Property Expo
×

ေသာၾကာေန႕ညက ေဒလီၿမိဳ႕ေတာ္မွာေနထုိင္တဲ့ အသက္ ၁၁ လ အရြယ္ကေလးငယ္ေလးတစ္ဦးကုိ ေဘးအိမ္နီးခ်င္းက လိင္အဓမၼျပဳ က်င့္မႈ ျဖစ္ပြားခဲ့တယ္လုိ႔ သတင္းထုတ္ျပန္ထားပါတယ္။ ဒီလုိ မ်ိဳး အသက္အရြယ္အားျဖင့္ အရမ္းကုိငယ္လြန္းတဲ့ ကေလးငယ္ေလး ကုိေတာင္ မညွာမတာရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္အတြက္ၿမိဳ႕ ေတာ္ေနျပည္သူေတြလည္း ဆုိးဆိုးရြားရြားအမ်က္ထြက္ေနၾက တယ္လုိ႔လည္း သိရပါတယ္။

ဗစ္ကာဆာပူရီ စုေပါင္းအိမ္ရာတစ္ခုမွာ ေနထုိင္တဲ့ မိသားစုတစ္စုက မိခင္ျဖစ္သူနဲ႔ ၁၁ လအရြယ္သမီးျဖစ္သူကေလးငယ္ကုိ ညဘက္ အ ခ်ိန္အိပ္ေပ်ာ္ေနခ်ိန္ မုဒိန္းမႈက်ဴးလြန္ခဲ့သူတရားခံလုိ႔ ဆုိရမယ့္ အမ်ိဳး သားက ကေလးငယ္ကုိ အနီးနားခ်ံဳပုတ္သုိ႔ ေခၚေဆာင္သြားၿပီး သား မယားျပဳက်င့္ခဲ့တယ္လုိ႔ သိရပါတယ္။

အိပ္ေပ်ာ္ေနတဲ့ ကေလးငယ္ေပ်ာက္ဆံုးသြားျခင္းအေၾကာင္း ရဲတပ္ ဖြဲ႕သုိ႔ အေၾကာင္းၾကားၿပီးေနာက္ လုိက္လံရွာေဖြခဲ့ရာမွ ခ်ံဳပုတ္ထဲမွာ အဝတ္အစားမဲ႔နဲ႔ မိန္းမကုိယ္ေသြးထြက္မႈေတြ ျဖစ္ေပၚေနတဲ့ က ေလးငယ္ကုိ ေတြ႔ရွိခဲ့ရပါတယ္။ ခႏၶာကုိယ္ေပၚ ဒဏ္ရာမ်ားစြာနဲ႔ ေသြးထြက္မႈအစိတ္အပုိင္းမ်ားစြာနဲ႔ ေဆးရံုေပၚကုသမႈေတြ ျပဳလုပ္ ထားတယ္လုိ႔ သိရပါတယ္။

တရားခံရဲ႕သက္ေသခံပစၥည္းလုိ႔ယူဆရတဲ့ ဖုန္းတစ္လံုးကုိ အခင္း ျဖစ္ပြားမႈ အနီးအနားမွာ ေတြ႔ရွိခဲ့ရၿပီးေနာက္ ေနာက္ေယာင္ခံလုိက္ခဲ့ ရာ မုဒိန္းမႈတရားခံအမ်ိဳးသားကုိ ဖမ္းမိခဲ့ျခင္းျဖစ္ပါတယ္။ တရားခံက ကေလးငယ္ကုိ ႏွစ္နာရီနီးပါး သားမယားအျဖစ္ျပဳက်င့္ခဲ့တယ္လုိ႔ ထြက္ဆုိထားပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။


#Unicode Version


သောကြာနေ့ညက ဒေလီမြို့တော်မှာနေထိုင်တဲ့ အသက် ၁၁ လ အရွယ်ကလေးငယ်လေးတစ်ဦးကို ဘေးအိမ်နီးချင်းက လိင်အဓမ္မပြု ကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို မျိုး အသက်အရွယ်အားဖြင့် အရမ်းကိုငယ်လွန်းတဲ့ ကလေးငယ်လေး ကိုတောင် မညှာမတာရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက်မြို့ တော်နေပြည်သူတွေလည်း ဆိုးဆိုးရွားရွားအမျက်ထွက်နေကြ တယ်လို့လည်း သိရပါတယ်။

ဗစ်ကာဆာပူရီ စုပေါင်းအိမ်ရာတစ်ခုမှာ နေထိုင်တဲ့ မိသားစုတစ်စုက မိခင်ဖြစ်သူနဲ့ ၁၁ လအရွယ်သမီးဖြစ်သူကလေးငယ်ကို ညဘက် အ ချိန်အိပ်ပျော်နေချိန် မုဒိန်းမှုကျူးလွန်ခဲ့သူတရားခံလို့ ဆိုရမယ့် အမျိုး သားက ကလေးငယ်ကို အနီးနားချုံပုတ်သို့ ခေါ်ဆောင်သွားပြီး သား မယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အိပ်ပျော်နေတဲ့ ကလေးငယ်ပျောက်ဆုံးသွားခြင်းအကြောင်း ရဲတပ် ဖွဲ့သို့ အကြောင်းကြားပြီးနောက် လိုက်လံရှာဖွေခဲ့ရာမှ ချုံပုတ်ထဲမှာ အဝတ်အစားမဲ့နဲ့ မိန်းမကိုယ်သွေးထွက်မှုတွေ ဖြစ်ပေါ်နေတဲ့ က လေးငယ်ကို တွေ့ရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်ပေါ် ဒဏ်ရာများစွာနဲ့ သွေးထွက်မှုအစိတ်အပိုင်းများစွာနဲ့ ဆေးရုံပေါ်ကုသမှုတွေ ပြုလုပ် ထားတယ်လို့ သိရပါတယ်။

တရားခံရဲ့သက်သေခံပစ္စည်းလို့ယူဆရတဲ့ ဖုန်းတစ်လုံးကို အခင်း ဖြစ်ပွားမှု အနီးအနားမှာ တွေ့ရှိခဲ့ရပြီးနောက် နောက်ယောင်ခံလိုက်ခဲ့ ရာ မုဒိန်းမှုတရားခံအမျိုးသားကို ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ တရားခံက ကလေးငယ်ကို နှစ်နာရီနီးပါး သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top