Kantharyar Centre
×




#Unicode Version
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာ အုပ်စု၊ မြင်းကအုပ်ကျေးရွာတွင် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂း၃၀ ခန့်က အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါသည်။

(၁၂.၉.၂၀၁၆) ရက်၊ (၁၄း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု၊ မြင်းကအုပ်ကျေးရွာတွင် ဦးမျိုးထွန်းအသက် (၄၂) နှစ်သည် ငပိချောင်းဖျားအတွင်း ဘဲကျောင်းရင်းဘဲစာအတွက် ခရုများကိုချောင်းတွင်းမှ ဆယ်ယူနေစဉ် မိကျောင်းကိုက်ခံရ ၍ သေဆုံးသွားခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top