Kantharyar Centre
×




Credit : Duwun

#Unicode Version

လက်ရှိဇနီးသည်အပြင် နောက်ထပ်အမျိုးသမီးတစ်ဦး ရှိနေသေးတယ်လို့ ဝန်ခံလိုက်တဲ့ ခင်ပွန်းဖြစ်သူကို ဇနီးသည်က ဓါးနဲ့မွှမ်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု နိုင်ဂျီးရီးယားမှာ ဖြစ်ပွားခဲ့ပါတယ်။

ရဲတွေက အမည်မဖော်ပြတဲ့ ဇနီးသည်ဖြစ်သူဟာ သူ့ရဲ့ခင်ပွန်းက နောက်ထပ် အမျိုးသမီးတစ်ယောက်ကိုလည်း လက်ထပ်ထားသေးကြောင်း သိရှိလိုက်ရပြီးနောက် ဒေါသထွက်ပြီး အခုလို ပြုလုပ်ခဲ့မိတာဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ ဓါးမွှမ်းခံရတဲ့ ဒဏ်ရာပေါင်းများစွာ ခန္ဓာကိုယ်ပေါ်မှာ ရခဲ့ပြီး အသက်အန္တရယ်စိုးရိမ်ရလောက်တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စနေညမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦး ချစ်တင်းနှောနေစဉ်မှာ ခင်ပွန်းဖြစ်သူက ဝန်ခံခဲ့တာပါ။ အဲဒီနောက် အမျိုးသား အိပ်ပျော်သွားတဲ့အချိန်ကြမှသာ ဇနီးသည်ဖြစ်သူက ဓါးနဲ့မွှမ်းခဲ့တာဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေက ရေးသားဖော်ပြပါတယ်။ ခင်ပွန်းသည်ထံမှာ ရင်ဘတ်အပါအဝင်လက်တွေ၊ ဝမ်းဗိုက်တွေမှာ ဓါးဒဏ်ရာများစွာ ရရှိခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top