Property Expo
×

သင့္မ်က္ႏွာဟာ သင္ထင္တာထက္ တစ္ဖက္လူရဲ႕ စိတ္ခံစားခ်က္ေပၚသက္ေရာက္မႈရွိပါတယ္။  တစ္စံုတစ္ဦးကို ဆံုေတြ႕တဲ့အခါ ၃၃ မီလီစကၠန္႔အတြင္း ဦးေႏွာက္ဟာ မ်က္ႏွာကို ခြဲျခမ္းေလ့လာျပီး ယံုၾကည္ရမႈ ရွိမရွိ သံုးသပ္ျပီး ျဖစ္ပါတယ္။ Medical Daily ဝက္ဘ္ဆုိက္မွာ ေဖာ္ျပခဲ့တဲ့ သုေတသနတစ္ခုအရ  မ်က္ႏွာဝိုင္းတဲ့မ်က္ႏွာပိုင္ရွင္ေတြကို လူေတြက ပိုယံုၾကတယ္လို႔ဆိုပါတယ္။

သုေတသနကို British Columbia က ဘြဲ႕လြန္ေက်ာင္းသား အလီရွာေဘကာက ဦးေဆာင္ေလ့လာခဲ့တာျဖစ္ျပီး ရာဇဝတ္မႈက်ဴးလြန္ထားသူေတြရဲ႕ မ်က္ႏွာေတြကို အေျချပဳကာ သုေတသန လုပ္ခဲ့တာျဖစ္ပါတယ္။ လူသတ္သမားမ်က္ႏွာပဲျဖစ္ျဖစ္၊ လိမ္လည္သူရဲ႕ မ်က္ႏွာပဲျဖစ္ျဖစ္ မ်က္ခံုး ထင္ထင္ရွားရွား၊ ပါးရိုးေပၚျပီး မ်က္ႏွာဝုိင္းရင္ သုေတသနမွာ ပါဝင္သူေတြက ယံုၾကည္ေလ့ရွိတယ္လို႔ ဆုိပါတယ္။

မ်က္ခံုးေအာက္စိုက္လြန္းျပီး ပါးေခ်ာင္က်တဲ့ မ်က္ႏွာမ်ိဳးဆုိရင္ ဘယ္ေလာက္ပဲရုိးသားပါေစ မယံုၾကည္ရသူအျဖစ္ ျမင္ေလ့ရွိၾကတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit : Duwun

#Unicode Version

သင့်မျက်နှာဟာ သင်ထင်တာထက် တစ်ဖက်လူရဲ့ စိတ်ခံစားချက်ပေါ်သက်ရောက်မှုရှိပါတယ်။  တစ်စုံတစ်ဦးကို ဆုံတွေ့တဲ့အခါ ၃၃ မီလီစက္ကန့်အတွင်း ဦးနှောက်ဟာ မျက်နှာကို ခွဲခြမ်းလေ့လာပြီး ယုံကြည်ရမှု ရှိမရှိ သုံးသပ်ပြီး ဖြစ်ပါတယ်။ Medical Daily ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ  မျက်နှာဝိုင်းတဲ့မျက်နှာပိုင်ရှင်တွေကို လူတွေက ပိုယုံကြတယ်လို့ဆိုပါတယ်။

သုတေသနကို British Columbia က ဘွဲ့လွန်ကျောင်းသား အလီရှာဘေကာက ဦးဆောင်လေ့လာခဲ့တာဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်ထားသူတွေရဲ့ မျက်နှာတွေကို အခြေပြုကာ သုတေသန လုပ်ခဲ့တာဖြစ်ပါတယ်။ လူသတ်သမားမျက်နှာပဲဖြစ်ဖြစ်၊ လိမ်လည်သူရဲ့ မျက်နှာပဲဖြစ်ဖြစ် မျက်ခုံး ထင်ထင်ရှားရှား၊ ပါးရိုးပေါ်ပြီး မျက်နှာဝိုင်းရင် သုတေသနမှာ ပါဝင်သူတွေက ယုံကြည်လေ့ရှိတယ်လို့ ဆိုပါတယ်။

မျက်ခုံးအောက်စိုက်လွန်းပြီး ပါးချောင်ကျတဲ့ မျက်နှာမျိုးဆိုရင် ဘယ်လောက်ပဲရိုးသားပါစေ မယုံကြည်ရသူအဖြစ် မြင်လေ့ရှိကြတယ်လို့လည်း သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top