Property Expo
×

                       စစ္ေတြၿမိဳ႕ရွိ ဆရာေတာ္ဦးဥတၱမ႐ုပ္တု (ဓာတ္ပုံ− ေမာင္ကံ)

(၇၇) ႏွစ္ေျမာက္ ဆရာေတာ္ဦးဥတၱမေန႔ ေအာက္ ေမ့ဖြယ္အခမ္းအနားကို ရခိုင္တစ္ ျပည္နယ္လုံးတြင္ က်င္းပခဲ့ေၾကာင္း သတင္းရရွိသည္။

စက္တင္ဘာ ၉ ရက္တြင္ က်ေရာက္သည့္ ဆရာေတာ္ဦးဥတၱမ ေန႔ေအာက္ေမ့ဖြယ္ အခမ္းအနား ကို စစ္ေတြၿမိဳ႕၌ ျပည္နယ္အစုိးရ အဖဲြ႕က သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းျခင္း၊ ဦးဥတၱမ႐ုပ္တုေရွ႕တြင္ ပန္းေခြခ် ျခင္းမ်ား ျပဳလုပ္ၿပီး အျခားအရပ္ဘက္ လူမႈအဖဲြ႕အစည္းမ်ားက လည္း စာစီစာကုံးၿပိဳင္ပဲြ၊ ပန္းခ်ီ ၿပိဳင္ပဲြမ်ား ျပဳလုပ္ခဲ့ေၾကာင္း အခမ္းအနားက်င္းပေရးေကာ္မတီမ်ား ထံမွ သိရသည္။

‘‘ဒီႏွစ္မွာေတာ့ ဆရာေတာ္ ဦးဥတၱမေန႔ အခမ္းအနားကုိၿမိဳ႕နယ္တုိင္းမွာ စည္စည္ကားကား က်င္းပခဲ့ၾကပါတယ္။ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာဆုိရင္ ၿမိဳ႕ေပၚသာမက ေက်းရြာေတြမွာလည္း က်င္းပခဲ့ၾကပါ တယ္။ ဆရာေတာ္ဦးဥတၱမေန႔ မက်ေရာက္ခင္ကတည္းက ႀကိဳၿပီးေတာ့ ႐ိုးရာအားကစားၿပိဳင္ပဲြေတြ ကိုလည္း က်င္းပခဲ့ၾကပါတယ္’’ဟု စစ္ေတြၿမိဳ႕ခံ ဦးသန္းေအာင္က ေျပာသည္။

ထို႔အျပင္ ရခုိင္ျပည္နယ္၏ နယ္စပ္ၿမိဳ႕ျဖစ္ေသာ ေမာင္ေတာ ၿမိဳ႕တြင္လည္း ဆရာေတာ္ဦးဥတၱ မေန႔ အခမ္းအနားကို စင္တင္ေတး ဂီတျဖင့္ ေျဖေဖ်ာခဲ့သည္။

 ဆရာေတာ္ ဦးဥတၱမေန႔ ေအာက္ေမ့ဖြယ္အခမ္းအနားကို ရခိုင္ျပည္နယ္တြင္သာမက ရန္ကုန္ၿမိဳ႕၌လည္း က်င္းပခဲ့သည္။

ဆရာေတာ္ဦးဥတၱမမွာ ရခိုင္ တစ္မ်ဳိးသားလုံးအတြက္သာမက ျမန္မာႏုိင္ငံ၏ လြတ္လပ္ေရးမီးရွဴးတန္ေဆာင္တစ္ပါးျဖစ္ၿပီး ၁၉၃၉ စက္တင္ဘာ ၉ ရက္တြင္ ပ်ံလြန္ေတာ္မူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စစ်တွေမြို့ရှိ ဆရာတော်ဦးဥတ္တမရုပ်တု (ဓာတ်ပုံ− မောင်ကံ)

(၇၇) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက် မေ့ဖွယ်အခမ်းအနားကို ရခိုင်တစ် ပြည်နယ်လုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၉ ရက်တွင် ကျရောက်သည့် ဆရာတော်ဦးဥတ္တမ နေ့အောက်မေ့ဖွယ် အခမ်းအနား ကို စစ်တွေမြို့၌ ပြည်နယ်အစိုးရ အဖွဲ့က သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဦးဥတ္တမရုပ်တုရှေ့တွင် ပန်းခွေချ ခြင်းများ ပြုလုပ်ပြီး အခြားအရပ်ဘက် လူမှုအဖွဲ့အစည်းများက လည်း စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း အခမ်းအနားကျင်းပရေးကော်မတီများ ထံမှ သိရသည်။

‘‘ဒီနှစ်မှာတော့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကိုမြို့နယ်တိုင်းမှာ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင် မြို့ပေါ်သာမက ကျေးရွာတွေမှာလည်း ကျင်းပခဲ့ကြပါ တယ်။ ဆရာတော်ဦးဥတ္တမနေ့ မကျရောက်ခင်ကတည်းက ကြိုပြီးတော့ ရိုးရာအားကစားပြိုင်ပွဲတွေ ကိုလည်း ကျင်းပခဲ့ကြပါတယ်’’ဟု စစ်တွေမြို့ခံ ဦးသန်းအောင်က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော မောင်တော မြို့တွင်လည်း ဆရာတော်ဦးဥတ္တ မနေ့ အခမ်းအနားကို စင်တင်တေး ဂီတဖြင့် ဖြေဖျောခဲ့သည်။

 ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည်နယ်တွင်သာမက ရန်ကုန်မြို့၌လည်း ကျင်းပခဲ့သည်။

ဆရာတော်ဦးဥတ္တမမှာ ရခိုင် တစ်မျိုးသားလုံးအတွက်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမီးရှူးတန်ဆောင်တစ်ပါးဖြစ်ပြီး ၁၉၃၉ စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top