Property Expo
×

အက်ဥ္းေထာင္မ်ားတြင္ အက်ဥ္း သားမ်ား အဆမတန္မ်ားျပားေန၍ အက်ဥ္း သား တစ္ေထာင္စီဆံ့သည့္ အက်ဥ္းေထာင္ သံုးခု တည္ေဆာက္ေနသည္ဟု အက်ဥ္း ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ဦးမင္း ထြန္းစုိးက ေျပာသည္။

က်ိဳက္မေရာ အက်ဥ္းေထာင္ႏွင့္ ဒိုက္ ဦးအက်ဥ္းေထာင္တို႔ကို တည္ေဆာက္ေန ဆဲျဖစ္ကာ မိုးညႇင္းအက်ဥ္းေထာင္ တည္ ေဆာက္မႈ ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရ သည္။

‘‘အက်ဥ္းေထာင္ အသစ္သံုးခု ေဆာက္ေနတာ။ မိုးညႇင္းကေတာ့ လူ လက္ခံေနၿပီ။ လက္ခံတယ္ဆုိတာ အလႊဲအေျပာင္းေတာ့ မလုပ္ရေသးဘူး။ ျမစ္ႀကီးနားေထာင္ လူက်ပ္တဲ့အတြက္ မိုးညႇင္းေထာင္ကို ပို႔တယ္’’ဟု ဦးမင္းထြန္းစိုးက ေျပာသည္။

ႏုိင္ငံေရးအက်ဥ္းသား ကူညီေစာင့္ေရွာက္ေရး အသင္း (AAPP) က ျမန္မာႏုိင္ငံ၏အက်ဥ္းေထာင္အေျခအေနႏွင့္ အက်ဥ္းေထာင္ စနစ္ျပဳျပင္ေျပာင္းလဲေရး အစီရင္ခံစာအရ ျမန္မာႏုိင္ငံရွိ အက်ဥ္းေထာင္မ်ားတြင္ အက်ဥ္းသားဦးေရ အဆမတန္မ်ားျပားေနၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈ အားနည္းမႈရွိေနေၾကာင္း ေဖာ္ျပထားသည္။

‘‘အက်ဥ္းေထာင္ေတြ လူ မ်ားတယ္။ က်ပ္တဲ့ဟာက ဒီမွာ က်ပ္တဲ့ ေထာင္ေတြကေန မက်ပ္ တဲ့ေထာင္ေတြကိုေရႊ႕ေပးဖို႔ သက္ ဆိုင္ရာေထာင္ကေန အက်ဥ္းဦး စီးကို တင္တယ္။ အဲဒီကေန ၀န္ ႀကီးဌာနကို တင္ၿပီး ခြင့္ျပဳခ်က္ရ ရင္ေတာ့ အကုန္လံုးေျပာင္းေရႊ႕ ေပးပါတယ္။ အေနေခ်ာင္ေအာင္ အဆင့္လိုက္ အဆင့္လိုက္ေျပာင္း ေရႊ႕ေပးေနပါတယ္။ အဲဒါကို ကၽြန္ ေတာ္တုိ႔ ေဆာင္ရြက္ေပးေနပါ တယ္’’ဟု ဦးမင္းထြန္းစိုးက ေျပာ ၾကားသည္။

အက်ဥ္းေထာင္သံုးခုအနက္ က်ိဳက္မေရာေထာင္ႏွင့္ ဒိုက္ဦး ေထာင္တို႔ ေဆာက္လုပ္ခဲ့သည္ မွာ ၂ ႏွစ္မွ သံုးႏွစ္အတြင္း ၾကာျမင့္ေနၿပီး ကုမၸဏီမ်ားက လႊဲ ေျပာင္းမႈမရွိေသးေၾကာင္း ၎ကေျပာသည္။

‘‘ေနျပည္ေတာ္နဲ႔ ေတာင္ႀကီး မွာ ေဆာက္ေနတာက အခ်ဳပ္ ေထာင္။ အခ်ဳပ္ေထာင္ဆုိတာ အ ခ်ဳပ္ေတြပဲထားမွာ၊ တရား႐ံုးက စဲြ တင္တဲ့သူထားမွာ။ က်ိဳက္မေရာနဲ႔ ဒိုက္ဦးအက်ဥ္းေထာင္ေတြက ေထာင္က်ေတြ ထားမွာဗ်။ က်ပ္ ေနတဲ့သူေတြကို အဲဒါေတြၿပီးရင္ ေျပာင္းေရႊ႕ထားၿပီး ေလွ်ာ့ခ်မွာ ပါ’’ဟု ဦးမင္းထြန္းစိုးက ေျပာ သည္။

ျမန္မာႏုိင္ငံတြင္ အက်ဥ္း ေထာင္ ၄၃ ခုႏွင့္ ရဲဘက္စခန္း ၅၀ ေက်ာ္ရွိၿပီး လက္ရွိတြင္ အ က်ဥ္းသားဦးေရ ေျခာက္ေသာင္း ခန္႔ရွိေၾကာင္း ျမန္မာႏိုင္ငံ၏ အက်ဥ္းေထာင္အေျခအေနႏွင့္ အက်ဥ္းေထာင္စနစ္ ျပဳျပင္ ေျပာင္းလဲေရးအစီရင္ခံစာအရ သိရသည္။

ထို႔အျပင္ အက်ဥ္းေထာင္ မ်ားတြင္ အက်ဥ္းသားမ်ား ထား ရွိႏုိင္မည့္ ႏႈန္းထား ၁၀၀ ရာခုိင္ ႏႈန္သာ ထားရွိရမည္ျဖစ္ေသာ္ လည္း လက္ရွိအခ်ိန္၌ အက်ဥ္း သား ၁၄၄ ဒသမ ၃ ရာခုိင္ႏႈန္းအ ထိ ေက်ာ္လြန္ထားရွိေနသည္ဟု အစီရင္ခံစာက ေထာက္ျပသည္။

ကုလသမဂၢက ခ်မွတ္ထား သည့္ အက်ဥ္းေထာင္မ်ားဆုိင္ရာ အနိမ့္ဆံုးရရွိမည့္ စည္းမ်ဥ္းမ်ားမွ စည္းမ်ဥ္းအမွတ္ (၁၀)တြင္‘ေလ ၀င္ေလထြက္၊ အပူခ်ိန္၊ အလင္း ေရာင္ရရွိမႈ၊ အနည္းဆံုးရရွိရမည့္ ၾကမ္းျပင္အက်ယ္ ပမာဏ၊ ရာ သီဥတုအေျခအေန စသည္တို႔အ ေပၚ အေျတည္ကာ အက်ဥ္းသား တစ္ဦးစီအတြက္ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ အိပ္ရာေနရာထိုင္ ခင္းစီစဥ္ေပးရမည္’’ ဟု ေဖာ္ျပ ထားသည္။

 AAPP က ထုတ္ျပန္ေသာ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္အေျခ အေနႏွင့္ အက်ဥ္းေထာင္အေျခအ ေနႏွင့္ အက်ဥ္းေထာင္စနစ္ျပဳျပင္ ေျပာင္းလဲေရး အစီရင္ခံစာကို ႏုိင္ငံေတာ္သမၼတ၊ ျပည္ထဲေရး ၀န္ႀကီးဌာနႏွင့္ အက်ဥ္းဦးစီးဌာန မ်ားသို႔ ေပးပို႔မည္ျဖစ္ေၾကာင္း ဦးဘုိၾကည္က ေျပာသည္။

AAPP က ယခုေဖာ္ျပသည့္ အစီရင္ခံစာသည္ ျမန္မာႏိုင္ငံ၏ အက်ဥ္းေထာင္အေျခအေနႏွင့္ ပတ္သက္၍ ပထမဆံုးအႀကိမ္ ထုတ္ေ၀ေသာ အစီရင္ခံစာမ်ား ျဖစ္ၿပီး အခ်က္အလက္ ျပည့္စံုစြာ ပါရွိေသာ အစီရင္ခံစာ တစ္ခု လည္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 အကျဉ်းထောင်များတွင် အကျဉ်း သားများ အဆမတန်များပြားနေ၍ အကျဉ်း သား တစ်ထောင်စီဆံ့သည့် အကျဉ်းထောင် သုံးခု တည်ဆောက်နေသည်ဟု အကျဉ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးက ပြောသည်။

ကျိုက်မရော အကျဉ်းထောင်နှင့် ဒိုက် ဦးအကျဉ်းထောင်တို့ကို တည်ဆောက်နေ ဆဲဖြစ်ကာ မိုးညှင်းအကျဉ်းထောင် တည် ဆောက်မှု ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

‘‘အကျဉ်းထောင် အသစ်သုံးခု ဆောက်နေတာ။ မိုးညှင်းကတော့ လူ လက်ခံနေပြီ။ လက်ခံတယ်ဆိုတာ အလွှဲအပြောင်းတော့ မလုပ်ရသေးဘူး။ မြစ်ကြီးနားထောင် လူကျပ်တဲ့အတွက် မိုးညှင်းထောင်ကို ပို့တယ်’’ဟု ဦးမင်းထွန်းစိုးက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မြန်မာနိုင်ငံ၏အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင် စနစ်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန်များပြားနေပြီး ကျန်းမာရေး စောင့်ရှောက်မှု အားနည်းမှုရှိနေကြောင်း ဖော်ပြထားသည်။

‘‘အကျဉ်းထောင်တွေ လူ များတယ်။ ကျပ်တဲ့ဟာက ဒီမှာ ကျပ်တဲ့ ထောင်တွေကနေ မကျပ် တဲ့ထောင်တွေကိုရွှေ့ပေးဖို့ သက် ဆိုင်ရာထောင်ကနေ အကျဉ်းဦး စီးကို တင်တယ်။ အဲဒီကနေ ဝန် ကြီးဌာနကို တင်ပြီး ခွင့်ပြုချက်ရ ရင်တော့ အကုန်လုံးပြောင်းရွှေ့ ပေးပါတယ်။ အနေချောင်အောင် အဆင့်လိုက် အဆင့်လိုက်ပြောင်း ရွှေ့ပေးနေပါတယ်။ အဲဒါကို ကျွန် တော်တို့ ဆောင်ရွက်ပေးနေပါ တယ်’’ဟု ဦးမင်းထွန်းစိုးက ပြော ကြားသည်။

အကျဉ်းထောင်သုံးခုအနက် ကျိုက်မရောထောင်နှင့် ဒိုက်ဦး ထောင်တို့ ဆောက်လုပ်ခဲ့သည် မှာ ၂ နှစ်မှ သုံးနှစ်အတွင်း ကြာမြင့်နေပြီး ကုမ္ပဏီများက လွှဲ ပြောင်းမှုမရှိသေးကြောင်း ၎င်းကပြောသည်။

‘‘နေပြည်တော်နဲ့ တောင်ကြီး မှာ ဆောက်နေတာက အချုပ် ထောင်။ အချုပ်ထောင်ဆိုတာ အ ချုပ်တွေပဲထားမှာ၊ တရားရုံးက စွဲ တင်တဲ့သူထားမှာ။ ကျိုက်မရောနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေက ထောင်ကျတွေ ထားမှာဗျ။ ကျပ် နေတဲ့သူတွေကို အဲဒါတွေပြီးရင် ပြောင်းရွှေ့ထားပြီး လျှော့ချမှာ ပါ’’ဟု ဦးမင်းထွန်းစိုးက ပြော သည်။

မြန်မာနိုင်ငံတွင် အကျဉ်း ထောင် ၄၃ ခုနှင့် ရဲဘက်စခန်း ၅၀ ကျော်ရှိပြီး လက်ရှိတွင် အ ကျဉ်းသားဦးရေ ခြောက်သောင်း ခန့်ရှိကြောင်း မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေးအစီရင်ခံစာအရ သိရသည်။

ထို့အပြင် အကျဉ်းထောင် များတွင် အကျဉ်းသားများ ထား ရှိနိုင်မည့် နှုန်းထား ၁၀၀ ရာခိုင် နှုန်သာ ထားရှိရမည်ဖြစ်သော် လည်း လက်ရှိအချိန်၌ အကျဉ်း သား ၁၄၄ ဒသမ ၃ ရာခိုင်နှုန်းအ ထိ ကျော်လွန်ထားရှိနေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။

ကုလသမဂ္ဂက ချမှတ်ထား သည့် အကျဉ်းထောင်များဆိုင်ရာ အနိမ့်ဆုံးရရှိမည့် စည်းမျဉ်းများမှ စည်းမျဉ်းအမှတ် (၁၀)တွင်‘လေ ဝင်လေထွက်၊ အပူချိန်၊ အလင်း ရောင်ရရှိမှု၊ အနည်းဆုံးရရှိရမည့် ကြမ်းပြင်အကျယ် ပမာဏ၊ ရာ သီဥတုအခြေအနေ စသည်တို့အ ပေါ် အတြေည်ကာ အကျဉ်းသား တစ်ဦးစီအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် အိပ်ရာနေရာထိုင် ခင်းစီစဉ်ပေးရမည်’’ ဟု ဖော်ပြ ထားသည်။

 AAPP က ထုတ်ပြန်သော မြန်မာနိုင်ငံ အကျဉ်းထောင်အခြေ အနေနှင့် အကျဉ်းထောင်အခြေအ နေနှင့် အကျဉ်းထောင်စနစ်ပြုပြင် ပြောင်းလဲရေး အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာန များသို့ ပေးပို့မည်ဖြစ်ကြောင်း ဦးဘိုကြည်က ပြောသည်။

AAPP က ယခုဖော်ပြသည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ဝေသော အစီရင်ခံစာများ ဖြစ်ပြီး အချက်အလက် ပြည့်စုံစွာ ပါရှိသော အစီရင်ခံစာ တစ်ခု လည်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top