Property Expo
×

ဒီေခတ္ႀကီးထဲမွာ အြန္လိုင္း မသံုးဖူးတဲ့သူဟာ အရာရာမွာ ေနာက္က်သလို ျဖစ္ေနပါတယ္။ အြန္လိုင္းဆိုတဲ့ အရာေၾကာင့္ ကမၻာႀကီးက ရြာႀကီးတစ္ရြာ ျဖစ္သြားခဲ့ပါၿပီ။
Facebook၊ Viber၊ Bee Talk၊ Line စတဲ့ အင္တာနက္မွတစ္ဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္မႈေတြရွိလာၿပီး သတင္းစီးဆင္းမႈေတြကလည္း ျမန္ဆန္လြန္းလွပါတယ္။

မိုင္ေပါင္းမ်ားစြာ ကြာေ၀းလြန္းတဲ့ ဘယ္ႏိုင္ငံမွာပဲျဖစ္ျဖစ္ ထူးျခားမႈတစ္စံုတစ္ရာျဖစ္ၿပီဆို အြန္လိုင္းေပၚမွာ ကလစ္တစ္ခ်က္ ႏွိပ္လိုက္႐ံုနဲ႔ အကုန္သိေနရၿပီ ျဖစ္ပါတယ္။

ဒါ့ျပင္ သူငယ္ခ်င္းအေပါင္းအသင္းကလည္း ကိုယ့္ႏိုင္ငံက လူေတြတင္မက ကမၻာအရပ္ရပ္က လူေတြကိုပါ ခင္မင္ခြင့္ရႏိုင္တဲ့အတြက္ လူအမ်ားက အြန္လိုင္းကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာတာ ျဖစ္ပါတယ္။

လက္ရွိျပည္တြင္းမွာ အင္တာနက္ အသံုးျပဳသူဦးေရ ၁၈ သန္း ေက်ာ္ရွိေနၿပီး Facebook သံုးစြဲသူ သံုးသန္းေလာက္နဲ႔ ဗိုက္ဘာအသံုးျပဳသူ ငါးသန္းေက်ာ္ ရွိေနၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက ဆက္သြယ္ေရး ေအာ္ပေရတာသံုးခုကလည္း လစဥ္ဆင္းမ္ကတ္ေတြကို ပံုမွန္ေရာင္းခ်ေနတာေၾကာင့္ အင္တာနက္အသံုးျပဳသူဦးေရဟာ ဆက္လက္တုိးတက္ေနမွာ ျဖစ္ပါတယ္။

အြန္လိုင္းအသံုးျပဳတာနဲ႔ ပတ္သက္လို႔ ေကာင္းက်ဳိးေတြရွိသလို ဆိုးက်ဳိးေတြလည္း ရွိေနပါတယ္။ ျမန္မာႏိုင္ငံလို အရာရာဖြံ႕ၿဖိဳးမႈ ေနာက္က်ခဲ့တဲ့ ႏိုင္ငံအတြက္ နည္းပညာ ဖြံ႕ၿဖိဳးမႈေတြကို ႀကိဳဆိုရမွာ ျဖစ္ေပမယ့္ အြန္လိုင္းအသံုးျပဳျခင္းကလည္း သံုးတတ္ရင္ေဆး၊ မသံုးတတ္ရင္ေဘးလို ျဖစ္ေနပါတယ္။

အဓိက အႏၲရာယ္ရွိလာတာကေတာ့ ျမန္မာမိန္းကေလးေတြပဲ ျဖစ္ပါတယ္။ အဲဒီ ျမန္မာမိန္းကေလးေတြထဲကမွ ပိုၿပီး အႏၲရာယ္ရွိလာတာက အရြယ္မေရာက္ေသးတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးေတြပဲ ျဖစ္ပါတယ္။

အဲဒီမိန္းကေလးေတြမွာ ဘယ္လို အႏၲရာယ္ရွိလာပါသလဲ။ အဓိကကေတာ့ အြန္လိုင္းကေန သမီးရည္းစားျဖစ္ၿပီး အျပင္မွာ ခ်ိန္းေတြ႕ရာက အသက္မျပည့္မီ အခ်စ္နယ္ကြၽံၾကတဲ့ ဇာတ္လမ္းေတြပဲ ျဖစ္ပါတယ္။ ဒီလို အခ်စ္နယ္ကြၽံၾကတဲ့အတြက္ မိန္းကေလးေတြရဲ႕မိဘေတြက မုဒိမ္းမႈနဲ႔ တရားစြဲဆိုမႈေတြ ရွိလာပါတယ္။

ျမန္မာလူမ်ဳိးဆိုတာ အရွက္နဲ႔ လူ ျဖစ္ေနၾကတာပါ။ ဒီလို အရွက္နဲ႔ လူ လုပ္ေနၾကတဲ့ ျမန္မာလူမႈအသိုင္းအ၀ိုင္းမွာ အြန္လိုင္းေၾကာင့္ တစ္ရွက္ကေန ႏွစ္ရွက္ျဖစ္သြားရတဲ့ ျမန္မာမိန္းကေလးေတြ ဒုနဲ႔ေဒးပါပဲ။

■ အြန္လိုင္းေပၚက အခ်စ္ဇာတ္လမ္း (၁)

လတ္တေလာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ အြန္လိုင္း အခ်စ္ဇာတ္လမ္းေလးကေတာ့ စက္တင္ဘာ ၅ ရက္က ျဖစ္ပြားခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္အရြယ္ န၀မတန္းေက်ာင္းသူ တစ္ေယာက္ ေပ်ာက္ေနတဲ့အတြက္ ကမာရြတ္ၿမိဳ႕နယ္ အမွတ္ ၃ ရပ္ကြက္ေန မိဘျဖစ္သူေတြက ကမာရြတ္ၿမိဳ႕နယ္ ရဲစခန္းမွာ လူေပ်ာက္တိုင္တန္းခဲ့ပါတယ္။

တိုင္တန္းခ်က္အရ စံုစမ္းရွာေဖြရာမွာ စက္တင္ဘာ ၈ ရက္က ေျမာက္ဒဂံုၿမိဳ႕နယ္ တည္းခိုခန္းတစ္ခုမွာ န၀မတန္းေက်ာင္းသူေလး ေရာက္ေနတာကို သတင္းရတဲ့အတြက္ ရဲတပ္ဖြဲ႕ကေန သြားေရာက္ စစ္ေဆးရာ အခန္းအတြင္း ေက်ာင္းသူေလးနဲ႔အတူ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၃၉) ရပ္ကြက္၊ သမာဓိလမ္းေန အသက္ ၂၀ ၀န္းက်င္ရိွ သန္းကုိကုိေမာင္ကို ေတြ႕ခဲ့ပါတယ္။

အဲဒီေနာက္ န၀မတန္းေက်ာင္းသူေလးကို ေမးျမန္းရာမွာ စက္တင္ဘာ ၅ ရက္က အင္တာနက္ေပၚကေန ခင္မင္ရင္းႏွီးခဲ့တဲ့ သန္းကုိကုိေမာင္က အျပင္ကို ေလွ်ာက္လည္ဖို႔ ေခၚတာေၾကာင့္ သြားေရာက္ခဲ့ၿပီး သန္းကုိကုိေမာင္က တစ္ေနရာသုိ႔ ေခၚေဆာင္ကာ အခ်ဳိရည္၊ ဘီယာနဲ႔ အမည္မသိေဆးတစ္မ်ဳိးကုိ တုိက္ေကြၽးခဲ့တယ္လို႔ န၀မတန္းေက်ာင္းသူေလးရဲ႕မိခင္ျဖစ္သူ တုိင္တန္းခ်က္အရ သိရပါတယ္။

“မိန္းကေလးက အခုခ်ိန္အထိ ေဖ်ာ္ရည္ကုိ တမ္းတေနတုန္းပဲ။ က်ဴးလြန္သူကုိ ရဲကေမးရင္ ဘီယာတုိက္တယ္လုိ႔ ေျပာခ်င္ေျပာမယ္။ ကြၽန္ေတာ္တုိ႔ မိန္းကေလးကုိေမးၿပီး ရဲစခန္းကုိ အမႈသြားဖြင့္ေတာ့လည္း ေဖ်ာ္ရည္ တုိက္ခံရတယ္ဆုိတဲ့အေၾကာင္းနဲ႔ အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။ မိန္းကေလးနဲ႔ သန္းကုိကုိေမာင္တုိ႔က အျပင္မွာ တစ္ခါမွ မေတြ႕ဖူးဘူး။ အျပင္မွာခ်ိန္းမွ ေတြ႕ဖူးတယ္။ အဲဒီမွာ သန္းကုိကုိေမာင္က ဆန္းကစ္ဘူး ထုတ္တုိက္တယ္။သူ႔အိတ္ထဲမွာ ေနာက္တစ္ဘူး ရိွေနေသးတယ္လုိ႔ မိန္းကေလးက ေျပာတယ္။ ေသာက္ၿပီးေတာ့ သူမူးၿပီး သတိမလည္ေတာ့ဘူး။ အဲဒီခ်ိန္မွာ TAXI နဲ႔ ေခၚသြားတယ္။ ဟုိတယ္မသြားခင္မွာ သန္းကုိကုိေမာင္ အိမ္ကို အရင္ပါသြားတယ္။ သတိျပန္ရလာေတာ့ အိမ္ျပန္မယ္လုိ႔ ကေလးမေလးက ေျပာတယ္။ အဲဒါနဲ႔ ညီမေလး ဘာမွမစားရေသးဘူး။ ထမင္းစားၿပီးရင္ အိမ္ျပန္ပုိ႔ေပးမယ္လုိ႔ သန္းကုိကုိေမာင္ အစ္မကုိယ္တုိင္ ထမင္းကုိ ၾကက္ဥေၾကာ္နဲ႔ ေကြၽးတယ္လုိ႔ ေျပာတယ္။ ၿပီးေတာ့ အဲဒီေကာင္ေလးက ဆန္းကစ္တစ္ဘူး ထပ္တုိက္တယ္။ အဲဒီခ်ိန္မွာပဲ တစ္ခါတည္း သတိမလည္ေတာ့ဘဲ ဟုိတယ္ေရာက္သြားတယ္လို႔ ကေလးမေလးက ကြၽန္ေတာ္တုိ႔ကုိ ေျပာတယ္” လို႔ အမႈကိစၥကို လုိက္လံကူညီေဆာင္ရြက္ေပးေနတဲ့ ကမာရြတ္ၿမိဳ႕နယ္ (၃) ရပ္ကြက္ေန ကုိသူက ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ စက္တင္ဘာ ၁၃ ရက္ နံနက္ပုိင္းက Facebook မွာ Phoe Zaw အမည္ရိွ အေကာင့္က စတင္ေရးသားေဖာ္ျပခဲ့ရာက Facebook အသုံးျပဳသူေတြက ၀ိုင္းၿပီး Share ၾကလို႔ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

“အျပင္မွာ ေလွ်ာက္လည္ဖုိ႔ က်ဴးလြန္သူကေခၚေတာ့ ေကာင္မေလးက အိမ္ေနရင္း၀တ္စုံနဲ႔ ပုိက္ဆံတစ္ေထာင္ယူတယ္။ ၿပီးေတာ့ အိမ္ကုိ မုန္႔စားမယ္လုိ႔ေျပာၿပီး ထြက္သြားတယ္လုိ႔ သိရတယ္။ ေတြ႕ၾကေတာ့ သူ႔ကုိ အခ်ဳိရည္၊ ဘီယာနဲ႔ အမည္မသိ ေဆးတစ္မ်ဳိး တုိက္တယ္လို႔ မိခင္ျဖစ္သူက လာတုိင္တဲ့ တုိင္ခ်က္မွာပါတယ္။ ၿပီးေတာ့ ကနဦး စစ္ေဆးခ်က္အရ သူမူးေမ့ေနတဲ့ အခ်ိန္မွာ တည္းခုိခန္းတစ္ခုကုိ ေခၚသြားၿပီး က်ဴးလြန္သူက သားမယားျပဳက်င့္တယ္လုိ႔ သိရပါတယ္။ အခုေတာ့ ေကာင္မေလးကုိ လုိအပ္တဲ့ ေဆးစစ္ေဆးမႈေတြနဲ႔ အျခားစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္” လို႔ ကမာရြတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက ေျပာပါတယ္။

ဒီျဖစ္စဥ္မွာ က်ဴးလြန္သူ သန္းကုိကုိေမာင္ကုိ ကမာရြတ္ၿမိဳ႕မ ရဲစခန္းက (ပ) ၅၂၆/၂၀၁၆ ရာဇသတ္ႀကီး ပုဒ္မ ၃၆၃/၃၇၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီးၿပီး စစ္ေဆးေနပါတယ္။

■ အြန္လိုင္းေပၚက အခ်စ္ဇာတ္လမ္း (၂)

ေရႊျပည္သာၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၁၄ ႏွစ္အရြယ္ န၀မတန္းေက်ာင္းသူကို အြန္လိုင္းကေန ခ်စ္ႀကိဳက္ခဲ့တဲ့ ၁၈ ႏွစ္အရြယ္ လူငယ္က ႏွစ္ညေလာက္ေပါင္းသင္းၿပီး ျပန္လႊတ္ခဲ့ရာက အဓမၼျပဳက်င့္မႈနဲ႔ အမႈဖြင့္ခံထားရပါတယ္။

ျဖစ္စဥ္က ေရႊျပည္သာၿမိဳ႕နယ္ (ည/၁၁) ရပ္ကြက္မွာ ေနထိုင္တဲ့ အသက္ ၁၄ ႏွစ္အရြယ္ န၀မတန္း ေက်ာင္းသူဟာ ဇြန္ ၁၉ ရက္ ေန႔လည္က က်ဴရွင္သြားမယ္လို႔ဆုိၿပီး ေနအိမ္ကေန ပိုက္ဆံက်ပ္သံုးေသာင္း ခြဲယူကာ ထြက္သြားေပမယ့္ ျပန္လည္မေရာက္လာတာေၾကာင့္ မိခင္က ဘုရင့္ေနာင္နယ္ေျမ ရဲစခန္းမွာ လူေပ်ာက္တုိင္ခဲ့ပါတယ္။

အဲဒီေနာက္ ဇြန္ ၂၁ ရက္မွာ ေက်ာင္းသူေလးက အင္းလ်ားကန္ေပါင္မွာ လာေရာက္ေခၚယူဖို႔ မိခင္ထံ အေၾကာင္းၾကားလို႔ သြားေရာက္ေခၚေဆာင္ခဲ့ၿပီး ေမးျမန္းရာမွာ အြန္လိုင္းကေန ခ်စ္ႀကိဳက္ခဲ့တဲ့ လူငယ္က ေပါင္းသင္းၿပီး အိမ္ျပန္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္ (၁) ရပ္ကြက္ ေရႊထီးအိမ္ရာမွာ ေနထိုင္တဲ့ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္နဲ႔ ဇြန္ ၁၉ ရက္ကေတြ႕ဆံုကာ ႐ုပ္ရွင္သြားၾကည့္ခဲ့ၿပီး ညေရာက္ေတာ့ သမုိင္းလမ္းဆံုအနီးရွိ ရႊင္ျပံဳးသူဇာ တည္းခိုခန္းမွာ တည္းခိုခဲ့ေၾကာင္း၊ ဇြန္ ၂၀ ရက္မွာ ေက်ာင္းသူေလးမွာ ပါလာတဲ့ ေရႊလက္စြပ္ကို က်ပ္ငါးေသာင္းခြဲနဲ႔ ေပါင္ႏွံကာ ညအိပ္ တည္းခိုခဲ့ေၾကာင္း၊ ဇြန္ ၂၁ ရက္မွာေတာ့ ေက်ာင္းသူေလးကို ေနအိမ္ထံ ျပန္လည္သြားေရာက္ေနထိုင္ဖို႔ ေစလႊတ္တာေၾကာင့္ အင္းလ်ားကန္ေပါင္ကို သြားေရာက္ၿပီး မိခင္ျဖစ္သူထံ ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီလို အသက္မျပည့္ေသးတဲ့ န၀မတန္းေက်ာင္းသူေလးကို ေပါင္းသင္းေနထိုင္ကာ ျပန္လႊတ္ခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ကို ဘုရင့္ေနာင္နယ္ေျမရဲစခန္းက အဓမၼျပဳက်င့္မႈ ၃၇၆ အျပင္ လူခုိးယူမႈ ပုဒ္မ ၃၆၃ စတဲ့ ပုဒ္မေတြနဲ႔ ဇြန္ ၂၂ ရက္က အမႈဖြင့္ စစ္ေဆးလ်က္ရွိပါတယ္။

ဒီျဖစ္စဥ္ႏွစ္ခုကို ၾကည့္မယ္ဆိုရင္ က်ဴးလြန္သူေရာ၊ က်ဴးလြန္ခံရသူေရာ ႏွစ္ဦးႏွစ္ဖက္စလံုးဟာ အသက္အပိုင္းအျခားအရ ငယ္ရြယ္သူေတြ ျဖစ္ေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

က်ဴးလြန္ခံရတဲ့ မိန္းကေလးႏွစ္ေယာက္လံုးက န၀မတန္းေက်ာင္းသူေတြျဖစ္ၿပီး အသက္အရြယ္ကလည္း ဆယ္ေက်ာ္သက္အရြယ္ေတြ ျဖစ္ေနပါတယ္။ ေက်ာင္းမၿပီးၾကေသးပါဘူး။ ခုမွ ပညာႏို႔ရည္ကို ေသာက္သံုးေနတဲ့ အရြယ္ေလးေတြပဲ ရွိပါေသးတယ္။ အခုလို ျဖစ္စဥ္ႀကီး ျဖစ္သြားတဲ့အတြက္ ဒီမိန္းကေလးႏွစ္ေယာက္ရဲ႕ ပညာေရးကို ဘယ္လိုခရီးဆက္မလဲဆိုတာ စိုးရိမ္စရာ ေကာင္းေနပါတယ္။

အမႈအခင္းျဖစ္ၿပီဆိုတာနဲ႔ အမႈတစ္ခုက အနည္းဆံုး ေျခာက္လတစ္ႏွစ္ေလာက္ ၾကာတတ္ပါတယ္။ ဒီလို အမႈရင္ဆိုင္တဲ့အခါ အဲဒီေက်ာင္းသူေလးႏွစ္ေယာက္ အေနနဲ႔ အရွက္နဲ႔ ဂုဏ္သိကၡာအရ ပညာေရးကို ဆံုးခန္းတိုင္ေအာင္ ဆက္လက္သင္ၾကားႏိုင္ပါ့ဦးမလား။ ဒီကေလးႏွစ္ေယာက္သာ ပညာေရးကို ဆံုးခန္းတိုင္ေအာင္ မသင္ႏိုင္ခဲ့ရင္ ဘာေတြဆက္ျဖစ္လာႏိုင္ပါသလဲ။

ေနာက္ၿပီး စဥ္းစားရမွာက သူတို႔ႏွစ္ေယာက္ရဲ႕ ပတ္၀န္းက်င္က လူေတြပဲျဖစ္ပါတယ္။ ဘ၀မွာ ဘယ္လိုမွ ျပန္ဖ်က္လို႔မရေတာ့တဲ့ အမွားအတြက္ ဒီေက်ာင္းသူေလးႏွစ္ေယာက္ဟာ ပတ္၀န္းက်င္ရဲ႕ အေျပာအဆိုကို ခံရပါေတာ့မယ္။ ဘူးအေပါက္တစ္ရာကိုသာ ပိတ္လို႔ရမယ္။ လူ႔ပါးစပ္တစ္ေပါက္ကို ပိတ္လို႔မရဘူးဆိုတဲ့ စကားအတိုင္း ပတ္၀န္းက်င္က ကဲ့ရဲ႕႐ႈတ္ခ်မႈေတြရဲ႕ဒဏ္ကို ဒီေက်ာင္းသူေလးႏွစ္ေယာက္ ခံႏိုင္ရည္ ရွိႏိုင္ပါ့မလား။

ဒီျဖစ္စဥ္ေတြကေတာ့ အြန္လိုင္းေပၚမွာ ဘာမွန္းမသိဘဲ ခ်စ္ႀကိဳက္ခဲ့တဲ့အတြက္ လက္ေတြ႕မွာ ဘ၀နဲ႔ရင္းၿပီး ေပးလိုက္ရတဲ့ အမည္းစက္ေတြပဲျဖစ္ပါတယ္။

■ သက္ငယ္မုဒိမ္းမႈ

အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္ေတြ အဓမၼျပဳက်င့္ခံရမႈက တစ္လထက္တစ္လ ပုိမုိျမင့္တက္လာခဲ့ပါတယ္။ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ ၂၀၁၂ ခုႏွစ္မွာ မုဒိမ္းမႈ ၆၅၄ မႈ၊ ၂၀၁၃ ခုႏွစ္မွာ မုဒိမ္းမႈ ၇၃၄ မႈ၊ ၂၀၁၄ ခုႏွစ္မွာ မုဒိမ္းမႈ ၇၄၁ မႈ၊ ၂၀၁၅ ခုႏွစ္မွာ မုဒိမ္းမႈ ၆၈၂ မႈ ျဖစ္ပြားခဲ့ၿပီး ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီကေန ေမလအထိ မုဒိမ္းမႈ ၃၀၅ မႈ ျဖစ္ပြားခဲ့တယ္လို႔ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ရဲ႕ စာရင္းေတြအရ သိရပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးမွာ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီကေန ဇြန္လအထိ မုဒိမ္းမႈ ၉၆ မႈ ျဖစ္ပြားခဲ့ၿပီး တစ္လကို ပ်မ္းမွ်မုဒိမ္းမႈ ၁၆ မႈ ျဖစ္ပြားခဲ့ပါတယ္။

ဒီလို မုဒိမ္းမႈ ျမင့္တက္ရတာဟာ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီတုန္းက ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပ႒ာန္းခဲ့တဲ့ ရာဇသတ္ႀကီးကုိ ျပင္ဆင္တဲ့ ဥပေဒမွာ အရြယ္မေရာက္ေသးသည့္ အမ်ဳိးသမီးကုိ အလုိတူသည္ျဖစ္ေစ၊ အလုိမတူသည္ျဖစ္ေစ ေပါင္းသင္းဆက္ဆံပါက သက္ငယ္မုဒိမ္းမႈအျဖစ္ အေရးယူရာ၌ အသက္ ၁၄ ႏွစ္မွ ၁၆ ႏွစ္ေအာက္ဟု ျပင္ဆင္သတ္မွတ္လုိက္တာေၾကာင့္ သက္ငယ္မုဒိမ္းမႈ ပုိမုိမ်ားလာတယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ အဆင့္ျမင့္ ရဲအရာရွိႀကီးတစ္ဦးက ဆိုပါတယ္။

“ယခင္ႏွစ္ေတြထက္ မုဒိမ္းမႈေတြ မ်ားတယ္ဆုိတာ ဥပေဒကုိ အသက္ျပင္ဆင္ သတ္မွတ္လုိက္လုိ႔ပါ” လို႔ သူက ေျပာပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးမွာ ေျခာက္လအတြင္း မုဒိမ္းမႈ ၉၆ မႈ ျဖစ္ပြားခဲ့တဲ့အနက္ မုဒိမ္းမႈ ၅၄ မႈမွာ အသက္ ၁၆ ႏွစ္ေအာက္ အမ်ဳိးသမီးငယ္ေတြကုိ သူတို႔ရဲ႕ ခ်စ္သူရည္းစားေတြက ခုိးယူေပါင္းသင္းရာကေန အုပ္ထိန္းသူမိဘေတြက အလုိမတူ တုိင္တန္းမႈေတြျဖစ္တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ရဲ႕ စာရင္းေတြအရ သိရပါတယ္။

ဒါ့ျပင္ ရန္ကုန္တုိင္းေဒသႀကီးမွာ ၁၆ ႏွစ္အထက္ မုဒိမ္းျပဳက်င့္ခံရမႈ ၂၄ မႈရွိခဲ့ၿပီး ၁၄ ႏွစ္နဲ႔ ၁၆ ႏွစ္အ ၾကား မုဒိမ္းျပဳက်င့္ခံရမႈငါးမႈနဲ႔ ၁၄ ႏွစ္ေအာက္ သက္ငယ္မုဒိမ္းမႈ ၁၃ မႈ ရွိတယ္လု႔ိ သိရပါတယ္။

■ ေနာက္ဆက္တြဲ ျပႆနာ

လိင္ပုိင္းဆုိင္ရာ ဗဟုသုတ အားနည္းခ်က္ေတြေၾကာင့္ အခ်ဳိ႕အမ်ဳိးသမီးငယ္ေတြဟာ အရြယ္မတုိင္မီ ကုိယ္၀န္ရွိလာပါက မိဘေဆြမ်ဳိးေတြရဲ႕ ဂုဏ္သိကၡာအရ အရပ္လက္သည္ ၀မ္းဆြဲသည္ေတြနဲ႔ ကုိယ္၀န္ဖ်က္ခ်ျခင္း၊ ေမြးဖြားၿပီး ကေလးေတြကုိ စြန္႔ပစ္ျခင္းစတဲ့ ေနာက္ဆက္တြဲ လူမႈေရးျပႆနာေတြ ေပၚေပါက္ခဲ့ပါတယ္။

ဒီကိစၥႏွင့္ပတ္သက္လို႔ ၁၈၆၁ ခုႏွစ္ ေမ ၁ ရက္က ျပ႒ာန္းခဲ့တဲ့ ရာဇသတ္ႀကီးမွာ အခုလို ျပ႒ာန္းထားတာကုိ ေတြ႕ရွိရပါတယ္။

ရာဇသတ္ႀကီးအခန္း ၁၆၊ ပုဒ္မ ၃၁၇ မွာ “အသက္ ၁၂ ႏွစ္ ေအာက္ ကေလး၏ အဘက သုိ႔တည္းမဟုတ္ အမိကေသာ္လည္းေကာင္း၊ ထုိကေလးကုိ လုံး၀စြန္႔ပစ္ရန္ အၾကံျဖင့္ မည္သည့္ေနရာတြင္မဆုိ စြန္႔ပစ္ထားလွ်င္ ထုိသူကုိ ၇ ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ဳိးမ်ဳိးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္” လို႔ ေဖာ္ျပထားပါတယ္။

ဒီပုဒ္မအတြက္ ရွင္းလင္းခ်က္မွာ “စြန္႔ပစ္ထားျခင္းေၾကာင့္ ကေလးေသဆုံးခဲ့ေသာ ျပစ္မႈက်ဴးလြန္သူကုိ အမႈအားေလ်ာ္စြာ လူသတ္မႈႏွင့္ျဖစ္ေစ၊ ရာဇ၀တ္ျပစ္ဒဏ္ထုိက္ေသာ လူေသမႈႏွင့္ျဖစ္ေစ၊ စစ္ေဆးစီရင္သည္ကုိ တားျမစ္ရန္ ဤပုဒ္မက မရည္ရြယ္” လို႔ ေဖာ္ျပထားပါတယ္။

ေမြးကင္းစကေလး စြန္႔ပစ္မႈအေနနဲ႔ တစ္ႏုိင္ငံလုံးအတုိင္းအတာအရ ရဲစခန္းေရာက္တဲ့ အမႈေပါင္းဟာ ၂၀၁၁ ခုႏွစ္မွာ ေျခာက္မႈ၊ ၂၀၁၂ ခုႏွစ္မွာ ေလးမႈ၊ ၂၀၁၃ ခုႏွစ္မွာ ကိုးမႈ၊ ၂၀၁၄ ခုႏွစ္မွာ ၁၂ မႈနဲ႔ ၂၀၁၅ ခုႏွစ္မွာ အမႈ ၂၀ အထိ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဒါ့ျပင္ ရန္ကုန္ၿမိဳ႕မွာ ၁၅ ႏွစ္ အတြင္း ကေလးစြန္႔ပစ္မႈ ၄၀၀ ေက်ာ္ ရွိၿပီး တစ္ႏွစ္ကို ပ်မ္းမွ် ကေလးငယ္ ၃၆ ဦး၊ တစ္လကို ပ်မ္းမွ်ကေလးငယ္ သံုးဦးႏႈန္း စြန္႔ပစ္ခံေနရပါတယ္။

ေမြးကင္းစကေလးငယ္ေတြကို စြန္႔ပစ္မႈေတြရွိသလို ကုိယ္၀န္ဖ်က္ခ်တဲ့ တရားမ၀င္ ေဆးခန္းေတြကလည္း ဒီေန႔ေခတ္ကာလမွာ ေနရာအႏွံ႔အျပား ဖြင့္လွစ္လာပါတယ္။

ဒီလို ေဆးခန္းေတြအေနနဲ႔ တရား၀င္ လူသတ္လုိင္စင္ခ်ေပးထားသလို လူစည္ကားရာေနရာေတြမွာ ကုိယ္၀န္ဖ်က္ခ်ေပးတဲ့ လက္ကမ္းေၾကာ္ျငာေတြကုိ ျဖန္႔ေ၀ေနၾကပါတယ္။ ဒီကေလးဖ်က္ခ်တဲ့ကိစၥနဲ႔ ပတ္သက္လို႔ ရာဇသတ္ႀကီး ပုဒ္မ ၃၁၈ မွာ “မေမြးဖြားမီျဖစ္ေစ၊ ေမြးဖြားၿပီးေနာက္ျဖစ္ေစ၊ ေမြးဖြားသည္ အတြင္းျဖစ္ေစ၊ ကေလးေသဆုံး၍ ထုိကေလး၏အေလာင္းကုိ တိတ္တဆိတ္ ေျမျမႇဳပ္ျခင္းျဖင့္ေသာ္လည္း ေကာင္း၊ အျခားနည္း ေဆာင္ရြက္ျခင္းျဖင့္ေသာ္လည္းေကာင္း၊ ကေလးေမြးဖြားေၾကာင္းကုိ တမင္ထိမ္ခ်န္လွ်င္ သုိ႔တည္းမဟုတ္ ထိမ္ခ်န္ရန္ အားထုတ္လွ်င္ ထုိသူကုိ ႏွစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ဳိးမ်ဳိးျဖစ္ေစ၊ ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ၊ ခ်မွတ္ရမည္”လို႔ ေဖာ္ျပထားပါတယ္။

ဒီလို ဥပေဒေတြ အတိအလင္း ျပ႒ာန္းထားေပမယ့္ ထိေရာက္တဲ့ က်င့္သံုးမႈမ်ဳိးမရွိဘူးလို႔ ဥပေဒပညာရွင္ေတြက ေ၀ဖန္ေထာက္ျပပါတယ္။

“ရာဇသတ္ႀကီးမွာ အတိအလင္း ျပ႒ာန္းခ်က္ေတြ ရွိပါတယ္။ အဲဒီအတုိင္း ထိထိေရာက္ေရာက္ က်င့္သုံးဖုိ႔လိုပါတယ္”လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းေအာင္က ဆိုပါတယ္။

■ အြန္လိုင္း အႏၲရာယ္

အြန္လိုင္းအသံုးျပဳေနတဲ့ သူေတြအေနနဲ႔ ေနာက္ထပ္ၾကံဳေတြ႕ေနရတဲ့ အႏၲရာယ္ကေတာ့ ၿခိမ္းေျခာက္၊ အက်ပ္ကိုင္၊ ေငြညႇစ္ေနတဲ့ ကိစၥေတြပဲ ျဖစ္ပါတယ္။

ဒီလို ၿခိမ္းေျခာက္အက်ပ္ကိုင္ ေငြညႇစ္ရာမွာ နည္းလမ္းမ်ဳိးစံုရွိ ေနၿပီး တခ်ဳိ႕ကိစၥေတြက ရည္းစားေဟာင္းကေန အရွက္ခြဲခ်င္လို႔ တမင္သက္သက္ လုပ္ေဆာင္ေနတာေတြေတာင္ ရွိပါတယ္။ သာမန္ မိန္းကေလးတစ္ေယာက္က တင္ထားတဲ့ ဓာတ္ပံုေတြကို ညစ္ညမ္း၀က္ဘ္ဆိုက္ေတြမွာတင္ၿပီး ၿခိမ္းေျခာက္တာေတြရွိသလို မိန္းကေလးေတြရဲ႕ ဖုန္းနံပါတ္ေတြကို ညစ္ညမ္းဆိုက္ေတြမွာ တင္ထားတာေတြလည္း ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ အြန္လိုင္းကေန ရာဇ၀တ္မႈက်ဴးလြန္သူေတြကို ထိေရာက္စြာအေရးယူဖို႔ ဆိုက္ဘာလံုျခံဳေရး ဥပေဒ မရွိေသးပါဘူး။ ဒါေၾကာင့္ အင္တာနက္ကို အသံုးျပဳၿပီး ဥပေဒမဲ့ျပဳလုပ္ေနတာေတြကို ဘယ္လို ဟန္႔တား ကာကြယ္မႈေတြ လုပ္မလဲဆိုတဲ့ ေမးခြန္းက အေျဖမရွိဘဲ ထိတ္လန္႔ေနရတဲ့ သေဘာမ်ဳိး ျဖစ္ေနပါတယ္။

အင္တာနက္ကေန နည္းပညာအသံုးျပဳၿပီး အသက္အႏၲရာယ္ၿခိမ္းေျခာက္တာနဲ႔ ေငြေၾကးေတာင္းခံတာေတြကို ကာကြယ္တားဆီးဖို႔ သက္ဆိုင္ရာ တာ၀န္ရွိသူေတြအေနနဲ႔ ေလ့လာေနဆဲအဆင့္သာ ရွိေသးတယ္လို႔ သိရပါတယ္။

ျမန္မာႏုိင္ငံမွာ ဆိုက္ဘာဥပေဒ မထြက္မခ်င္း ဆိုက္ဘာျပစ္မႈ က်ဴးလြန္သူေတြနဲ႔ပတ္သက္လို႔ အ ျပည့္အ၀ အကာအကြယ္ရဦးမွာ မဟုတ္ေသးပါဘူး။

“တစ္ခုခုျဖစ္ရင္ ဥပေဒပညာရွင္ေတြနဲ႔ အရင္ဆံုးတိုင္ပင္ဖို႔က အေရးႀကီးတယ္။ ေနာက္ၿပီး အခမဲ့ လိုက္ေပးတဲ့ ေရွ႕ေနေတြ ရွိေနၿပီျဖစ္တဲ့အတြက္ ျဖစ္လာရင္ အခ်က္အလက္ေတြကို ေသခ်ာ စုေဆာင္းထားဖို႔လိုတယ္”လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းေအာင္က ဆိုပါတယ္။

အင္တာနက္ကေနတစ္ဆင့္ ျပစ္မႈက်ဴးလြန္သူေတြကို ေဖာ္ထုတ္အေရးယူဖို႔ ဂူးဂဲလ္၊ Facebook စတဲ့ ကမၻာ့အဆင့္ နည္းပညာကုမၸဏီေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

■ တိုင္လို႔ရတယ္

လူမႈကြန္ရက္ေပၚမွာ ပုဂၢိဳလ္ေရးအရ ေစာ္ကားတာေတြ၊ ဂုဏ္သိကၡာ ထိခိုက္ေစႏိုင္တဲ့ အသံုးအႏႈန္းေတြ၊ မဖြယ္မရာ ဓာတ္ပံုတင္တဲ့သူေတြကို ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ)နဲ႔ အမႈဖြင့္တိုင္ၾကားႏိုင္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းေအာင္က ဆိုပါတယ္။

“Facebook ေပၚမွာ ပုဂၢိဳလ္ေရးအရ ေစာ္ကားတာပဲျဖစ္ျဖစ္၊ ဂုဏ္သိကၡာ ထိခိုက္ေစလို႔ပဲျဖစ္ျဖစ္ ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ)နဲ႔ အမႈဖြင့္တိုင္ၾကားလို႔ ရတယ္”လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းေအာင္က ေျပာပါတယ္။

အမႈနဲ႔ပတ္သက္လို႔ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ တရား႐ံုးကေန ေထာင္ဒဏ္သံုးႏွစ္အထိ ခ်မွတ္ႏိုင္ပါတယ္။

ျမန္မာျပည္မွာ ဆက္သြယ္ေရးဥပေဒနဲ႔ တိုင္ၾကားသူ အနည္းငယ္ရွိေပမယ့္ တကယ္ ဒီဥပေဒနဲ႔ အေရးယူတာကိုၾကည့္ရင္ ႏိုင္ငံေတာ္ အႀကီးအကဲပုဂၢိဳလ္ေတြကို လူမႈကြန္ရက္ စာမ်က္ေတြေပၚမွာ ေစာ္ကားတာနဲ႔ပတ္သက္ၿပီး အေရးယူခဲ့တာကိုပဲ ေတြ႕ရပါတယ္။ သာမန္ျပည္သူေတြတိုင္ၾကားတဲ့ ပုဂၢိဳလ္ေရး ထိခိုက္နစ္နာမႈေတြကိုေတာ့ ထိထိေရာက္ေရာက္ ကိုင္တြယ္တာ မေတြ႕ရေသးဘူးလို႔ ဥပေဒပညာရွင္ေတြထံက သိရပါတယ္။

အင္တာနက္စာမ်က္ႏွာေပၚ မွာပုဂၢိဳလ္ေရးဆိုင္ရာ တိုက္ခိုက္ျခင္း၊ ၿခိမ္းေျခာက္ေငြညႇစ္ျခင္း၊ ေစာ္ကားျခင္းတို႔နဲ႔ ၾကံဳေတြ႕ရရင္ ကာယကံရွင္က သက္ေသအေထာက္အထား တင္ျပၿပီး တရားစြဲဆိုႏိုင္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ အေရးေပၚ ေခၚဆိုႏိုင္ဖို႔အတြက္ Hot Line နံပါတ္ေတြအျဖစ္ ၀၆၇ – ၄၁၂၇၆၊ ၀၆၇ – ၄၁၃၆၁၆၊ ၀၆၇- ၄၀၇၁၅၈ တို႔ကို ထုတ္ျပန္ေၾကညာေပးထားပါတယ္။

■ ေျဖရွင္းနည္း ခုနစ္ခ်က္

အသက္တစ္ရာမေနရ၊ အမႈ တစ္ရာေပြရလို႔ဆိုတဲ့ စကားအတိုင္း မေသခင္ အခ်ိန္ေလးအတြင္းမွာ ကိုယ္တိုင္ ထင္မွတ္မထားတဲ့ အမႈေတြက ကိုယ့္ထံကို လာတတ္ပါတယ္။

ဒီေန႔ေခတ္အေနအထားအရ ပိုလို႔ေတာင္ အမႈျဖစ္ႏိုင္တဲ့ အေျခအေနေတြ ရွိေနပါတယ္။ မိန္းကေလးေတြအေနနဲ႔ကလည္း အြန္လိုင္းကို အသံုးျပဳရာမွာ ကိုယ့္အတြက္ အက်ဳိးရွိမယ့္ အေနအထားမ်ဳိးနဲ႔သာ အသံုးျပဳသင့္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အရြယ္မေရာက္ေသးတဲ့ ဆယ္ေက်ာ္သက္ ေက်ာင္းေနအရြယ္ မိန္းကေလးေတြနဲ႔ ပတ္သက္လို႔ အုပ္ထိန္းသူမိဘေတြကလည္း ဒီအတိုင္း လႊတ္မထားဘဲ ကိုယ့္သားသမီးရဲ႕ အေျခအေနကို ေစာင့္ၾကည့္အကဲခတ္ေနမွသာ မျဖစ္သင့္တာ မျဖစ္မွာပါ။

ဒီလိုမွမဟုတ္ဘဲ လႊတ္ထားမယ္ဆိုရင္ေတာ့ ျဖစ္ပ်က္လာမယ့္ ျပႆနာအတိမ္အနက္ဟာ ေက်ာင္းေနအရြယ္ ကိုယ့္သားသမီးအတြက္ေတာ့ တစ္ဘ၀လံုး မေဖ်ာက္ဖ်က္ႏိုင္တဲ့ အမည္းစက္ႀကီးက စြန္းထင္းသြားမွာျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိ ေခတ္ကာလမွာ ျပစ္မႈနဲ႔အႏၲရာယ္ေတြ ေပါမ်ားလာတဲ့ အြန္လမ္းဇာတ္လမ္းေတြ ျဖစ္လာၿပီဆိုရင္ ဘယ္လို ေျဖရွင္းမလဲဆိုတာနဲ႔ ပတ္သက္လို႔ အခုတေလာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနၿပီး မိန္းကေလးအမ်ားစု Share ေနၾကတဲ့ ေျဖရွင္းနည္း အခ်က္ခုနစ္ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ၿခိမ္းေျခာက္သူကို လံုး၀အ ေၾကာင္းမျပန္ပါႏွင့္။

(၂) ၿခိမ္းေျခာက္သည့္ Message မ်ားကို Screenshot ရယူသိမ္းဆည္းထားပါ။

(၃) ၿခိမ္းေျခာက္အက်ပ္ကိုင္သူကို ခ်က္ခ်င္း Block ပါ။

(၄) မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ တိုင္ပင္၍ အကူအညီရယူပါ။ မိတ္ေဆြမ်ားအေနႏွင့္ ၿခိမ္းေျခာက္အက်ပ္ကိုင္သည့္ Message မ်ားကို အဆင့္ဆင့္ မ,Share သင့္ပါ။ ၿခိမ္း ေျခာက္သူကို အားေပးရာေရာက္ပါသည္။ အျခားနည္းလမ္းမ်ားျဖင့္သာ ကူညီသင့္ပါသည္။ ၿခိမ္းေျခာက္သူကို သက္ေသမ်ား သိမ္းဆည္းထားေၾကာင္း၊ ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ေျပာႏုိင္ပါသည္။ ၀ိုင္း၍ Report လုပ္ႏိုင္ပါသည္။

(၅) ၿခိမ္းေျခာက္အက်ပ္ကိုင္သူကို Report လုပ္ပါ။ Facebook အေကာင့္သိလွ်င္ Facebook ကို Report လုပ္ပါ။ ဖုန္းနံပါတ္သိလွ်င္ သက္ဆုိင္ရာ ဖုန္းေအာ္ပေရတာကို ဆက္သြယ္ၿပီးတုိင္ပါ။

(၆) သက္ေသမ်ားေပးပို႔၍ ရဲတုိင္ပါ။ ရဲမတုိင္လွ်င္ ဘာမွ လုပ္မရပါ။ မိမိႏွင့္အတူ တျခား ၿခိမ္းေျခာက္ အက်ပ္ကိုင္ခံရသူမ်ား တိုင္ပါမ်ားလာလွ်င္ ရဲတပ္ဖြဲ႕လည္း ၿငိမ္ေနလို႔ရေတာ့မည္ မဟုတ္ပါ။ Facebook ရွိ ရဲတပ္ဖဲြ႕မ်ားႏွင့္ အစိုးရပိုင္းတာ၀န္ရွိသူမ်ား၏ Page မ်ားသို႔ ေပးပို႔ တုိင္တန္းျခင္းလည္း ျပဳလုပ္သင့္ပါသည္။

(၇) မိမိကိုယ္တုိင္ကလည္း ေကာလာဟလမ်ားျဖန္႔ေ၀ျခင္း၊ တစ္ဦးတစ္ေယာက္ကို ပုဂၢိဳလ္ေရးတိုက္ခိုက္ျခင္း စသည့္ Cyber Bully အျပဳအမူမ်ားကို ေရွာင္ရွားဖို႔လိုပါသည္။ Cyber Bully အျပဳအမူမ်ားတြင္ သတိမမူမိဘဲ ပါ၀င္မိေနျခင္း မျဖစ္ေအာင္ သတိျပဳဖို႔ လိုပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:eleven news

#Unicode Version
ဒီခေတ်ကြီးထဲမှာ အွန်လိုင်း မသုံးဖူးတဲ့သူဟာ အရာရာမှာ နောက်ကျသလို ဖြစ်နေပါတယ်။ အွန်လိုင်းဆိုတဲ့ အရာကြောင့် ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်သွားခဲ့ပါပြီ။
Facebook၊ Viber၊ Bee Talk၊ Line စတဲ့ အင်တာနက်မှတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေရှိလာပြီး သတင်းစီးဆင်းမှုတွေကလည်း မြန်ဆန်လွန်းလှပါတယ်။

မိုင်ပေါင်းများစွာ ကွာဝေးလွန်းတဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ထူးခြားမှုတစ်စုံတစ်ရာဖြစ်ပြီဆို အွန်လိုင်းပေါ်မှာ ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အကုန်သိနေရပြီ ဖြစ်ပါတယ်။

ဒါ့ပြင် သူငယ်ချင်းအပေါင်းအသင်းကလည်း ကိုယ့်နိုင်ငံက လူတွေတင်မက ကမ္ဘာအရပ်ရပ်က လူတွေကိုပါ ခင်မင်ခွင့်ရနိုင်တဲ့အတွက် လူအများက အွန်လိုင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။

လက်ရှိပြည်တွင်းမှာ အင်တာနက် အသုံးပြုသူဦးရေ ၁၈ သန်း ကျော်ရှိနေပြီး Facebook သုံးစွဲသူ သုံးသန်းလောက်နဲ့ ဗိုက်ဘာအသုံးပြုသူ ငါးသန်းကျော် ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆက်သွယ်ရေး အော်ပရေတာသုံးခုကလည်း လစဉ်ဆင်းမ်ကတ်တွေကို ပုံမှန်ရောင်းချနေတာကြောင့် အင်တာနက်အသုံးပြုသူဦးရေဟာ ဆက်လက်တိုးတက်နေမှာ ဖြစ်ပါတယ်။

အွန်လိုင်းအသုံးပြုတာနဲ့ ပတ်သက်လို့ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံလို အရာရာဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ နိုင်ငံအတွက် နည်းပညာ ဖွံ့ဖြိုးမှုတွေကို ကြိုဆိုရမှာ ဖြစ်ပေမယ့် အွန်လိုင်းအသုံးပြုခြင်းကလည်း သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးလို ဖြစ်နေပါတယ်။

အဓိက အန္တရာယ်ရှိလာတာကတော့ မြန်မာမိန်းကလေးတွေပဲ ဖြစ်ပါတယ်။ အဲဒီ မြန်မာမိန်းကလေးတွေထဲကမှ ပိုပြီး အန္တရာယ်ရှိလာတာက အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေပဲ ဖြစ်ပါတယ်။

အဲဒီမိန်းကလေးတွေမှာ ဘယ်လို အန္တရာယ်ရှိလာပါသလဲ။ အဓိကကတော့ အွန်လိုင်းကနေ သမီးရည်းစားဖြစ်ပြီး အပြင်မှာ ချိန်းတွေ့ရာက အသက်မပြည့်မီ အချစ်နယ်ကျွံကြတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်နယ်ကျွံကြတဲ့အတွက် မိန်းကလေးတွေရဲ့မိဘတွေက မုဒိမ်းမှုနဲ့ တရားစွဲဆိုမှုတွေ ရှိလာပါတယ်။

မြန်မာလူမျိုးဆိုတာ အရှက်နဲ့ လူ ဖြစ်နေကြတာပါ။ ဒီလို အရှက်နဲ့ လူ လုပ်နေကြတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အွန်လိုင်းကြောင့် တစ်ရှက်ကနေ နှစ်ရှက်ဖြစ်သွားရတဲ့ မြန်မာမိန်းကလေးတွေ ဒုနဲ့ဒေးပါပဲ။

■ အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်း (၁)

လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အွန်လိုင်း အချစ်ဇာတ်လမ်းလေးကတော့ စက်တင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသူ တစ်ယောက် ပျောက်နေတဲ့အတွက် ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်နေ မိဘဖြစ်သူတွေက ကမာရွတ်မြို့နယ် ရဲစခန်းမှာ လူပျောက်တိုင်တန်းခဲ့ပါတယ်။

တိုင်တန်းချက်အရ စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၈ ရက်က မြောက်ဒဂုံမြို့နယ် တည်းခိုခန်းတစ်ခုမှာ နဝမတန်းကျောင်းသူလေး ရောက်နေတာကို သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့ကနေ သွားရောက် စစ်ဆေးရာ အခန်းအတွင်း ကျောင်းသူလေးနဲ့အတူ မြောက်ဒဂုံမြို့နယ်၊ (၃၉) ရပ်ကွက်၊ သမာဓိလမ်းနေ အသက် ၂၀ ဝန်းကျင်ရှိ သန်းကိုကိုမောင်ကို တွေ့ခဲ့ပါတယ်။

အဲဒီနောက် နဝမတန်းကျောင်းသူလေးကို မေးမြန်းရာမှာ စက်တင်ဘာ ၅ ရက်က အင်တာနက်ပေါ်ကနေ ခင်မင်ရင်းနှီးခဲ့တဲ့ သန်းကိုကိုမောင်က အပြင်ကို လျှောက်လည်ဖို့ ခေါ်တာကြောင့် သွားရောက်ခဲ့ပြီး သန်းကိုကိုမောင်က တစ်နေရာသို့ ခေါ်ဆောင်ကာ အချိုရည်၊ ဘီယာနဲ့ အမည်မသိဆေးတစ်မျိုးကို တိုက်ကျွေးခဲ့တယ်လို့ နဝမတန်းကျောင်းသူလေးရဲ့မိခင်ဖြစ်သူ တိုင်တန်းချက်အရ သိရပါတယ်။

“မိန်းကလေးက အခုချိန်အထိ ဖျော်ရည်ကို တမ်းတနေတုန်းပဲ။ ကျူးလွန်သူကို ရဲကမေးရင် ဘီယာတိုက်တယ်လို့ ပြောချင်ပြောမယ်။ ကျွန်တော်တို့ မိန်းကလေးကိုမေးပြီး ရဲစခန်းကို အမှုသွားဖွင့်တော့လည်း ဖျော်ရည် တိုက်ခံရတယ်ဆိုတဲ့အကြောင်းနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးနဲ့ သန်းကိုကိုမောင်တို့က အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး။ အပြင်မှာချိန်းမှ တွေ့ဖူးတယ်။ အဲဒီမှာ သန်းကိုကိုမောင်က ဆန်းကစ်ဘူး ထုတ်တိုက်တယ်။သူ့အိတ်ထဲမှာ နောက်တစ်ဘူး ရှိနေသေးတယ်လို့ မိန်းကလေးက ပြောတယ်။ သောက်ပြီးတော့ သူမူးပြီး သတိမလည်တော့ဘူး။ အဲဒီချိန်မှာ TAXI နဲ့ ခေါ်သွားတယ်။ ဟိုတယ်မသွားခင်မှာ သန်းကိုကိုမောင် အိမ်ကို အရင်ပါသွားတယ်။ သတိပြန်ရလာတော့ အိမ်ပြန်မယ်လို့ ကလေးမလေးက ပြောတယ်။ အဲဒါနဲ့ ညီမလေး ဘာမှမစားရသေးဘူး။ ထမင်းစားပြီးရင် အိမ်ပြန်ပို့ပေးမယ်လို့ သန်းကိုကိုမောင် အစ်မကိုယ်တိုင် ထမင်းကို ကြက်ဥကြော်နဲ့ ကျွေးတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီကောင်လေးက ဆန်းကစ်တစ်ဘူး ထပ်တိုက်တယ်။ အဲဒီချိန်မှာပဲ တစ်ခါတည်း သတိမလည်တော့ဘဲ ဟိုတယ်ရောက်သွားတယ်လို့ ကလေးမလေးက ကျွန်တော်တို့ကို ပြောတယ်” လို့ အမှုကိစ္စကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ကမာရွတ်မြို့နယ် (၃) ရပ်ကွက်နေ ကိုသူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက Facebook မှာ Phoe Zaw အမည်ရှိ အကောင့်က စတင်ရေးသားဖော်ပြခဲ့ရာက Facebook အသုံးပြုသူတွေက ဝိုင်းပြီး Share ကြလို့ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

“အပြင်မှာ လျှောက်လည်ဖို့ ကျူးလွန်သူကခေါ်တော့ ကောင်မလေးက အိမ်နေရင်းဝတ်စုံနဲ့ ပိုက်ဆံတစ်ထောင်ယူတယ်။ ပြီးတော့ အိမ်ကို မုန့်စားမယ်လို့ပြောပြီး ထွက်သွားတယ်လို့ သိရတယ်။ တွေ့ကြတော့ သူ့ကို အချိုရည်၊ ဘီယာနဲ့ အမည်မသိ ဆေးတစ်မျိုး တိုက်တယ်လို့ မိခင်ဖြစ်သူက လာတိုင်တဲ့ တိုင်ချက်မှာပါတယ်။ ပြီးတော့ ကနဦး စစ်ဆေးချက်အရ သူမူးမေ့နေတဲ့ အချိန်မှာ တည်းခိုခန်းတစ်ခုကို ခေါ်သွားပြီး ကျူးလွန်သူက သားမယားပြုကျင့်တယ်လို့ သိရပါတယ်။ အခုတော့ ကောင်မလေးကို လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေနဲ့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” လို့ ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ကျူးလွန်သူ သန်းကိုကိုမောင်ကို ကမာရွတ်မြို့မ ရဲစခန်းက (ပ) ၅၂၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။

■ အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်း (၂)

ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူကို အွန်လိုင်းကနေ ချစ်ကြိုက်ခဲ့တဲ့ ၁၈ နှစ်အရွယ် လူငယ်က နှစ်ညလောက်ပေါင်းသင်းပြီး ပြန်လွှတ်ခဲ့ရာက အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်ခံထားရပါတယ်။

ဖြစ်စဉ်က ရွှေပြည်သာမြို့နယ် (ည/၁၁) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူဟာ ဇွန် ၁၉ ရက် နေ့လည်က ကျူရှင်သွားမယ်လို့ဆိုပြီး နေအိမ်ကနေ ပိုက်ဆံကျပ်သုံးသောင်း ခွဲယူကာ ထွက်သွားပေမယ့် ပြန်လည်မရောက်လာတာကြောင့် မိခင်က ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပါတယ်။

အဲဒီနောက် ဇွန် ၂၁ ရက်မှာ ကျောင်းသူလေးက အင်းလျားကန်ပေါင်မှာ လာရောက်ခေါ်ယူဖို့ မိခင်ထံ အကြောင်းကြားလို့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး မေးမြန်းရာမှာ အွန်လိုင်းကနေ ချစ်ကြိုက်ခဲ့တဲ့ လူငယ်က ပေါင်းသင်းပြီး အိမ်ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ရွှေထီးအိမ်ရာမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်နဲ့ ဇွန် ၁၉ ရက်ကတွေ့ဆုံကာ ရုပ်ရှင်သွားကြည့်ခဲ့ပြီး ညရောက်တော့ သမိုင်းလမ်းဆုံအနီးရှိ ရွှင်ပြုံးသူဇာ တည်းခိုခန်းမှာ တည်းခိုခဲ့ကြောင်း၊ ဇွန် ၂၀ ရက်မှာ ကျောင်းသူလေးမှာ ပါလာတဲ့ ရွှေလက်စွပ်ကို ကျပ်ငါးသောင်းခွဲနဲ့ ပေါင်နှံကာ ညအိပ် တည်းခိုခဲ့ကြောင်း၊ ဇွန် ၂၁ ရက်မှာတော့ ကျောင်းသူလေးကို နေအိမ်ထံ ပြန်လည်သွားရောက်နေထိုင်ဖို့ စေလွှတ်တာကြောင့် အင်းလျားကန်ပေါင်ကို သွားရောက်ပြီး မိခင်ဖြစ်သူထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို အသက်မပြည့်သေးတဲ့ နဝမတန်းကျောင်းသူလေးကို ပေါင်းသင်းနေထိုင်ကာ ပြန်လွှတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကို ဘုရင့်နောင်နယ်မြေရဲစခန်းက အဓမ္မပြုကျင့်မှု ၃၇၆ အပြင် လူခိုးယူမှု ပုဒ်မ ၃၆၃ စတဲ့ ပုဒ်မတွေနဲ့ ဇွန် ၂၂ ရက်က အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။

ဒီဖြစ်စဉ်နှစ်ခုကို ကြည့်မယ်ဆိုရင် ကျူးလွန်သူရော၊ ကျူးလွန်ခံရသူရော နှစ်ဦးနှစ်ဖက်စလုံးဟာ အသက်အပိုင်းအခြားအရ ငယ်ရွယ်သူတွေ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကျူးလွန်ခံရတဲ့ မိန်းကလေးနှစ်ယောက်လုံးက နဝမတန်းကျောင်းသူတွေဖြစ်ပြီး အသက်အရွယ်ကလည်း ဆယ်ကျော်သက်အရွယ်တွေ ဖြစ်နေပါတယ်။ ကျောင်းမပြီးကြသေးပါဘူး။ ခုမှ ပညာနို့ရည်ကို သောက်သုံးနေတဲ့ အရွယ်လေးတွေပဲ ရှိပါသေးတယ်။ အခုလို ဖြစ်စဉ်ကြီး ဖြစ်သွားတဲ့အတွက် ဒီမိန်းကလေးနှစ်ယောက်ရဲ့ ပညာရေးကို ဘယ်လိုခရီးဆက်မလဲဆိုတာ စိုးရိမ်စရာ ကောင်းနေပါတယ်။

အမှုအခင်းဖြစ်ပြီဆိုတာနဲ့ အမှုတစ်ခုက အနည်းဆုံး ခြောက်လတစ်နှစ်လောက် ကြာတတ်ပါတယ်။ ဒီလို အမှုရင်ဆိုင်တဲ့အခါ အဲဒီကျောင်းသူလေးနှစ်ယောက် အနေနဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအရ ပညာရေးကို ဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားနိုင်ပါ့ဦးမလား။ ဒီကလေးနှစ်ယောက်သာ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်နိုင်ခဲ့ရင် ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။

နောက်ပြီး စဉ်းစားရမှာက သူတို့နှစ်ယောက်ရဲ့ ပတ်ဝန်းကျင်က လူတွေပဲဖြစ်ပါတယ်။ ဘဝမှာ ဘယ်လိုမှ ပြန်ဖျက်လို့မရတော့တဲ့ အမှားအတွက် ဒီကျောင်းသူလေးနှစ်ယောက်ဟာ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရပါတော့မယ်။ ဘူးအပေါက်တစ်ရာကိုသာ ပိတ်လို့ရမယ်။ လူ့ပါးစပ်တစ်ပေါက်ကို ပိတ်လို့မရဘူးဆိုတဲ့ စကားအတိုင်း ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုတ်ချမှုတွေရဲ့ဒဏ်ကို ဒီကျောင်းသူလေးနှစ်ယောက် ခံနိုင်ရည် ရှိနိုင်ပါ့မလား။

ဒီဖြစ်စဉ်တွေကတော့ အွန်လိုင်းပေါ်မှာ ဘာမှန်းမသိဘဲ ချစ်ကြိုက်ခဲ့တဲ့အတွက် လက်တွေ့မှာ ဘဝနဲ့ရင်းပြီး ပေးလိုက်ရတဲ့ အမည်းစက်တွေပဲဖြစ်ပါတယ်။

■ သက်ငယ်မုဒိမ်းမှု

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရမှုက တစ်လထက်တစ်လ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၂ ခုနှစ်မှာ မုဒိမ်းမှု ၆၅၄ မှု၊ ၂၀၁၃ ခုနှစ်မှာ မုဒိမ်းမှု ၇၃၄ မှု၊ ၂၀၁၄ ခုနှစ်မှာ မုဒိမ်းမှု ၇၄၁ မှု၊ ၂၀၁၅ ခုနှစ်မှာ မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ မေလအထိ မုဒိမ်းမှု ၃၀၅ မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ မုဒိမ်းမှု ၉၆ မှု ဖြစ်ပွားခဲ့ပြီး တစ်လကို ပျမ်းမျှမုဒိမ်းမှု ၁၆ မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလို မုဒိမ်းမှု မြင့်တက်ရတာဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီတုန်းက ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေမှာ အရွယ်မရောက်သေးသည့် အမျိုးသမီးကို အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ ပေါင်းသင်းဆက်ဆံပါက သက်ငယ်မုဒိမ်းမှုအဖြစ် အရေးယူရာ၌ အသက် ၁၄ နှစ်မှ ၁၆ နှစ်အောက်ဟု ပြင်ဆင်သတ်မှတ်လိုက်တာကြောင့် သက်ငယ်မုဒိမ်းမှု ပိုမိုများလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ဆိုပါတယ်။

“ယခင်နှစ်တွေထက် မုဒိမ်းမှုတွေ များတယ်ဆိုတာ ဥပဒေကို အသက်ပြင်ဆင် သတ်မှတ်လိုက်လို့ပါ” လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ခြောက်လအတွင်း မုဒိမ်းမှု ၉၆ မှု ဖြစ်ပွားခဲ့တဲ့အနက် မုဒိမ်းမှု ၅၄ မှုမှာ အသက် ၁၆ နှစ်အောက် အမျိုးသမီးငယ်တွေကို သူတို့ရဲ့ ချစ်သူရည်းစားတွေက ခိုးယူပေါင်းသင်းရာကနေ အုပ်ထိန်းသူမိဘတွေက အလိုမတူ တိုင်တန်းမှုတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီးမှာ ၁၆ နှစ်အထက် မုဒိမ်းပြုကျင့်ခံရမှု ၂၄ မှုရှိခဲ့ပြီး ၁၄ နှစ်နဲ့ ၁၆ နှစ်အ ကြား မုဒိမ်းပြုကျင့်ခံရမှုငါးမှုနဲ့ ၁၄ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၁၃ မှု ရှိတယ်လု့ိ သိရပါတယ်။

■ နောက်ဆက်တွဲ ပြဿနာ

လိင်ပိုင်းဆိုင်ရာ ဗဟုသုတ အားနည်းချက်တွေကြောင့် အချို့အမျိုးသမီးငယ်တွေဟာ အရွယ်မတိုင်မီ ကိုယ်ဝန်ရှိလာပါက မိဘဆွေမျိုးတွေရဲ့ ဂုဏ်သိက္ခာအရ အရပ်လက်သည် ဝမ်းဆွဲသည်တွေနဲ့ ကိုယ်ဝန်ဖျက်ချခြင်း၊ မွေးဖွားပြီး ကလေးတွေကို စွန့်ပစ်ခြင်းစတဲ့ နောက်ဆက်တွဲ လူမှုရေးပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီကိစ္စနှင့်ပတ်သက်လို့ ၁၈၆၁ ခုနှစ် မေ ၁ ရက်က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးမှာ အခုလို ပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။

ရာဇသတ်ကြီးအခန်း ၁၆၊ ပုဒ်မ ၃၁၇ မှာ “အသက် ၁၂ နှစ် အောက် ကလေး၏ အဘက သို့တည်းမဟုတ် အမိကသော်လည်းကောင်း၊ ထိုကလေးကို လုံးဝစွန့်ပစ်ရန် အကြံဖြင့် မည်သည့်နေရာတွင်မဆို စွန့်ပစ်ထားလျှင် ထိုသူကို ၇ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဒီပုဒ်မအတွက် ရှင်းလင်းချက်မှာ “စွန့်ပစ်ထားခြင်းကြောင့် ကလေးသေဆုံးခဲ့သော ပြစ်မှုကျူးလွန်သူကို အမှုအားလျော်စွာ လူသတ်မှုနှင့်ဖြစ်စေ၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုနှင့်ဖြစ်စေ၊ စစ်ဆေးစီရင်သည်ကို တားမြစ်ရန် ဤပုဒ်မက မရည်ရွယ်” လို့ ဖော်ပြထားပါတယ်။

မွေးကင်းစကလေး စွန့်ပစ်မှုအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရဲစခန်းရောက်တဲ့ အမှုပေါင်းဟာ ၂၀၁၁ ခုနှစ်မှာ ခြောက်မှု၊ ၂၀၁၂ ခုနှစ်မှာ လေးမှု၊ ၂၀၁၃ ခုနှစ်မှာ ကိုးမှု၊ ၂၀၁၄ ခုနှစ်မှာ ၁၂ မှုနဲ့ ၂၀၁၅ ခုနှစ်မှာ အမှု ၂၀ အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ရန်ကုန်မြို့မှာ ၁၅ နှစ် အတွင်း ကလေးစွန့်ပစ်မှု ၄၀၀ ကျော် ရှိပြီး တစ်နှစ်ကို ပျမ်းမျှ ကလေးငယ် ၃၆ ဦး၊ တစ်လကို ပျမ်းမျှကလေးငယ် သုံးဦးနှုန်း စွန့်ပစ်ခံနေရပါတယ်။

မွေးကင်းစကလေးငယ်တွေကို စွန့်ပစ်မှုတွေရှိသလို ကိုယ်ဝန်ဖျက်ချတဲ့ တရားမဝင် ဆေးခန်းတွေကလည်း ဒီနေ့ခေတ်ကာလမှာ နေရာအနှံ့အပြား ဖွင့်လှစ်လာပါတယ်။

ဒီလို ဆေးခန်းတွေအနေနဲ့ တရားဝင် လူသတ်လိုင်စင်ချပေးထားသလို လူစည်ကားရာနေရာတွေမှာ ကိုယ်ဝန်ဖျက်ချပေးတဲ့ လက်ကမ်းကြော်ငြာတွေကို ဖြန့်ဝေနေကြပါတယ်။ ဒီကလေးဖျက်ချတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရာဇသတ်ကြီး ပုဒ်မ ၃၁၈ မှာ “မမွေးဖွားမီဖြစ်စေ၊ မွေးဖွားပြီးနောက်ဖြစ်စေ၊ မွေးဖွားသည် အတွင်းဖြစ်စေ၊ ကလေးသေဆုံး၍ ထိုကလေး၏အလောင်းကို တိတ်တဆိတ် မြေမြှုပ်ခြင်းဖြင့်သော်လည်း ကောင်း၊ အခြားနည်း ဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း၊ ကလေးမွေးဖွားကြောင်းကို တမင်ထိမ်ချန်လျှင် သို့တည်းမဟုတ် ထိမ်ချန်ရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်”လို့ ဖော်ပြထားပါတယ်။

ဒီလို ဥပဒေတွေ အတိအလင်း ပြဋ္ဌာန်းထားပေမယ့် ထိရောက်တဲ့ ကျင့်သုံးမှုမျိုးမရှိဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြပါတယ်။

“ရာဇသတ်ကြီးမှာ အတိအလင်း ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ အဲဒီအတိုင်း ထိထိရောက်ရောက် ကျင့်သုံးဖို့လိုပါတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ဆိုပါတယ်။

■ အွန်လိုင်း အန္တရာယ်

အွန်လိုင်းအသုံးပြုနေတဲ့ သူတွေအနေနဲ့ နောက်ထပ်ကြုံတွေ့နေရတဲ့ အန္တရာယ်ကတော့ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ ငွေညှစ်နေတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။

ဒီလို ခြိမ်းခြောက်အကျပ်ကိုင် ငွေညှစ်ရာမှာ နည်းလမ်းမျိုးစုံရှိ နေပြီး တချို့ကိစ္စတွေက ရည်းစားဟောင်းကနေ အရှက်ခွဲချင်လို့ တမင်သက်သက် လုပ်ဆောင်နေတာတွေတောင် ရှိပါတယ်။ သာမန် မိန်းကလေးတစ်ယောက်က တင်ထားတဲ့ ဓာတ်ပုံတွေကို ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာတင်ပြီး ခြိမ်းခြောက်တာတွေရှိသလို မိန်းကလေးတွေရဲ့ ဖုန်းနံပါတ်တွေကို ညစ်ညမ်းဆိုက်တွေမှာ တင်ထားတာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဖို့ ဆိုက်ဘာလုံခြုံရေး ဥပဒေ မရှိသေးပါဘူး။ ဒါကြောင့် အင်တာနက်ကို အသုံးပြုပြီး ဥပဒေမဲ့ပြုလုပ်နေတာတွေကို ဘယ်လို ဟန့်တား ကာကွယ်မှုတွေ လုပ်မလဲဆိုတဲ့ မေးခွန်းက အဖြေမရှိဘဲ ထိတ်လန့်နေရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အင်တာနက်ကနေ နည်းပညာအသုံးပြုပြီး အသက်အန္တရာယ်ခြိမ်းခြောက်တာနဲ့ ငွေကြေးတောင်းခံတာတွေကို ကာကွယ်တားဆီးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လေ့လာနေဆဲအဆင့်သာ ရှိသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆိုက်ဘာဥပဒေ မထွက်မချင်း ဆိုက်ဘာပြစ်မှု ကျူးလွန်သူတွေနဲ့ပတ်သက်လို့ အ ပြည့်အ၀ အကာအကွယ်ရဦးမှာ မဟုတ်သေးပါဘူး။

“တစ်ခုခုဖြစ်ရင် ဥပဒေပညာရှင်တွေနဲ့ အရင်ဆုံးတိုင်ပင်ဖို့က အရေးကြီးတယ်။ နောက်ပြီး အခမဲ့ လိုက်ပေးတဲ့ ရှေ့နေတွေ ရှိနေပြီဖြစ်တဲ့အတွက် ဖြစ်လာရင် အချက်အလက်တွေကို သေချာ စုဆောင်းထားဖို့လိုတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ဆိုပါတယ်။

အင်တာနက်ကနေတစ်ဆင့် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ ဂူးဂဲလ်၊ Facebook စတဲ့ ကမ္ဘာ့အဆင့် နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

■ တိုင်လို့ရတယ်

လူမှုကွန်ရက်ပေါ်မှာ ပုဂ္ဂိုလ်ရေးအရ စော်ကားတာတွေ၊ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်တဲ့ အသုံးအနှုန်းတွေ၊ မဖွယ်မရာ ဓာတ်ပုံတင်တဲ့သူတွေကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ဆိုပါတယ်။

“Facebook ပေါ်မှာ ပုဂ္ဂိုလ်ရေးအရ စော်ကားတာပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာ ထိခိုက်စေလို့ပဲဖြစ်ဖြစ် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားလို့ ရတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် တရားရုံးကနေ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ပါတယ်။

မြန်မာပြည်မှာ ဆက်သွယ်ရေးဥပဒေနဲ့ တိုင်ကြားသူ အနည်းငယ်ရှိပေမယ့် တကယ် ဒီဥပဒေနဲ့ အရေးယူတာကိုကြည့်ရင် နိုင်ငံတော် အကြီးအကဲပုဂ္ဂိုလ်တွေကို လူမှုကွန်ရက် စာမျက်တွေပေါ်မှာ စော်ကားတာနဲ့ပတ်သက်ပြီး အရေးယူခဲ့တာကိုပဲ တွေ့ရပါတယ်။ သာမန်ပြည်သူတွေတိုင်ကြားတဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုတွေကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်တာ မတွေ့ရသေးဘူးလို့ ဥပဒေပညာရှင်တွေထံက သိရပါတယ်။

အင်တာနက်စာမျက်နှာပေါ် မှာပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စော်ကားခြင်းတို့နဲ့ ကြုံတွေ့ရရင် ကာယကံရှင်က သက်သေအထောက်အထား တင်ပြပြီး တရားစွဲဆိုနိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အရေးပေါ် ခေါ်ဆိုနိုင်ဖို့အတွက် Hot Line နံပါတ်တွေအဖြစ် ၀၆၇ – ၄၁၂၇၆၊ ၀၆၇ – ၄၁၃၆၁၆၊ ၀၆၇- ၄၀၇၁၅၈ တို့ကို ထုတ်ပြန်ကြေညာပေးထားပါတယ်။

■ ဖြေရှင်းနည်း ခုနစ်ချက်

အသက်တစ်ရာမနေရ၊ အမှု တစ်ရာပွေရလို့ဆိုတဲ့ စကားအတိုင်း မသေခင် အချိန်လေးအတွင်းမှာ ကိုယ်တိုင် ထင်မှတ်မထားတဲ့ အမှုတွေက ကိုယ့်ထံကို လာတတ်ပါတယ်။

ဒီနေ့ခေတ်အနေအထားအရ ပိုလို့တောင် အမှုဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ မိန်းကလေးတွေအနေနဲ့ကလည်း အွန်လိုင်းကို အသုံးပြုရာမှာ ကိုယ့်အတွက် အကျိုးရှိမယ့် အနေအထားမျိုးနဲ့သာ အသုံးပြုသင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက် ကျောင်းနေအရွယ် မိန်းကလေးတွေနဲ့ ပတ်သက်လို့ အုပ်ထိန်းသူမိဘတွေကလည်း ဒီအတိုင်း လွှတ်မထားဘဲ ကိုယ့်သားသမီးရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်နေမှသာ မဖြစ်သင့်တာ မဖြစ်မှာပါ။

ဒီလိုမှမဟုတ်ဘဲ လွှတ်ထားမယ်ဆိုရင်တော့ ဖြစ်ပျက်လာမယ့် ပြဿနာအတိမ်အနက်ဟာ ကျောင်းနေအရွယ် ကိုယ့်သားသမီးအတွက်တော့ တစ်ဘဝလုံး မဖျောက်ဖျက်နိုင်တဲ့ အမည်းစက်ကြီးက စွန်းထင်းသွားမှာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ခေတ်ကာလမှာ ပြစ်မှုနဲ့အန္တရာယ်တွေ ပေါများလာတဲ့ အွန်လမ်းဇာတ်လမ်းတွေ ဖြစ်လာပြီဆိုရင် ဘယ်လို ဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်လို့ အခုတလော အွန်လိုင်းမှာ ပျံ့နှံ့နေပြီး မိန်းကလေးအများစု Share နေကြတဲ့ ဖြေရှင်းနည်း အချက်ခုနစ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခြိမ်းခြောက်သူကို လုံးဝအ ကြောင်းမပြန်ပါနှင့်။

(၂) ခြိမ်းခြောက်သည့် Message များကို Screenshot ရယူသိမ်းဆည်းထားပါ။

(၃) ခြိမ်းခြောက်အကျပ်ကိုင်သူကို ချက်ချင်း Block ပါ။

(၄) မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်၍ အကူအညီရယူပါ။ မိတ်ဆွေများအနေနှင့် ခြိမ်းခြောက်အကျပ်ကိုင်သည့် Message များကို အဆင့်ဆင့် မ,Share သင့်ပါ။ ခြိမ်း ခြောက်သူကို အားပေးရာရောက်ပါသည်။ အခြားနည်းလမ်းများဖြင့်သာ ကူညီသင့်ပါသည်။ ခြိမ်းခြောက်သူကို သက်သေများ သိမ်းဆည်းထားကြောင်း၊ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောနိုင်ပါသည်။ ဝိုင်း၍ Report လုပ်နိုင်ပါသည်။

(၅) ခြိမ်းခြောက်အကျပ်ကိုင်သူကို Report လုပ်ပါ။ Facebook အကောင့်သိလျှင် Facebook ကို Report လုပ်ပါ။ ဖုန်းနံပါတ်သိလျှင် သက်ဆိုင်ရာ ဖုန်းအော်ပရေတာကို ဆက်သွယ်ပြီးတိုင်ပါ။

(၆) သက်သေများပေးပို့၍ ရဲတိုင်ပါ။ ရဲမတိုင်လျှင် ဘာမှ လုပ်မရပါ။ မိမိနှင့်အတူ တခြား ခြိမ်းခြောက် အကျပ်ကိုင်ခံရသူများ တိုင်ပါများလာလျှင် ရဲတပ်ဖွဲ့လည်း ငြိမ်နေလို့ရတော့မည် မဟုတ်ပါ။ Facebook ရှိ ရဲတပ်ဖွဲ့များနှင့် အစိုးရပိုင်းတာဝန်ရှိသူများ၏ Page များသို့ ပေးပို့ တိုင်တန်းခြင်းလည်း ပြုလုပ်သင့်ပါသည်။

(၇) မိမိကိုယ်တိုင်ကလည်း ကောလာဟလများဖြန့်ဝေခြင်း၊ တစ်ဦးတစ်ယောက်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း စသည့် Cyber Bully အပြုအမူများကို ရှောင်ရှားဖို့လိုပါသည်။ Cyber Bully အပြုအမူများတွင် သတိမမူမိဘဲ ပါဝင်မိနေခြင်း မဖြစ်အောင် သတိပြုဖို့ လိုပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top