Property Expo
×

စိုင္းစုိင္းခမ္းလႈိင္ႏွင့္မင္း သမီးေလးဦးပါ၀င္သ႐ုပ္ေဆာင္ထားသည့္ ကာလာစုံ Lesson ဇာတ္ကားကို စက္တင္ဘာ ၂၃ရက္တြင္ ႐ုံတင္ျပသမည္ျဖစ္သည္။

ကာလာစုံ Lesson႐ုပ္ရွင္ ဇာတ္ကားကို ဒါ႐ုိက္တာမီးပြားက႐ုိက္ကူးကာ စုိင္းစုိင္းခမ္းလႈိင္ႏွင့္အတူ ေဖြးေဖြး၊ မာရီကုိးလ္၊ ခင္သဇင္ႏွင့္ ဆန္းသစ္လတုိ႔က ပါ၀င္သ႐ုပ္ေဆာင္ထားၿပီး ဇာတ္လမ္းမုိးနီလြင္၏ ဇာတ္ၫႊန္းျဖစ္သည္။

‘‘ဒီဇာတ္ကားက ႐ုိက္ထား တာအေတာ္ၾကာေနၿပီျဖစ္တဲ့အ တြက္ ဒီအခ်ိန္မွာ ျပႏုိင္ရင္အ ေကာင္းဆုံးပါပဲဆုိၿပီး ႐ုံတင္ျဖစ္ တာပါ။ ဒီကားမွာ ကၽြန္ေတာ္က ရည္းစားေလးေယာက္ၾကားမွာ ဗ်ာမ်ားတဲ့လူတစ္ေယာက္ေနရာ က ပါ၀င္ထားပါတယ္။ ဒီကားက အေပ်ာ္ဟာသကား၊ ဖန္စီကားမ်ဳိး ပါ’’ဟု စုိင္းစုိင္းခမ္းလႈိင္ကေျပာ ၾကားသည္။

‘‘ဒီကားက ညီမရဲ႕ ပြဲဦးထြက္ ႐ုပ္ရွင္ကားတစ္ကားျဖစ္ပါတယ္။ ၂၀၁၂ခုႏွစ္မွာ ညီမ The Face Shop ဆုရၿပီးၿပီးခ်င္း႐ုိက္တဲ့႐ုပ္ ရွင္ပါ။ ပထမဆုံး႐ုပ္ရွင္ျဖစ္တဲ့အ တြက္ လိုအပ္ခ်က္ေတြအမ်ားႀကီး ရွိခဲ့ပါတယ္။ အခြင့္အေရးေပးတဲ့ ကိုစုိင္းနဲ႔ မခင္စႏၵာကုိလည္းေက်း ဇူးတင္ပါတယ္’’ဟု ဆန္းသစ္လ ကေျပာၾကားသည္။

အဆုိပါဇာတ္လမ္းသည္ မင္းသားက ရည္းစားသုံးဦးတစ္ၿပိဳင္နက္ထားသျဖင့္ မင္းသမီးေလးဦးက ျပန္လည္ကလဲ့စားေခ်ေသာအခ်စ္ဟာသကား ျဖစ္သည္။

‘‘ကၽြန္ေတာ့္ပရိသတ္ေတြ လည္း ဒီအခ်ိန္မွာ စာေမးပြဲရာသီ ဆုိေတာ့ စာေမးပြဲေျဖေနၾက တယ္။ ေနာက္တစ္ပတ္ဆုိရင္ စာ ေမးပြဲၿပီီးသြားၿပီ။ ကၽြန္ေတာ့္ရဲ႕ ကားေလးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လာၾကည့္ၾကပါလုိ႔ ဖိတ္ေခၚခ်င္ပါ တယ္’’ဟု စုိင္းစုိင္းခမ္းလႈိင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စိုင်းစိုင်းခမ်းလှိုင်နှင့်မင်း သမီးလေးဦးပါဝင်သရုပ်ဆောင်ထားသည့် ကာလာစုံ Lesson ဇာတ်ကားကို စက်တင်ဘာ ၂၃ရက်တွင် ရုံတင်ပြသမည်ဖြစ်သည်။

ကာလာစုံ Lessonရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာမီးပွားကရိုက်ကူးကာ စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ ဖွေးဖွေး၊ မာရီကိုးလ်၊ ခင်သဇင်နှင့် ဆန်းသစ်လတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းမိုးနီလွင်၏ ဇာတ်ညွှန်းဖြစ်သည်။

‘‘ဒီဇာတ်ကားက ရိုက်ထား တာအတော်ကြာနေပြီဖြစ်တဲ့အ တွက် ဒီအချိန်မှာ ပြနိုင်ရင်အ ကောင်းဆုံးပါပဲဆိုပြီး ရုံတင်ဖြစ် တာပါ။ ဒီကားမှာ ကျွန်တော်က ရည်းစားလေးယောက်ကြားမှာ ဗျာများတဲ့လူတစ်ယောက်နေရာ က ပါဝင်ထားပါတယ်။ ဒီကားက အပျော်ဟာသကား၊ ဖန်စီကားမျိုး ပါ’’ဟု စိုင်းစိုင်းခမ်းလှိုင်ကပြော ကြားသည်။

‘‘ဒီကားက ညီမရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာ ညီမ The Face Shop ဆုရပြီးပြီးချင်းရိုက်တဲ့ရုပ် ရှင်ပါ။ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့အ တွက် လိုအပ်ချက်တွေအများကြီး ရှိခဲ့ပါတယ်။ အခွင့်အရေးပေးတဲ့ ကိုစိုင်းနဲ့ မခင်စန္ဒာကိုလည်းကျေး ဇူးတင်ပါတယ်’’ဟု ဆန်းသစ်လ ကပြောကြားသည်။

အဆိုပါဇာတ်လမ်းသည် မင်းသားက ရည်းစားသုံးဦးတစ်ပြိုင်နက်ထားသဖြင့် မင်းသမီးလေးဦးက ပြန်လည်ကလဲ့စားချေသောအချစ်ဟာသကား ဖြစ်သည်။

‘‘ကျွန်တော့်ပရိသတ်တွေ လည်း ဒီအချိန်မှာ စာမေးပွဲရာသီ ဆိုတော့ စာမေးပွဲဖြေနေကြ တယ်။ နောက်တစ်ပတ်ဆိုရင် စာ မေးပွဲပြီးသွားပြီ။ ကျွန်တော့်ရဲ့ ကားလေးကို ပျော်ပျော်ရွှင်ရွှင် လာကြည့်ကြပါလို့ ဖိတ်ခေါ်ချင်ပါ တယ်’’ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top