Property Expo
×

ကိုယ့္လက္နဲ႔ ကိုယ္ခ်စ္တဲ့ ေခြးေလးေတြကို သိမ္းက်ဳံးဖက္လုိက္ရတာ အရမ္းေကာင္းတယ္လုိ႔ ခံစားရမွာပါ။ ဒါေပမဲ့ ေခြးေလးေတြကေရာ ကုိယ္ဖက္လုိက္တာကို သေဘာက်ၾကပါရဲ႔လား။ ေလ့လာမႈေတြ အရ ေခြးေတြက အဖက္ခံရတာကို မၾကိဳက္ၾကပါဘူးတဲ့။

သူတုိ႔ရဲ႔ လည္ပင္းနားကုိ လူရဲ႕လက္နဲ႔ ရစ္ပတ္ထားတာက သူတုိ႔ကို စိတ္မသက္မသာျဖစ္ေစပါတယ္။ လူေတြ႔က ခ်စ္ျခင္းကုိေဖာ္ျပတဲ့ သေကၤတ အျဖစ္ ေပြ႔ဖက္တတ္ၾကေပမဲ့ ေခြးေလးေတြအဖုိ႔ ဒီနည္းနဲ႔ အခ်စ္ကုိ မခံစားတတ္ၾကပါဘူး။ တခ်ဳိ႕ ေခြးေလးေတြက ေပြ႔ဖက္ခံရျခင္းေၾကာင့္ ရန္လုိေဒါသထြက္မႈေတာင္ ျဖစ္တတ္ၾကပါတယ္လုိ႔ တိရစာၧန္ အျပဳအမူဆုိင္ရာ ကၽြမ္းက်င္ပညာရွင္တစ္ဦးက ဆုိပါတယ္။

နာမည္ၾကီး ေခြးေလ့က်င့္ေပးသူတစ္ဦးကေတာ့ အဖက္ခံရတာကုိ ၾကိဳက္တာက ေခြးေလးေတြေပၚမွာ မူတည္ပါတယ္တဲ့။ ပုိေသးတဲ့ ေခြးေလးေတြက ကိုင္တြယ္ပြတ္သပ္တာ ၊ အဖက္ခံရတာေတြကို ပုိႏွစ္သက္ပါတယ္။ေခြးတစ္ေကာင္ အဖက္ခံလုိလား မခံလုိလားဆုိတာကုိ သူတုိ႔ရဲ႕ အမူအယာကုိ ၾကည့္ျပီးသိႏုိင္ပါတယ္။ ေခြးေတြက သူတို႔ရဲ႕မေက်နပ္တဲ့ အမူအယာ ၊ ေက်နပ္တဲ့ အမူအယာကုိ ျပတတ္ၾကပါတယ္။ မေက်နပ္တဲ့ အမူအယာေတြကေတာ့ သူတုိ႔ရဲ႕ ႏႈတ္ခမ္းေတြကုိ လွ်ာျဖင့္ လ်က္ေနျခင္း၊ေခါင္းကုိ တျခားတစ္ဖက္သို႔လွည့္ေနျခင္း၊သမ္းေနျခင္း၊ခႏၶာကုိ္ယ္ကုိ တအားလႈပ္ခါေနျခင္းတုိ႔ ျဖစ္ပါတယ္။ ႏွစ္သက္တဲ့ အမူအယာကေတာ့ စိတ္လႈပ္ရွားေနတဲ့ ပုံစံနဲ့ ကုိယ့္မ်က္ႏွာကုိ လာ လ်က္ျပတတ္ပါတယ္။ ေခြးေလးေတြ အဖက္ခံရတာကုိ မၾကိဳက္ဘူးဆိုတာနဲ႔ ကုိယ့္ရဲ႕ ခ်စ္ျခင္းကုိ မျပႏုိင္ေတာ့ဘူးလုိ႔ မထင္ပါနဲ႔။ ေခြးေလးေတြကုိ ခ်စ္ျပတဲ့ နည္းလမ္းေလးေတြရွိပါတယ္။အဲ့ဒါေတြကေတာ့-

ဗိုက္ကို ပြတ္သပ္ေပးတာ၊ ဖြဖြေလးႏွိပ္ေပးတာ၊ လမ္းေလွ်ာက္ထြက္ေပးတာ၊ပစၥည္းေလးေတြ ပစ္ေပးျပီးျပန္ေကာက္ခိုင္းတာ၊အၾကိဳက္ဆုံး အစားအစာေကၽြးတာ၊ကားစီးဖုိိ႔ ေခၚသြားတာ၊ ကမ္းေျခကုိ ေခၚသြားတာတို႔ လုပ္ေပးႏုိင္ပါတယ္။ ေခြးေလးေတြမွာလည္း သူတုိ႔ ကုိယ္ပုိင္ အခ်စ္ကို ေဖာ္ျပတဲ့နည္းေတြရွိပါတယ္။ ကုိယ့္ေခြးေလးေတြက ကုိယ့္မ်က္လုံးကုိ စုိက္ၾကည့္ျပီး ကုိယ့္နဲ႔မ်က္လုံးခ်င္းဆုံေအာင္ ၾကည့္ေနတာကုိ ၾကဳံဖူးပါသလား။ ၾကဳံဖူးတယ္ဆုိရင္ ဒါက ေခြးေလးေတြက သူတုိ႔ရဲ႕ သခင္ကုိ သံေယာဇဥ္ရွိျပီး ခ်စ္ခင္တယ္ဆုိတာကို ျပသတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ကိုယ့်လက်နဲ့ ကိုယ်ချစ်တဲ့ ခွေးလေးတွေကို သိမ်းကျုံးဖက်လိုက်ရတာ အရမ်းကောင်းတယ်လို့ ခံစားရမှာပါ။ ဒါပေမဲ့ ခွေးလေးတွေကရော ကိုယ်ဖက်လိုက်တာကို သဘောကျကြပါရဲ့လား။ လေ့လာမှုတွေ အရ ခွေးတွေက အဖက်ခံရတာကို မကြိုက်ကြပါဘူးတဲ့။

သူတို့ရဲ့ လည်ပင်းနားကို လူရဲ့လက်နဲ့ ရစ်ပတ်ထားတာက သူတို့ကို စိတ်မသက်မသာဖြစ်စေပါတယ်။ လူတွေ့က ချစ်ခြင်းကိုဖော်ပြတဲ့ သငေ်္ကတ အဖြစ် ပွေ့ဖက်တတ်ကြပေမဲ့ ခွေးလေးတွေအဖို့ ဒီနည်းနဲ့ အချစ်ကို မခံစားတတ်ကြပါဘူး။ တချို့ ခွေးလေးတွေက ပွေ့ဖက်ခံရခြင်းကြောင့် ရန်လိုဒေါသထွက်မှုတောင် ဖြစ်တတ်ကြပါတယ်လို့ တိရစ္ဆာန် အပြုအမူဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုပါတယ်။

နာမည်ကြီး ခွေးလေ့ကျင့်ပေးသူတစ်ဦးကတော့ အဖက်ခံရတာကို ကြိုက်တာက ခွေးလေးတွေပေါ်မှာ မူတည်ပါတယ်တဲ့။ ပိုသေးတဲ့ ခွေးလေးတွေက ကိုင်တွယ်ပွတ်သပ်တာ ၊ အဖက်ခံရတာတွေကို ပိုနှစ်သက်ပါတယ်။ခွေးတစ်ကောင် အဖက်ခံလိုလား မခံလိုလားဆိုတာကို သူတို့ရဲ့ အမူအယာကို ကြည့်ပြီးသိနိုင်ပါတယ်။ ခွေးတွေက သူတို့ရဲ့မကျေနပ်တဲ့ အမူအယာ ၊ ကျေနပ်တဲ့ အမူအယာကို ပြတတ်ကြပါတယ်။ မကျေနပ်တဲ့ အမူအယာတွေကတော့ သူတို့ရဲ့ နှုတ်ခမ်းတွေကို လျှာဖြင့် လျက်နေခြင်း၊ခေါင်းကို တခြားတစ်ဖက်သို့လှည့်နေခြင်း၊သမ်းနေခြင်း၊ခန္ဓာကိုယ်ကို တအားလှုပ်ခါနေခြင်းတို့ ဖြစ်ပါတယ်။ နှစ်သက်တဲ့ အမူအယာကတော့ စိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့ ကိုယ့်မျက်နှာကို လာ လျက်ပြတတ်ပါတယ်။ ခွေးလေးတွေ အဖက်ခံရတာကို မကြိုက်ဘူးဆိုတာနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းကို မပြနိုင်တော့ဘူးလို့ မထင်ပါနဲ့။ ခွေးလေးတွေကို ချစ်ပြတဲ့ နည်းလမ်းလေးတွေရှိပါတယ်။အဲ့ဒါတွေကတော့-

ဗိုက်ကို ပွတ်သပ်ပေးတာ၊ ဖွဖွလေးနှိပ်ပေးတာ၊ လမ်းလျှောက်ထွက်ပေးတာ၊ပစ္စည်းလေးတွေ ပစ်ပေးပြီးပြန်ကောက်ခိုင်းတာ၊အကြိုက်ဆုံး အစားအစာကျွေးတာ၊ကားစီးဖိို့ ခေါ်သွားတာ၊ ကမ်းခြေကို ခေါ်သွားတာတို့ လုပ်ပေးနိုင်ပါတယ်။ ခွေးလေးတွေမှာလည်း သူတို့ ကိုယ်ပိုင် အချစ်ကို ဖော်ပြတဲ့နည်းတွေရှိပါတယ်။ ကိုယ့်ခွေးလေးတွေက ကိုယ့်မျက်လုံးကို စိုက်ကြည့်ပြီး ကိုယ့်နဲ့မျက်လုံးချင်းဆုံအောင် ကြည့်နေတာကို ကြုံဖူးပါသလား။ ကြုံဖူးတယ်ဆိုရင် ဒါက ခွေးလေးတွေက သူတို့ရဲ့ သခင်ကို သံယောဇဉ်ရှိပြီး ချစ်ခင်တယ်ဆိုတာကို ပြသတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top