Property Expo
×

ဂ်ာမနီႏုိင္ငံ အေနာက္ဘက္ Witten ျမိဳ႕က ကေလးတစ္ဦးဟာ ကမာၻ႕အေသးဆံုးကေလးအျဖစ္  ေမြးဖြားလာခဲ့ျပီး ေမြးဖြားခ်ိန္မွာ ၂၂ စင္တီမီတာသာ ရွည္ကာ ၈ ေအာင္စသာ အေလးခ်ိန္ရွိတယ္လို႔ သိရပါတယ္။

 အမ္မလီယာလို႔ ေခၚတဲ့ အဆုိပါကေလးမေလးဟာ ကမာၻ႕အေပါ့ဆံုးလူသားျဖစ္မယ္လို႔ ခန္႔မွန္းရျပီး လြန္ခဲ့တဲ့ ၉ လက ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ေမြးဖြားခ်ိန္မွာ ဆရာဝန္ေတြက အသက္မရွင္မွာကို စိုးရိမ္ခဲ့ၾကေပမဲ့ သူမဟာ ရွင္သန္ခဲ့တာေၾကာင့္ ဖိုက္တာေလး(Little Fighter)လို႔ ဆရာဝန္ေတြက အမည္ေျပာင္ေပးထားပါတယ္။

ေမြးခဲ့တုန္းက ေျခေထာက္ေလးေတြဟာ လက္သည္းေလာက္ပဲရွိျပီး ကမာၻ႕အေပါ့ဆံုးလူသားအျဖစ္ ေဒသခံသတင္းစာေတြက ေဖာ္ျပၾကပါတယ္။ ယခင္ကလည္း အေမရိကန္ႏုိင္ငံ ခ်ီကာဂိုျမိဳ႕က ကေလးတစ္ဦးဟာ ၈.၆ ေအာင္စနဲ႔ ေမြးဖြားကာ  ေပါ့ပါးဆံုးကေလးအျဖစ္ စံခ်ိန္တင္ခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဂျာမနီနိုင်ငံ အနောက်ဘက် Witten မြို့က ကလေးတစ်ဦးဟာ ကမ္ဘာ့အသေးဆုံးကလေးအဖြစ်  မွေးဖွားလာခဲ့ပြီး မွေးဖွားချိန်မှာ ၂၂ စင်တီမီတာသာ ရှည်ကာ ၈ အောင်စသာ အလေးချိန်ရှိတယ်လို့ သိရပါတယ်။

 အမ်မလီယာလို့ ခေါ်တဲ့ အဆိုပါကလေးမလေးဟာ ကမ္ဘာ့အပေါ့ဆုံးလူသားဖြစ်မယ်လို့ ခန့်မှန်းရပြီး လွန်ခဲ့တဲ့ ၉ လက မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးဖွားချိန်မှာ ဆရာဝန်တွေက အသက်မရှင်မှာကို စိုးရိမ်ခဲ့ကြပေမဲ့ သူမဟာ ရှင်သန်ခဲ့တာကြောင့် ဖိုက်တာလေး(Little Fighter)လို့ ဆရာဝန်တွေက အမည်ပြောင်ပေးထားပါတယ်။

မွေးခဲ့တုန်းက ခြေထောက်လေးတွေဟာ လက်သည်းလောက်ပဲရှိပြီး ကမ္ဘာ့အပေါ့ဆုံးလူသားအဖြစ် ဒေသခံသတင်းစာတွေက ဖော်ပြကြပါတယ်။ ယခင်ကလည်း အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ကလေးတစ်ဦးဟာ ၈.၆ အောင်စနဲ့ မွေးဖွားကာ  ပေါ့ပါးဆုံးကလေးအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top