Property Expo
×

အိႏၵိယႏုိ္င္ငံမွာ အသက္ေျခာက္ႏွစ္အရြယ္သာရွိေသးတဲ့ Ritesh အမည္ရတဲ့ ေက်ာင္းသားေလးတစ္ေယာက္ဟာ ၀မ္းဗုိက္

ပုိင္းဆုိင္ရာ ေရာဂါေတြကို ၿပီးခဲ့တဲ့ (7)လေက်ာ္ေလာက္ ကတည္းက စတင္ခံစားခဲ့ရပါတယ္။ Ritesh ဟာ အိႏၵိယႏုိ္င္ငံ Garhwa ျပည္နယ္သား တစ္ေယာက္ျဖစ္ပါတယ္။ ေနာက္ဆုံး သူ႔ရဲ႕နာက်င္မႈဟာ အသက္အႏၱရာယ္ကုိပင္ စုိးရိမ္ဖြယ္ရာ
ျဖစ္လာတာမုိ႔ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က ပုဂၢလိက ေဆးရုံတစ္ခုကို အေျပးအလႊား သြားခဲ့ရပါတယ္။

ေဆး႐ုံမွာ Ritesh ကုိ အာလ္ထရာေစာင္း ႐ုိက္ၾကည့္တဲ့အခါ ၀မ္းဗုိက္ထဲမွာ အသားပုိအလုံးႀကီးတစ္ခုကုိ ေတြ႕ရတယ္လုိ႔ သက္ဆုိင္ရာ ဆရာ၀န္က ေျပာပါတယ္။ ေနာက္ပုိင္း ဒီအသားပုိႀကီးကို ခြဲစိတ္ဖယ္ရွာဖုိ႔ ခြဲစိတ္ဆရာ၀န္ ငါးေယာက္က တာ၀န္ယူလုိက္ပါတယ္။

ခြဲစိတ္ဆရာ၀န္ေတြဟာ အသားပုိလုိ႔ ယူဆရတဲ့ အလုံးႀကီးကို ခြဲထုတ္အၿပီးမွာ အားလုံး အံ့အားသင့္ခဲ့ရပါတယ္။ အ
ေၾကာင္းကေတာ့ ၎တုိ႔ ခြဲစိတ္ဖယ္ထုတ္လုိက္တဲ့ အသားပိုဟာ ေအာင္ျမင္မႈမရွိတဲ့ သေႏၶသားျဖစ္ပါတယ္။ ဒီထက္ ပုိၿပီး ထူးဆန္းတာက အဲဒီသေႏၶသားဟာ အမႊာျဖစ္ေနတာပါဘဲ။ ဒီသေႏၶသားဟာ Retesh ေမြးဖြားစဥ္ကတည္းက ပါလာတာ
ျဖစ္ၿပီး ေကာင္းစြာ ဖြံ႔ၿဖိဳးမႈမရွိဘဲ အသက္ကင္းမဲ့ေနပါတယ္။

အိႏၵိယအေျခစုိက္ pradesh18.com ရဲ႕ ေရးသားခ်က္မွာေတာ့ Retesh မွာ ပါလာတဲ့ သေႏၶသားဟာ ေျခေထာက္၊လက္၊ ဆံပင္ အစရွိတဲ့ ကိုယ္အဂၤါေတြေတာင္ ပါလာတယ္လုိ႔ ေရးသားထားပါတယ္။ အျခား အိႏၵိအေျခစုိက္သတင္းစာ တစ္
ေစာင္ျဖစ္တဲ့ Hindustan Times နဲ႔ ခြဲစိတ္မႈမွာ ပါ၀င္ခဲ့တဲ့ ေဒါက္တာေတြရဲ႕ ေတြ႕ဆုံေမးျမန္မႈမွာလည္း ေဒါက္တာ Alok Bhardwaj က ” ဒါဟာ အလြန္ရွားပါးတဲ့ ျဖစ္စဥ္ပါဘဲ … ဒါေပမယ့္ ေကာင္ေလး ခံစားေနရတဲ့ ေရာဂါေ၀ဒနာေတြကုိေတာ့ လုံး၀ ေအာင္ျမင္စြာ ခြဲထုတ္ႏုိင္ခဲ့ပါတယ္… သူ အခု အဆင္ေျပေနပါတယ္ …ဒါကိုသာ မခြဲစိတ္ခဲ့ဘူးဆုိရင္ေတာ့ ေကာင္
ေလးအေနနဲ႔ အနာဂတ္မွာ အသက္ရွည္စရာ မရွိပါဘူး”လုိ႔ ရွင္းျပခဲ့ပါတယ္။

Retesh ဆီကေန ခြဲစိတ္ဖယ္ထုတ္လို္္က္တဲ့ ကပ္ပါးအမႊာသေႏၶဟာ ျဖစ္ခဲလွတဲ့ အရာျဖစ္ပါတယ္။ မ်ားေသားအားျဖင့္
အသက္ကင္းမဲ့ေနတတ္ပါတယ္။ ဒါေပမယ့္ ၎တုိ႔ ခုိတြယ္ေနတဲ့ ခႏၶာကုိယ္ပုိင္ရွင္ (Host) စားသုံးသမွ် အာဟာရဓာတ္
ေတြကုိ ကပ္ကာ သုံးေဆာင္ေလ့ရွိၿပီး တစ္ျဖည္းျဖည္း ႀကီးထြားကာ Host ကုိ ဒုကၡေကာင္းေကာင္းေပးပါတယ္။ အခု ခြဲ
စိတ္မႈဟာ Retesh အတြက္ တကယ္လည္း အက်ိဳးရွိခဲ့ပါတယ္။ ယခင္ကလည္း အိႏၵိယမွာပင္ လူမမယ္ကေလးမေလး
တစ္ေယာက္မွာ ကပ္ပါးအမႊာသေႏၶ ပါလာခဲ့လုိ႔ ခြဲစိတ္ခဲ့ရဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin pyin

#Unicode Version
အိန္ဒိယနိုင်ငံမှာ အသက်ခြောက်နှစ်အရွယ်သာရှိသေးတဲ့ Ritesh အမည်ရတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ ဝမ်းဗိုက်

ပိုင်းဆိုင်ရာ ရောဂါတွေကို ပြီးခဲ့တဲ့ (7)လကျော်လောက် ကတည်းက စတင်ခံစားခဲ့ရပါတယ်။ Ritesh ဟာ အိန္ဒိယနိုင်ငံ Garhwa ပြည်နယ်သား တစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံး သူ့ရဲ့နာကျင်မှုဟာ အသက်အန္တရာယ်ကိုပင် စိုးရိမ်ဖွယ်ရာ
ဖြစ်လာတာမို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပုဂ္ဂလိက ဆေးရုံတစ်ခုကို အပြေးအလွှား သွားခဲ့ရပါတယ်။

ဆေးရုံမှာ Ritesh ကို အာလ်ထရာစောင်း ရိုက်ကြည့်တဲ့အခါ ဝမ်းဗိုက်ထဲမှာ အသားပိုအလုံးကြီးတစ်ခုကို တွေ့ရတယ်လို့ သက်ဆိုင်ရာ ဆရာဝန်က ပြောပါတယ်။ နောက်ပိုင်း ဒီအသားပိုကြီးကို ခွဲစိတ်ဖယ်ရှာဖို့ ခွဲစိတ်ဆရာဝန် ငါးယောက်က တာဝန်ယူလိုက်ပါတယ်။

ခွဲစိတ်ဆရာဝန်တွေဟာ အသားပိုလို့ ယူဆရတဲ့ အလုံးကြီးကို ခွဲထုတ်အပြီးမှာ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ အ
ကြောင်းကတော့ ၎င်းတို့ ခွဲစိတ်ဖယ်ထုတ်လိုက်တဲ့ အသားပိုဟာ အောင်မြင်မှုမရှိတဲ့ သန္ဓေသားဖြစ်ပါတယ်။ ဒီထက် ပိုပြီး ထူးဆန်းတာက အဲဒီသန္ဓေသားဟာ အမွှာဖြစ်နေတာပါဘဲ။ ဒီသန္ဓေသားဟာ Retesh မွေးဖွားစဉ်ကတည်းက ပါလာတာ
ဖြစ်ပြီး ကောင်းစွာ ဖွံ့ဖြိုးမှုမရှိဘဲ အသက်ကင်းမဲ့နေပါတယ်။

အိန္ဒိယအခြေစိုက် pradesh18.com ရဲ့ ရေးသားချက်မှာတော့ Retesh မှာ ပါလာတဲ့ သန္ဓေသားဟာ ခြေထောက်၊လက်၊ ဆံပင် အစရှိတဲ့ ကိုယ်အင်္ဂါတွေတောင် ပါလာတယ်လို့ ရေးသားထားပါတယ်။ အခြား အိန္ဒိအခြေစိုက်သတင်းစာ တစ်
စောင်ဖြစ်တဲ့ Hindustan Times နဲ့ ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာတွေရဲ့ တွေ့ဆုံမေးမြန်မှုမှာလည်း ဒေါက်တာ Alok Bhardwaj က ” ဒါဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်ပါဘဲ … ဒါပေမယ့် ကောင်လေး ခံစားနေရတဲ့ ရောဂါဝေဒနာတွေကိုတော့ လုံး၀ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ပါတယ်… သူ အခု အဆင်ပြေနေပါတယ် …ဒါကိုသာ မခွဲစိတ်ခဲ့ဘူးဆိုရင်တော့ ကောင်
လေးအနေနဲ့ အနာဂတ်မှာ အသက်ရှည်စရာ မရှိပါဘူး”လို့ ရှင်းပြခဲ့ပါတယ်။

Retesh ဆီကနေ ခွဲစိတ်ဖယ်ထုတ်လို်က်တဲ့ ကပ်ပါးအမွှာသန္ဓေဟာ ဖြစ်ခဲလှတဲ့ အရာဖြစ်ပါတယ်။ များသေားအားဖြင့်
အသက်ကင်းမဲ့နေတတ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ ခိုတွယ်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် (Host) စားသုံးသမျှ အာဟာရဓာတ်
တွေကို ကပ်ကာ သုံးဆောင်လေ့ရှိပြီး တစ်ဖြည်းဖြည်း ကြီးထွားကာ Host ကို ဒုက္ခကောင်းကောင်းပေးပါတယ်။ အခု ခွဲ
စိတ်မှုဟာ Retesh အတွက် တကယ်လည်း အကျိုးရှိခဲ့ပါတယ်။ ယခင်ကလည်း အိန္ဒိယမှာပင် လူမမယ်ကလေးမလေး
တစ်ယောက်မှာ ကပ်ပါးအမွှာသန္ဓေ ပါလာခဲ့လို့ ခွဲစိတ်ခဲ့ရဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top