Property Expo
×




Credit : Duwun

#Unicode Version

နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ငြုပ်သီးနဲ့ ဂျင်းကို တွဲဖက်စားသုံးခြင်းဟာ အဆုတ်ကင်ဆာ အပါအဝင် အခြားကင်ဆာတွေ ဖြစ်ပွားမှုကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။

အမေရိကန်ဓါတုဆိုင်ရာ အဖွဲ့အစည်းက အချိန်အတန်ကြာ လေ့လာခဲ့တဲ့ သုတေသန ရလဒ်အရ ဒီရလဒ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အရင်က ပြုလုပ်ထားတဲ့ စစ်တမ်းအရ ငြုပ်သီးပုံမှန်စားသုံးသူတွေဟာ အူကင်ဆာဖြစ်နိုင်ချေများပေမယ့် အစားအစာတွေထဲမှာ ငြုပ်သီးနဲ့ ဂျင်းပေါင်းစပ်ပါဝင်မယ်ဆိုရင်တော့ ကင်ဆာဖြစ်လာနိုင်တဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။

လေ့လာချက်အရ ဂျင်းမှာ ပါဝင်တဲ့ အနံ့ပြင်းပြင်းဓာတ်သတ္တိဟာ ကင်ဆာတိုက်ဖျက်ဖို့ အဓိကအကျိုးကျေးဇူးဖြစ်တယ်လို့ ဆိုပါတယ်။အာရှအစားအစာ ဟင်းပွဲတွေထဲမှာ ငြုပ်သီးနဲ့ ဂျင်းက ပါဝင်လေ့ရှိပြီး ဒီနှစ်မျိုး ပေါင်းစပ်စားသုံးခြင်းဖြင့် အကျိတ်တွေ ကြီးထွားလာမှုကိုလည်း တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top