Property Expo
×

 အေထြေထြေရာဂါကုဆရာ၀န္ႏွင့္ မေတြ႕မီ အထူးကုဆရာ၀န္ မ်ားကုိ အြန္လိုင္းမွ ႀကိဳတင္ခ်ိန္းဆိုကာ ၎တုိ႔ႏွင့္ တိုက္႐ုိက္လာျပ ေသာ အသက္(၂၅)ႏွစ္ႏွင့္(၃၅)ႏွစ္ၾကားအရြယ္ လူနာမ်ားႏွင့္ ႀကံဳေတြ႕ရမႈ ပိုမ်ားလာသည္ဟု ဆရာ၀န္မ်ားကေျပာသည္။ ယင္းလူနာမ်ားသည္ ၎တို႔၏ ေရာဂါလကၡဏာမ်ားႏွင့္ပတ္သက္၍ အြန္လုိင္းမွ သတင္းအခ်က္အလက္ရွာေဖြကာ  ကုိယ္တုိင္ေရာဂါသတ္မွတ္ေဖာ္ထုတ္ၿပီးမွ ဆရာ၀န္ထံ လာျပေၾကာင္း သိရသည္။


ယင္းကဲ့သုိ႔ ေရာဂါလကၡဏာမ်ားကို အေျခခံ၍ အြန္လုိင္းမွ ရရိွေသာ သတင္းအခ်က္အလက္မ်ားျဖင့္ ကုိယ္တိုင္ေရာဂါသတ္ မွတ္ေဖာ္ထုတ္ျခင္းသည္ လက္ေတြ႕ျဖစ္ပြားေနေသာ ေရာဂါႏွင့္ မၾကာခဏဆိုသလုိ တူညီမႈမရိွေၾကာင္း ေတြ႕ရသည္ဟု ဆရာ၀န္ မ်ားက ေျပာသည္။

လူေနမႈဘ၀ပံုစံမူမမွန္ျခင္း လကၡဏာမ်ားကို အြန္လိုင္းတြင္ ရွာေဖြကာ မိမိတြင္ ျပင္းထန္ေသာ ျပႆနာတစ္ခုရိွေနၿပီဟု ယူဆသူမ်ားလည္းရိွကာ ကုိယ္တုိင္ေဆး၀ါးေရြးခ်ယ္ ေသာက္သံုးၿပီး ေနာက္မွ ေဆး႐ံုေရာက္လာသူမ်ားလည္းရိွေၾကာင္း  သုေတသီမ်ား ကေျပာသည္။

ယင္းကဲ့သုိ႔ ျပင္းထန္ေသာေရာဂါအခ်ိဳ႕ ခံစားေနရၿပီဟု ထင္မွတ္ေနသူမ်ားတြင္ တစ္ခါတစ္ရံ က်န္းမာေရးျပႆနာ လံုး၀မရိွေၾကာင္း စစ္ေဆးေတြ႕ရိွရၿပီး စုိးရိမ္ေၾကာက္ရြံ႕ေနျခင္းသာျဖစ္ ေၾကာင္း ဆရာ၀န္မ်ား ေလ့လာေတြ႕ရိွခဲ့သည္။

ယင္းလူနာမ်ားသည္ စိတ္ေရာဂါေ၀ဒနာခံစားေနရေသာ လူနာမ်ားမဟုတ္ေသာ္လည္း အင္တာနက္တြင္ မသက္ဆုိင္ေသာ သတင္းအခ်က္အလက္မ်ား ဖတ္႐ႈျခင္းေၾကာင့္ ၎တို႔ကုိ မလုိလားအပ္ေသာ စုိးရိမ္မႈမ်ား ျဖစ္ေပၚေစျခင္းသာျဖစ္ေၾကာင္း ဆရာ၀န္ မ်ားကေျပာသည္။

ထို႔အျပင္ အခ်ိဳ႕ေသာ လူနာမ်ားသည္ အေၾကာင္းတစ္ခုခု ေၾကာင့္ ခႏၶာကုိယ္က အဆင္မေျပမႈတစ္ခုခံစားေနရသည္ကုိ ျပင္း ထန္ေသာ ေရာဂါျဖစ္ေနၿပီဟု ထင္မွတ္မႈမ်ားရိွၿပီး ဆရာ၀န္ႏွင့္ လာ ေရာက္ျပသရာတြင္ ေရာဂါမရိွေၾကာင္း စစ္ေဆးေတြ႕ရိွေသာ္လည္း ဆရာ၀န္ကုိ မယံုၾကည္သူမ်ားရိွေၾကာင္း သိရသည္။ ၎တို႔သည္ မည္သည့္ေရာဂါမွ်မရိွေသာ္လည္း မလုိလားအပ္ေသာ သတင္းအ ခ်က္အလက္မ်ားေၾကာင့္ စိုးရိမ္စိတ္ ျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း ဆရာ၀န္မ်ား ေလ့လာေတြ႕ရိွခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အထွေထွေရောဂါကုဆရာဝန်နှင့် မတွေ့မီ အထူးကုဆရာဝန် များကို အွန်လိုင်းမှ ကြိုတင်ချိန်းဆိုကာ ၎င်းတို့နှင့် တိုက်ရိုက်လာပြ သော အသက်(၂၅)နှစ်နှင့်(၃၅)နှစ်ကြားအရွယ် လူနာများနှင့် ကြုံတွေ့ရမှု ပိုများလာသည်ဟု ဆရာဝန်များကပြောသည်။ ယင်းလူနာများသည် ၎င်းတို့၏ ရောဂါလက္ခဏာများနှင့်ပတ်သက်၍ အွန်လိုင်းမှ သတင်းအချက်အလက်ရှာဖွေကာ  ကိုယ်တိုင်ရောဂါသတ်မှတ်ဖော်ထုတ်ပြီးမှ ဆရာဝန်ထံ လာပြကြောင်း သိရသည်။


ယင်းကဲ့သို့ ရောဂါလက္ခဏာများကို အခြေခံ၍ အွန်လိုင်းမှ ရရှိသော သတင်းအချက်အလက်များဖြင့် ကိုယ်တိုင်ရောဂါသတ် မှတ်ဖော်ထုတ်ခြင်းသည် လက်တွေ့ဖြစ်ပွားနေသော ရောဂါနှင့် မကြာခဏဆိုသလို တူညီမှုမရှိကြောင်း တွေ့ရသည်ဟု ဆရာဝန် များက ပြောသည်။

လူနေမှုဘဝပုံစံမူမမှန်ခြင်း လက္ခဏာများကို အွန်လိုင်းတွင် ရှာဖွေကာ မိမိတွင် ပြင်းထန်သော ပြဿနာတစ်ခုရှိနေပြီဟု ယူဆသူများလည်းရှိကာ ကိုယ်တိုင်ဆေးဝါးရွေးချယ် သောက်သုံးပြီး နောက်မှ ဆေးရုံရောက်လာသူများလည်းရှိကြောင်း  သုတေသီများ ကပြောသည်။

ယင်းကဲ့သို့ ပြင်းထန်သောရောဂါအချို့ ခံစားနေရပြီဟု ထင်မှတ်နေသူများတွင် တစ်ခါတစ်ရံ ကျန်းမာရေးပြဿနာ လုံးဝမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စိုးရိမ်ကြောက်ရွံ့နေခြင်းသာဖြစ် ကြောင်း ဆရာဝန်များ လေ့လာတွေ့ရှိခဲ့သည်။

ယင်းလူနာများသည် စိတ်ရောဂါဝေဒနာခံစားနေရသော လူနာများမဟုတ်သော်လည်း အင်တာနက်တွင် မသက်ဆိုင်သော သတင်းအချက်အလက်များ ဖတ်ရှုခြင်းကြောင့် ၎င်းတို့ကို မလိုလားအပ်သော စိုးရိမ်မှုများ ဖြစ်ပေါ်စေခြင်းသာဖြစ်ကြောင်း ဆရာဝန် များကပြောသည်။

ထို့အပြင် အချို့သော လူနာများသည် အကြောင်းတစ်ခုခု ကြောင့် ခန္ဓာကိုယ်က အဆင်မပြေမှုတစ်ခုခံစားနေရသည်ကို ပြင်း ထန်သော ရောဂါဖြစ်နေပြီဟု ထင်မှတ်မှုများရှိပြီး ဆရာဝန်နှင့် လာ ရောက်ပြသရာတွင် ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ဆရာဝန်ကို မယုံကြည်သူများရှိကြောင်း သိရသည်။ ၎င်းတို့သည် မည်သည့်ရောဂါမျှမရှိသော်လည်း မလိုလားအပ်သော သတင်းအ ချက်အလက်များကြောင့် စိုးရိမ်စိတ် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဆရာဝန်များ လေ့လာတွေ့ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top