Kantharyar Centre
×

အသက္ (၁၈) ႏွစ္အရြယ္မိန္းကေလးအား ခိုးယူေပါင္းသင္း ႏွိပ္စက္ခဲ့သူအား ေထာင္ဒဏ္ ၂ ႏွစ္ခန္႔သာခ်မွတ္ျခင္းသည္ ထိ ေရာက္သည့္ ျပစ္ဒဏ္ခ်မွတ္ျခင္း မဟုတ္၍ ျပစ္မႈပုဒ္မ ၃၆၅ တြင္ အျမင့္ဆံုးခ်မွတ္ႏိုင္ေသာ ျပစ္ဒဏ္ျဖစ္သည့္ ေထာင္ဒဏ္ ခုနစ္ႏွစ္အထိ ခ်မွတ္ရန္ ယခုလ၌ အယူခံ၀င္ မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
အသက္ (၁၈) ႏွစ္အရြယ္ မိန္းကေလးအား ခိုးယူကာ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့သည့္ အျပင္ ေျခေထာက္ကို သံႀကိဳးျဖင့္ ခတ္၍ ခ်ဳပ္ေႏွာင္႐ိုက္ႏွက္သည့္ အမ်ဳိးသားကို ေျမာက္ဥကၠလာပ ၿမိဳ႕နယ္တရား႐ုံးက အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္က်ခံေစရန္ စက္တင္ဘာ ၁၅ ရက္က အမိန္႔ခ်မွတ္ ခဲ့သည္။

‘‘ခုနစ္ႏွစ္ေလာက္က်ရင္ေတာင္ သူစိုးရိမ္တယ္။ တစ္ရပ္ကြက္တည္းျဖစ္ေနလို႔။ ျပန္ထြက္လာရင္ အႏၲရာယ္ေပးမလားစိုးရိမ္တယ္။ အခုလိုမ်ဳိး ခဏေလးအျပစ္ေပးၿပီး ျပန္ထြက္လာမွာကို ပိုစိုးရိမ္တယ္’’ဟု အခရာအမ်ဳိးသမီးအဖြဲ႕မွ မနန္းေထြးက ေျပာသည္။

ထို႔ျပင္ အမ်ဳိးသမီးမ်ားအ ၾကမ္းဖက္ခံရျခင္းမ်ားအတြက္ အနိမ့္ဆံုးေထာင္ဒဏ္မည္မွ်ခ် မွတ္သင့္ေၾကာင္း သီးသန္႔ဥပေဒ တစ္ရပ္ျပ႒ာန္းထားသင့္ၿပီး ယင္း သို႔ သီးသန္႔ဥပေဒျပ႒ာန္းထားမွ သာ အမ်ဳိးသမီးမ်ားအတြက္ ကာ ကြယ္တားဆီးမႈတစ္စံုတစ္ရာရရွိ ႏိုင္မည္ဟု အမ်ဳိးသမီးအေရးလႈပ္ ရွားသူမ်ားက ေျပာသည္။

လက္ရွိတြင္ အမ်ဳိးသမီးမ်ား အား အၾကမ္းဖက္ျခင္းအတြက္ တားဆီးကာကြယ္ေပးသည့္ ဥပေဒၾကမ္းကို ေရးဆြဲၿပီးျဖစ္ကာ အဆုိပါဥပေဒထြက္ေပၚလာပါက အတိုင္း အတာတစ္ခုအထိ အမ်ဳိးသမီးမ်ားအား ကာကြယ္ႏိုင္မည္ဟု တရား လႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက သံုးသပ္သည္။

‘‘အနည္းဆံုးဘယ္ေလာက္ ခ်ကိုခ်ရမယ္ဆိုတာမ်ဳိး သတ္မွတ္ ထားရင္ အမ်ဳိးသမီးေတြအတြက္ အတိုင္းအတာတစ္ခုအထိ အကာအကြယ္ေပးႏိုင္မယ္လို႔ ထင္ တယ္။ အဲဒီဥပေဒကိုလည္း ျပည္ သူ႕လႊတ္ေတာ္ကိစၥရပ္မ်ားနဲ႔ စီရင္ ခ်က္မ်ားဥပေဒထဲမွာလည္း ပါ ထားပါတယ္။ ဒီဥပေဒသည္ ျပ႒ာန္းဖို႔လိုေနတဲ့စာရင္းမွာ ပါထားတယ္’’ဟု ေဒၚလွလွရီက ဆိုသည္။

အဆိုပါအမႈကို ၂၀၁၅ ႏို၀င္ ဘာ ၂၀ ရက္တြင္ စတင္စစ္ေဆး ၿပီး တရားလိုျပသက္ေသရွစ္ဦး၊ တရားခံျပသက္ေသ ႏွစ္ဦးတို႔ကို စစ္ေဆးၿပီးေနာက္ အထက္ပါအ တိုင္း အမိန္႔ခ်ျခင္းျဖစ္ေၾကာင္း ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား ႐ုံးမွ သတင္းရရွိသည္။

၂၀၁၅ စက္တင္ဘာ ၂၃ ရက္က အသက္ (၁၈) ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးသည္ နံနက္ ၆ နာရီ ခန္႔တြင္ ေအာင္မဂၤလာအေ၀းေျပးရွိ လက္မွတ္အေရာင္းအ၀ယ္ဌာနသို႔ အလုပ္လုပ္ရန္ ေနအိမ္မွ ထြက္သြားခဲ့ရာမွ ညေနအထိ အိမ္ျပန္ေရာက္မလာေသာေၾကာင့္ မိသားစုက လုိက္လံစံုစမ္းခဲ့သည္။

ထိုသို႔စံုစမ္းရာ ၎အမ်ဳိးသမီး ကို အသက္ (၃၂)ႏွစ္အရြယ္ ေက်ာ္လင္းထြန္းဆိုသူက တစ္လတိတိ တိုင္ ခိုးယူၿပီး အလိုမတူဘဲ သား မယားအျဖစ္ ျပဳက်င့္ခဲ့သည့္အ ျပင္ ေျခေထာက္ကို သံႀကိဳးျဖင့္ခ်ည္ေႏွာင္ကာ ေနအိမ္ကို ေသာ့ပိတ္၍ လက္သီးျဖင့္ ထိုးျခင္း၊ စတီးဓားျဖင့္ ဆြဲျခစ္ျခင္း၊ ၾကက္ေမြးလက္ကိုင္႐ိုးျဖင့္ ႐ိုက္ႏွက္ျခင္းမ်ားျပဳလုပ္ခဲ့သျဖင့္ ေ၀ဘာဂီနယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူခဲ့ျခင္း ျဖစ္သည္။

‘‘သူ႕ေနာက္ကို မလိုက္ရင္ ဓားနဲ႔ ထိုးသတ္မယ္ဆိုၿပီး ၿခိမ္း ေျခာက္တယ္။ သူလာတာက ဆိုင္ကယ္နဲ႔ လာတာ။ ၿပီးေတာ့ သူ႕သူ ငယ္ခ်င္းကားနဲ႔ သမီးကိုေခၚသြား တာ’’ဟု တရားလိုအမ်ဳိးသမီးက ေျပာသည္။

အမ်ဳိးသမီးငယ္ႏွင့္ တရားခံ တို႔သည္ ယခင္က ခ်စ္သူမ်ားျဖစ္ ေသာ္လည္း အခင္းမျဖစ္ပြားမီ ကာလတြင္ အမ်ဳိးသမီးဘက္က ေနာက္ဆုတ္သြားခဲ့ၿပီး ယခုကဲ့သို႔ ခိုးယူေပါင္းသင္း၍ ေနအိမ္အတြင္း တစ္လတိတိခ်ဳပ္ေႏွာင္႐ိုက္ႏွက္ခံရျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
အသက် (၁၈) နှစ်အရွယ်မိန်းကလေးအား ခိုးယူပေါင်းသင်း နှိပ်စက်ခဲ့သူအား ထောင်ဒဏ် ၂ နှစ်ခန့်သာချမှတ်ခြင်းသည် ထိ ရောက်သည့် ပြစ်ဒဏ်ချမှတ်ခြင်း မဟုတ်၍ ပြစ်မှုပုဒ်မ ၃၆၅ တွင် အမြင့်ဆုံးချမှတ်နိုင်သော ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရန် ယခုလ၌ အယူခံဝင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အသက် (၁၈) နှစ်အရွယ် မိန်းကလေးအား ခိုးယူကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အပြင် ခြေထောက်ကို သံကြိုးဖြင့် ခတ်၍ ချုပ်နှောင်ရိုက်နှက်သည့် အမျိုးသားကို မြောက်ဥက္ကလာပ မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ကျခံစေရန် စက်တင်ဘာ ၁၅ ရက်က အမိန့်ချမှတ် ခဲ့သည်။

‘‘ခုနစ်နှစ်လောက်ကျရင်တောင် သူစိုးရိမ်တယ်။ တစ်ရပ်ကွက်တည်းဖြစ်နေလို့။ ပြန်ထွက်လာရင် အန္တရာယ်ပေးမလားစိုးရိမ်တယ်။ အခုလိုမျိုး ခဏလေးအပြစ်ပေးပြီး ပြန်ထွက်လာမှာကို ပိုစိုးရိမ်တယ်’’ဟု အခရာအမျိုးသမီးအဖွဲ့မှ မနန်းထွေးက ပြောသည်။

ထို့ပြင် အမျိုးသမီးများအ ကြမ်းဖက်ခံရခြင်းများအတွက် အနိမ့်ဆုံးထောင်ဒဏ်မည်မျှချ မှတ်သင့်ကြောင်း သီးသန့်ဥပဒေ တစ်ရပ်ပြဋ္ဌာန်းထားသင့်ပြီး ယင်း သို့ သီးသန့်ဥပဒေပြဋ္ဌာန်းထားမှ သာ အမျိုးသမီးများအတွက် ကာ ကွယ်တားဆီးမှုတစ်စုံတစ်ရာရရှိ နိုင်မည်ဟု အမျိုးသမီးအရေးလှုပ် ရှားသူများက ပြောသည်။

လက်ရှိတွင် အမျိုးသမီးများ အား အကြမ်းဖက်ခြင်းအတွက် တားဆီးကာကွယ်ပေးသည့် ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ကာ အဆိုပါဥပဒေထွက်ပေါ်လာပါက အတိုင်း အတာတစ်ခုအထိ အမျိုးသမီးများအား ကာကွယ်နိုင်မည်ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။

‘‘အနည်းဆုံးဘယ်လောက် ချကိုချရမယ်ဆိုတာမျိုး သတ်မှတ် ထားရင် အမျိုးသမီးတွေအတွက် အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးနိုင်မယ်လို့ ထင် တယ်။ အဲဒီဥပဒေကိုလည်း ပြည် သူ့လွှတ်တော်ကိစ္စရပ်များနဲ့ စီရင် ချက်များဥပဒေထဲမှာလည်း ပါ ထားပါတယ်။ ဒီဥပဒေသည် ပြဋ္ဌာန်းဖို့လိုနေတဲ့စာရင်းမှာ ပါထားတယ်’’ဟု ဒေါ်လှလှရီက ဆိုသည်။

အဆိုပါအမှုကို ၂၀၁၅ နိုဝင် ဘာ ၂၀ ရက်တွင် စတင်စစ်ဆေး ပြီး တရားလိုပြသက်သေရှစ်ဦး၊ တရားခံပြသက်သေ နှစ်ဦးတို့ကို စစ်ဆေးပြီးနောက် အထက်ပါအ တိုင်း အမိန့်ချခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်တရား ရုံးမှ သတင်းရရှိသည်။

၂၀၁၅ စက်တင်ဘာ ၂၃ ရက်က အသက် (၁၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နံနက် ၆ နာရီ ခန့်တွင် အောင်မင်္ဂလာအဝေးပြေးရှိ လက်မှတ်အရောင်းအဝယ်ဌာနသို့ အလုပ်လုပ်ရန် နေအိမ်မှ ထွက်သွားခဲ့ရာမှ ညနေအထိ အိမ်ပြန်ရောက်မလာသောကြောင့် မိသားစုက လိုက်လံစုံစမ်းခဲ့သည်။

ထိုသို့စုံစမ်းရာ ၎င်းအမျိုးသမီး ကို အသက် (၃၂)နှစ်အရွယ် ကျော်လင်းထွန်းဆိုသူက တစ်လတိတိ တိုင် ခိုးယူပြီး အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်ခဲ့သည့်အ ပြင် ခြေထောက်ကို သံကြိုးဖြင့်ချည်နှောင်ကာ နေအိမ်ကို သော့ပိတ်၍ လက်သီးဖြင့် ထိုးခြင်း၊ စတီးဓားဖြင့် ဆွဲခြစ်ခြင်း၊ ကြက်မွေးလက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သဖြင့် ဝေဘာဂီနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

‘‘သူ့နောက်ကို မလိုက်ရင် ဓားနဲ့ ထိုးသတ်မယ်ဆိုပြီး ခြိမ်း ခြောက်တယ်။ သူလာတာက ဆိုင်ကယ်နဲ့ လာတာ။ ပြီးတော့ သူ့သူ ငယ်ချင်းကားနဲ့ သမီးကိုခေါ်သွား တာ’’ဟု တရားလိုအမျိုးသမီးက ပြောသည်။

အမျိုးသမီးငယ်နှင့် တရားခံ တို့သည် ယခင်က ချစ်သူများဖြစ် သော်လည်း အခင်းမဖြစ်ပွားမီ ကာလတွင် အမျိုးသမီးဘက်က နောက်ဆုတ်သွားခဲ့ပြီး ယခုကဲ့သို့ ခိုးယူပေါင်းသင်း၍ နေအိမ်အတွင်း တစ်လတိတိချုပ်နှောင်ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top