Property Expo
×

ထိတ္လန္႕ဖြယ္အသြင္နဲ႕ ခပ္တည္တည္ေနတတ္တဲ့ သေဘာဆုိးဆိုး အလုပ္ရွင္ေတြေၾကာင့္ စိုးထိတ္ ေၾကာက္ရြ႕ံမႈကို ေန႕စဥ္နဲ႕အမွ် ခံစားေနရရင္ေတာ့ သင့္က်န္းမာေရးအတြက္ အႏၱရာယ္ရွိေနပါၿပီ။ ဒါဟာ သင့္ကို နာတာရွည္ စိတ္ဖိစီးေနမႈေၾကာင့္ ႏွလံုးေရာဂါ ၊ ဆီးလြန္ေရာဂါ ၊ ဆီးခ်ိဳေရာဂါ ေတြျဖစ္လာႏိုင္ပါတယ္။ ဆက္ဆံရ ခက္ခဲတဲ့ သူေဌးနဲ႕ အလုပ္လုပ္ရတဲ့အခါ စိတ္ဖိစီးမႈေတြျဖစ္လာႏုိင္ပါတယ္။ အလုပ္ခ်ိန္ၾကာျမင့္တာရယ္၊ အလုပ္ခြင္၀န္းက်င္မွာ မေပ်ာ္ႏုိင္ေတာ့တာရယ္ေတြေၾကာင့္ က်န္းမာေရးကို ထိခိုက္လာႏုိင္တယ္လုိ႕ ေလ့လာသူ အသစ္ေတြက ဆုိပါတယ္။ ကာလရွည္ၾကာ စိတ္ဖိစီးမႈေတြဟာ ကိုယ့္ဗီဇရဲ႕ ေရာဂါမစြဲကပ္ေအာင္ ကာကြယ္လုပ္ေဆာင္တဲ့ ဆဲလ္ေတြကို ကေျပာင္းကျပန္ျဖစ္ေနေစပါတယ္။

ဒီေျပာင္းျပန္ျဖစ္မႈက ေရာဂါပိုးမႊားေတြ တုိက္ထုတ္တဲ့ ဆဲလ္ေတြကို ဆက္လက္ မတည္ရွိေန ေစတဲ့အတြက္ ေရာဂါေတြ အလြယ္တကူ ၀င္ေရာက္လာႏုိင္ပါတယ္။ ဒီသုေတသနကိုေတာ့ အုိဟုိင္းအို ျပည္နယ္ တကၠသိုလ္မွာရွိတဲ့ သိပၸံပညာရွင္ေတြက ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒီေတာ့ တကယ္လုိ႕မ်ား သင့္အေနနဲ႕ အထက္မွာ ေျပာခဲ့သလို ေဒါသႀကီးတဲ့ အလုပ္ရွင္မ်ိဳးနဲ႕ အလုပ္လုပ္ေနရၿပီဆုိပါစို႕။ အႀကံဳျပဳခ်က္က ဘာမ်ားျဖစ္ႏုိင္မလဲ။ ရွာေတြ႕ထားတဲ့ အႀကံျပဳခ်က္ကေတာ့ ေဆး၀ါးေတြ မွီ၀ဲတာပါပဲ။ စိတ္ဓါတ္ အစီအစဥ္ မက်ျဖစ္ေနတာကို စိတ္ဖိစီးမႈနည္းေစတဲ့ ေဆး၀ါးေတြနဲ႕ ျဖည့္စြက္ေပးလုိ႕ရပါတယ္။ ဒါေပမယ့္လည္း ဒီစိတ္ဖိစီးမႈေတြက ကၽြႏု္ပ္တုိ႕ရဲ႕ ခႏၶာကိုယ္ကို ဘယ္ေလာက္ေတာင္ အက်ိဳးယုတ္ေစခဲ့ၿပီးၿပီလဲ ဆုိတာကိုေတာ့ အတိအက် တြက္ထုတ္လုိ႔ မရႏုိင္ေသးတဲ့အတြက္ က်န္းမာေရးထိခိုက္မႈကေတာ့ အနည္းနဲ႕အမ်ား က်န္ရွိေနဦးမွာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ထိတ်လန့်ဖွယ်အသွင်နဲ့ ခပ်တည်တည်နေတတ်တဲ့ သဘောဆိုးဆိုး အလုပ်ရှင်တွေကြောင့် စိုးထိတ် ကြောက်ရွံ့မှုကို နေ့စဉ်နဲ့အမျှ ခံစားနေရရင်တော့ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပါပြီ။ ဒါဟာ သင့်ကို နာတာရှည် စိတ်ဖိစီးနေမှုကြောင့် နှလုံးရောဂါ ၊ ဆီးလွန်ရောဂါ ၊ ဆီးချိုရောဂါ တွေဖြစ်လာနိုင်ပါတယ်။ ဆက်ဆံရ ခက်ခဲတဲ့ သူဌေးနဲ့ အလုပ်လုပ်ရတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။ အလုပ်ချိန်ကြာမြင့်တာရယ်၊ အလုပ်ခွင်ဝန်းကျင်မှာ မပျော်နိုင်တော့တာရယ်တွေကြောင့် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်လို့ လေ့လာသူ အသစ်တွေက ဆိုပါတယ်။ ကာလရှည်ကြာ စိတ်ဖိစီးမှုတွေဟာ ကိုယ့်ဗီဇရဲ့ ရောဂါမစွဲကပ်အောင် ကာကွယ်လုပ်ဆောင်တဲ့ ဆဲလ်တွေကို ကပြောင်းကပြန်ဖြစ်နေစေပါတယ်။

ဒီပြောင်းပြန်ဖြစ်မှုက ရောဂါပိုးမွှားတွေ တိုက်ထုတ်တဲ့ ဆဲလ်တွေကို ဆက်လက် မတည်ရှိနေ စေတဲ့အတွက် ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒီသုတေသနကိုတော့ အိုဟိုင်းအို ပြည်နယ် တက္ကသိုလ်မှာရှိတဲ့ သိပ္ပံပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတော့ တကယ်လို့များ သင့်အနေနဲ့ အထက်မှာ ပြောခဲ့သလို ဒေါသကြီးတဲ့ အလုပ်ရှင်မျိုးနဲ့ အလုပ်လုပ်နေရပြီဆိုပါစို့။ အကြုံပြုချက်က ဘာများဖြစ်နိုင်မလဲ။ ရှာတွေ့ထားတဲ့ အကြံပြုချက်ကတော့ ဆေးဝါးတွေ မှီဝဲတာပါပဲ။ စိတ်ဓါတ် အစီအစဉ် မကျဖြစ်နေတာကို စိတ်ဖိစီးမှုနည်းစေတဲ့ ဆေးဝါးတွေနဲ့ ဖြည့်စွက်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း ဒီစိတ်ဖိစီးမှုတွေက ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အကျိုးယုတ်စေခဲ့ပြီးပြီလဲ ဆိုတာကိုတော့ အတိအကျ တွက်ထုတ်လို့ မရနိုင်သေးတဲ့အတွက် ကျန်းမာရေးထိခိုက်မှုကတော့ အနည်းနဲ့အများ ကျန်ရှိနေဦးမှာပါပဲ။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top