Property Expo
×

                                                 (ဓာတ္ပံု − MFF)

 ၂၀၁၆ ဆူဇူကီးဖလား ေဘာလံုးၿပိဳင္ပြဲအတြက္ ျပင္ဆင္မႈ ျပဳလုပ္ေနသည့္ ျမန္မာ့လက္ေရြး စင္အသင္းႏွင့္ နယ္သာလန္ တ တိယတန္းကလပ္ EVV Echt အသင္းေျခစမ္းပြဲတြင္ တစ္ဂိုးစီ သေရက်ခဲ့ေၾကာင္း သတင္းရရွိ သည္။

 စက္တင္ဘာ ၁၄ ရက္က နယ္သာလန္ႏိုင္ငံ၌ ယွဥ္ၿပိဳင္ခဲ့ သည့္ ယင္းေျခစမ္းပြဲသည္ ျမန္မာ အသင္း၏ ဥေရာပေလ့က်င့္ေရး ခရီးစဥ္အတြင္း ပထမဆံုးေျခစမ္း ပြဲျဖစ္ၿပီး အိမ္ရွင္ကလပ္အသင္း က ဦးေဆာင္ဂိုး သြင္းယူႏိုင္ေသာ္ လည္း ေအာင္သူ၏ ေခ်ပဂိုး ေၾကာင့္ သေရရလဒ္ ထြက္ေပၚ ခဲ့သည္။


ျမန္မာ့လက္ေရြးစင္အသင္း သည္ ေက်ာ္ကိုကို၊ ၀င္းႏိုင္စိုး၊ ရန္ ေအာင္ေက်ာ္၊ ရဲကိုဦး၊ ေဇာ္မင္း ထြန္း စသူတို႔ အပါအ၀င္ အဓိက လူစာရင္းျဖင့္ ပြဲထြက္ခဲ့ၿပီး ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူကစားႏိုင္ခဲ့ေသာ္လည္း ပြဲခ်ိန္  ၂၅ မိနစ္၌ EVV Echt အသင္း တန္ျပန္တိုက္စစ္မွတစ္ဆင့္ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရသည္။

ဒုတိယပိုင္းတြင္ ျမန္မာအ သင္းက EVV Echt အသင္းကို ဆက္လက္ဖိအားေပးကစားႏိုင္ခဲ့ ကာ ပြဲခ်ိန္ ၆၁ မိနစ္တြင္ ရရွိသည့္ ျပစ္ဒဏ္ေဘာမွတစ္ဆင့္ ေအာင္ သူက တိုက္႐ိုက္ကန္သြင္းကာ ေခ်ပဂိုးသြင္းယူခဲ့ျခင္းျဖစ္သည္။ လက္က်န္ပြဲကစားခ်ိန္တြင္ ႏွစ္ သင္းစလံုး ဂိုးထပ္မံသြင္းယူႏိုင္ ျခင္း မရွိေသာေၾကာင့္ တစ္ဖက္ တစ္ဂိုးစီသေရျဖင့္ ၿပီးဆံုးခဲ့သည္။

ျမန္မာ့လက္ေရြးစင္အသင္း သည္ ဂ်ာမနီႏိုင္ငံ ဒက္စ္ေဘာဂ္ ၿမိဳ႕မွ နယ္သာလန္ႏိုင္ငံသို႔ ႏွစ္နာရီခန္႔ ကားျဖင့္ သြားေရာက္ကာ ယင္းေျခစမ္းပြဲ ကစားရျခင္းျဖစ္ သည္။

‘‘ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ ကစားသမားေတြအေနနဲ႔ အရမ္း ပင္ပန္းခဲ့ရတယ္။ အိမ္ရွင္အသင္း ကေတာ့ သက္ေသာင့္သက္သာ ကစားလို႔ရေပမယ့္ ကြၽန္ေတာ္တို႔ ဒီေျခစမ္းပြဲအတြက္ ႏွစ္နာရီခန္႔ ကားစီးလာရၿပီး ေရာက္ေရာက္ ခ်င္းဆိုသလို ပြဲကစားရေတာ့ ကစားသမားေတြ ပင္ပန္းၾကမွာ ပါ။ အစကတည္းက ေျပာထား သလို ႏိုင္၊ ႐ံႈး၊ သေရ ရလဒ္အ တြက္ ေျခစမ္းတာမဟုတ္ဘူး။ ဒီ ေန႔ပြဲရလဒ္ကိုလည္း ဘာမွမေျပာ ခ်င္ဘူး။ ကစားသမားေတြ တစ္ဦး ခ်င္း ႀကိဳးစားၿပီး အသင္းလိုက္ ကစားပံု တစ္ပြဲထက္တစ္ပြဲ ပို ေကာင္းလာဖို႔ပဲ ေမွ်ာ္လင့္ထားပါ တယ္။ အခု ဂ်ာမနီမွာ ေရာက္ေန ခ်ိန္အတြင္း အသင္းရဲ႕ စည္းလံုးမႈကေတာ့ တစ္ေန႔တျခား ပို ေကာင္းလာတာ ေတြ႕ရပါတယ္’’ ဟု ျမန္မာ့လက္ေရြးစင္အသင္း နည္းျပခ်ဳပ္ ဂတ္ဖ႐ိုင္းဒရစ္က ေျပာသည္။

ဆူဇူကီးၿပိဳင္ပြဲ အႀကိဳျပင္ ဆင္မႈအျဖစ္ ကစားသမား ၂၅ ဦး ပါ၀င္သည့္ ျမန္မာ့လက္ေရြးစင္ အသင္းသည္ စက္တင္ဘာ ၁၀ ရက္က စတင္ကာ တစ္လေက်ာ္ ၾကာျမင့္မည့္ ဥေရာပေလ့က်င့္ေျခ စမ္းခရီးစဥ္ကို သြားေရာက္ေနၿပီး စက္တင္ဘာ ၂၀ ရက္တြင္ ဒုတိ ယေျခစမ္းပြဲအျဖစ္ ဘယ္လ္ဂ်ီယံ တတိယတန္းကလပ္ Konin-klijike Berchem အသင္းႏွင့္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ျမန္မာအသင္းသည္ ဥေရာပခရီးစဥ္အတြင္း ဂ်ာမနီႏိုုင္ငံတြင္ အေျခစိုက္ကာ နယ္သာလန္၊ ဘယ္လ္ဂ်ီယံ၊ ဆိုက္ပရပ္စ္တို႔မွ ကလပ္အသင္းမ်ားႏွင့္ ေျခစမ္းပြဲ မ်ား ယွဥ္ၿပိဳင္ကစားရန္ စီစဥ္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode Version
(ဓာတ်ပုံ − MFF)

 ၂၀၁၆ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်မှု ပြုလုပ်နေသည့် မြန်မာ့လက်ရွေး စင်အသင်းနှင့် နယ်သာလန် တ တိယတန်းကလပ် EVV Echt အသင်းခြေစမ်းပွဲတွင် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သတင်းရရှိ သည်။

 စက်တင်ဘာ ၁၄ ရက်က နယ်သာလန်နိုင်ငံ၌ ယှဉ်ပြိုင်ခဲ့ သည့် ယင်းခြေစမ်းပွဲသည် မြန်မာ အသင်း၏ ဥရောပလေ့ကျင့်ရေး ခရီးစဉ်အတွင်း ပထမဆုံးခြေစမ်း ပွဲဖြစ်ပြီး အိမ်ရှင်ကလပ်အသင်း က ဦးဆောင်ဂိုး သွင်းယူနိုင်သော် လည်း အောင်သူ၏ ချေပဂိုး ကြောင့် သရေရလဒ် ထွက်ပေါ် ခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်း သည် ကျော်ကိုကို၊ ဝင်းနိုင်စိုး၊ ရန် အောင်ကျော်၊ ရဲကိုဦး၊ ဇော်မင်း ထွန်း စသူတို့ အပါအဝင် အဓိက လူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့သော်လည်း ပွဲချိန်  ၂၅ မိနစ်၌ EVV Echt အသင်း တန်ပြန်တိုက်စစ်မှတစ်ဆင့် ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသည်။

ဒုတိယပိုင်းတွင် မြန်မာအ သင်းက EVV Echt အသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ ကာ ပွဲချိန် ၆၁ မိနစ်တွင် ရရှိသည့် ပြစ်ဒဏ်ဘောမှတစ်ဆင့် အောင် သူက တိုက်ရိုက်ကန်သွင်းကာ ချေပဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ လက်ကျန်ပွဲကစားချိန်တွင် နှစ် သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင် ခြင်း မရှိသောကြောင့် တစ်ဖက် တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း သည် ဂျာမနီနိုင်ငံ ဒက်စ်ဘောဂ် မြို့မှ နယ်သာလန်နိုင်ငံသို့ နှစ်နာရီခန့် ကားဖြင့် သွားရောက်ကာ ယင်းခြေစမ်းပွဲ ကစားရခြင်းဖြစ် သည်။

‘‘ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားသမားတွေအနေနဲ့ အရမ်း ပင်ပန်းခဲ့ရတယ်။ အိမ်ရှင်အသင်း ကတော့ သက်သောင့်သက်သာ ကစားလို့ရပေမယ့် ကျွန်တော်တို့ ဒီခြေစမ်းပွဲအတွက် နှစ်နာရီခန့် ကားစီးလာရပြီး ရောက်ရောက် ချင်းဆိုသလို ပွဲကစားရတော့ ကစားသမားတွေ ပင်ပန်းကြမှာ ပါ။ အစကတည်းက ပြောထား သလို နိုင်၊ ရှုံး၊ သရေ ရလဒ်အ တွက် ခြေစမ်းတာမဟုတ်ဘူး။ ဒီ နေ့ပွဲရလဒ်ကိုလည်း ဘာမှမပြော ချင်ဘူး။ ကစားသမားတွေ တစ်ဦး ချင်း ကြိုးစားပြီး အသင်းလိုက် ကစားပုံ တစ်ပွဲထက်တစ်ပွဲ ပို ကောင်းလာဖို့ပဲ မျှော်လင့်ထားပါ တယ်။ အခု ဂျာမနီမှာ ရောက်နေ ချိန်အတွင်း အသင်းရဲ့ စည်းလုံးမှုကတော့ တစ်နေ့တခြား ပို ကောင်းလာတာ တွေ့ရပါတယ်’’ ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

ဆူဇူကီးပြိုင်ပွဲ အကြိုပြင် ဆင်မှုအဖြစ် ကစားသမား ၂၅ ဦး ပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၁၀ ရက်က စတင်ကာ တစ်လကျော် ကြာမြင့်မည့် ဥရောပလေ့ကျင့်ခြေ စမ်းခရီးစဉ်ကို သွားရောက်နေပြီး စက်တင်ဘာ ၂၀ ရက်တွင် ဒုတိ ယခြေစမ်းပွဲအဖြစ် ဘယ်လ်ဂျီယံ တတိယတန်းကလပ် Konin-klijike Berchem အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် ဥရောပခရီးစဉ်အတွင်း ဂျာမနီနိုုင်ငံတွင် အခြေစိုက်ကာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရပ်စ်တို့မှ ကလပ်အသင်းများနှင့် ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားရန် စီစဉ်ထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top