Property Expo
×

အျမဲ စိတ္ပ်က္ေနခဲ႔ရတဲ႔ ကြ်န္မဘ၀ႀကီး အေၾကာင္းကေန စေျပာပါရေစ။

ကြ်န္မက ကေလးတစ္ေယာက္။ မိဘေတြ မ႐ွိဘဲနဲ႔ ႀကီးျပင္းလာခဲ႔ရတာ။ သူတို႔က ႏိုင္ငံရပ္ျခားမွာ အလုပ္လုပ္ၾကတယ္ေလ။ ဒါ႔ေၾကာင္႔လည္း ေပ်ာ္႐ႊင္စရာ၊ စိတ္ေက်နပ္စရာ ဘ၀မ်ိဳး ကြ်န္မအတြက္ ေပးႏိုင္ခဲ႔ၾကပါတယ္။ ကြ်န္မ ကေလးတုန္းကဆို သူတို႔ကို တစ္ခါမွေတာင္ မျမင္ဖူးဘူး။ ကြ်န္မ ၄တန္းေရာက္တဲ႔ အထိပဲ။

ကြ်န္မအသက္ ၁၀ႏွစ္ေက်ာ္လို႔ ၁၁ႏွစ္ထဲ ေရာက္လာေတာ႔ သူတို႔ အိမ္ျပန္လာၾကတယ္။ အဲ႔ဒါ သူတို႔ကို ဦးဆံုး စေတြ႔ဖူးျခင္းပဲ။ အဲ႔ဒါ ကြ်န္မ ေပ်ာ္သင္႔တဲ႔ ကိစၥလို႔ ထင္လား။ ဒါေပမဲ႔ ေနစမ္းပါ။ ဘာလို႔ ေပ်ာ္ရမွာလဲ။

သူတို႔ျပန္ေရာက္လာကတည္းက ကြ်န္မကို အိမ္ျပင္ထြက္ခြင္႔ မေပးေတာ႔ဘူး။ ဆိုလိုတာ ကြ်န္မက ဘာႀကီးတုန္း။ ေသာက္႐ူး အက်ဥ္းသားလား။ ကြ်န္မ ေဖေဖက ေက်ာင္းကို ကားေမာင္းၿပီးပို႔တယ္။ ေက်ာင္းခ်ိန္ၿပီးရင္လည္း အိမ္ထဲမွာပဲ ျပန္ဥေနရတယ္။

သူတို႔ ကြ်န္မကို ဘယ္မွ ေပးမထြက္ဘူး။ ကြ်န္မသူငယ္ခ်င္းေတြနဲ႔ ေစ်း၀ယ္ထြက္ဖို႔ေတာင္ မရဘူး။ အိမ္ထဲမွာ ေသာ႔ခတ္ခံထားရတာ ခုဧၿပီဆို ကြ်န္မ အသက္ ၁၇ႏွစ္ျပည္႔ၿပီး ၁၈ထဲေတာင္ ၀င္ၿပီ။ ေတြးၾကည္႔၊ ျမင္ၾကည္႔ၾကပါဦး။ သူတို႔ျပန္မေရာက္လာခင္ကမွ လြတ္လြတ္လပ္လပ္႐ွိေသးတယ္။

ခု တကၠသိုလ္ ပထမႏွစ္ကို ကြ်န္မ တက္ေနၿပီ။ ကြ်န္မ ေဖေဖက တကၠသိုလ္ကို ကားေမာင္း လုိက္ပို႔ေနတုန္းပဲ။ ေသစမ္း။  တကၠသိုလ္မွာ ဆိုရင္ေတာ႔ နည္းနည္းအားတာနဲ႔ သူငယ္ခ်င္းေတြနဲ႔ ေစ်း၀ယ္ထြက္ၿပီး ေပ်ာ္ၾကတာပဲ။ ဒါေပမဲ႔ ဒါကို ကြ်န္မမိဘေတြ မသိလို႔ေလ၊ သိလို႔ကေတာ႔ ေဒါသပုန္ထၾကမွာ။ ဒီလိုဆိုေတာ႔ ကြ်န္မလဲ ဘာဆက္လုပ္လို႔ လုပ္ရမွန္း မသိေတာ႔ဘူး။ သူတို႔က လြန္လြန္းေတာ႔ ကြ်န္မလည္း မြန္းၾကပ္ေနရပါၿပီရယ္။

ကြ်န္မဘ၀မွာ ေပ်ာ္စရာ အေတြ႔အၾကံဳေတြ တစ္ခါမွ် မရခဲ႔ဘူး။ အိမ္ထဲမွာဆိုလည္း အထီးက်န္စရာေကာင္းလိုက္တာ။ စိတ္ပ်က္စရာ ဘ၀ႀကီးကိုလည္း မုန္းေနပါၿပီ။ တစ္ေန႔ေန႔ ဆိုတာကိုေတာ႔ ေမွ်ာ္လင္႔မိပါေသးတယ္။ ဒီေလာက္ လိုက္က်ပ္ဖို႔၊ ခ်ဳပ္ဖို႔ မသင္႔ဘူးဆိုတာကို သူတို႔ နားလည္လာတဲ႔ တစ္ေန႔ေပါ႔။

ၿပီးေတာ႔ ကြ်န္မ ေမေမ။ ဘာမဟုတ္တဲ႔ကိစၥေလးေတြနဲ႔ လိုက္ပြားေနတာ။

ကြ်န္မလဲ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေတာ႔ဘူး။ ေဖေဖနဲ႔ေမေမကို ကြ်န္မ ခ်စ္ပါတယ္။ ဒါေပမဲ႔ သူတို႔က နားလည္ေပးရမွာေပါ႔။ ကြ်န္မဘ၀မွာ ေပ်ာ္ဖို႔၊ ကြ်န္မဘ၀နဲ႔ ကြ်န္မ ေနထိုင္ဖို႔ လိုအပ္တယ္ဆိုတာကို သူတို႔ နားလည္ေပးရမွာေပါ႔။ ဘာအေတြ႔အၾကံဳမွ မ႐ွိဘဲ ေသသြားရတာမ်ိဳးေတာ႔ မလိုခ်င္ပါဘူး။

စိတ္ပ်က္စရာ ေကာင္းလိုက္တဲ႔ ကြ်န္မဘ၀ႀကီးရယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အမြဲ စိတ်ပျက်နေခဲ့ရတဲ့ ကျွန်မဘဝကြီး အကြောင်းကနေ စပြောပါရစေ။

ကျွန်မက ကလေးတစ်ယောက်။ မိဘတွေ မရှိဘဲနဲ့ ကြီးပြင်းလာခဲ့ရတာ။ သူတို့က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်လေ။ ဒါ့ကြောင့်လည်း ပျော်ရွှင်စရာ၊ စိတ်ကျေနပ်စရာ ဘဝမျိုး ကျွန်မအတွက် ပေးနိုင်ခဲ့ကြပါတယ်။ ကျွန်မ ကလေးတုန်းကဆို သူတို့ကို တစ်ခါမှတောင် မမြင်ဖူးဘူး။ ကျွန်မ ၄တန်းရောက်တဲ့ အထိပဲ။

ကျွန်မအသက် ၁၀နှစ်ကျော်လို့ ၁၁နှစ်ထဲ ရောက်လာတော့ သူတို့ အိမ်ပြန်လာကြတယ်။ အဲ့ဒါ သူတို့ကို ဦးဆုံး စတွေ့ဖူးခြင်းပဲ။ အဲ့ဒါ ကျွန်မ ပျော်သင့်တဲ့ ကိစ္စလို့ ထင်လား။ ဒါပေမဲ့ နေစမ်းပါ။ ဘာလို့ ပျော်ရမှာလဲ။

သူတို့ပြန်ရောက်လာကတည်းက ကျွန်မကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး။ ဆိုလိုတာ ကျွန်မက ဘာကြီးတုန်း။ သောက်ရူး အကျဉ်းသားလား။ ကျွန်မ ဖေဖေက ကျောင်းကို ကားမောင်းပြီးပို့တယ်။ ကျောင်းချိန်ပြီးရင်လည်း အိမ်ထဲမှာပဲ ပြန်ဥနေရတယ်။

သူတို့ ကျွန်မကို ဘယ်မှ ပေးမထွက်ဘူး။ ကျွန်မသူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ဖို့တောင် မရဘူး။ အိမ်ထဲမှာ သော့ခတ်ခံထားရတာ ခုဧပြီဆို ကျွန်မ အသက် ၁၇နှစ်ပြည့်ပြီး ၁၈ထဲတောင် ဝင်ပြီ။ တွေးကြည့်၊ မြင်ကြည့်ကြပါဦး။ သူတို့ပြန်မရောက်လာခင်ကမှ လွတ်လွတ်လပ်လပ်ရှိသေးတယ်။

ခု တက္ကသိုလ် ပထမနှစ်ကို ကျွန်မ တက်နေပြီ။ ကျွန်မ ဖေဖေက တက္ကသိုလ်ကို ကားမောင်း လိုက်ပို့နေတုန်းပဲ။ သေစမ်း။  တက္ကသိုလ်မှာ ဆိုရင်တော့ နည်းနည်းအားတာနဲ့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ပြီး ပျော်ကြတာပဲ။ ဒါပေမဲ့ ဒါကို ကျွန်မမိဘတွေ မသိလို့လေ၊ သိလို့ကတော့ ဒေါသပုန်ထကြမှာ။ ဒီလိုဆိုတော့ ကျွန်မလဲ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ သူတို့က လွန်လွန်းတော့ ကျွန်မလည်း မွန်းကြပ်နေရပါပြီရယ်။

ကျွန်မဘဝမှာ ပျော်စရာ အတွေ့အကြုံတွေ တစ်ခါမျှ မရခဲ့ဘူး။ အိမ်ထဲမှာဆိုလည်း အထီးကျန်စရာကောင်းလိုက်တာ။ စိတ်ပျက်စရာ ဘဝကြီးကိုလည်း မုန်းနေပါပြီ။ တစ်နေ့နေ့ ဆိုတာကိုတော့ မျှော်လင့်မိပါသေးတယ်။ ဒီလောက် လိုက်ကျပ်ဖို့၊ ချုပ်ဖို့ မသင့်ဘူးဆိုတာကို သူတို့ နားလည်လာတဲ့ တစ်နေ့ပေါ့။

ပြီးတော့ ကျွန်မ မေမေ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ လိုက်ပွားနေတာ။

ကျွန်မလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ဖေဖေနဲ့မေမေကို ကျွန်မ ချစ်ပါတယ်။ ဒါပေမဲ့ သူတို့က နားလည်ပေးရမှာပေါ့။ ကျွန်မဘဝမှာ ပျော်ဖို့၊ ကျွန်မဘဝနဲ့ ကျွန်မ နေထိုင်ဖို့ လိုအပ်တယ်ဆိုတာကို သူတို့ နားလည်ပေးရမှာပေါ့။ ဘာအတွေ့အကြုံမှ မရှိဘဲ သေသွားရတာမျိုးတော့ မလိုချင်ပါဘူး။

စိတ်ပျက်စရာ ကောင်းလိုက်တဲ့ ကျွန်မဘဝကြီးရယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top