Property Expo
×


သင့္က်န္းမာေရးအတြက္ ေကာင္းမြန္ျခင္းေတြ ယူေဆာင္လာမယ့္အရာကို သင့္အိတ္ကပ္ထဲထည့္ၿပီး သယ္ေဆာင္သြားႏုိင္ပါၿပီ။ ကမၻာတစ္လႊားမွာရွိတဲ့ သုေတသနပညာရွင္ေတြရဲ႕ ေတြ႕ရွိခ်က္တစ္ခုကေတာ့  အခြံမာသီး အေစ့အဆံေတြ လက္တစ္ဆုပ္စာ ေန႕စဥ္စားေသာက္ေပးတဲ့ သူေတြဟာ ပံုမွန္သက္တမ္းထက္ ၂၀ရာခိုင္ႏႈန္း ပိုမို ရွင္သန္ႏုိင္ၾကပါတယ္တဲ့။

          ဟုတ္ပါတယ္။ ဒီအခြံမာသီးေတြဟာ သင့္ရဲ႕ႏွလံုးကိုအားေကာင္းေစၿပီး ကင္ဆာျဖစ္ပြားမႈႏႈန္းကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႕ တစ္ေန႕ကိုလက္တစ္ဆုပ္စာ ေန႕စဥ္စားျဖစ္မယ္ဆုိရင္ ေရြးခ်ယ္သင့္တဲ့ အေစ့ေတြကေတာ့ -

(၁)     သစ္ၾကားသီး

          သစ္ၾကားသီးက LDL ကိုလက္စထေရာ ၊ ရင္ပူျခင္းနဲ႕ ႏွလံုးေရာဂါျဖစ္ပြားမႈ ႏႈန္းေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ႏွလံုးေရာဂါ ျဖစ္ပြားမႈနဲ႕ ႀကိဳတင္ကာကြယ္ဖုိ႕ အေကာင္းဆံုး အေစ့အဆံ တစ္မ်ိဳးပါ။

(၂)     သစ္အယ္သီး

          သစ္အယ္သီးေတြကိုေတာ့ အမ်ားစုက ၀ိတ္ေလ်ာ့လုိတဲ့ သူေတြအတြက္ အသံုးတည့္တဲ့ အရာလုိ႕ သိထားၾကပါတယ္။ တကယ္လုိ႕ သစ္အယ္သီး တစ္ေန႔ကို လက္တစ္ဆုပ္ စားေပးမယ္ဆုိရင္ေတာ့ က်န္းမာေရးနဲ႕မညီညြတ္တဲ့ အဆီေတြကို ဖယ္ရွားေပးႏုိင္ၿပီး က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အဆီဓါတ္ေတြကိုသာ စားသံုးမိလာေစပါတယ္။

(၃)     ရင္ကြဲေစ့ (အစိမ္းေရာင္အေစ့အဆံပါသည့္ အခြံမာသီးတစ္မ်ိဳး)

           ဦးေႏွာက္နဲ႕ ဆက္စပ္ေနတဲ့ အစိတ္အပိုင္းေတြရဲ႕ ေသြးလွည့္ပတ္မႈႏႈန္းကို ေကာင္းမြန္ေစတဲ့အတြက္ ဦးေႏွာက္နဲ႔ပတ္သက္တဲ့ ထိခိုက္ဒဏ္ရာ ျဖစ္ပြားမႈႏႈန္းေတြကို ေလ်ာ့နည္းေစပါတယ္။

(၄)         ဗာဒံေစ့

             ၀ိတ္က်ခ်င္ပါသလား?။ ဗာဒံေစ့စားပါ။ မွတ္ဥာဏ္အားေကာင္းလုိပါသလား?။ ဗာဒံေစ့ စားပါ။ သုေတသနပညာရွင္ေတြရဲ႕ ရွာေဖြေတြ႕ရွိခ်က္အရ ဗာဒံေစ့ေန႕စဥ္ စားသူေတြဟာ ထပ္တက္လာမယ့္ ကိုယ္အေလးခ်ိန္ရဲ႕ ၆၀ရာခိုင္ႏႈန္းနီးပါးကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဗာဒံေစ့ေတြဟာ အမွ်င္ဓါတ္ပါ၀င္မႈႏႈန္း ျမင့္မားတာေၾကာင့္ သင့္ကို ဗိုက္ျပည့္ေနေစတယ္လုိ႕ ခံစားရေစပါတယ္။

(၅)         သီဟိုဠ္ေစ့

             ကယ္ဆီယံဓါတ္နဲ႕ အလားတူပဲ မက္ဂနီဆီယမ္ကလည္း သင့္ခႏၶာကိုယ္မွာရွိတဲ့ အရိုးေတြ သန္မာဖုိ႕ အတြက္ လုိအပ္ပါတယ္။ သီဟိုဠ္ေစ့ေတြမွာ လုိအပ္တဲ့ မက္ဂနီဆီယမ္ဓါတ္ အျပည့္အ၀ ပါ၀င္ပါတယ္။ မက္ဂနီဆီယမ္ဓါတ္ မရွိျခင္းက အရိုးအေၾကာေရာဂါေတြ ျဖစ္လြယ္ပါတယ္။ အရသာ ပိုေကာင္းခ်င္တယ္ ဆုိရင္ေတာ့ သီဟိုဠ္ေစ့ကို ေၾကာ္လုိက္ၿပီး ဆားနဲ႕တို႔စားေပးပါ။

             အရသာလည္းရွိၿပီး ရွာရတာလည္းမခက္ခဲတဲ့ ဒီအေစ့ေတြမွာ သင္ထင္မွတ္မထားတဲ့ အက်ိဳးေက်းဇူးေတြ အျပည့္အ၀ပါ၀င္ပါတယ္။ ဒါေၾကာင့္ ေန႕တုိင္းမစားႏုိင္ရင္ေတာင္ အနည္းဆံုးေတာ့ တစ္ပတ္ကို ေလးႀကိမ္/ငါးႀကိမ္ေလာက္ စားေပးသင့္ေၾကာင္း အႀကံျပဳလုိက္ပါရေစ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

 သင့်ကျန်းမာရေးအတွက် ကောင်းမွန်ခြင်းတွေ ယူဆောင်လာမယ့်အရာကို သင့်အိတ်ကပ်ထဲထည့်ပြီး သယ်ဆောင်သွားနိုင်ပါပြီ။ ကမ္ဘာတစ်လွှားမှာရှိတဲ့ သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်တစ်ခုကတော့  အခွံမာသီး အစေ့အဆံတွေ လက်တစ်ဆုပ်စာ နေ့စဉ်စားသောက်ပေးတဲ့ သူတွေဟာ ပုံမှန်သက်တမ်းထက် ၂၀ရာခိုင်နှုန်း ပိုမို ရှင်သန်နိုင်ကြပါတယ်တဲ့။

          ဟုတ်ပါတယ်။ ဒီအခွံမာသီးတွေဟာ သင့်ရဲ့နှလုံးကိုအားကောင်းစေပြီး ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်နေ့ကိုလက်တစ်ဆုပ်စာ နေ့စဉ်စားဖြစ်မယ်ဆိုရင် ရွေးချယ်သင့်တဲ့ အစေ့တွေကတော့ -

(၁)     သစ်ကြားသီး

          သစ်ကြားသီးက LDL ကိုလက်စထရော ၊ ရင်ပူခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားမှု နှုန်းတွေကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုနဲ့ ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံး အစေ့အဆံ တစ်မျိုးပါ။

(၂)     သစ်အယ်သီး

          သစ်အယ်သီးတွေကိုတော့ အများစုက ဝိတ်လျော့လိုတဲ့ သူတွေအတွက် အသုံးတည့်တဲ့ အရာလို့ သိထားကြပါတယ်။ တကယ်လို့ သစ်အယ်သီး တစ်နေ့ကို လက်တစ်ဆုပ် စားပေးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓါတ်တွေကိုသာ စားသုံးမိလာစေပါတယ်။

(၃)     ရင်ကွဲစေ့ (အစိမ်းရောင်အစေ့အဆံပါသည့် အခွံမာသီးတစ်မျိုး)

           ဦးနှောက်နဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတွေရဲ့ သွေးလှည့်ပတ်မှုနှုန်းကို ကောင်းမွန်စေတဲ့အတွက် ဦးနှောက်နဲ့ပတ်သက်တဲ့ ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုနှုန်းတွေကို လျော့နည်းစေပါတယ်။

(၄)         ဗာဒံစေ့

             ဝိတ်ကျချင်ပါသလား?။ ဗာဒံစေ့စားပါ။ မှတ်ဉာဏ်အားကောင်းလိုပါသလား?။ ဗာဒံစေ့ စားပါ။ သုတေသနပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ဗာဒံစေ့နေ့စဉ် စားသူတွေဟာ ထပ်တက်လာမယ့် ကိုယ်အလေးချိန်ရဲ့ ၆၀ရာခိုင်နှုန်းနီးပါးကို လျော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗာဒံစေ့တွေဟာ အမျှင်ဓါတ်ပါဝင်မှုနှုန်း မြင့်မားတာကြောင့် သင့်ကို ဗိုက်ပြည့်နေစေတယ်လို့ ခံစားရစေပါတယ်။

(၅)         သီဟိုဠ်စေ့

             ကယ်ဆီယံဓါတ်နဲ့ အလားတူပဲ မက်ဂနီဆီယမ်ကလည်း သင့်ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေ သန်မာဖို့ အတွက် လိုအပ်ပါတယ်။ သီဟိုဠ်စေ့တွေမှာ လိုအပ်တဲ့ မက်ဂနီဆီယမ်ဓါတ် အပြည့်အ၀ ပါဝင်ပါတယ်။ မက်ဂနီဆီယမ်ဓါတ် မရှိခြင်းက အရိုးအကြောရောဂါတွေ ဖြစ်လွယ်ပါတယ်။ အရသာ ပိုကောင်းချင်တယ် ဆိုရင်တော့ သီဟိုဠ်စေ့ကို ကြော်လိုက်ပြီး ဆားနဲ့တို့စားပေးပါ။

             အရသာလည်းရှိပြီး ရှာရတာလည်းမခက်ခဲတဲ့ ဒီအစေ့တွေမှာ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေ အပြည့်အဝပါဝင်ပါတယ်။ ဒါကြောင့် နေ့တိုင်းမစားနိုင်ရင်တောင် အနည်းဆုံးတော့ တစ်ပတ်ကို လေးကြိမ်/ငါးကြိမ်လောက် စားပေးသင့်ကြောင်း အကြံပြုလိုက်ပါရစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top