Kantharyar Centre
×

ဥကၠ႒ႀကီး၊ ဂုဏ္သေရရွိ ကုိယ္စားလွယ္ေတာ္ႀကီးမ်ား၊ လူႀကီးမင္းမ်ားရွင့္။

၁။ ျမန္မာႏုိင္ငံ အစုိးရသစ္ရဲ႕ ပထမဦးဆုံး ကုိယ္စားလွယ္အေနနဲ႔ ဒီအေထြေထြ ညီလာခံမွာ စကားေျပာရင္း ကုလသမဂၢ ပဋိဉာဏ္စာတမ္းရဲ႕ ရည္ရြယ္ခ်က္နဲ႔ မူေတြအေပၚမွာ အျပည့္အ၀ ယုံၾကည္မႈရွိေၾကာင္း ေျပာၾကားရတာဟာ က်မရဲ႕တာ၀န္၊ က်မရဲ ႔အခြင့္ထူး ျဖစ္ပါတယ္။

ဒီအဖြဲ႔ႀကီးရဲ႕ ခြန္အားဟာ ပဋိဉာဏ္စာတမ္းနဲ႔ ႏိုင္ငံတကာဥပေဒရဲ ႔အေျခခံမူေတြမွာ ထည္႔သြင္းထားတဲ့ တကမၻာလံုးလႊမ္းၿခံဳအက်ံဳး၀င္မႈနဲ႔ တရား၀င္ ျဖစ္မႈတို႔အေပၚမွာ မူတည္ေနပါတယ္။ ၿပီးျပည့္စုံမႈ မရွိျခင္းနဲ႔ ကန္႔သတ္မႈေတြ ရွိေနေပမဲ့ ကုလသမဂၢအဖြဲ႔ႀကီးဟာ က်မတုိ႔အားလုံးရဲ႕ ပုိမုိ ၿငိမ္းခ်မ္း၍ သာယာ၀ေျပာတဲ့ ကမၻာႀကီးျဖစ္ေရး၊ ဂရုဏာတရား ထြန္းကားတဲ့ လူသားအားလုံးရဲ႕ ေနရာထုိင္ခင္းျဖစ္ေျမာက္ေရး ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို သိုမွီးထားတဲ့ အဖြဲ႔ႀကီးအျဖစ္ ရွိေနဆဲပါ။

၂။ က်မတုိ႔ႏုိင္ငံဟာ ၁၉၄၈ ခုႏွစ္မွာ လႊတ္လပ္ေသာ ျပည္ေထာင္စုျမန္မာႏုိင္ငံသစ္ အျဖစ္ ကုလသမဂၢကုိ ၀င္ေရာက္ခဲ့ပါတယ္။ အဲဒီကာလဟာ ကမၻာ့လူသားေတြဟာ ၿငိမ္းခ်မ္းေရး၊ သာတူညီမွ်ေရး၊ သာယာ၀ေျပာေရး၊ တရားမွ်တေရးေတြအတြက္ လူသားတုိ႔ရဲ႕ လုပ္ႏုိင္စြမ္းအေပၚမွာ ယုံၾကည္မႈ ထားရွိၿပီး သူတုိ႔ရဲ႕ ႏုိင္ငံသစ္ေတြကုိ ျပန္လည္ ထူေထာင္ဖုိ႔ ရုန္းထၾကတဲ့အခ်ိန္ ျဖစ္ပါတယ္။ အခုတႀကိမ္ ထပ္မံၿပီးေတာ့ ျမန္မာႏုိင္ငံအဖုိ႔ ျပတ္သားတဲ့ေမွ်ာ္လင့္ခ်က္ေတြ ထားရွိႏုိင္ပါၿပီ။ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလ ေရြးေကာက္ပြဲတုန္းက က်မတုိ႔ ျပည္သူေတြဟာ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ကုိ တခဲနက္ မဲေပးခဲ့ၾကပါတယ္။ ဒါဟာ ႏုိင္ငံေရးပါတီ တခုကုိ ေထာက္ခံတယ္ဆုိတာ ျပသျခင္းသာမက၊ သူတုိ႔ရဲ႕ အခြင့္အေရး၊ စြမ္းရည္၊ သူတုိေမွ်ာ္မွန္းထားတဲ့ တုိင္းျပည္ရဲ႕ အနာဂတ္ပုံစံ စတဲ့ ႏုိင္ငံေရး ပ်ဳိးေထာင္မႈေတြအတြက္ မဲေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ဒီေမွ်ာ္မွန္းခ်က္ေတြ၊ ရည္ရြယ္ေတြဟာ ကုလသမဂၢကုိ စတင္ ထူေထာင္ခဲ့တဲ့ ပုဂၢဳိလ္ေတြရဲ႕ အယူအဆနဲ႔လည္း ထပ္တူ ထပ္မွ် ျဖစ္ပါတယ္။

၃။ ဓားသြားေတြကုိ ထြန္သြားအျဖစ္ ေျပာင္းလဲေရး ဆုိတဲ့ ေမွ်ာ္မွန္းခ်က္၊ ေခတ္သစ္ အသုံးအႏႈန္းနဲ႔ ေျပာရမယ္ဆုိရင္ေတာ့၊ ဖ်က္ဆီးႏုိင္တဲ့ လက္နက္ေတြကုိ စုိက္ပ်ဳိးေရး ယႏၱရားေတြအျဖစ္ ေျပာင္းလဲေရး ဆုိတဲ့ ေမွ်ာ္မွန္းခ်က္ဟာ က်မတုိ႔ ျပည္သူေတြရဲ႕ ေမွ်ာ္မွန္းခ်က္ ျဖစ္ပါတယ္။ ဒီပဋိပကၡေတြေၾကာင့္ အိပ္ခြင့္မသာဘဲ လယ္ယာေျမေတြကုိလည္း ဆုံးရႈံးခဲ့ရတဲ့ က်မတုိ႔ ျပည္သူေတြဟာ အထက္မွာ ေျပာခဲ့တဲ့အတုိင္း ေျပာင္းလဲဖုိ႔ လုိအပ္တယ္ဆုိတာကုိ စိတ္ထဲ၊ ႏွလုံးထဲမွာ စြဲစြဲၿမဲၿမဲ နားလည္ထားၾကပါတယ္။ မိမိတုိ႔ရဲ႕ ေနအိမ္ထဲမွာ လုံၿခံဳမႈရွိဖုိ႔၊ မိမိတုိ႔ရဲ႕ စြမ္းရည္အေပၚမွာ ယုံၾကည္မႈရွိၿပီး အျပည့္အ၀ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔၊ လူငယ္ေတြရဲ႕ အနာဂတ္ အလားအလာအတြက္ စိတ္ခ် ေပ်ာ္ရႊင္မႈ ရရွိႏုိင္ဖုိ႔၊ သက္ႀကီးရြယ္အုိမ်ားဘ၀ လုံၿခံဳဖုိ႔၊ ၿငိမ္းခ်မ္းၿပီး ႂကြယ္၀တဲ့ ျပည္ေထာင္စုသားေတြရဲ႕ ရပုိင္ခြင့္နဲ႔ တာ၀န္ကုိ အျပည့္အ၀ ထမ္းေဆာင္ႏုိင္ဖုိ႔တုိ႔ပဲ ျဖစ္ပါတယ္။ ဒါေတြဟာ ရုိးရွင္းတယ္၊ ဒါေပမယ့္ လက္ေတြ႔အေကာင္အထည္ေဖာ္ဖုိ႔ ခက္ခဲတယ္ဆုိတာကုိေတာ့ အထူး ေျပာစရာ မလုိပါဘူး။ က်မတုိ႔ရဲ႕ ဒီ ရည္မွန္းခ်က္ ပန္းတုိင္ကုိ ေရာရွိႏုိင္ဖုိ႔ တခုတည္းေသာ လမ္းေၾကာင္းကေတာ့ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီလမ္းေၾကာင္းကုိ ေမွ်ာ္လင့္ခ်က္နဲ႔ ျပတ္သားတဲ့ သံဓိ႒ာန္ခ်မွတ္ၿပီး ေလွ်ာက္လွမ္းၾကရပါလိမ့္မယ္။

ၿငိမ္းခ်မ္းေရးျဖစ္စဥ္

၄။ ျမန္မာျပည္သူေတြဟာ ၿငိမ္းခ်မ္းလုံၿခံဳစြာ ေနထုိင္ခြင့္၊ အေျခခံလြတ္လပ္ခြင့္၊ ဖြံ႔ၿဖိဳးတုိးတက္ခြင့္ဆုိတဲ့ ၂၀၃၀ ျပည့္ အဓြန္႔ရွည္ ခုိင္ၿမဲတဲ့ ဖြံ႔ၿဖိဳးမႈ ပန္းတုိင္နဲ႔ အက်ဳံး၀င္တဲ့ ေမြးရာပါ ရပုိင္ခြင့္ေတြကုိ ႏွစ္ေပါင္းမ်ားစြာ ဆုံးရႈံးခံခဲ့ၾကရတာ ျဖစ္ပါတယ္။ ႏွစ္ေပါင္း (၆၀) ေက်ာ္ ျပည္တြင္း လက္နက္ကုိင္ ပဋိပကၡေတြ ႀကံဳေတြ႔ခဲ့ရတဲ့ ႏုိင္ငံတခုအဖုိ႔ အဓြန္႔ရွည္ ခုိင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ဳိးသားရင္ၾကားေစ့ေရး ရရွိဖုိ႔ဆုိတာထက္ ဘယ္အရာမွ ပုိၿပီး အေရးမႀကီးႏုိင္ပါဘူး။ ဒါဟာ ျမန္မာႏုိင္ငံ အစုိးရသစ္အေနနဲ႔ အဓိက စိန္ေခၚမႈႀကီးတရပ္အျဖစ္ အဆင့္ျမင့္ ဦးစားေပး ေဆာင္ရြက္ေနတဲ့ ခက္ခဲ ရႈပ္ေထြးတဲ့ လုပ္ငန္းႀကီးတရပ္ ျဖစ္ပါတယ္။ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ တနည္းအားျဖင့္ ၂၁ ရာစု ပင္လုံညီလာခံႀကီးကုိ မၾကာေသးခင္က က်မတုိ႔ ေခၚယူ က်င္းပခဲ့ပါတယ္။ ဒီ ညီလာခံဟာ လႊတ္လပ္ေသာ ျပည္ေထာင္စုျမန္မာႏုိင္ငံ ေပၚေပါက္ေရး အေျခခံအုတ္ျမစ္ျဖစ္တဲ့ ၁၉၄၇ ခုႏွစ္ ညီလာခံရဲ႕ ပင္လုံစိတ္ဓာတ္ကုိ ျပန္လည္ အသက္သြင္းထားတာ ျဖစ္ပါတယ္။ အစုိးရ၊ လႊတ္ေတာ္၊ တပ္မေတာ္၊ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ေတြ၊ ႏုိင္ငံေရးပါတီေတြ၊ လူထုအေျချပဳ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ ကုိယ္စားလွယ္ေတြ တက္ေရာက္ၾကတဲ့ ဒီညီလာခံဟာ အားလုံးပါ၀င္ေရးမူနဲ႔ ျပည္ေထာင္စုစိတ္ဓါတ္ကုိ အေျချပဳထားတာ ျဖစ္ပါတယ္။ ဒီညီလာခံ က်င္းပရုံနဲ႔ မၿပီးေသးပါဘူး။ အမ်ဳိးသားရင္ၾကားေစ့ေရးနဲ႔ တည္တန္႔ခုိင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးဆီကုိ ခ်ီတက္တဲ့ခရီးမွာ အေရးႀကီးတဲ့ ပထမအဆင့္သာ ျဖစ္ပါတယ္။ ရရွိလာတဲ့ ၿငိမ္းခ်မ္းေရးဟာ က်မတုိ႔ႀကံဳေတြ႔ခဲ့ရတဲ့ မေဖာ္ျပႏုိင္ေလာက္တဲ့ ၀မ္းနည္း ေၾကကြဲဖြယ္ စစ္ေဘး စစ္ဒဏ္က ေနာင္လာမယ့္ မ်ဳိးဆက္ေတြကုိ ကယ္တင္ႏုိင္မွာ ျဖစ္ပါတယ္။

ရခုိင္အေျခအေန

၅။ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ရခုိင္ျပည္နယ္ရဲ႕ အေျခအေနကုိ ကမၻာက အာရုံ စူးစုိက္ခဲ့ၾကပါတယ္။ တာ၀န္သိတဲ့ ကမၻာ့မိသားစု အဖြဲ႔၀င္ ႏုိင္ငံတခုအေနနဲ႔ က်မတုိ႔ဟာ ႏုိင္ငံတကာက အနီးကပ္ ေစာင့္ၾကည့္တာကုိ မစုိးရိမ္ပါဘူး။ က်မတုိ႔ဟာ ရခုိင္ျပည္အတြင္း လူ႔အသုိင္းအ၀ုိင္း အားလုံးအတြက္ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး၊ တုိးတက္ဖြံ႔ၿဖိဳးေရးကုိ ဦးတည္ေစတဲ့ အဓြန္႔ရွည္ ခုိင္ၿမဲေသာ အေျဖရရွိဖုိ႔အတြက္ သံဓိ႒ာန္ ခ်ထားပါတယ္။ က်မတုိ႔အစုိးရဟာ နားလည္မႈနဲ႔ ယုံၾကည္မႈရရွိေရးကို ဦးတည္တဲ့ ေရတုိ၊ ေရရွည္အစီအစဥ္ေတြ ဖြံ႔ၿဖိဳးတုိးတက္ေအာင္ ဘက္ေပါင္းစုံက ခ်ဥ္းကပ္ေနပါတယ္။ ရခုိင္ျပည္နယ္တည္ၿငိမ္ ေအးခ်မ္းမႈႏွင့္ ဖြံ႔ၿဖိဳးတုိးတက္ေရး အေကာင္အတည္ေဖာ္ေရး ဗဟုိေကာ္မီတီကုိ အစုိးရသစ္တာ၀န္ယူၿပီး မၾကာခင္မွာ ဖြဲ႔စည္းေပးခဲ့ပါတယ္။ ဗဟုိေကာ္မီတီေအာက္မွာ ဖြဲ႔စည္းထားတဲ့ လုပ္ငန္းေကာ္မီတီေတြဟာ လုံၿခံဳေရး၊ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ တရားဥပေဒ စုိးမုိးေရး လုပ္ငန္းစဥ္ေတြကုိ ထမ္းေဆာင္ေနၾကၿပီ ျဖစ္ပါတယ္။ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ႏုိင္ငံသားျဖစ္ေရးတုိ႔ကုိ စိစစ္ၿပီး ေနရာခ်ထားေရး၊ လူမႈစီးပြား ဖြံ႔ၿဖိဳးေရးတုိ႔ကုိလည္း ကူညီ ေဆာင္ရြက္ေပးေနပါတယ္။ လူသားခ်င္း စာနာမႈအကူအညီေတြ ေထာက္ပံ့ႏုိင္ဖုိ႔အတြက္ ကုလသမဂၢအဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔လည္း ပူးေပါင္း ညွိႏႈိင္း ေဆာင္ရြက္ေနပါတယ္။

၆။ ဒီျပႆနာကုိ ၿပီးျပည့္စုံၿပီး ပုိမုိထိေရာက္ေအာင္ ေျဖရွင္းႏုိင္ဖုိ႔ က်မတုိ႔ႀကိဳးပမ္းရာမွာ အေထာက္အကူ ျဖစ္ေစဖုိ႔အတြက္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကုိဖီအာနန္ ဥကၠ႒အျဖစ္ ေဆာင္ရြက္တဲ့ ရခုိင္ျပည္နယ္ အႀကံေပးေကာ္မရွင္ကုိလည္း က်မတုိ႔ ဖြဲ႔စည္းထားပါတယ္။ အဖြဲ႔၀င္ (၉) ဦး ပါ၀င္တဲ့ ဒီေကာ္မရွင္ရဲ႕ တာ၀န္ေတြထဲမွာ - ရခုိင္ျပည္နယ္အတြင္း လူ႔အေျခခံလုိအပ္ခ်က္ေတြ၊ ဖြံ႔ၿဖိဳးတုိးတက္ေရး၊ အေျခခံ ရပုိင္ခြင့္နဲ႔ လုံၿခံဳေရးကိစၥေတြ ပါ၀င္ပါတယ္။ ပဋိပကၡဟန္႔တားေရး၊ စာနာမႈအေထာက္အပံ့ေပးကမ္းေရး၊ ရပုိင္ခြင့္မ်ားနဲ႔ ျပန္လည္သင့္ျမတ္ေရး၊ လူမႈအေဆာက္အဦးေတြ တည္ေဆာက္ေရး၊ ဖြံ႔ၿဖိဳးတုိးတက္မႈ ျမင့္တင္ေရးတုိ႔ကုိ အထူးအေလးေပး ေဆာင္ရြက္ရပါလိမ့္မယ္။

၇။ ဒီေကာ္မရွင္ဖြဲ႔စည္းလုိက္တာနဲ႔ ပတ္သက္ၿပီး တခ်ဳိ႕အစိတ္အပုိင္းေတြက အျပင္းအထန္ ကန္႔ကြက္ေနၾကပါတယ္။ ဒါေပမဲ့ ရခုိင္ျပည္နယ္မွာ သဟဇာတ ျဖစ္ထြန္းေရး၊ ၿငိမ္းခ်မ္းေရး၊ သာယာ၀ေျပာေရး ရရွိဖုိ႔အတြက္ ဆက္လက္ အားထုတ္သြားမယ္ဆုိတာ က်မတုိ႔ စိတ္ပုိင္းျဖတ္ထားပါတယ္။ ဒီေနရာမွာ ႏုိင္ငံတကာ အသုိင္း၀ုိင္းအေနနဲ႔ နားလည္မႈရွိၿပီး အျပဳသေဘာနဲ႔ ပါ၀င္ေဆာင္ရြက္ၾကဖုိ႔ ေတာင္းဆုိလုိက္ပါတယ္။ မလုိမုန္းတီးမႈနဲ႔ စာနာခြင့္လႊတ္ျခင္း ကင္းမဲ့တဲ့ အုပ္စုေတြကုိ အခုိင္အမာ ဆန္႔က်င္ရပ္တည္ျခင္းအားျဖင့္ အေျခခံ လူ႔အခြင့္အေရးေတြ၊ ဂုဏ္သိကၡာနဲ႔ လူပုဂၢဳိလ္ဆုိင္ရာ တန္ဖုိးေတြကုိ ယုံၾကည္မႈရွိေၾကာင္း ထပ္မံၿပီး အေလးအနက္ ေျပာၾကားလုိပါတယ္။

SDG ေရရွည္တည္တန္႔တဲ့ ဖြံ႔ၿဖိဳးမႈပန္းတုိင္ အေကာ္အထည္ေဖာ္ေရး

၈။ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ဳိးသားရင္ၾကားေစ့ေရးတုိ႔ဟာ က်မတုိ႔ျပည္သူေတြရဲ႕ လူမႈေရးနဲ႔ စီးပြားေရး လုိအပ္ခ်က္ေတြ ျပည့္၀ေရးဆုိင္ရာ မူ၀ါဒနဲ႔ အစီအစဥ္ေတြကုိ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ အေျခခံ လုိအပ္ခ်က္ေတြ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ၂၀၁၆ အမ်ဳိးသား စီးပြားေရးနဲ႔ ဖြံ႔ၿဖိဳးေရး မူ၀ါဒဟာ အေျခခံအေဆာက္အဦးဆုိ္င္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ လယ္ယာစုိက္ပ်ဳိးေရး၊ ပုဂၢလိကက႑၊ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြ၊ အထူးသျဖင့္ ဆင္းရဲႏြမ္းပါးမႈ တုိက္ဖ်က္ေရး စတာေတြ ပါ၀င္တဲ့ SDG ေရရွည္တည္တန္႔တဲ့ ဖြံ႔ၿဖိဳးမႈပန္းတုိင္ အေကာင္အထည္ေဖာ္ေရးနဲ႔ ကုိက္ညီေအာင္ ေရးဆြဲထားတာ ျဖစ္ပါတယ္။ အမ်ဳိးသားရင္ၾကားေစ့ေရး၊ အလုပ္အကုိင္ ဖန္တီးေရး၊ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၊ လူငယ္ေတြရဲ႕ စြမ္းရည္ျမင့္မားေရးနဲ႔ အခြင့္အလမ္း ဖန္တီးေရးတုိ႔ဟာ က်မတုိ႔ရဲ႕ လူထုအေျချပဳ အားလုံးပါ၀င္ေရး မူ၀ါဒ ရည္မွန္းခ်က္ေတြအတြက္ အဓိက ေသာ့ခ်က္ေတြ ျဖစ္ပါတယ္။

၉။ ကုလသမဂၢအဖြဲ႔၀င္ေတြ အေနနဲ႔ က်မတုိရဲ႕ တူညီေသာ စုိးရိမ္ေၾကာင့္က်စရာ အမ်ားအျပားကုိ မေန႔က ဒီညီလာခံ စတင္ခ်ိန္ကတည္းက က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးခဲ့ၾကၿပီး ျဖစ္ပါတယ္။ က်မအေနနဲ႔ ခြင့္ျပဳထားတဲ့အခ်ိန္အတြင္း အနည္းအက်ဥ္းပဲ ေျပာၾကားပါမယ္။ ေရြ႕ေျပာင္းအေျခခ်မႈ၊ အၾကမ္းဖက္၀ါဒ၊ ႏ်ဴကလီးယားဖ်က္သိမ္းေရးတုိ႔ ျဖစ္ပါတယ္။

ေရႊ႕ေျပာင္းအေျခခ်မႈ

၁၀။ ျပႆနာေတြအတြက္ ေရရွည္ခုိင္ၿမဲမယ့္အေျဖကုိ ရရွိဖုိ႔အတြက္ ျပႆနာဇစ္ျမစ္ကုိ စုံစမ္း စစ္ေဆးဖုိ႔ လုိအပ္ပါတယ္။ မၾကာေသးမွီ ႏွစ္ေတြအတြင္း မႀကံဳစဘူးေအာင္ မ်ားျပားလွတဲ့ ေျပာင္းေရြ႕အေျခခ်မႈေတြနဲ႔ ေနာက္ဆက္တြဲ ျဖစ္ေပၚလာတဲ့ ဒုကၡေတြဟာ ပုံမွန္မဟုတ္တဲ့ ေျပာင္းေရြ႕အေျခခ်မႈရဲ႕ အေရးအႀကီးတဲ့ အေၾကာင္းရင္း ၂ ရပ္ကုိ ေျဖရွင္းဖုိ႔ လုိအပ္လာေစပါတယ္။ အဲဒီ အေၾကာင္းရင္း ၂ ရပ္ကေတာ့ ၿငိမ္းခ်မ္းမႈ မရွိျခင္းနဲ႔ ဖြ႔ံၿဖိဳးတုိးတက္မႈ ကင္းမဲ့ျခင္းတုိ႔ပဲ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရး တည္ေဆာက္ဖုိ႔နဲ႔ ဖြံ႔ၿဖိဳးတုိးတက္မႈအေၾကာင္းကုိ ေျပာၾကတဲ့အခါမွာ လူအခြင့္အေရးကုိေလးစားမႈ၊ တရားမွ်တမႈ၊ မတူကြဲျပားမႈ၊ သည္းခံခြင့္လြတ္မႈတုိ႔ကုိ ျမင့္တင္ေရးနဲ႔ ဘက္စုံစီးပြားေရး မူ၀ါဒ အေကာင္အထည္ေဖာ္ေရးတုိ႔ကုိ လ်စ္လ်ဴ႐ႈထားလုိ႔ မျဖစ္ႏုိင္ပါဘူး။ ဒါဟာ စိန္ေခၚမႈႀကီးတရပ္ျဖစ္ၿပီး ႏုိင္ငံေတြအေနနဲ႔ အျပည္ျပည္ဆုိင္ရာ ဥပေဒနဲ႔အညီ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ ေျဖရွင္းမႈရရွိဖုိ႔ ပူးေပါင္း ေဆာင္ရြက္ၾကရမွာ ျဖစ္ပါတယ္။ ေရြ႕ေျပာင္း အေျခခ်ေနထုိင္သူေတြဟာ အိမ္ရွင္ႏုိင္ငံေတြနဲ႔ ကမၻာ့စီးပြားေရးအတြက္ အေထာက္အကူ ျဖစ္ေစတယ္ဆုိတဲ့ အခ်က္ကုိ မေမ့သင့္ၾကပါဘူး။ ေရႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ အခြင့္အေရးကုိ ခုိင္မာေအာင္ အိမ္ရွင္ႏုိင္ငံနဲ႔ မူရင္းႏုိင္ငံတုိ႔ ပူးေပါင္း ေဆာင္ရြက္ျခင္းအားျဖင့္ ၂ ႏုိင္ငံစလုံးရဲ႕ စီးပြားေရးကုိ အေထာက္အပံ့ ျဖစ္ေစတယ္လုိ႔ က်မ ယုံၾကည္ပါတယ္။ က်မတုိ႔ ကမၻာႀကီးမွာ က်မတုိ႔အားလုံး မွ်ေ၀ေနထုိင္ၾကရမွာ ျဖစ္ပါတယ္။ တန္ဖုိးထားမႈနဲ႔ ႂကြယ္၀မႈေတြကုိ မွ်ေ၀ၾကျခင္းအားျဖင့္ ပုိမုိ ေကာင္းမြန္တဲ့ ကမၻာႀကီးကုိ ဖန္တီးႏုိင္မွာ ျဖစ္ပါတယ္။

အၾကမ္းဖက္၀ါဒ တန္ျပန္ေရး

၁၁။ သာသာေရး၊ ယဥ္ေက်းမႈ၊ လူမႈေရးတုိ႔နဲ႔ ဆက္ႏြယ္တဲ့ အၾကမ္းဖက္ အစြန္းေရာက္၀ါဒ ပုံစံအားလုံးကုိ က်မတုိ႔ အတူတကြ ရပ္တည္ ဆန္႔က်င္ၾကဖုိ႔ လုိအပ္ပါတယ္။ အစြန္းေရာက္၀ါဒဟာ အၾကမ္းဖက္၀ါဒရဲ႕ ဇစ္ျမစ္ျဖစ္တဲ့အတြက္ အစြန္းေရာက္၀ါဒရဲ႕ အေၾကာင္းရင္းေတြကုိ စူးစမ္းဖုိ႔ လုိအပ္ပါတယ္။ လူမႈေရး၊ စီးပြားေရး ဖူလုံမႈ ကင္းမဲ့ျခင္းဟာ အေရးႀကီးတဲ့ အေၾကာင္းတရားေတြ ျဖစ္တယ္ဆုိတာ သံသယျဖစ္စရာ မလုိပါဘူး။ ဒါေပမဲ့ ဦးတည္ခ်က္ကင္းမဲ့ျခင္း၊ ဘ၀ရည္မွန္းခ်က္ ကင္းမဲ့ျခင္းတုိ႔ဟာလည္းပဲ အထူးသျဖင့္ လူငယ္ေတြကုိ ေရရာ ေသခ်ာမႈ ရွိသေယာင္ ျပသေနတဲ့ အယူအဆေတြရဲ႕ ညြတ္ကြင္းမိေစႏုိင္တယ္ဆုိတာလည္း က်မတုိ႔ ထည့္သြင္း စဥ္းစားရမွာ ျဖစ္ပါတယ္။

ႏ်ဴကလီးယားဖ်က္သိမ္းေရး

ႏ်ဴကလီးယားကင္းမဲ့ေသာ ကမၻာႀကီး ျဖစ္ေျမာက္ေရးကုိ ျမန္မာႏုိင္ငံ ေထာက္ခံပါတယ္။ က်မတုိ႔ႏုိင္ငံက တင္သြင္းတဲ့ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး ႏွစ္ပတ္လည္ ျပဌာန္းခ်က္ဟာ လက္ရွိနဲ႔ ေနာင္လာမယ့္ မ်ဳိးဆက္ေတြအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခံဳမႈ ရရွိေရးကုိ ရည္ရြယ္ပါတယ္။ ကမၻာ့ေဒသအမ်ားအျပားမွာ ႏ်ဴကလီးယားလက္နက္ ကင္းမဲ့တဲ့ ရပ္၀န္းေတြ ထူေထာင္ေရးကိစၥဟာ ဒီရည္မွန္းခ်က္အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ ႏ်ဴကလီးယားစမ္းသပ္မႈ ပိတ္ပင္ေရး CTBT စာခ်ဳပ္ အတည္ျပဳခ်က္ကုိ က်မတုိ႔ႏုိင္ငံက ဒီညေနမွာ တင္းသြင္းမွာျဖစ္ေၾကာင္း ၀မ္းေျမာက္စြာ အေထြေထြညီလာခံကုိ အသိေပးလုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများ၊ လူကြီးမင်းများရှင့်။

၁။ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမဦးဆုံး ကိုယ်စားလှယ်အနေနဲ့ ဒီအထွေထွေ ညီလာခံမှာ စကားပြောရင်း ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ မူတွေအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောကြားရတာဟာ ကျမရဲ့တာဝန်၊ ကျမရဲ့အခွင့်ထူး ဖြစ်ပါတယ်။

ဒီအဖွဲ့ကြီးရဲ့ ခွန်အားဟာ ပဋိဉာဏ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေရဲ့အခြေခံမူတွေမှာ ထည့်သွင်းထားတဲ့ တကမ္ဘာလုံးလွှမ်းခြုံအကျုံးဝင်မှုနဲ့ တရားဝင် ဖြစ်မှုတို့အပေါ်မှာ မူတည်နေပါတယ်။ ပြီးပြည့်စုံမှု မရှိခြင်းနဲ့ ကန့်သတ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကျမတို့အားလုံးရဲ့ ပိုမို ငြိမ်းချမ်း၍ သာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ်ရေး၊ ဂရုဏာတရား ထွန်းကားတဲ့ လူသားအားလုံးရဲ့ နေရာထိုင်ခင်းဖြစ်မြောက်ရေး ဆိုတဲ့ မျှော်လင့်ချက်တွေကို သိုမှီးထားတဲ့ အဖွဲ့ကြီးအဖြစ် ရှိနေဆဲပါ။

၂။ ကျမတို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံသစ် အဖြစ် ကုလသမဂ္ဂကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီကာလဟာ ကမ္ဘာ့လူသားတွေဟာ ငြိမ်းချမ်းရေး၊ သာတူညီမျှရေး၊ သာယာဝပြောရေး၊ တရားမျှတရေးတွေအတွက် လူသားတို့ရဲ့ လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ထားရှိပြီး သူတို့ရဲ့ နိုင်ငံသစ်တွေကို ပြန်လည် ထူထောင်ဖို့ ရုန်းထကြတဲ့အချိန် ဖြစ်ပါတယ်။ အခုတကြိမ် ထပ်မံပြီးတော့ မြန်မာနိုင်ငံအဖို့ ပြတ်သားတဲ့မျှော်လင့်ချက်တွေ ထားရှိနိုင်ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ကျမတို့ ပြည်သူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တခဲနက် မဲပေးခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံရေးပါတီ တခုကို ထောက်ခံတယ်ဆိုတာ ပြသခြင်းသာမက၊ သူတို့ရဲ့ အခွင့်အရေး၊ စွမ်းရည်၊ သူတိုမျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပုံစံ စတဲ့ နိုင်ငံရေး ပျိုးထောင်မှုတွေအတွက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်တွေ၊ ရည်ရွယ်တွေဟာ ကုလသမဂ္ဂကို စတင် ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆနဲ့လည်း ထပ်တူ ထပ်မျှ ဖြစ်ပါတယ်။

၃။ ဓားသွားတွေကို ထွန်သွားအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်၊ ခေတ်သစ် အသုံးအနှုန်းနဲ့ ပြောရမယ်ဆိုရင်တော့၊ ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စိုက်ပျိုးရေး ယန္တရားတွေအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်ဟာ ကျမတို့ ပြည်သူတွေရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိပ်ခွင့်မသာဘဲ လယ်ယာမြေတွေကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ကျမတို့ ပြည်သူတွေဟာ အထက်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စိတ်ထဲ၊ နှလုံးထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားကြပါတယ်။ မိမိတို့ရဲ့ နေအိမ်ထဲမှာ လုံခြုံမှုရှိဖို့၊ မိမိတို့ရဲ့ စွမ်းရည်အပေါ်မှာ ယုံကြည်မှုရှိပြီး အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့၊ လူငယ်တွေရဲ့ အနာဂတ် အလားအလာအတွက် စိတ်ချ ပျော်ရွှင်မှု ရရှိနိုင်ဖို့၊ သက်ကြီးရွယ်အိုများဘ၀ လုံခြုံဖို့၊ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ပြည်ထောင်စုသားတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ရိုးရှင်းတယ်၊ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ အထူး ပြောစရာ မလိုပါဘူး။ ကျမတို့ရဲ့ ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောရှိနိုင်ဖို့ တခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို မျှော်လင့်ချက်နဲ့ ပြတ်သားတဲ့ သံဓိဋ္ဌာန်ချမှတ်ပြီး လျှောက်လှမ်းကြရပါလိမ့်မယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်

၄။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့ ၂၀၃၀ ပြည့် အဓွန့်ရှည် ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့ အကျုံးဝင်တဲ့ မွေးရာပါ ရပိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ကြရတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုအဖို့ အဓွန့်ရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေး ဆောင်ရွက်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ တနည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို မကြာသေးခင်က ကျမတို့ ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံဟာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်ရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ညီလာခံရဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ ဒီညီလာခံဟာ အားလုံးပါဝင်ရေးမူနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဒီညီလာခံ ကျင်းပရုံနဲ့ မပြီးသေးပါဘူး။ အမျိုးသားရင်ကြားစေ့ရေးနဲ့ တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆီကို ချီတက်တဲ့ခရီးမှာ အရေးကြီးတဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျမတို့ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ဝမ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်အခြေအနေ

၅။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကမ္ဘာက အာရုံ စူးစိုက်ခဲ့ကြပါတယ်။ တာဝန်သိတဲ့ ကမ္ဘာ့မိသားစု အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ ကျမတို့ဟာ နိုင်ငံတကာက အနီးကပ် စောင့်ကြည့်တာကို မစိုးရိမ်ပါဘူး။ ကျမတို့ဟာ ရခိုင်ပြည်အတွင်း လူ့အသိုင်းအဝိုင်း အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်စေတဲ့ အဓွန့်ရှည် ခိုင်မြဲသော အဖြေရရှိဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ်။ ကျမတို့အစိုးရဟာ နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အတည်ဖော်ရေး ဗဟိုကော်မီတီကို အစိုးရသစ်တာဝန်ယူပြီး မကြာခင်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဗဟိုကော်မီတီအောက်မှာ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မီတီတွေဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့ကို စိစစ်ပြီး နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးနေပါတယ်။ လူသားချင်း စာနာမှုအကူအညီတွေ ထောက်ပံ့နိုင်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေပါတယ်။

၆။ ဒီပြဿနာကို ပြီးပြည့်စုံပြီး ပိုမိုထိရောက်အောင် ဖြေရှင်းနိုင်ဖို့ ကျမတို့ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကိုလည်း ကျမတို့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် (၉) ဦး ပါဝင်တဲ့ ဒီကော်မရှင်ရဲ့ တာဝန်တွေထဲမှာ - ရခိုင်ပြည်နယ်အတွင်း လူ့အခြေခံလိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ ရပိုင်ခွင့်နဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်ပါတယ်။ ပဋိပက္ခဟန့်တားရေး၊ စာနာမှုအထောက်အပံ့ပေးကမ်းရေး၊ ရပိုင်ခွင့်များနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူမှုအဆောက်အဦးတွေ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြင့်တင်ရေးတို့ကို အထူးအလေးပေး ဆောင်ရွက်ရပါလိမ့်မယ်။

၇။ ဒီကော်မရှင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး တချို့အစိတ်အပိုင်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ သဟဇာတ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ရရှိဖို့အတွက် ဆက်လက် အားထုတ်သွားမယ်ဆိုတာ ကျမတို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ နားလည်မှုရှိပြီး အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ မလိုမုန်းတီးမှုနဲ့ စာနာခွင့်လွှတ်ခြင်း ကင်းမဲ့တဲ့ အုပ်စုတွေကို အခိုင်အမာ ဆန့်ကျင်ရပ်တည်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ တန်ဖိုးတွေကို ယုံကြည်မှုရှိကြောင်း ထပ်မံပြီး အလေးအနက် ပြောကြားလိုပါတယ်။

SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကော်အထည်ဖော်ရေး

၈။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ဟာ ကျမတို့ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေ ပြည့်ဝရေးဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ အမျိုးသား စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒဟာ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေ ပါဝင်တဲ့ SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်တွေရဲ့ စွမ်းရည်မြင့်မားရေးနဲ့ အခွင့်အလမ်း ဖန်တီးရေးတို့ဟာ ကျမတို့ရဲ့ လူထုအခြေပြု အားလုံးပါဝင်ရေး မူဝါဒ ရည်မှန်းချက်တွေအတွက် အဓိက သော့ချက်တွေ ဖြစ်ပါတယ်။

၉။ ကုလသမဂ္ဂအဖွဲ့ဝင်တွေ အနေနဲ့ ကျမတိုရဲ့ တူညီသော စိုးရိမ်ကြောင့်ကျစရာ အများအပြားကို မနေ့က ဒီညီလာခံ စတင်ချိန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ကျမအနေနဲ့ ခွင့်ပြုထားတဲ့အချိန်အတွင်း အနည်းအကျဉ်းပဲ ပြောကြားပါမယ်။ ရွေ့ပြောင်းအခြေချမှု၊ အကြမ်းဖက်ဝါဒ၊ နျူကလီးယားဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအခြေချမှု

၁၀။ ပြဿနာတွေအတွက် ရေရှည်ခိုင်မြဲမယ့်အဖြေကို ရရှိဖို့အတွက် ပြဿနာဇစ်မြစ်ကို စုံစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ မကြာသေးမှီ နှစ်တွေအတွင်း မကြုံစဘူးအောင် များပြားလှတဲ့ ပြောင်းရွေ့အခြေချမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းရွေ့အခြေချမှုရဲ့ အရေးအကြီးတဲ့ အကြောင်းရင်း ၂ ရပ်ကို ဖြေရှင်းဖို့ လိုအပ်လာစေပါတယ်။ အဲဒီ အကြောင်းရင်း ၂ ရပ်ကတော့ ငြိမ်းချမ်းမှု မရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောကြတဲ့အခါမှာ လူအခွင့်အရေးကိုလေးစားမှု၊ တရားမျှတမှု၊ မတူကွဲပြားမှု၊ သည်းခံခွင့်လွတ်မှုတို့ကို မြင့်တင်ရေးနဲ့ ဘက်စုံစီးပွားရေး မူဝါဒ အကောင်အထည်ဖော်ရေးတို့ကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်ပြီး နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တရားမျှတပြီး ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုရရှိဖို့ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရွေ့ပြောင်း အခြေချနေထိုင်သူတွေဟာ အိမ်ရှင်နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ကြပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ခိုင်မာအောင် အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ၂ နိုင်ငံစလုံးရဲ့ စီးပွားရေးကို အထောက်အပံ့ ဖြစ်စေတယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ ကမ္ဘာကြီးမှာ ကျမတို့အားလုံး မျှဝေနေထိုင်ကြရမှာ ဖြစ်ပါတယ်။ တန်ဖိုးထားမှုနဲ့ ကြွယ်ဝမှုတွေကို မျှဝေကြခြင်းအားဖြင့် ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ တန်ပြန်ရေး

၁၁။ သာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတို့နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ ပုံစံအားလုံးကို ကျမတို့ အတူတကွ ရပ်တည် ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ အစွန်းရောက်ဝါဒဟာ အကြမ်းဖက်ဝါဒရဲ့ ဇစ်မြစ်ဖြစ်တဲ့အတွက် အစွန်းရောက်ဝါဒရဲ့ အကြောင်းရင်းတွေကို စူးစမ်းဖို့ လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး ဖူလုံမှု ကင်းမဲ့ခြင်းဟာ အရေးကြီးတဲ့ အကြောင်းတရားတွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဦးတည်ချက်ကင်းမဲ့ခြင်း၊ ဘဝရည်မှန်းချက် ကင်းမဲ့ခြင်းတို့ဟာလည်းပဲ အထူးသဖြင့် လူငယ်တွေကို ရေရာ သေချာမှု ရှိသယောင် ပြသနေတဲ့ အယူအဆတွေရဲ့ ညွတ်ကွင်းမိစေနိုင်တယ်ဆိုတာလည်း ကျမတို့ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

နျူကလီးယားဖျက်သိမ်းရေး

နျူကလီးယားကင်းမဲ့သော ကမ္ဘာကြီး ဖြစ်မြောက်ရေးကို မြန်မာနိုင်ငံ ထောက်ခံပါတယ်။ ကျမတို့နိုင်ငံက တင်သွင်းတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နှစ်ပတ်လည် ပြဌာန်းချက်ဟာ လက်ရှိနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရရှိရေးကို ရည်ရွယ်ပါတယ်။ ကမ္ဘာ့ဒေသအများအပြားမှာ နျူကလီးယားလက်နက် ကင်းမဲ့တဲ့ ရပ်ဝန်းတွေ ထူထောင်ရေးကိစ္စဟာ ဒီရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေး CTBT စာချုပ် အတည်ပြုချက်ကို ကျမတို့နိုင်ငံက ဒီညနေမှာ တင်းသွင်းမှာဖြစ်ကြောင်း ဝမ်းမြောက်စွာ အထွေထွေညီလာခံကို အသိပေးလိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top