Property Expo
×

ရည္းစားမရွိတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ စိတ္မေကာင္းျဖစ္ေကာင္းျဖစ္ႏိုင္ပါေနာ္။

ဒါေပမယ့္ အဲဒီ့လိုမိန္းကေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ ကိုယ့္ကိုကို မစဥ္းစားမိတဲ့ အားသာခ်က္ေတြရွိေနပါေလ။ဘ၀ကို ကိုယ့္ရဲ႕အေဖာ္မြန္တစ္ေယာက္နဲ႔ ျဖတ္သန္းရတာ ေပ်ာ္ရႊင္အံ့ၾသဖြယ္ေကာင္းတာမွန္ေပမယ့္ စဥ္းစားဖို႔လို အပ္တဲ့ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ရဲ႕အားသာခ်က္ေတြ မ်ားစြာရွိေနပါေနာ္။ အဲဒီ့အားသာခ်က္ေလးေတြနဲ႔ ေပ်ာ္ရႊင္စြာ ျဖတ္သန္းလိုက္ပါ။

၀၁. ဘယ္သူ႕အတြက္မွ တာ၀န္ယူစရာမရွိပါ။

အလုပ္၊ ေက်ာင္းအတြက္ကလြဲရင္ ဘယ္သူ႕အတြက္မွ တာ၀န္ယူစရာမရွိေတာ့ဘူးေလ။ အဲဒါက ရည္းစား မရွိျခင္း ရဲ႕အားသာခ်က္ေတြထဲက တစ္ခုျဖစ္ေပါ့။ လက္ထပ္လိုက္တဲ့အခါ ကိုယ့္ဘ၀ဟာ တျခားတစ္ေယာက္နဲ႔ ေပါင္းစပ္သြားၿပီျဖစ္တဲ့အတြက္ တာ၀န္ရွိလာပါတယ္ေလ။ အဲဒီ့တာ၀န္ဆိုတာကလည္း ကေလးရလာတဲ့အခ်ိန္မွာ ပိုမိုမ်ားျပားလာမွာပါ။ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္အျဖစ္ ကံေကာင္းျခင္းကို ပိုင္ဆိုင္ထားတဲ့ အ တြက္ အခ်ိန္ေတြ ကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းလိုက္ပါ။

၀၂. ကိုယ့္အခ်ိန္ကို ကိုယ္ပဲပိုင္ဆိုင္တယ္။

ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ ကိုယ့္အခ်ိန္ေတြကို ကိုယ္ပိုင္တယ္ေလ။ အခ်ိန္ေတြကို ဘယ္သူ႕အတြက္မွ သံုးစရာမလိုပါဘူး၊ ညစာစားမယ့္အခ်ိန္မွာ အိမ္မွာ ရွိေနဖို႔မလိုတာေတြ၊ တျခားခ်ဳပ္ေႏွာင္ထားတာမ်ိဳးလည္း မရွိေတာ့ဘူးေနာ္။ လုပ္ခ်င္တဲ့အရာေတြကို လုပ္ဖို႔အတြက္ အခ်ိန္ေတြ လံုး၀အားလပ္ေနပါတယ္ေလ။ စာၾကည့္တိုက္မွာ နာရီေပါင္းမ်ားစြာ စာဖတ္ခ်င္တယ္ ဆိုရင္ လည္း ဖတ္ႏိုင္တယ္ေလ။ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ စိတ္ကအားလပ္ေနတဲ့ အခ်ိန္ေတြမွာ ေတာင့္တေနတဲ့အရာအားလံုးကို လုပ္ေဆာင္ႏိုင္ပါျပီ။

၀၃. သင့္ပိုက္ဆံက သင့္ကိုယ္ပိုင္ပါပဲ။

ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ ပိုက္ဆံနဲ႔ပတ္သက္ၿပီး ဘယ္သူနဲ႔မွ အျငင္းပြားစရာမလို ပါဘူး။ ပိုက္ဆံကို ဘယ္လိုသံုးလိုက္တယ္ဆိုတာကိုလည္း ဘယ္သူ႕ကိုမွ ေျဖရွင္းခ်က္ေပးေနစရာ မလိုသလို ပိုက္ဆံအသံုးလြန္သြားရင္လည္း ဘယ္သူနဲ႔မွ ရန္ျဖစ္ေနစရာမလိုပါဘူး။ အဲဒါကလည္း စိတ္ေက်နပ္စရာ တစ္ခုျဖစ္ပဲေလ။ ပိုက္ဆံကို စိတ္ႀကိဳက္သံုးႏိုင္တယ္ဆိုတာကလည္း လြတ္လပ္တဲ့တစ္ကိုယ္တည္းသမား ဘ၀ကိုျဖတ္ သန္းတဲ့နည္း လမ္းတစ္ ခုျဖစ္ပါပဲ။

၀၄. ဘယ္သူ႕ကိုမွ ေျဖရွင္းခ်က္ေပးစရာမလိုပါဘူး။

ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ ဘယ္သူ႕ကိုမွ ေျဖရွင္းခ်က္ျပစရာမလုိပါဘူး။ ဘာေၾကာင့္ေနာက္က်ေနရတယ္ဆိုတာကို ဘယ္သူ႕ကိုမွ ရွင္းျပစရာမလိုသလို ဘယ္အခ်ိန္ အိမ္မွာရွိမယ္ဆိုတာကို လည္း ဘယ္သူ႕ကိုမွေျပာျပစရာမလိုပါဘူး။ သူငယ္ခ်င္းေတြနဲ႔ ညစာစားဖို႔ကိုလည္း ဘယ္သူ႕အရိပ္အျခည္မွ ေစာင့္ၾကည့္ေန စရာမလိုပါဘူး။ ကိုယ့္ ကိုကို ကိုယ္ပိုင္ဆိုင္ထားပါတယ္။

၀၅. စိတ္ႀကိဳက္ အလွဆင္လို႔ရပါေလ။

ေယာက်္ားေလးမ်ားဟာ အိမ္အလွဆင္ဖို႔အတြက္ မိန္းကေလးေတြနဲ႔မတူညီတဲ့ အျမင္ေတြရွိေနႏိုင္တယ္ေနာ္။ ေအး ေအးေဆးေဆး ေနတတ္တဲ့ေယာက်္ားေလးေတြကလည္း ကိုယ့္အျမင္နဲ႔ကိုယ္ရွိတတ္ၾကတယ္ေလ။ ေျပာရရင္ ေတာ့ မိန္းကေလးက ကုတင္အနီေရာင္ကို သေဘာက်ေနရင္ေတာင္မွ ကိုယ္သေဘာက်တဲ့အေရာင္မ်ိဳးကို ေရြးခ်ယ္ တတ္ၾကတာပဲေလ။ ေသခ်ာတာတစ္ခုကေတာ့ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ အဲ့ဒီ့လို မ်ိဳးေတြကို စိတ္ပူေနစရာမလိုေတာ့ဘူးဆိုတာပါပဲ။ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အေရာင္ကို ကိုယ့္စိတ္တိုင္းက် ေရြးခ်ယ္ႏိုင္ပါျပီေနာ္။

၀၆. အစီအစဥ္ေတြလည္း ကိုယ့္စိတ္ႀကိဳက္ပဲေလ။

တစ္ေယာက္ေယာက္နဲ႔ အစီအစဥ္လုပ္ရမယ္ဆိုရင္ မလုပ္ခင္ ႀကိဳတင္ၿပီး ကိုယ့္လက္တြဲေဖာ္နဲ႔တိုင္ပင္ၿပီး လုပ္ စရာမလိုေတာ့ပါဘူး။ ကိုယ္စိတ္တိုင္းက် အစီအစဥ္လုပ္ၿပီး ကိုယ္ဆႏၵရွိသလို ျပဳမူလုပ္ေဆာင္ႏိုင္ပါတယ္ေလ။ စိတ္ပါရင္ ေကာက္ခါငင္ကာထလုပ္ရတာကလည္း ေပ်ာ္စရာတစ္ခုပါ။ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ဘ၀ကို ပိုင္ဆိုင္ေနခ်ိန္မွာ လုပ္ခ်င္တဲ့အရာေတြကို လုပ္ေဆာင္ရင္း အခ်ိန္ေတြကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းပါ။

၀၇. သန္႔ရွင္းေရးကိုလည္း သာမန္ထက္ပိုလုပ္စရာမလိုပါဘူး။

ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ သန္႔ရွင္းေရးကို အလြန္အကၽြံလုပ္စရာမလိုပါဘူး။ တကယ္လို႔ အသန္႔ႀကိဳက္တဲ့ေယာက်္ားတစ္ေယာက္နဲ႔ဆံုခဲ့မယ္၊ လက္ထပ္ခဲ့မယ္ဆိုရင္ေတာ့ အိမ္ထဲမွာ သန္႔ရွင္းေနဖို႔၊ ပန္းကန္ေတြကို ေျပာင္လက္ေနေအာင္ေဆးေၾကာဖို႔၊ အ၀တ္ကိုျဖဴေဖြးေနေအာင္ ေလွ်ာ္ဖို႔ကိုအဓိကထားၿပီးလုပ္ေဆာင္ ရေတာ့မွာပါ။ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနတယ္ဆိုရင္ေတာ့ ဘ၀ကိုေပ်ာ္ရႊင္စြာ ျဖတ္သန္းလိုက္ပါ။ အနာဂတ္မွာ ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္အျဖစ္ ရပ္တည္မႈကလည္း ေျပာင္းလဲ သြားမလားဆိုတာ ဘယ္သူ႕မွ မသိႏိုင္ပါဘူး။

ရည္းစားမရွိတဲ့မိန္းကေလးတစ္ေယာက္မွာ ႏွစ္သက္မိတဲ့တျခားအေၾကာင္းအရာေတြကေရာ ဘာေလးေတြျဖစ္မလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ChelmoTeam

#Unicode Version

ရည်းစားမရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ကောင်းဖြစ်နိုင်ပါနော်။

ဒါပေမယ့် အဲဒီ့လိုမိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ့်ကိုကို မစဉ်းစားမိတဲ့ အားသာချက်တွေရှိနေပါလေ။ဘဝကို ကိုယ့်ရဲ့အဖော်မွန်တစ်ယောက်နဲ့ ဖြတ်သန်းရတာ ပျော်ရွှင်အံ့သြဖွယ်ကောင်းတာမှန်ပေမယ့် စဉ်းစားဖို့လို အပ်တဲ့ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ရဲ့အားသာချက်တွေ များစွာရှိနေပါနော်။ အဲဒီ့အားသာချက်လေးတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

၀၁. ဘယ်သူ့အတွက်မှ တာဝန်ယူစရာမရှိပါ။

အလုပ်၊ ကျောင်းအတွက်ကလွဲရင် ဘယ်သူ့အတွက်မှ တာဝန်ယူစရာမရှိတော့ဘူးလေ။ အဲဒါက ရည်းစား မရှိခြင်း ရဲ့အားသာချက်တွေထဲက တစ်ခုဖြစ်ပေါ့။ လက်ထပ်လိုက်တဲ့အခါ ကိုယ့်ဘဝဟာ တခြားတစ်ယောက်နဲ့ ပေါင်းစပ်သွားပြီဖြစ်တဲ့အတွက် တာဝန်ရှိလာပါတယ်လေ။ အဲဒီ့တာဝန်ဆိုတာကလည်း ကလေးရလာတဲ့အချိန်မှာ ပိုမိုများပြားလာမှာပါ။ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် ကံကောင်းခြင်းကို ပိုင်ဆိုင်ထားတဲ့ အ တွက် အချိန်တွေ ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

၀၂. ကိုယ့်အချိန်ကို ကိုယ်ပဲပိုင်ဆိုင်တယ်။

ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ့်အချိန်တွေကို ကိုယ်ပိုင်တယ်လေ။ အချိန်တွေကို ဘယ်သူ့အတွက်မှ သုံးစရာမလိုပါဘူး၊ ညစာစားမယ့်အချိန်မှာ အိမ်မှာ ရှိနေဖို့မလိုတာတွေ၊ တခြားချုပ်နှောင်ထားတာမျိုးလည်း မရှိတော့ဘူးနော်။ လုပ်ချင်တဲ့အရာတွေကို လုပ်ဖို့အတွက် အချိန်တွေ လုံးဝအားလပ်နေပါတယ်လေ။ စာကြည့်တိုက်မှာ နာရီပေါင်းများစွာ စာဖတ်ချင်တယ် ဆိုရင် လည်း ဖတ်နိုင်တယ်လေ။ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် စိတ်ကအားလပ်နေတဲ့ အချိန်တွေမှာ တောင့်တနေတဲ့အရာအားလုံးကို လုပ်ဆောင်နိုင်ပါပြီ။

၀၃. သင့်ပိုက်ဆံက သင့်ကိုယ်ပိုင်ပါပဲ။

ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ပိုက်ဆံနဲ့ပတ်သက်ပြီး ဘယ်သူနဲ့မှ အငြင်းပွားစရာမလို ပါဘူး။ ပိုက်ဆံကို ဘယ်လိုသုံးလိုက်တယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ ဖြေရှင်းချက်ပေးနေစရာ မလိုသလို ပိုက်ဆံအသုံးလွန်သွားရင်လည်း ဘယ်သူနဲ့မှ ရန်ဖြစ်နေစရာမလိုပါဘူး။ အဲဒါကလည်း စိတ်ကျေနပ်စရာ တစ်ခုဖြစ်ပဲလေ။ ပိုက်ဆံကို စိတ်ကြိုက်သုံးနိုင်တယ်ဆိုတာကလည်း လွတ်လပ်တဲ့တစ်ကိုယ်တည်းသမား ဘဝကိုဖြတ် သန်းတဲ့နည်း လမ်းတစ် ခုဖြစ်ပါပဲ။

၀၄. ဘယ်သူ့ကိုမှ ဖြေရှင်းချက်ပေးစရာမလိုပါဘူး။

ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဖြေရှင်းချက်ပြစရာမလိုပါဘူး။ ဘာကြောင့်နောက်ကျနေရတယ်ဆိုတာကို ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုသလို ဘယ်အချိန် အိမ်မှာရှိမယ်ဆိုတာကို လည်း ဘယ်သူ့ကိုမှပြောပြစရာမလိုပါဘူး။ သူငယ်ချင်းတွေနဲ့ ညစာစားဖို့ကိုလည်း ဘယ်သူ့အရိပ်အခြည်မှ စောင့်ကြည့်နေ စရာမလိုပါဘူး။ ကိုယ့် ကိုကို ကိုယ်ပိုင်ဆိုင်ထားပါတယ်။

၀၅. စိတ်ကြိုက် အလှဆင်လို့ရပါလေ။

ယောကျ်ားလေးများဟာ အိမ်အလှဆင်ဖို့အတွက် မိန်းကလေးတွေနဲ့မတူညီတဲ့ အမြင်တွေရှိနေနိုင်တယ်နော်။ အေး အေးဆေးဆေး နေတတ်တဲ့ယောကျ်ားလေးတွေကလည်း ကိုယ့်အမြင်နဲ့ကိုယ်ရှိတတ်ကြတယ်လေ။ ပြောရရင် တော့ မိန်းကလေးက ကုတင်အနီရောင်ကို သဘောကျနေရင်တောင်မှ ကိုယ်သဘောကျတဲ့အရောင်မျိုးကို ရွေးချယ် တတ်ကြတာပဲလေ။ သေချာတာတစ်ခုကတော့ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် အဲ့ဒီ့လို မျိုးတွေကို စိတ်ပူနေစရာမလိုတော့ဘူးဆိုတာပါပဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်ကို ကိုယ့်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါပြီနော်။

၀၆. အစီအစဉ်တွေလည်း ကိုယ့်စိတ်ကြိုက်ပဲလေ။

တစ်ယောက်ယောက်နဲ့ အစီအစဉ်လုပ်ရမယ်ဆိုရင် မလုပ်ခင် ကြိုတင်ပြီး ကိုယ့်လက်တွဲဖော်နဲ့တိုင်ပင်ပြီး လုပ် စရာမလိုတော့ပါဘူး။ ကိုယ်စိတ်တိုင်းကျ အစီအစဉ်လုပ်ပြီး ကိုယ်ဆန္ဒရှိသလို ပြုမူလုပ်ဆောင်နိုင်ပါတယ်လေ။ စိတ်ပါရင် ကောက်ခါငင်ကာထလုပ်ရတာကလည်း ပျော်စရာတစ်ခုပါ။ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဘဝကို ပိုင်ဆိုင်နေချိန်မှာ လုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ရင်း အချိန်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

၀၇. သန့်ရှင်းရေးကိုလည်း သာမန်ထက်ပိုလုပ်စရာမလိုပါဘူး။

ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် သန့်ရှင်းရေးကို အလွန်အကျွံလုပ်စရာမလိုပါဘူး။ တကယ်လို့ အသန့်ကြိုက်တဲ့ယောကျ်ားတစ်ယောက်နဲ့ဆုံခဲ့မယ်၊ လက်ထပ်ခဲ့မယ်ဆိုရင်တော့ အိမ်ထဲမှာ သန့်ရှင်းနေဖို့၊ ပန်းကန်တွေကို ပြောင်လက်နေအောင်ဆေးကြောဖို့၊ အဝတ်ကိုဖြူဖွေးနေအောင် လျှော်ဖို့ကိုအဓိကထားပြီးလုပ်ဆောင် ရတော့မှာပါ။ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ အနာဂတ်မှာ ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် ရပ်တည်မှုကလည်း ပြောင်းလဲ သွားမလားဆိုတာ ဘယ်သူ့မှ မသိနိုင်ပါဘူး။

ရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်မှာ နှစ်သက်မိတဲ့တခြားအကြောင်းအရာတွေကရော ဘာလေးတွေဖြစ်မလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: ChelmoTeam
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top