Property Expo
×

အမ်ဳိးသမီးမ်ား အတြက္ ဆီးသီး ေဖ်ာ္ရည္ဟာ ၎တို႔ရဲ႕ ဆီးလမ္းေၾကာင္း ေရာဂါမ်ားကို သက္သာေစတယ္လို႔ သိလာၿပီးတဲ့ေနာက္မွာ အမ်ဳိးသမီးမ်ား အတြက္ ေန႔စဥ္ စားသံုးသင့္ေသာ အစားအစာ ငါးမ်ဳိးကို ေဖာ္ျပလိုက္ရပါတယ္။

(၁) သေဘၤာသီး

လိေမၼာ္သီး တစ္လံုးမွာ ပါတဲ့ ဗီတာမင္စီဓာတ္ထက္ သေဘၤာသီးမွာ ပါတဲ့ ဗီတာမင္စီက ႏွစ္ဆပိုမ်ား ပါတယ္။ ေက်ာက္ကပ္ေရာဂါ အတြက္ ေကာင္းမြန္တယ္။ အေမရိကန္ ဆန္ဖရန္စစၥကို တကၠသိုလ္ သိပၸံပညာရွင္မ်ားက ေသြးကို သန္႔စင္ရာမွာ ဗီတာမင္စီ ပမာဏ နည္းပါးတဲ့ အမ်ဳိးသမီးမ်ားဟာ ေက်ာက္ကပ္ေရာဂါ ျဖစ္ႏိုင္တဲ့ အလားအလာ ေကာင္းေၾကာင္း ေတြ႕ရတယ္။ ဗီတာမင္စီ ၁၈ဝ မီလီဂရမ္ပါတဲ့ အလတ္စား သေဘၤာသီး တစ္လံုးဟာ ဗီတာမင္စီ သာမက ကိုယ္စိတ္ႏွစ္ပါးကိုပါ လန္းဆန္းေစပါတယ္။

(၂) ေလွ်ာ္ေစ့

မုန္႔ဖုတ္ရာတြင္ ေစးပ်စ္မႈရွိေစဖို႔ ေလွ်ာ္ေစ့ကို သံုးၾကတယ္။ သို႔ေသာ္ သိပၸံပညာရွင္မ်ားက အီစႀတိဳဂ်င္ ေဟာ္မုန္းဓာတ္ေပါင္း ၾကြယ္ဝတဲ့ ဤအနီေရာင္ အေစ့မ်ားဟာ ရင္သားကင္ဆာ ကာကြယ္ေရး လက္နက္ေကာင္း တစ္ခုအျဖစ္ ႐ႈျမင္ၾကပါတယ္။ ရင္သားကင္ဆာ ရွိတဲ့ အမ်ဳိးသမီးရဲ႕ အစာထဲမွာ ေလွ်ာ္ေစ့ ျဖည့္စြက္ေပးရင္ ကင္ဆာကို ထိေရာက္စြာ ဟန္႔တားႏိုင္တယ္လို႔ ဆိုတယ္။ ေလွ်ာ္ေစ့ကို ေပါင္မုန္႔ႏွစ္လံုး ဖုတ္တဲ့အခါ ထည့္သြင္း အရသာ ျဖည့္ေပးမယ္ဆိုရင္ အီစႀတိဳဂ်င္ ထြက္လာၿပီး ရင္သား ကင္ဆာ ကင္းေဝးေစပါတယ္။

(၃) တို႔ဟူး

ပ႐ိုတိန္းျမင့္မားတဲ့ ပဲပိစပ္ တို႔ဟူးဟာ ကိုလက္စထေရာ ႏွိမ့္ခ်ေပးၿပီး ဓမၼတာ လာခ်ိန္မွာ အျဖဴ ဆင္းမႈကို နည္းေစပါတယ္။ အ႐ိုး သန္မာေစတယ္။ အ႐ိုးကို အက်ဳိး ျပဳဖို႔ ပ႐ိုတိန္းဓာတ္ တစ္ေန႔ ၂၅-၃၅ မီလီဂရမ္ လိုအပ္တယ္။
READ  ခင္ပြန္းလုပ္စာ မွီခိုစားေသာက္ရေသာ အမ်ဳိးသမီးမ်ား ခင္ပြန္း၏ အၾကမ္းဖက္မႈ ပိုခံရ

(၄) ဝက္သား

အမ်ဳိးသမီးမ်ားဟာ သူတို႔ရဲ႕ ဓမၼတာအရ ေလးလံထိုင္းမႈိင္း တတ္တဲ့အတြက္ ေသြးတြင္းသံ ဓာတ္ နည္းပါးျခင္းေၾကာင့္ ျပင္းထန္စြာ ပင္ပန္းႏြမ္းနယ္ တတ္ၾကပါ တယ္။ သံဓာတ္ ရရွိေစဖို႔ ဝက္သား စားသင့္တယ္။ ဝက္သားမွာ သံဓာတ္မ်ားပါလို႔ အလြယ္တကူ အဆီမ်ား ဖယ္ရွား စားေသာက္ႏိုင္တယ္။ စင္ကာပူႏိုင္ငံ အစားအစာနဲ႔ ျပန္ၾကားေရးဌာန အဆိုအရ ဝက္သား တစ္တံုးမွာ သံဓာတ္ ၁ ဒသမ ၄ မီလီဂရမ္ပါတဲ့အတြက္ အမ်ဳိးသမီး တိုင္း ဝက္သား စားသင့္တယ္။

(၅) ေဂၚဖီထုပ္

ေဂၚဖီထုပ္ဟာ အမ်ဳိးသမီး အမ်ားအျပား အသက္ႀကီးရင္ ျဖစ္တတ္တဲ့ ေသြးဆံုးမီးယပ္ ေရာဂါ တိုက္ဖ်က္ရာမွာ အေထာက္အကူ ျပဳႏိုင္တယ္။ ပါဝင္တဲ့ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ဒီ လံုေလာက္စြာ မရရင္ အဆစ္မ်ား နာက်င္ေစတယ္။ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ ဒီအျပင္ ဗီတာမင္ေအဟာ အ႐ိုးကို ကာကြယ္ႏိုင္တဲ့ အစြမ္းရွိတယ္။ အမ်ဳိးသမီးမ်ား အဖို႔ ဗီတာမင္ ၾကြယ္ဝတဲ့အစာ စားဖို႔လိုပါတယ္။ ေန႔စဥ္ ဗီတာမင္ ၁ဝ၉ မိုက္ခ႐ိုဂရမ္ မစားသံုးတဲ့ အမ်ဳိးသမီးဟာ စားသံုးသူထက္ ၁ဝ ႏွစ္တာ အတြင္းမွာ ခါးဆစ္႐ိုးက်ဳိးျခင္းနဲ႔ ေလနာေရာဂါ ခံစား ရႏိုင္တယ္။ ေဂၚဖီထုပ္ဟာ ဗီတာမင္ အေကာင္းဆံုး ဟင္းသီးဟင္းရြက္ ျဖစ္လို႔ ေန႔စဥ္ စားသံုးသင့္တယ္။ အစာလည္း ေဆး၊ ေဆး လည္း အစာဆိုသလို လူတို႔က်န္းမာ ေရး ျပည့္ဝဖို႔ အစားအစာေကာင္း မ်ား ေရြးခ်ယ္စားသံုးဖို႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

အမျိုးသမီးများ အတွက် ဆီးသီး ဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်း ရောဂါများကို သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများ အတွက် နေ့စဉ် စားသုံးသင့်သော အစားအစာ ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။
(၁) သငေ်္ဘာသီး

လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သငေ်္ဘာသီးမှာ ပါတဲ့ ဗီတာမင်စီက နှစ်ဆပိုများ ပါတယ်။ ကျောက်ကပ်ရောဂါ အတွက် ကောင်းမွန်တယ်။ အမေရိကန် ဆန်ဖရန်စစ္စကို တက္ကသိုလ် သိပ္ပံပညာရှင်များက သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏ နည်းပါးတဲ့ အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကောင်းကြောင်း တွေ့ရတယ်။ ဗီတာမင်စီ ၁၈ဝ မီလီဂရမ်ပါတဲ့ အလတ်စား သငေ်္ဘာသီး တစ်လုံးဟာ ဗီတာမင်စီ သာမက ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။

(၂) လျှော်စေ့

မုန့်ဖုတ်ရာတွင် စေးပျစ်မှုရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။ သို့သော် သိပ္ပံပညာရှင်များက အီစတြိုဂျင် ဟော်မုန်းဓာတ်ပေါင်း ကြွယ်ဝတဲ့ ဤအနီရောင် အစေ့များဟာ ရင်သားကင်ဆာ ကာကွယ်ရေး လက်နက်ကောင်း တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ရင်သားကင်ဆာ ရှိတဲ့ အမျိုးသမီးရဲ့ အစာထဲမှာ လျှော်စေ့ ဖြည့်စွက်ပေးရင် ကင်ဆာကို ထိရောက်စွာ ဟန့်တားနိုင်တယ်လို့ ဆိုတယ်။ လျှော်စေ့ကို ပေါင်မုန့်နှစ်လုံး ဖုတ်တဲ့အခါ ထည့်သွင်း အရသာ ဖြည့်ပေးမယ်ဆိုရင် အီစတြိုဂျင် ထွက်လာပြီး ရင်သား ကင်ဆာ ကင်းဝေးစေပါတယ်။

(၃) တို့ဟူး

ပရိုတိန်းမြင့်မားတဲ့ ပဲပိစပ် တို့ဟူးဟာ ကိုလက်စထရော နှိမ့်ချပေးပြီး ဓမ္မတာ လာချိန်မှာ အဖြူ ဆင်းမှုကို နည်းစေပါတယ်။ အရိုး သန်မာစေတယ်။ အရိုးကို အကျိုး ပြုဖို့ ပရိုတိန်းဓာတ် တစ်နေ့ ၂၅-၃၅ မီလီဂရမ် လိုအပ်တယ်။
READ  ခင်ပွန်းလုပ်စာ မှီခိုစားသောက်ရသော အမျိုးသမီးများ ခင်ပွန်း၏ အကြမ်းဖက်မှု ပိုခံရ

(၄) ဝက်သား

အမျိုးသမီးများဟာ သူတို့ရဲ့ ဓမ္မတာအရ လေးလံထိုင်းမှိုင်း တတ်တဲ့အတွက် သွေးတွင်းသံ ဓာတ် နည်းပါးခြင်းကြောင့် ပြင်းထန်စွာ ပင်ပန်းနွမ်းနယ် တတ်ကြပါ တယ်။ သံဓာတ် ရရှိစေဖို့ ဝက်သား စားသင့်တယ်။ ဝက်သားမှာ သံဓာတ်များပါလို့ အလွယ်တကူ အဆီများ ဖယ်ရှား စားသောက်နိုင်တယ်။ စင်ကာပူနိုင်ငံ အစားအစာနဲ့ ပြန်ကြားရေးဌာန အဆိုအရ ဝက်သား တစ်တုံးမှာ သံဓာတ် ၁ ဒသမ ၄ မီလီဂရမ်ပါတဲ့အတွက် အမျိုးသမီး တိုင်း ဝက်သား စားသင့်တယ်။

(၅) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ဟာ အမျိုးသမီး အများအပြား အသက်ကြီးရင် ဖြစ်တတ်တဲ့ သွေးဆုံးမီးယပ် ရောဂါ တိုက်ဖျက်ရာမှာ အထောက်အကူ ပြုနိုင်တယ်။ ပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ လုံလောက်စွာ မရရင် အဆစ်များ နာကျင်စေတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီအပြင် ဗီတာမင်အေဟာ အရိုးကို ကာကွယ်နိုင်တဲ့ အစွမ်းရှိတယ်။ အမျိုးသမီးများ အဖို့ ဗီတာမင် ကြွယ်ဝတဲ့အစာ စားဖို့လိုပါတယ်။ နေ့စဉ် ဗီတာမင် ၁ဝ၉ မိုက်ခရိုဂရမ် မစားသုံးတဲ့ အမျိုးသမီးဟာ စားသုံးသူထက် ၁ဝ နှစ်တာ အတွင်းမှာ ခါးဆစ်ရိုးကျိုးခြင်းနဲ့ လေနာရောဂါ ခံစား ရနိုင်တယ်။ ဂေါ်ဖီထုပ်ဟာ ဗီတာမင် အကောင်းဆုံး ဟင်းသီးဟင်းရွက် ဖြစ်လို့ နေ့စဉ် စားသုံးသင့်တယ်။ အစာလည်း ဆေး၊ ဆေး လည်း အစာဆိုသလို လူတို့ကျန်းမာ ရေး ပြည့်ဝဖို့ အစားအစာကောင်း များ ရွေးချယ်စားသုံးဖို့ လိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top