Kantharyar Centre
×

လာမယ့္ေႏြရာသီကာလမွာ ျမန္မာႏိုင္ငံတ၀ွမ္း လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ မရွိေစဖုိ႔နဲ႔ လံုလံုေလာက္ေလာက္ရဖို႔ ဓာတ္အား ၄၀၀ မဂၢါ၀ပ္ပတ္၀န္းက်င္ ပိုတိုးရဖို႔ စီမံထားတယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေဖဇင္ထြန္းက ေျပာပါတယ္။

လြန္ခဲ့တဲ့ ေႏြရာသီမွာ လွ်ပ္စစ္ဓာတ္အားက်ဆင္းတာေတြနဲ႔ ျပတ္ေတာက္တာေတြ မၾကာခဏျဖစ္ေနလုိ႔ လာမယ့္ေႏြရာသီမွာ ထပ္မျဖစ္ ေအာင္ ၀န္ႀကီးဌာနရဲ႕ အစီအစဥ္ေတြကို စက္တင္ဘာ ၂ ရက္က ျပဳလုပ္ခဲ့တဲ့ ျပည္သူ႕လႊတ္ေတာ္မွာေမးျမန္းတာကို ျပည္ေထာင္စု၀န္ႀကီး ဦးေဖဇင္ထြန္းက ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ေႏြရာသီမွာ လိုအပ္မယ့္ လွ်ပ္စစ္ဓာတ္အား ပမာဏက ထုတ္လုပ္ႏိုင္မႈထက္ ၃၀၀ မဂၢါ၀ပ္ခန္႔ ထပ္မံလိုအပ္ေနလို႔ ဒီဓာတ္အား လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔  ဓာတ္အား ၃၉၀ မဂၢါ၀ပ္တိုးတက္ရရွိေအာင္ စီမံထားတယ္လုိ႔ ျပည္ေထာင္စု၀န္ႀကီးက ေျပာပါတယ္။

ဓာတ္အားလိုအပ္ခ်က္ ျဖည့္ဆည္းေပးဖို႔အတြက္ ႏုိင္ငံပိုင္ သီလ၀ါစက္႐ုံအမွတ္ (၂) ကေန ၂၅ မဂၢါ၀ပ္၊ ေမာ္လၿမိဳင္ဓာတ္အားေပးစက္႐ုံ ဒုတိယအဆင့္ ေရေႏြးေငြ႕ တာဘိုင္စက္ကေန ၄၅ မဂၢါ၀ပ္၊ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကပိုင္ (IPP, BOO) ဓာတ္အားေပးစက္႐ုံ စီမံကိန္း ကေန ၃၀၀ မဂၢါ၀ပ္နဲ႔ ျမစ္သာေရအားလွ်ပ္စစ္စီမံကိန္းကေန ေႏြရာသီ္မွာထုတ္လုပ္ႏုိင္မႈ ၂၀ မဂၢါ၀ပ္ စုစုေပါင္း ၃၉၀ မဂၢါ၀ပ္ကို တိုးတက္ ထုတ္လုပ္ႏိုင္ဖို႔ စီမံထားတယ္လုိ႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လာမယ့်နွေရာသီကာလမှာ မြန်မာနိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေဖို့နဲ့ လုံလုံလောက်လောက်ရဖို့ ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ပတ်ဝန်းကျင် ပိုတိုးရဖို့ စီမံထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ နွေရာသီမှာ လျှပ်စစ်ဓာတ်အားကျဆင်းတာတွေနဲ့ ပြတ်တောက်တာတွေ မကြာခဏဖြစ်နေလို့ လာမယ့်နွေရာသီမှာ ထပ်မဖြစ် အောင် ဝန်ကြီးဌာနရဲ့ အစီအစဉ်တွေကို စက်တင်ဘာ ၂ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာမေးမြန်းတာကို ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ နွေရာသီမှာ လိုအပ်မယ့် လျှပ်စစ်ဓာတ်အား ပမာဏက ထုတ်လုပ်နိုင်မှုထက် ၃၀၀ မဂ္ဂါဝပ်ခန့် ထပ်မံလိုအပ်နေလို့ ဒီဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့  ဓာတ်အား ၃၉၀ မဂ္ဂါဝပ်တိုးတက်ရရှိအောင် စီမံထားတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးဖို့အတွက် နိုင်ငံပိုင် သီလဝါစက်ရုံအမှတ် (၂) ကနေ ၂၅ မဂ္ဂါဝပ်၊ မော်လမြိုင်ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့် ရေနွေးငွေ့ တာဘိုင်စက်ကနေ ၄၅ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကပိုင် (IPP, BOO) ဓာတ်အားပေးစက်ရုံ စီမံကိန်း ကနေ ၃၀၀ မဂ္ဂါဝပ်နဲ့ မြစ်သာရေအားလျှပ်စစ်စီမံကိန်းကနေ နွေရာသီ်မှာထုတ်လုပ်နိုင်မှု ၂၀ မဂ္ဂါဝပ် စုစုပေါင်း ၃၉၀ မဂ္ဂါဝပ်ကို တိုးတက် ထုတ်လုပ်နိုင်ဖို့ စီမံထားတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top