Kantharyar Centre
×

 ကမၻာ့ခ်န္ပီယံရွစ္စကိတ္ ၿပိဳင္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ့လက္ေရြးစင္ စကိတ္စီးကစားသမား ေရြးခ်ယ္ပြဲကို ေအာက္တုိဘာအတြင္း ရန္ကုန္ၿမိဳ႕၌ က်င္းပမည္ျဖစ္သည္။
၂၀၁၆ ကမၻာ့ခ်န္ပီယံရွစ္ စကိတ္ၿပိဳင္ပြဲကို လာမည့္ႏို၀င္ဘာ  ၁၈ ရက္မွ ၂၂ ရက္အထိ ထိုင္း ႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၌ က်င္းပ မည္ျဖစ္သည္။ အဆိုပါၿပိဳင္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ တစ္ႏိုင္ငံလံုးရွိ စကိတ္စီးကစား သမားမ်ား ယွဥ္ၿပိဳင္ႏိုင္မည့္ ျမန္ မာ စကိတ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ျပဳလုပ္ကာ ေရြးခ်ယ္ရန္စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံ  စကိတ္စီး၀ါသနာရွင္မ်ားအသင္းဥကၠ႒ ကိုလြင္လတ္ကေျပာၾကားသည္။


‘‘ကမၻာ့ခ်န္ပီယံၿပိဳင္ပြဲျဖစ္ေန  တာေၾကာင့္ ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ လူေရြးပြဲလုပ္  မယ္။ အေကာင္းဆံုးကစားသမား ၁၅ ေယာက္ကိုေရြးၿပီး သြားၿပိဳင္ မယ္’’ဟု ကိုလြင္လတ္က ေျပာ သည္။

ယင္းလူေရြးပြဲကုိ မူလက ၾသဂုတ္အတြင္း ျပဳလုပ္ရန္ စီစဥ္ခဲ့ေသာ္လည္း စပြန္ဆာအခက္အခဲႏွင့္ တုိင္းေဒသႀကီးအစုိးရထံ တင္ျပထားသည့္  စကိတ္ကြင္းအခက္အခဲမ်ားေၾကာင့္ ရက္ေရႊ႕ေျပာင္းခဲ့ရေၾကာင္း ၎ကဆုိသည္။

မေလးရွားႏိုင္ငံ၌ ၿပီးခဲ့သည့္ ေမလအတြင္း က်င္းပေသာ တတိယအႀကိမ္ အာဆီယံဖရီးစတိုင္ စကိတ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲသို႔  ၀င္ေရာက္ယွဥ္ၿပိဳင္သည့္ ျမန္မာ  စကိတ္စီး အားကစားအဖြဲ႕သည္ ဆုတံဆိပ္ရရွွိျခင္း မရွိေသာ္လည္း ႏွစ္မိနစ္အတြင္း စည္းခ်က္ညီ အ  လွစီးျပရသည့္ စကိတ္ၿပိဳင္ပြဲ၌ အ  ဆင့္ (၁၀)အတြင္း ၀င္ေရာက္ခဲ့ ျခင္းေၾကာင့္ လာမည့္ ကမၻာ့ခ်န္ပီ ယံရွစ္ စကိတ္ၿပိဳင္ပြဲသို႔ ၀င္ေရာက္  ယွဥ္ၿပိဳင္ခြင့္ရရွိသည္။

ျမန္မာႏိုင္ငံ စကိတ္ခ်န္ပီယံ  ရွစ္ၿပိဳင္ပြဲက်င္းပမည့္ စကိတ္ကြင္း  ရရွိရန္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ တင္ျပထားၿပီး ယင္းလူေရြးပြဲတြင္ အမ်ိဳးသား၊ အ  မ်ိဳးသမီးၿပိဳင္ပြဲမ်ား ပါ၀င္မည္ျဖစ္ ကာ ၿပိဳင္ပြဲအမ်ိဳးအစား ၁၀ မ်ိဳးခန္႔  ထည့္သြင္းက်င္းပႏိုင္ရန္ ညႇိႏႈိင္း ေနေၾကာင္း သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ကမ္ဘာ့ချန်ပီယံရှစ်စကိတ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် စကိတ်စီးကစားသမား ရွေးချယ်ပွဲကို အောက်တိုဘာအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

၂၀၁၆ ကမ္ဘာ့ချန်ပီယံရှစ် စကိတ်ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ  ၁၈ ရက်မှ ၂၂ ရက်အထိ ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပ မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ တစ်နိုင်ငံလုံးရှိ စကိတ်စီးကစား သမားများ ယှဉ်ပြိုင်နိုင်မည့် မြန် မာ စကိတ်ချန်ပီယံရှစ်ပြိုင်ပွဲ ပြုလုပ်ကာ ရွေးချယ်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ  စကိတ်စီးဝါသနာရှင်များအသင်းဥက္ကဋ္ဌ ကိုလွင်လတ်ကပြောကြားသည်။


‘‘ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်နေ  တာကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူရွေးပွဲလုပ်  မယ်။ အကောင်းဆုံးကစားသမား ၁၅ ယောက်ကိုရွေးပြီး သွားပြိုင် မယ်’’ဟု ကိုလွင်လတ်က ပြော သည်။

ယင်းလူရွေးပွဲကို မူလက သြဂုတ်အတွင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း စပွန်ဆာအခက်အခဲနှင့် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသည့်  စကိတ်ကွင်းအခက်အခဲများကြောင့် ရက်ရွှေ့ပြောင်းခဲ့ရကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံ၌ ပြီးခဲ့သည့် မေလအတွင်း ကျင်းပသော တတိယအကြိမ် အာဆီယံဖရီးစတိုင် စကိတ်ချန်ပီယံရှစ်ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ  စကိတ်စီး အားကစားအဖွဲ့သည် ဆုတံဆိပ်ရရှှိခြင်း မရှိသော်လည်း နှစ်မိနစ်အတွင်း စည်းချက်ညီ အ  လှစီးပြရသည့် စကိတ်ပြိုင်ပွဲ၌ အ  ဆင့် (၁၀)အတွင်း ဝင်ရောက်ခဲ့ ခြင်းကြောင့် လာမည့် ကမ္ဘာ့ချန်ပီ ယံရှစ် စကိတ်ပြိုင်ပွဲသို့ ဝင်ရောက်  ယှဉ်ပြိုင်ခွင့်ရရှိသည်။

မြန်မာနိုင်ငံ စကိတ်ချန်ပီယံ  ရှစ်ပြိုင်ပွဲကျင်းပမည့် စကိတ်ကွင်း  ရရှိရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီး ယင်းလူရွေးပွဲတွင် အမျိုးသား၊ အ  မျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ် ကာ ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးခန့်  ထည့်သွင်းကျင်းပနိုင်ရန် ညှိနှိုင်း နေကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top