Property Expo
×

                     ကေလးအထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာေစာ၀င္း

ကူးစက္ျမန္ဇီကာဗုိင္းရပ္စ္သည္ ျမန္မာႏုိင္ငံသုိ႔ ၀င္ေရာက္ရန္ၿခိမ္း ေျခာက္လာေနၿပီျဖစ္ၿပီး ကုိိယ္၀န္ ေဆာင္မိခင္မ်ား ဇီကာဗုိင္းရပ္စ္ကူးစက္ခံရပါက ဦးေခါင္းေသးငယ္ၿပီး ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈမရွိသည့္ ကေလးမ်ားေမြးဖြားလာႏုိင္သျဖင့္ ကေလးအထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာေစာ၀င္းအား ဇီကာႏွင့္ပတ္သက္ၿပီး ကုိယ္္၀န္ေဆာင္မိခင္မ်ား သတိျပဳဆင္ျခင္ႏုိင္ရန္ ေတြ႕ဆုံေမးျမန္းထားသည္မ်ားမွ အခ်ဳိ႕ကိုေကာက္ႏုတ္ ေဖာ္ျပလုိက္ပါသည္။


ဇီကာဗုိင္းရပ္စ္နဲ႔ပတ္သက္ၿပီးကုိယ္၀န္ေဆာင္မိခင္ေတြ စုိးရိမ္ေသာကျဖစ္ေနတာကို ဘယ္လိုအႀကံေပးခ်င္ပါလဲဆရာ။

ဇီကာဗုိင္းရပ္က ဘရာဇီးလုိ ႏုိင္ငံမ်ဳိးမွာျဖစ္တယ္။ ေခါင္းေသး ေသးနဲ႔ ကေလးေတြေမြးလာ တယ္။ အဲသလုိေမြးလာတာ ေတာ္ ေတာ္ေတာ့ျပႆနာရွိတယ္။ ဒီ ကေလးေတြက သာမန္ကေလး ေလာက္ေတာ့ အသက္မရွည္ဘူး။ မစြမ္းမသန္ေလးေတြျဖစ္တဲ့အ တြက္ မိဘအတြက္ေရာ၊ တုိင္း ျပည္အတြက္ေရာ ေတာ္ေတာ္ႀကီး ၀န္ထုပ္၀န္ပုိးျဖစ္ႏုိင္ပါတယ္။ျမန္ မာျပည္အေနနဲ႔ ေအးဒီးစ္ျခင္ကရွိ ေနေတာ့၊ ေသြးလြန္တုပ္ေကြးဆုိ ကူးစက္ေနေတာ့ ဒါလည္းကူး စက္တာျဖစ္ႏုိင္တာေပါ့။ အခုအ ခ်ိန္မွာလုပ္လုိ႔ရတာက ကုိယ္၀န္ ေဆာင္စရာရွိတဲ့သူက ေရာဂါျဖစ္ ပြားတဲ့ေဒသေတြကို မသြားနဲ႔။ သြားၿပီးျပန္လာခဲ့ရင္ သားဖြားမီး ယပ္ဆရာ၀န္နဲ႔ျပရမယ္။ အာထ ရာေဆာင္း႐ုိက္တာကို ေလးပတ္ တစ္ခါလုပ္သင့္ၿပီး Microceph-aly (ဦးေခါင္းေသးငယ္မႈ)ရွိလား၊ မရွိလားစစ္ေဆးသင့္တယ္။

အခုအခ်ိန္မွာ ကုိယ္၀န္ယူဖုိ႔သင့္ ေတာ္ရဲ႕လား ဆရာ။

ျမန္မာျပည္မွာ ကူးစက္ေန တာမေတြ႕ေသးေတာ့ ကုိယ္၀န္ ေဆာင္တာျပႆနာမရွိပါဘူး။ သုိ႔ ေသာ္လည္း ကုိယ္၀န္ေဆာင္မယ့္ သူက ျဖစ္တဲ့ေနရာကို မသြားသင့္ ဘူး။ တကယ္လို႔ ေရာဂါျဖစ္ပြား တဲ့ေနရာက ျပန္လာခဲ့ရင္ အနည္း ဆုံးရွစ္ပတ္ေလာက္ေနေတာ့မွ ကုိယ္၀န္ေဆာင္ရမယ့္အေနအ ထားရွိပါတယ္။

ဇီကာဗုိင္းရပ္စ္ေၾကာင့္ ဦးေခါင္း ေသးငယ္တဲ့ ကေလးေတြေမြးဖြား မႈက ဘယ္ေလာက္ရာခုိင္ႏႈန္း ေလာက္ရွိပါလဲ။

၁ရာခုိင္ႏႈန္းကေန ၁၃ရာခုိင္ ႏႈန္းအထိျဖစ္ႏုိင္ေျခရွိတယ္။ သု ေတသနျပဳတဲ့ေနရာမွာ ကြာျခား တာကိုျပတာေပါ့။ တခ်ဳိ႕ႏုိင္ငံ ေတြမွာ ဇီကာဗုိင္းရပ္စ္ပုိး၀င္တယ္။ ေခါင္းေသးတာမျဖစ္ဘူး။ တခ်ဳိ႕ႏုိင္ငံေတြမွာ ၁ရာခုိင္ႏႈန္းအထိေတြ႕တယ္။ မေတြ႕ရင္၊ မျဖစ္ ေတာ့ရင္လည္း ေကာင္းတာေပါ့။ ျဖစ္တဲ့သူေတြရဲ႕ ၁၃ရာခုိင္္ႏႈန္းဆုိ တာလည္း မနည္းလွဘူး။ ဘရာဇီး ဆုိရင္ ဦးေခါင္းေသးတဲ့ ကေလး ေတြေမြးတာ ေထာင္နဲ႔ခ်ီရွိေနၿပီ။ ဘရာဇီးမွာျဖစ္ၿပီး တျခားမွာမျဖစ္ ရင္ ဘာေၾကာင့္လဲဆုိတာစဥ္းစား ရမယ္၊ သတိေတာ့ထားေနရမယ္။

ျမန္မာႏုိင္ငံမွာလည္း ဇီကာနဲ႔ပတ္ သက္ၿပီး ေရာဂါရွာေဖြေထာက္ လွမ္းမႈေတြလုပ္ေနတယ္။ ရလာ တဲ့ရလဒ္ေတြကို သတင္းထုတ္ျပန္ ဖုိ႔က ဘယ္ေလာက္အထိအေရးႀကီးလဲ။

က်န္းမာေရး၀န္ႀကီးဌာနက လုိအပ္ရင္ လုိအပ္သလုိ သတင္းထုတ္ျပန္တယ္။ ဒါေပမဲ့လည္း ဒါ ကိုေစာင့္ၾကည့္ဖုိ႔က ေတာ္ေတာ္ ေတာ့ခက္တယ္။ ဇီကာဗုိင္းရပ္စ္ပုိး၀င္တုိင္းလည္း မဖ်ားဘူး။ ေရာဂါကူးစက္သူငါးေယာက္မွာ တစ္ေယာက္ပဲဖ်ားတယ္။ လကၡဏာျပ တယ္။ မဖ်ားလုိ႔ ဇီကာဗုိင္းရပ္စ္မရွိဘူးလည္း ေျပာလို႔မရဘူး။ ေလ ဆိပ္မွာေစာင့္ၾကည့္တယ္၊ အပူ ခ်ိန္တုိင္းတယ္၊ ဖ်ားတဲ့သူေတြ႕ ရင္ ဘယ္ႏုိင္ငံကျပန္လာလဲ၊ ဘာ ေၾကာင့္ဖ်ားလဲ ဒီလိုရွာတယ္။ သံသယလူနာဆုိ ေသြးစစ္ၿပီး ဓာတ္ခြဲစမ္းသပ္မႈေတြလုပ္ရမယ္။ လုပ္ၿပီးေတာ့ တကယ္ျဖစ္ၿပီဆိုရင္ သူ႔ကုိ ျခင္ကုိက္မခံရေအာင္ထားရမယ္။ ျဖစ္ႏုိင္ရင္ ခြဲျခားထားၿပီး ဒီနည္းအားျဖင့္လည္း ေရာဂါကူးစက္မႈကို ျဖတ္ေတာက္ႏုိင္တယ္။

ဇီကာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာျပပါဆရာ။

ျမန္မာျပည္မွာေတာ့ သက္ ေသျပႏုိင္တဲ့ လူနာမေတြ႕ေသး ဘူး။ သုိ႔ေသာ္လည္း အခ်ိန္မေရြး ေရာက္လာႏုိင္တယ္လုိ႔ ထင္ တယ္။ အေကာင္းဆုံးကာကြယ္မႈ ကေတာ့ ျခင္ကုိက္မခံရေအာင္ ေနဖုိ႔ေပါ့။ ဒါလည္း ေတာ္ေတာ္ ခက္တဲ့အရာပါ။ ျခင္၊ ပုိးေလာက္ လမ္းႏွိမ္နင္းေရး ဖုံး၊ သြန္၊ လဲ၊စစ္ လုပ္ရမယ္။ အဘိတ္ေဆးခတ္ရ မယ္။ ဒါဆုိရင္ျခင္ေပါက္ဖြားမႈက ေတာ္ေတာ္ေလးနည္းတယ္။ေဆး စိမ္ျခင္ေထာင္သုံးသင့္တယ္။ ျခင္ မကုိက္ေစတဲ့ ေဆးေတြလိမ္းသင့္ တယ္။ ျခင္ႏွိမ္နင္းေရး၊ ပုိးေလာက္ လမ္းႏွိမ္နင္းေရးကို အစုိးရကိုပဲ အားမကိုးဘဲ လူတုိင္းတစ္ႏုိင္တစ္ ပုိင္လုပ္သင့္တယ္။ အခုဆုိရင္ ပုိး ေလာက္လမ္းသတ္ေဆး တီမီဂတ္ ၁ရာခုိင္ႏႈန္းဆုိတာရေနၿပီ။ ျခင္ႏွိမ္ နင္းေရးအတြက္ အသုံး၀င္တဲ့ ေဆးျဖစ္တယ္။ လူတုိင္းက မ်ား မ်ားျဖန္႔ၿပီး အသုံးျပဳလုိ႔ ျခင္ႏွိမ္ နင္းေရးေတြ ေအာင္ျမင္လာရင္ ဇီကာဗုိင္းရပ္စ္နဲ႔ ေသြးလြန္တုပ္ ေကြးေရာဂါအတြက္ ကာကြယ္မႈ မွာ ထိေရာက္လာမယ္။

ေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်း

ကူးစက်မြန်ဇီကာဗိုင်းရပ်စ်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်ခြိမ်း ခြောက်လာနေပြီဖြစ်ပြီး ကိိုယ်ဝန် ဆောင်မိခင်များ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရပါက ဦးခေါင်းသေးငယ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုမရှိသည့် ကလေးများမွေးဖွားလာနိုင်သဖြင့် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းအား ဇီကာနှင့်ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင်များ သတိပြုဆင်ခြင်နိုင်ရန် တွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကိုကောက်နုတ် ဖော်ပြလိုက်ပါသည်။


ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးကိုယ်ဝန်ဆောင်မိခင်တွေ စိုးရိမ်သောကဖြစ်နေတာကို ဘယ်လိုအကြံပေးချင်ပါလဲဆရာ။

ဇီကာဗိုင်းရပ်က ဘရာဇီးလို နိုင်ငံမျိုးမှာဖြစ်တယ်။ ခေါင်းသေး သေးနဲ့ ကလေးတွေမွေးလာ တယ်။ အဲသလိုမွေးလာတာ တော် တော်တော့ပြဿနာရှိတယ်။ ဒီ ကလေးတွေက သာမန်ကလေး လောက်တော့ အသက်မရှည်ဘူး။ မစွမ်းမသန်လေးတွေဖြစ်တဲ့အ တွက် မိဘအတွက်ရော၊ တိုင်း ပြည်အတွက်ရော တော်တော်ကြီး ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်။မြန် မာပြည်အနေနဲ့ အေးဒီးစ်ခြင်ကရှိ နေတော့၊ သွေးလွန်တုပ်ကွေးဆို ကူးစက်နေတော့ ဒါလည်းကူး စက်တာဖြစ်နိုင်တာပေါ့။ အခုအ ချိန်မှာလုပ်လို့ရတာက ကိုယ်ဝန် ဆောင်စရာရှိတဲ့သူက ရောဂါဖြစ် ပွားတဲ့ဒေသတွေကို မသွားနဲ့။ သွားပြီးပြန်လာခဲ့ရင် သားဖွားမီး ယပ်ဆရာဝန်နဲ့ပြရမယ်။ အာထ ရာဆောင်းရိုက်တာကို လေးပတ် တစ်ခါလုပ်သင့်ပြီး Microceph-aly (ဦးခေါင်းသေးငယ်မှု)ရှိလား၊ မရှိလားစစ်ဆေးသင့်တယ်။

အခုအချိန်မှာ ကိုယ်ဝန်ယူဖို့သင့် တော်ရဲ့လား ဆရာ။

မြန်မာပြည်မှာ ကူးစက်နေ တာမတွေ့သေးတော့ ကိုယ်ဝန် ဆောင်တာပြဿနာမရှိပါဘူး။ သို့ သော်လည်း ကိုယ်ဝန်ဆောင်မယ့် သူက ဖြစ်တဲ့နေရာကို မသွားသင့် ဘူး။ တကယ်လို့ ရောဂါဖြစ်ပွား တဲ့နေရာက ပြန်လာခဲ့ရင် အနည်း ဆုံးရှစ်ပတ်လောက်နေတော့မှ ကိုယ်ဝန်ဆောင်ရမယ့်အနေအ ထားရှိပါတယ်။

ဇီကာဗိုင်းရပ်စ်ကြောင့် ဦးခေါင်း သေးငယ်တဲ့ ကလေးတွေမွေးဖွား မှုက ဘယ်လောက်ရာခိုင်နှုန်း လောက်ရှိပါလဲ။

၁ရာခိုင်နှုန်းကနေ ၁၃ရာခိုင် နှုန်းအထိဖြစ်နိုင်ခြေရှိတယ်။ သု တေသနပြုတဲ့နေရာမှာ ကွာခြား တာကိုပြတာပေါ့။ တချို့နိုင်ငံ တွေမှာ ဇီကာဗိုင်းရပ်စ်ပိုးဝင်တယ်။ ခေါင်းသေးတာမဖြစ်ဘူး။ တချို့နိုင်ငံတွေမှာ ၁ရာခိုင်နှုန်းအထိတွေ့တယ်။ မတွေ့ရင်၊ မဖြစ် တော့ရင်လည်း ကောင်းတာပေါ့။ ဖြစ်တဲ့သူတွေရဲ့ ၁၃ရာခိုင်နှုန်းဆို တာလည်း မနည်းလှဘူး။ ဘရာဇီး ဆိုရင် ဦးခေါင်းသေးတဲ့ ကလေး တွေမွေးတာ ထောင်နဲ့ချီရှိနေပြီ။ ဘရာဇီးမှာဖြစ်ပြီး တခြားမှာမဖြစ် ရင် ဘာကြောင့်လဲဆိုတာစဉ်းစား ရမယ်၊ သတိတော့ထားနေရမယ်။

မြန်မာနိုင်ငံမှာလည်း ဇီကာနဲ့ပတ် သက်ပြီး ရောဂါရှာဖွေထောက် လှမ်းမှုတွေလုပ်နေတယ်။ ရလာ တဲ့ရလဒ်တွေကို သတင်းထုတ်ပြန် ဖို့က ဘယ်လောက်အထိအရေးကြီးလဲ။

ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်ရင် လိုအပ်သလို သတင်းထုတ်ပြန်တယ်။ ဒါပေမဲ့လည်း ဒါ ကိုစောင့်ကြည့်ဖို့က တော်တော် တော့ခက်တယ်။ ဇီကာဗိုင်းရပ်စ်ပိုးဝင်တိုင်းလည်း မဖျားဘူး။ ရောဂါကူးစက်သူငါးယောက်မှာ တစ်ယောက်ပဲဖျားတယ်။ လက္ခဏာပြ တယ်။ မဖျားလို့ ဇီကာဗိုင်းရပ်စ်မရှိဘူးလည်း ပြောလို့မရဘူး။ လေ ဆိပ်မှာစောင့်ကြည့်တယ်၊ အပူ ချိန်တိုင်းတယ်၊ ဖျားတဲ့သူတွေ့ ရင် ဘယ်နိုင်ငံကပြန်လာလဲ၊ ဘာ ကြောင့်ဖျားလဲ ဒီလိုရှာတယ်။ သံသယလူနာဆို သွေးစစ်ပြီး ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ရမယ်။ လုပ်ပြီးတော့ တကယ်ဖြစ်ပြီဆိုရင် သူ့ကို ခြင်ကိုက်မခံရအောင်ထားရမယ်။ ဖြစ်နိုင်ရင် ခွဲခြားထားပြီး ဒီနည်းအားဖြင့်လည်း ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်တယ်။

ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပါဆရာ။

မြန်မာပြည်မှာတော့ သက် သေပြနိုင်တဲ့ လူနာမတွေ့သေး ဘူး။ သို့သော်လည်း အချိန်မရွေး ရောက်လာနိုင်တယ်လို့ ထင် တယ်။ အကောင်းဆုံးကာကွယ်မှု ကတော့ ခြင်ကိုက်မခံရအောင် နေဖို့ပေါ့။ ဒါလည်း တော်တော် ခက်တဲ့အရာပါ။ ခြင်၊ ပိုးလောက် လမ်းနှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ရမယ်။ အဘိတ်ဆေးခတ်ရ မယ်။ ဒါဆိုရင်ခြင်ပေါက်ဖွားမှုက တော်တော်လေးနည်းတယ်။ဆေး စိမ်ခြင်ထောင်သုံးသင့်တယ်။ ခြင် မကိုက်စေတဲ့ ဆေးတွေလိမ်းသင့် တယ်။ ခြင်နှိမ်နင်းရေး၊ ပိုးလောက် လမ်းနှိမ်နင်းရေးကို အစိုးရကိုပဲ အားမကိုးဘဲ လူတိုင်းတစ်နိုင်တစ် ပိုင်လုပ်သင့်တယ်။ အခုဆိုရင် ပိုး လောက်လမ်းသတ်ဆေး တီမီဂတ် ၁ရာခိုင်နှုန်းဆိုတာရနေပြီ။ ခြင်နှိမ် နင်းရေးအတွက် အသုံးဝင်တဲ့ ဆေးဖြစ်တယ်။ လူတိုင်းက များ များဖြန့်ပြီး အသုံးပြုလို့ ခြင်နှိမ် နင်းရေးတွေ အောင်မြင်လာရင် ဇီကာဗိုင်းရပ်စ်နဲ့ သွေးလွန်တုပ် ကွေးရောဂါအတွက် ကာကွယ်မှု မှာ ထိရောက်လာမယ်။

ကျေးဇူးတင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top