Property Expo
×

မုတ္သံုဆုတ္ခြာခ်ိန္တြင္ မိုးတိမ္ေတာင္အႏၲရာယ္ ျဖစ္ေပၚတတ္သည္။ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))

အေနာက္ေတာင္မုတ္ သံုံေလသည္ ျမန္မာႏုိင္ငံအလယ္ပုိင္းေဒသမွ ဆုတ္ခြာေနၿပီး မုိးႀကိဳးပစ္ျခင္းႏွင့္ ေလျပင္းက်ျခင္းမ်ား ျဖစ္ေပၚေစႏုိင္ေသာ မုိးတိမ္ေတာင္အႏၲရာယ္ သတိျပဳရန္ မုိးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္ကသတိေပးထားသည္။


 အေနာက္ေတာင္မုတ္သုံ ေလသည္ စက္တင္ဘာ ပထမ ဆယ္ရက္အတြင္း ျမန္မာႏုိင္ငံ ေျမာက္ပုိင္းေဒသမ်ားမွ ဆုတ္ခြာ လာၿပီး လက္ရွိတြင္ ျမန္မာႏုိင္ငံအလယ္ပုိင္းေဒသသုိ႔ ေရာက္ရွိကာ ဆက္လက္ဆုတ္ခြာေန ေၾကာင္း ေဒါက္တာထြန္းလြင္က ေျပာၾကားသည္။

‘‘ဒီကာလက မုိးတိမ္ေတာင္ သတိထားရမယ့္အခ်ိန္၊ မုတ္သုံ အဆုတ္မွာ ဘဂၤလားပင္လယ္ ေအာ္မွာ အထူးသျဖင့္ အိႏၵိယဘက္မွာေပါ့။ ေလထုမၿငိမ္မသက္ ျဖစ္ၿပီး တစ္ခါတစ္ရံမွာ မုန္တုိင္းျဖစ္လာႏုိင္တယ္။ ေလာေလာ ဆယ္ေတာ့ မုိးတိမ္ေတာင္သတိ ထားရမယ္’’ဟု ေျပာၾကားသည္။

 အေနာက္ေတာင္မုတ္သုံ ေလသည္ ျမန္မာႏုိင္ငံ အလယ္ပုိင္းမွတစ္ဆင့္ စက္တင္ဘာ တ တိယဆယ္ရက္အတြင္း ျမန္မာႏုိင္ငံ ျမစ္၀ကြၽန္းေပၚေဒသမ်ားႏွင့္ စက္တင္ဘာလကုန္တြင္ ျမန္မာႏုိင္ငံ ေတာင္ပုိင္းေဒသမ်ားမွ ဆုတ္ခြာႏုိင္ေၾကာင္း ေဒါက္တာထြန္း လြင္က ခန္႔မွန္းသည္။

 အေနာက္ေတာင္မုတ္သုံ ေလ စတင္၀င္ေရာက္သည့္ မုိးႀကိဳကာလႏွင့္ ျပန္လည္ဆုတ္ခြာသည့္ မုိးေႏွာင္းကာလတြင္ မုိးတိမ္ ေတာင္ေၾကာင့္ မုိးႀကိဳးပစ္ျခင္း၊ ေလျပင္းက်ျခင္းတို႔ ျဖစ္ေပၚကာ လူႏွင့္တိရစၧာန္မ်ား ေသဆုံး၊ ဒဏ္ရာရေလ့ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မုတ်သုံဆုတ်ခွာချိန်တွင် မိုးတိမ်တောင်အန္တရာယ် ဖြစ်ပေါ်တတ်သည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အနောက်တောင်မုတ် သုံံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ဆုတ်ခွာနေပြီး မိုးကြိုးပစ်ခြင်းနှင့် လေပြင်းကျခြင်းများ ဖြစ်ပေါ်စေနိုင်သော မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေးထားသည်။


 အနောက်တောင်မုတ်သုံ လေသည် စက်တင်ဘာ ပထမ ဆယ်ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာ လာပြီး လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ရောက်ရှိကာ ဆက်လက်ဆုတ်ခွာနေ ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။

‘‘ဒီကာလက မိုးတိမ်တောင် သတိထားရမယ့်အချိန်၊ မုတ်သုံ အဆုတ်မှာ ဘင်္ဂလားပင်လယ် အော်မှာ အထူးသဖြင့် အိန္ဒိယဘက်မှာပေါ့။ လေထုမငြိမ်မသက် ဖြစ်ပြီး တစ်ခါတစ်ရံမှာ မုန်တိုင်းဖြစ်လာနိုင်တယ်။ လောလော ဆယ်တော့ မိုးတိမ်တောင်သတိ ထားရမယ်’’ဟု ပြောကြားသည်။

 အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံ အလယ်ပိုင်းမှတစ်ဆင့် စက်တင်ဘာ တ တိယဆယ်ရက်အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများနှင့် စက်တင်ဘာလကုန်တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ ဆုတ်ခွာနိုင်ကြောင်း ဒေါက်တာထွန်း လွင်က ခန့်မှန်းသည်။

 အနောက်တောင်မုတ်သုံ လေ စတင်ဝင်ရောက်သည့် မိုးကြိုကာလနှင့် ပြန်လည်ဆုတ်ခွာသည့် မိုးနှောင်းကာလတွင် မိုးတိမ် တောင်ကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ်ကာ လူနှင့်တိရစ္ဆာန်များ သေဆုံး၊ ဒဏ်ရာရလေ့ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top