Property Expo
×

ဧရာ၀တီတိုင္းေဒသၾကီး ပုသိမ္ခရိုင္၊ ေရၾကည္ျမိဳ႕နယ္၊ ကကၠဴႀကီးေက်းရြာအုပ္စု၊ ကြမ္းသီး ကုန္းေက်းရြာရွိ ၾကယ္နီသံုးလံုး ႏွစ္ရွည္ပင္စိုက္ပ်ိဳးျခံအတြင္း စက္တင္ဘာ (၂၆)ရက္ ည(၇) နာရီအခ်ိန္မွာ စက္စက္ယိုအေျခခံပညာမူလတန္းေက်ာင္းမွာ တက္ေရာက္ေနတဲ့ ပထမတန္း ေက်ာင္းသူ မလွသူဇာေ၀ အဓမၼျပဳက်င့္ခံရျပီး ေသဆံုးသြားတယ္လို႔ သိရပါတယ္။

 စက္တင္ဘာ(၂၆)ရက္ ည(၇)နာရီခြဲအခ်ိန္ ကုန္းျပင္နယ္ေျမရဲစခန္းမွာ ဒုရဲအုပ္၀င္းျမင့္ရွိေနစဥ္ ေရၾကည္ျမိဳ႕နယ္၊ ကကၠဴႀကီး ေက်းရြာအုပ္စု၊ ကြမ္းသီးကုန္းေက်းရြာေန ဦးေရႊနီေရာက္ရွိလာျပီး သူ႔ရဲ႕ေျမးျဖစ္သူ မလွသူဇာေ၀ေက်ာင္းဆင္းခ်ိန္ေက်ာ္လြန္ေပမယ့္လည္း ျပန္မေရာက္လာ တဲ့အတြက္ကူညီရွာေဖြေပးဖို႔လာေရာက္ေျပာၾကားခ်က္အရစက္စက္ယိုေက်းရြာက ရပ္မိရပ္ဖဦးေပါက္တူး၊ ဦးအန္းတို႔နဲ႔အတူ သတင္းစံုစမ္းရွာေဖြရာမွာ မလွသူဇာေ၀ကို ေက်ာင္းဆင္းခ်ိန္မွာအကို၀မ္းကြဲေတာ္စပ္သူမိုးေဇာ္ဦးမွ ေခၚေဆာင္သြားေၾကာင္းသတင္းရရွိတဲ့အတြက္မိုးေဇာ္ဦးကိုေခၚယူစစ္ေဆးရာ ေငြေၾကးအခက္အခဲရွိတဲ့အတြက္ဇနီးျဖစ္သူမ၀င္းလဲ့ဇင္နဲ႔တိုင္ပင္ျပီးညီမ၀မ္းကြဲေတာ္သူမလွသူဇာေ၀ေက်ာင္းဆင္းခ်ိန္မွာ သြားေရာက္ေစာင့္ေခၚကာ နားဆြဲယူဖို႔စီစဥ္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ ေက်ာင္းဆင္းခ်ိိန္မွာ မိုးေဇာ္ဦးဟာ ဇနီးျဖစ္သူနဲ႔အတူေက်ာင္းကိုသြားကာ ေစာင့္ေခၚခဲ့ျပီးေနာက္ ဇနီးျဖစ္သူကိုကားလမ္းမွာေစာင့္ခိုင္းခဲ့ျပီးမလွသူဇာေ၀ကိုၾကယ္နီသံုးလံုးႏွစ္ရွည္ပင္စိုက္ျခံအတြင္း ေခၚသြားခဲ့တယ္လို႔ သိရပါတယ္။

 ဆက္လက္ၿပီး အစ္ကို၀မ္းကြဲၿဖစ္သူ မိုးေဇာ္ဦးက မလွသူဇာေ၀ကို လည္ပင္းညစ္ျပီး သားမယားအျဖစ္ျပဳက်င့္စဥ္ေသဆံုးသြားတဲ့အတြက္ နားဆြဲ(၁)စံုခန္႔မွန္း တန္ဖိုး(၈၀၀၀)က်ပ္ခန္႔ကိုခၽြတ္ယူျပီးအေလာင္းကိုျခံအတြင္းရွိ ေျမာင္းအတြင္းထားခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခ့ဲပါတယ္။

မလွသူဇာေ၀ကိုလည္ပင္းညစ္ကာ သားမယားအျဖစ္ျပဳက်င့္ျပီး နားဆြဲ(၁)စံုအားခၽြတ္ယူသူ မိုးေဇာ္ဦးနဲ႔ မ၀င္းလဲ့ဇင္ႏွစ္ဦးတို႔ကိုဒုရဲအုပ္၀င္းျမင့္ကတရားလိုျပဳလုပ္တိုင္တန္းခဲ့တဲ့အတြက္ စက္တင္ဘာ(၂၆)ရက္ ည(၁၁)နာရီအခ်ိန္မွာ ကုန္းျပင္နယ္ေျမရဲစခန္း(ပ)၆၆/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ (၃၀၂/၃၇၆/၃၉၂/ ၁၁၄(အမႈႀကီးအမွတ္စဥ္ ၁/၂၀၁၆)နဲ႔ အမႈဖြင့္လွစ္ခဲ့ျပီး စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း မင္းေဇာ္ဦး(ေရၾကည္)ရဲ႕ သတင္းေပးပို႔ခ်က္အရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကွမ်းသီး ကုန်းကျေးရွာရှိ ကြယ်နီသုံးလုံး နှစ်ရှည်ပင်စိုက်ပျိုးခြံအတွင်း စက်တင်ဘာ (၂၆)ရက် ည(၇) နာရီအချိန်မှာ စက်စက်ယိုအခြေခံပညာမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ပထမတန်း ကျောင်းသူ မလှသူဇာေ၀ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

 စက်တင်ဘာ(၂၆)ရက် ည(၇)နာရီခွဲအချိန် ကုန်းပြင်နယ်မြေရဲစခန်းမှာ ဒုရဲအုပ်ဝင်းမြင့်ရှိနေစဉ် ရေကြည်မြို့နယ်၊ ကက္ကူကြီး ကျေးရွာအုပ်စု၊ ကွမ်းသီးကုန်းကျေးရွာနေ ဦးရွှေနီရောက်ရှိလာပြီး သူ့ရဲ့မြေးဖြစ်သူ မလှသူဇာဝေကျောင်းဆင်းချိန်ကျော်လွန်ပေမယ့်လည်း ပြန်မရောက်လာ တဲ့အတွက်ကူညီရှာဖွေပေးဖို့လာရောက်ပြောကြားချက်အရစက်စက်ယိုကျေးရွာက ရပ်မိရပ်ဖဦးပေါက်တူး၊ ဦးအန်းတို့နဲ့အတူ သတင်းစုံစမ်းရှာဖွေရာမှာ မလှသူဇာဝေကို ကျောင်းဆင်းချိန်မှာအကိုဝမ်းကွဲတော်စပ်သူမိုးဇော်ဦးမှ ခေါ်ဆောင်သွားကြောင်းသတင်းရရှိတဲ့အတွက်မိုးဇော်ဦးကိုခေါ်ယူစစ်ဆေးရာ ငွေကြေးအခက်အခဲရှိတဲ့အတွက်ဇနီးဖြစ်သူမဝင်းလဲ့ဇင်နဲ့တိုင်ပင်ပြီးညီမဝမ်းကွဲတော်သူမလှသူဇာဝေကျောင်းဆင်းချိန်မှာ သွားရောက်စောင့်ခေါ်ကာ နားဆွဲယူဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျောင်းဆင်းချိန်မှာ မိုးဇော်ဦးဟာ ဇနီးဖြစ်သူနဲ့အတူကျောင်းကိုသွားကာ စောင့်ခေါ်ခဲ့ပြီးနောက် ဇနီးဖြစ်သူကိုကားလမ်းမှာစောင့်ခိုင်းခဲ့ပြီးမလှသူဇာဝေကိုကြယ်နီသုံးလုံးနှစ်ရှည်ပင်စိုက်ခြံအတွင်း ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

 ဆက်လက်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူ မိုးဇော်ဦးက မလှသူဇာဝေကို လည်ပင်းညစ်ပြီး သားမယားအဖြစ်ပြုကျင့်စဉ်သေဆုံးသွားတဲ့အတွက် နားဆွဲ(၁)စုံခန့်မှန်း တန်ဖိုး(၈၀၀၀)ကျပ်ခန့်ကိုချွတ်ယူပြီးအလောင်းကိုခြံအတွင်းရှိ မြောင်းအတွင်းထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

မလှသူဇာဝေကိုလည်ပင်းညစ်ကာ သားမယားအဖြစ်ပြုကျင့်ပြီး နားဆွဲ(၁)စုံအားချွတ်ယူသူ မိုးဇော်ဦးနဲ့ မဝင်းလဲ့ဇင်နှစ်ဦးတို့ကိုဒုရဲအုပ်ဝင်းမြင့်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် စက်တင်ဘာ(၂၆)ရက် ည(၁၁)နာရီအချိန်မှာ ကုန်းပြင်နယ်မြေရဲစခန်း(ပ)၆၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၇၆/၃၉၂/ ၁၁၄(အမှုကြီးအမှတ်စဉ် ၁/၂၀၁၆)နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မင်းဇော်ဦး(ရေကြည်)ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top