Kantharyar Centre
×

စစ္မႈထမ္းေဆာင္ေန သည့္ ကေလးသူငယ္ႏွင့္လူငယ္ ၅၅ ဦးကို အစိုးရသစ္လက္ထက္ တြင္ ပထမဆံုးအႀကိမ္အျဖစ္ ယခုလ ၉ ရက္၌ တပ္မေတာ္မွ ႏုတ္ထြက္ခြင့္ျပဳခဲ့ေၾကာင္း သ တင္းရရွိသည္။

၂၀၁၂ ပူးတြဲလုပ္ငန္း ေဆာင္ရြက္မႈစီမံခ်က္လက္မွတ္ ေရးထိုးၿပီးခ်ိန္မွ ယခုအခ်ိန္အထိ ကေလးသူငယ္ႏွင့္ လူငယ္ ၈၀၀ ကို တပ္မေတာ္က ႏုတ္ထြက္ခြင့္ ျပဳၿပီး ျဖစ္ေၾကာင္း ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႕ (ယူနီ ဆက္) က သတင္းထုတ္ျပန္သည္။

တပ္မေတာ္ကႏုတ္ထြက္ခြင့္ ျပဳျခင္းႏွင့္ျမန္မာအစိုးရ၏ ပူးတြဲ လုပ္ငန္းေဆာင္ရြက္မႈစီမံခ်က္ အေကာင္အထည္ေဖာ္မႈအတြက္ ႀကိဳဆိုၿပီး လက္နက္ကိုင္တပ္ဖြဲ႕ မ်ားအတြင္း ကေလးသူငယ္မ်ား တပ္သားအျဖစ္ စုေဆာင္းခံရျခင္း ႏွင့္ အသံုးျပဳျခင္းတို႔ ရပ္တန္႔ရန္ အစိုးရက ဆက္လက္ႀကိဳးပမ္းရန္ လိုအပ္ေၾကာင္း ႀကီးေလးေသာ ကေလးသူငယ္အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားကို ေစာင့္ၾကည့္ ေလ့လာေရးႏွင့္ အစီရင္ခံစာတင္ ျပေရး ႏိုင္ငံအလိုက္ အထူးတာ ၀န္အဖြဲ႕ (CTFMR) ပူးတြဲဥကၠ႒၊ ျမန္မာႏိုင္ငံဆုိင္ရာ ကုလသမဂၢ ဌာေန ညႇိႏႈိင္းေရးမွဴး မစၥရီနာတာ ဒက္ဆယ္လီယန္က ေျပာၾကား သည္။

တပ္မေတာ္အပါအ၀င္တိုင္း ရင္းသားလက္နက္ကိုင္အဖဲြ႕ခုနစ္ ဖြဲ႕ကို ကုလသမဂၢအတြင္းေရးမွဴး ခ်ဳပ္၏ လက္နက္ကိုင္ပဋိပကၡ အတြင္း ကေလးသူငယ္မ်ား စုေဆာင္း၊ အသံုးျပဳျခင္းစာရင္းတြင္ ထည့္သြင္းခဲ့သည္။

 ကုလသမဂၢက အသက္ (၁၈) ႏွစ္ေအာက္ ကေလးငယ္ မ်ား စုေဆာင္းအသံုးျပဳျခင္းကို ကာကြယ္ရန္ႏွင့္ အဆံုးသတ္ရန္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ား လက္မွတ္ေရးထိုးႏိုင္ေရး ေတြ႕ဆံုေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ယူနီဆက္က သတင္းထုတ္ျပန္သည္။

ကေလးသူငယ္မ်ား စု ေဆာင္းျခင္းႏွင့္ အသံုးျပဳျခင္းကို ျပတ္ျပတ္သားသား တားျမစ္ရန္ အသစ္ျပင္ဆင္ျပ႒ာန္းမည့္ က ေလးသူငယ္ဥပေဒတြင္ ထည့္ သြင္းက်င့္သံုးရန္၊ တပ္မေတာ္အ တြင္း တပ္သားစုေဆာင္းရာ၌ အ သက္အရြယ္ဆန္းစစ္သည့္ လုပ္ ငန္းစဥ္မ်ားႏွင့္ ကေလးသူငယ္အ ခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားမွ ကာ ကြယ္ႏိိုင္သည့္အေၾကာင္းမ်ားကို တပ္မေတာ္ သင္႐ိုးၫႊန္းတမ္းမ်ား တြင္ ထည့္သြင္းရန္ စသည္တို႔ကို အစိုးရက တိုက္တြန္းေၾကာင္း CTFMR ပူးတြဲဥကၠ႒၊ ယူနီဆက္ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္ စားလွယ္ မစၥတာဘာထရန္ဗိန္း ဘဲလ္ကေျပာၾကားသည္။

ယူနီဆက္ႏွင့္ ေ၀ါလ္ဗီးရွင္း တို႔သည္ ကေလးသူငယ္မ်ားကို တပ္မေတာ္မွ တပ္သားအျဖစ္ စု ေဆာင္းသည့္ မသကၤာဖြယ္ကိစၥ မ်ားကို ဆက္သြယ္အေၾကာင္း ၾကားႏုိင္မည့္ အေရးေပၚဖုန္းလိုင္း မ်ားအျဖစ္ ၀၉-၄၂၁၁၆၆၇၀၁ ႏွင့္ ၀၉-၄၂၁၁၆၆၇၀၂ တို႔ကို ထုတ္ျပန္ထားသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode  Version

စစ်မှုထမ်းဆောင်နေ သည့် ကလေးသူငယ်နှင့်လူငယ် ၅၅ ဦးကို အစိုးရသစ်လက်ထက် တွင် ပထမဆုံးအကြိမ်အဖြစ် ယခုလ ၉ ရက်၌ တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သ တင်းရရှိသည်။


၂၀၁၂ ပူးတွဲလုပ်ငန်း ဆောင်ရွက်မှုစီမံချက်လက်မှတ် ရေးထိုးပြီးချိန်မှ ယခုအချိန်အထိ ကလေးသူငယ်နှင့် လူငယ် ၈၀၀ ကို တပ်မတော်က နုတ်ထွက်ခွင့် ပြုပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီ ဆက်) က သတင်းထုတ်ပြန်သည်။

တပ်မတော်ကနုတ်ထွက်ခွင့် ပြုခြင်းနှင့်မြန်မာအစိုးရ၏ ပူးတွဲ လုပ်ငန်းဆောင်ရွက်မှုစီမံချက် အကောင်အထည်ဖော်မှုအတွက် ကြိုဆိုပြီး လက်နက်ကိုင်တပ်ဖွဲ့ များအတွင်း ကလေးသူငယ်များ တပ်သားအဖြစ် စုဆောင်းခံရခြင်း နှင့် အသုံးပြုခြင်းတို့ ရပ်တန့်ရန် အစိုးရက ဆက်လက်ကြိုးပမ်းရန် လိုအပ်ကြောင်း ကြီးလေးသော ကလေးသူငယ်အခွင့်အရေးချိုး ဖောက်မှုများကို စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံစာတင် ပြရေး နိုင်ငံအလိုက် အထူးတာ ဝန်အဖွဲ့ (CTFMR) ပူးတွဲဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စရီနာတာ ဒက်ဆယ်လီယန်က ပြောကြား သည်။

တပ်မတော်အပါအဝင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ် ဖွဲ့ကို ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များ စုဆောင်း၊ အသုံးပြုခြင်းစာရင်းတွင် ထည့်သွင်းခဲ့သည်။

 ကုလသမဂ္ဂက အသက် (၁၈) နှစ်အောက် ကလေးငယ် များ စုဆောင်းအသုံးပြုခြင်းကို ကာကွယ်ရန်နှင့် အဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း ယူနီဆက်က သတင်းထုတ်ပြန်သည်။

ကလေးသူငယ်များ စု ဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ပြတ်ပြတ်သားသား တားမြစ်ရန် အသစ်ပြင်ဆင်ပြဋ္ဌာန်းမည့် က လေးသူငယ်ဥပဒေတွင် ထည့် သွင်းကျင့်သုံးရန်၊ တပ်မတော်အ တွင်း တပ်သားစုဆောင်းရာ၌ အ သက်အရွယ်ဆန်းစစ်သည့် လုပ် ငန်းစဉ်များနှင့် ကလေးသူငယ်အ ခွင့်အရေး ချိုးဖောက်မှုများမှ ကာ ကွယ်နိုင်သည့်အကြောင်းများကို တပ်မတော် သင်ရိုးညွှန်းတမ်းများ တွင် ထည့်သွင်းရန် စသည်တို့ကို အစိုးရက တိုက်တွန်းကြောင်း CTFMR ပူးတွဲဥက္ကဋ္ဌ၊ ယူနီဆက် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် မစ္စတာဘာထရန်ဗိန်း ဘဲလ်ကပြောကြားသည်။

ယူနီဆက်နှင့် ဝေါလ်ဗီးရှင်း တို့သည် ကလေးသူငယ်များကို တပ်မတော်မှ တပ်သားအဖြစ် စု ဆောင်းသည့် မသင်္ကာဖွယ်ကိစ္စ များကို ဆက်သွယ်အကြောင်း ကြားနိုင်မည့် အရေးပေါ်ဖုန်းလိုင်း များအဖြစ် ၀၉-၄၂၁၁၆၆၇၀၁ နှင့် ၀၉-၄၂၁၁၆၆၇၀၂ တို့ကို ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top