြန္ရက္ (MWRN) အဖြဲ႕အစည္း၌လည္း ႏိုင္ငံျခားေရးရာ   ဆက္ဆံေရး အတိုင္ပင္ခံအျဖစ္ ေဆာင္ရြက္ ေပးေနသူျဖစ္သည္။

ထိုင္းႏိုင္ငံရွိ Natural Fruit နာနတ္သီးစည္သြတ္ဘူး စက္႐ံု တြင္ ျမန္မာကေလးလုပ္သားမ်ား ေစခိုင္းမႈႏွင့္ အလုပ္သမားအခြင့္ အေရး ခ်ဳိးေဖာက္ခံရမႈမ်ား ရွိေန သည့္အေၾကာင္း   ထုိင္းႏိုင္ငံ ေရာက္  ျမန္မာလုပ္သားမ်ား အေရး ေဆာင္ရြက္ေပးေနေသာ ၿဗိတိန္ႏိုင္ငံသား အန္ဒီေဟာကအစီရင္ခံစာ ေရးသားေဖာ္ျပသည္။

နာနတ္သီးစက္႐ံုတြင္ လုပ္ ကိုင္ေနေသာ အလုပ္သမားမ်ား အေၾကာင္းကို 'Cheap has a High Price' ဟု အမည္ေပးထားၿပီး ယင္းအစီရင္ခံစာကို ဖင္လန္ႏိုင္ငံ အရပ္ဘက္လူမႈအဖြဲ႕အစည္းတစ္ ခုျဖစ္ေသာ Finnwatch အဖြဲ႕က ထုတ္ေဝျခင္းျဖစ္သည္။

၂၀၁၃ က ျပဳစုခဲ့ေသာ အစီ ရင္ခံစာတြင္ ထုိင္းႏိုင္ငံေတာင္ပိုင္း ရွိ Natural Fruit စက္႐ံု၌ ကေလး အလုပ္သမားမ်ားႏွင့္ အတင္း အက်ပ္ ခိုင္းေစခံရသည့္ အလုပ္ သမားမ်ားထားရွိေၾကာင္း ေဖာ္ျပ ကာ    အလုပ္သမားမ်ားသည္ သတ္မွတ္လစာ မရရွိမႈႏွင့္ အ လုပ္ခ်ိန္မွာလည္း ၾကာျမင့္ေၾကာင္းေဖာ္ျပခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ထိုင်းနိုင်ငံရှိ နာနတ်သီးစည် သွတ်စက်ရုံတစ်ခုတွင် မြန်မာ ကလေးလုပ်သားများ စေခိုင်းမှု နှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများ ရှိနေသည့် အကြောင်း အစီရင်ခံစာရေးသား သည့် ဗြိတိန်နိုင်ငံသား အန်ဒီဟော ကို အသရေဖျက်မှုဖြင့် ထိုင်းတရားရုံးက ဆိုင်းငံ့ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေ ဘတ်တစ်သိန်းခွဲ ပေးဆောင်ရန် စက်တင်ဘာ ၂၀ ရက်က ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

အန်ဒီဟောသည် လူ့အခွင့် အရေးလှုပ်ရှားမှုဖြင့် အကျိုးပြုသူ တစ်ဦးဖြစ်သောကြောင့် ထိုင်းတရားရုံးက သက်ညှာသောအားဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခြင်းဖြစ် ကြောင်း ထိုင်းရောက် မြန်မာလုပ် သားများအရေး ဆောင်ရွက်ပေး နေသော ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

‘‘ပထမ အမိန့်ချတာက ထောင်လေးနှစ်ချတာ။ သူက တရားရုံးကိုလည်း မပျက်ကွက် ဘူး။ အမှုနဲ့ပတ်သက်ပြီး တရားရုံး ကိုလည်း အကူအညီပေးတဲ့ အတွက် လေးနှစ်ကနေ တစ်နှစ် လျှော့ပေးလိုက်တာ။ နောက်ပြီး အဲဒီသုံးနှစ်ကိုလည်း ဆိုင်းငံ့ဆိုပြီး ချမှတ်လိုက်တာ။ ဒါပေမဲ့ အဲဒီလို ချမှတ်လိုက်တဲ့အပေါ် အယူခံ တင်သွားမှာပါ’’ဟု ဦးစိန်ဌေးက ပြောကြားသည်။

ဆိုင်းငံ့ပြစ်ဒဏ်သည် ၂ နှစ်အတွင်း မည်သည့်ပြစ်ဒဏ်မှ ကျူးလွန်ခြင်းမရှိစေရန် နေထိုင် ရမည်ဖြစ်ပြီး အကယ်၍ ၂ နှစ် အတွင်း ပြစ်ဒဏ်တစ်စုံတစ်ရာ ကျူးလွန်ပါက ယခုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အန်ဒီဟောသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများ အရေးကို ကူညီဆောင်ရွက်ပေး နေသူဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချခံထားရသော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ အရေးကိုလည်း ကူညီဆောင် ရွက်ပေးသူဖြစ်သည်။ ထိုင်းနိုင်ငံ တွင် မြန်မာနိုင်ငံသားများ ဖွဲ့စည်း ထားသည့် ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေး ကွန်ရက် (MWRN) အဖွဲ့အစည်း၌လည်း နိုင်ငံခြားရေးရာ   ဆက်ဆံရေး အတိုင်ပင်ခံအဖြစ် ဆောင်ရွက် ပေးနေသူဖြစ်သည်။

ထိုင်းနိုင်ငံရှိ Natural Fruit နာနတ်သီးစည်သွတ်ဘူး စက်ရုံ တွင် မြန်မာကလေးလုပ်သားများ စေခိုင်းမှုနှင့် အလုပ်သမားအခွင့် အရေး ချိုးဖောက်ခံရမှုများ ရှိနေ သည့်အကြောင်း   ထိုင်းနိုင်ငံ ရောက်  မြန်မာလုပ်သားများ အရေး ဆောင်ရွက်ပေးနေသော ဗြိတိန်နိုင်ငံသား အန်ဒီဟောကအစီရင်ခံစာ ရေးသားဖော်ပြသည်။

နာနတ်သီးစက်ရုံတွင် လုပ် ကိုင်နေသော အလုပ်သမားများ အကြောင်းကို 'Cheap has a High Price' ဟု အမည်ပေးထားပြီး ယင်းအစီရင်ခံစာကို ဖင်လန်နိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ် ခုဖြစ်သော Finnwatch အဖွဲ့က ထုတ်ဝေခြင်းဖြစ်သည်။

၂၀၁၃ က ပြုစုခဲ့သော အစီ ရင်ခံစာတွင် ထိုင်းနိုင်ငံတောင်ပိုင်း ရှိ Natural Fruit စက်ရုံ၌ ကလေး အလုပ်သမားများနှင့် အတင်း အကျပ် ခိုင်းစေခံရသည့် အလုပ် သမားများထားရှိကြောင်း ဖော်ပြ ကာ    အလုပ်သမားများသည် သတ်မှတ်လစာ မရရှိမှုနှင့် အ လုပ်ချိန်မှာလည်း ကြာမြင့်ကြောင်းဖော်ပြခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top