Property Expo
×

ဓာတ္မတည္႔မႈ ကို ကာကြယ္ဖို႔အတြက္ ကေလးေတြကို ေျခာက္လသားမွ အဖတ္စေကြ်းမယ္႔အစား ေလးလသားမွာ အဖတ္စေကြ်းသင္႔ေၾကာင္း သုေတသနတစ္ရပ္က ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။

ကေလးေတြကို အစာစေကြ်းရင္ ဓာတ္မတည္႔တာေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဥပမာ ေျမပဲယို၊ ၾကက္ဥ လိုဟာမ်ိဳးေတြေပါ႔။ ေလးလသားမွာ စေကြ်းမယ္ဆိုရင္ ေနာက္ဆို အဲ႔ဒီ႔အစာနဲ႔ ဓာတ္မတည္႔တာမ်ိဳး မျဖစ္ႏုိင္ဘူးလို႔ သုေတသီေတြက ရွာေဖြေတြ႔ရွိခဲ႔တာပါ။

အရင္ကဆိုရင္ ကေလးေတြ အနည္းဆံုး အသက္ ၆လရွိေတာ႔မွ အစာစေကြ်းသင္႔ေၾကာင္း အၾကံျပဳခဲ႔ၾကပါတယ္။ ဒီအခ်က္က အခု အၾကံေပးခ်က္နဲ႔ မကိုက္ညီဘူးေတာ႔ ျဖစ္ေနပါတယ္။ ဒါေပမဲ႔ ေလးလသားအရြယ္မွာ အဖတ္စေကြ်းသင္႔တယ္လို႔ အေမရိကန္ ကေလးအထူးကုအကယ္ဒမီ ကေန ေျပာထားပါတယ္။ ၿဗိတိန္မွာဆိုရင္လည္း ႏုိင္ငံေတာ္ က်န္းမာေရး ဝန္ေဆာင္မႈ (NHS ) ကေန ကေလး ေလးလသား အရြယ္မွာ စေကြ်းသင္႔တယ္လို႔ပဲ အၾကံျပဳပါတယ္။

“ကေလးေတြ ဓာတ္မတည္႔တာမ်ိဳး မျဖစ္ဖို႔ ဘယ္လိုတားဆီးရမလဲလို႔ လာေမးရင္ ေလးလကေန ေျခာက္လသားအရြယ္အတြင္း ဓာတ္မတည္႔မႈျဖစ္ႏုိင္တဲ႔ အစားအစာေတြကို စေကြ်းသင္႔တယ္ဆိုတဲ႔ အၾကံျပဳခ်က္ ကိုပဲ ေပးမွာပါ။ ဓာတ္မတည္႔မႈ ျဖစ္ဖို႔ အလားအလာမ်ားတဲ႔ အစားေတြကို စိတ္ရွည္ရွည္ ေကြ်းၿပီး က်င္႔ေပးဖို႔ တကယ္ပဲ အေရးႀကီးပါတယ္။” လို႔ ကေနဒါ၊ မန္နီတိုဘာတကၠသိုလ္မွ ေဒါက္တာ Elissa Abrams နဲ႔ ေဒါက္တာ Allen Becker တို႔ကေျပာပါတယ္။

အသက္ တစ္ႏွစ္ေအာက္ အရြယ္မွာ တစ္ပတ္ကို သံုးႀကိမ္ထက္ပိုၿပီး ေျမပဲပါတဲ႔ အစားအစာကို စားတဲ႔လူေတြဟာ ေနာက္ပိုင္း ဘဝတစ္ေလွ်ာက္လံုးမွာ ဓာတ္မတည္႔မႈ ျဖစ္ႏုိင္ဖို႔ အေတာ္ရွားသြားပါတယ္။
READ  ဖုန္းကို လက္ကမခ်ပဲ စြဲလန္းလြန္းအားၾကီးသူေတြအတြက္ လုပ္ေဆာင္ၾကည့္သင့္တဲ့ အခ်က္မ်ား

အစားအစာ ဓာတ္မတည္႔မႈဟာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ျပႆာနာေတြ ျဖစ္တတ္ၿပီး တခ်ိဳ႕ဆို ေသေတာင္ေသႏိုင္ပါတယ္။ ဒီ႔အတြက္ေၾကာင္႔ ကေလး ေလးလသားကစၿပီး ေနာင္ ဓာတ္မတည္႔တာမ်ိဳးမျဖစ္ေအာင္ ကာကြယ္မႈေတြ လုပ္ေပးဖုိ႔ အေရးႀကီးလွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwinpyin

#Unicode Version

ဓာတ်မတည့်မှု ကို ကာကွယ်ဖို့အတွက် ကလေးတွေကို ခြောက်လသားမှ အဖတ်စကျွေးမယ့်အစား လေးလသားမှာ အဖတ်စကျွေးသင့်ကြောင်း သုတေသနတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကလေးတွေကို အစာစကျွေးရင် ဓာတ်မတည့်တာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥပမာ မြေပဲယို၊ ကြက်ဥ လိုဟာမျိုးတွေပေါ့။ လေးလသားမှာ စကျွေးမယ်ဆိုရင် နောက်ဆို အဲ့ဒီ့အစာနဲ့ ဓာတ်မတည့်တာမျိုး မဖြစ်နိုင်ဘူးလို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။

အရင်ကဆိုရင် ကလေးတွေ အနည်းဆုံး အသက် ၆လရှိတော့မှ အစာစကျွေးသင့်ကြောင်း အကြံပြုခဲ့ကြပါတယ်။ ဒီအချက်က အခု အကြံပေးချက်နဲ့ မကိုက်ညီဘူးတော့ ဖြစ်နေပါတယ်။ ဒါပေမဲ့ လေးလသားအရွယ်မှာ အဖတ်စကျွေးသင့်တယ်လို့ အမေရိကန် ကလေးအထူးကုအကယ်ဒမီ ကနေ ပြောထားပါတယ်။ ဗြိတိန်မှာဆိုရင်လည်း နိုင်ငံတော် ကျန်းမာရေး ဝန်ဆောင်မှု (NHS ) ကနေ ကလေး လေးလသား အရွယ်မှာ စကျွေးသင့်တယ်လို့ပဲ အကြံပြုပါတယ်။

“ကလေးတွေ ဓာတ်မတည့်တာမျိုး မဖြစ်ဖို့ ဘယ်လိုတားဆီးရမလဲလို့ လာမေးရင် လေးလကနေ ခြောက်လသားအရွယ်အတွင်း ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ အစားအစာတွေကို စကျွေးသင့်တယ်ဆိုတဲ့ အကြံပြုချက် ကိုပဲ ပေးမှာပါ။ ဓာတ်မတည့်မှု ဖြစ်ဖို့ အလားအလာများတဲ့ အစားတွေကို စိတ်ရှည်ရှည် ကျွေးပြီး ကျင့်ပေးဖို့ တကယ်ပဲ အရေးကြီးပါတယ်။” လို့ ကနေဒါ၊ မန်နီတိုဘာတက္ကသိုလ်မှ ဒေါက်တာ Elissa Abrams နဲ့ ဒေါက်တာ Allen Becker တို့ကပြောပါတယ်။

အသက် တစ်နှစ်အောက် အရွယ်မှာ တစ်ပတ်ကို သုံးကြိမ်ထက်ပိုပြီး မြေပဲပါတဲ့ အစားအစာကို စားတဲ့လူတွေဟာ နောက်ပိုင်း ဘဝတစ်လျှောက်လုံးမှာ ဓာတ်မတည့်မှု ဖြစ်နိုင်ဖို့ အတော်ရှားသွားပါတယ်။
READ  ဖုန်းကို လက်ကမချပဲ စွဲလန်းလွန်းအားကြီးသူတွေအတွက် လုပ်ဆောင်ကြည့်သင့်တဲ့ အချက်များ

အစားအစာ ဓာတ်မတည့်မှုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿာနာတွေ ဖြစ်တတ်ပြီး တချို့ဆို သေတောင်သေနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် ကလေး လေးလသားကစပြီး နောင် ဓာတ်မတည့်တာမျိုးမဖြစ်အောင် ကာကွယ်မှုတွေ လုပ်ပေးဖို့ အရေးကြီးလှပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwinpyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top