Property Expo
×

Versailles လုိ႔ အမည္ေပးထားတဲ့ လူေန စံအိမ္ အေဆာက္အအံု ႀကီးက အေမရိကန္ျပည္ေထာင္စုမွာ ေဆာက္လုပ္ေနထုိင္ၿပီး သမွ် လူေနအိမ္ေတြထဲမွာ အႀကီးမားဆံုး ေနအိမ္ႀကီးတစ္အိမ္လို႔ သတ္ မွတ္ျခင္းခံထားရပါတယ္။

အိပ္ခန္းေပါင္း ၃၀ ေက်ာ္နဲ႔ ကုိယ္ပုိင္ဘိုးလင္းခန္းမ၊ စကိတ္ကြင္း၊ အုိလံပစ္အားကစားကြင္းက ေရကန္အရြယ္အစားရွိတဲ့ ေရကန္ႀကီး ေတြကုိပါ ထည့္သြင္းတည္ေဆာက္ေပးထားတဲ့ အဆုိပါေနအိမ္ႀကီး က အေမရိကရဲ႕ အႀကီးမားဆံုးမိသားစု ေနအိမ္တစ္လံုး ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက သန္းၾကြယ္သူေဌးႀကီးတစ္ဦး ျဖစ္တဲ့ ေဒးဗစ္ဆီဂယ္က သူ႔ရဲ႕ဇနီးေဟာင္း အလွဘရင္မလို႔ တင္စား ေခၚၾကတဲ့ ဂ်က္ကြာလင္းနဲ႔ အတူေနထုိင္ခဲ့ၾကတဲ့ ေနအိမ္ႀကိးလည္း ျဖစ္ပါတယ္။

၁၈ လေက်ာ္ၾကာတဲ့အထိ အိမ္ၿခံေျမအေရာင္းေစ်းကြက္ထဲမွာ ေဒၚလာ ၇၅ သန္းအထိ ေစ်းႏႈန္းေရာက္ရွိ္ခဲ့တယ္လုိ႔ သိရပါတယ္။

စံအိမ္ႀကီးထဲမွာဆုိရင္ အိပ္ခန္းေပါင္း ၃၀၊ ေရခ်ိဳးခန္းေပါင္း ၂၃ ခန္း၊ ေဒၚလာ ၂ သန္းကုန္က်ခံၿပီး ေဆာက္လုပ္ထားတဲ့ ခမ္းနားတဲ့ ျပတင္းတံခါးခ်ပ္ေတြ၊ ကေလးကစားကြင္း၊ ရုပ္ရွင္ရံု၊ ကားအစီး ၂၀ ဆန္႔ ကားဂုိေဒါင္၊ ဧရာမေရေပၚအိမ္၊ ဇိမ္ခံအလွရႈခင္း ပန္းၿခံ၊ အစရွိ သျဖင့္ အဆင့္ျမင့္ေနရာထုိင္ခင္းေတြကုိ ေဆာက္လုပ္ျပင္ဆင္ေပး ထားပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

Versailles လို့ အမည်ပေးထားတဲ့ လူနေ စံအိမ် အဆောက်အအုံ ကြီးက အမေရိကန်ပြည်ထောင်စုမှာ ဆောက်လုပ်နေထိုင်ပြီး သမျှ လူနေအိမ်တွေထဲမှာ အကြီးမားဆုံး နေအိမ်ကြီးတစ်အိမ်လို့ သတ် မှတ်ခြင်းခံထားရပါတယ်။

အိပ်ခန်းပေါင်း ၃၀ ကျော်နဲ့ ကိုယ်ပိုင်ဘိုးလင်းခန်းမ၊ စကိတ်ကွင်း၊ အိုလံပစ်အားကစားကွင်းက ရေကန်အရွယ်အစားရှိတဲ့ ရေကန်ကြီး တွေကိုပါ ထည့်သွင်းတည်ဆောက်ပေးထားတဲ့ အဆိုပါနေအိမ်ကြီး က အမေရိကရဲ့ အကြီးမားဆုံးမိသားစု နေအိမ်တစ်လုံး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သန်းကြွယ်သူဌေးကြီးတစ်ဦး ဖြစ်တဲ့ ဒေးဗစ်ဆီဂယ်က သူ့ရဲ့ဇနီးဟောင်း အလှဘရင်မလို့ တင်စား ခေါ်ကြတဲ့ ဂျက်ကွာလင်းနဲ့ အတူနေထိုင်ခဲ့ကြတဲ့ နေအိမ်ကြိးလည်း ဖြစ်ပါတယ်။

၁၈ လကျော်ကြာတဲ့အထိ အိမ်ခြံမြေအရောင်းဈေးကွက်ထဲမှာ ဒေါ်လာ ၇၅ သန်းအထိ ဈေးနှုန်းရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

စံအိမ်ကြီးထဲမှာဆိုရင် အိပ်ခန်းပေါင်း ၃၀၊ ရေချိုးခန်းပေါင်း ၂၃ ခန်း၊ ဒေါ်လာ ၂ သန်းကုန်ကျခံပြီး ဆောက်လုပ်ထားတဲ့ ခမ်းနားတဲ့ ပြတင်းတံခါးချပ်တွေ၊ ကလေးကစားကွင်း၊ ရုပ်ရှင်ရုံ၊ ကားအစီး ၂၀ ဆန့် ကားဂိုဒေါင်၊ ဧရာမရေပေါ်အိမ်၊ ဇိမ်ခံအလှရှုခင်း ပန်းခြံ၊ အစရှိ သဖြင့် အဆင့်မြင့်နေရာထိုင်ခင်းတွေကို ဆောက်လုပ်ပြင်ဆင်ပေး ထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top