Property Expo
×

ေရေမႊးဆုိရင္ မ်ားေသာအားျဖင့္ ေစ်းၾကီးၾကတာမ်ားပါတယ္။ နာမည္ၾကီး brand ေတြျဖစ္ေလ ေစ်းပိုၾကီးေလပါပဲ။ ဒီေတာ့ ဒီလိုတန္ဖုိးၾကီးေရေမႊးဆြတ္ထားျပီး အနံ႕ကမစြဲတာ မခံတာမ်ိဳးေတာ့ ဘယ္လိုခ်င္ၾကပါ့မလဲ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင့္ေရေမႊးရနံ႕က ၾကာရွည္မခံဘူးလုိ႕ ခံစားရရင္၊ ဆြတ္ထားတာ  ေန႔တစ္ဝက္ေတာင္မေရာက္ေသးပဲ ရနံ႔ ပ်က္ျပယ္လာတာမ်ိဳး ၾကံဳရရင္ မိမိရဲ႕ ေရေမႊးရနံ႔သင္းထုံမႈ ပိုမိုၾကာရွည္ စြဲက်န္ရစ္ေအာင္ လုပ္ႏုိင္မယ့္ နည္းလမ္းတခ်ဳိ႕ရိွပါတယ္။

မိမိအသားေရ စုိေျပေအာင္ၾကိဳးစားပါ။

ေရေမႊးက အသားအေရ စိုေျပေနအခ်ိန္မွာ ပိုၾကာရွည္ခံပါတယ္။ ေျခာက္ေသြ႕တဲ့ အသားအေရေပၚ ေရေမႊးစြတ္လုိက္ပါက အဲ့ဒီ အေရျပားက ခ်က္ခ်င္း စုပ္ယူခံသြားပါလိမ့္မယ္။

လက္ခုံေနရာေလးမွာ ဆြတ္ပါ။

လက္ခုံေနရာမ်ားနဲ႔ ပူေႏြးတဲ့ ခႏၶာကုိယ္ေနရာေတြကို ေရေမႊးစြတ္ေပးရတဲ့ အေၾကာင္းအရင္း တစ္ခ်က္ရိွပါတယ္။ ခႏၶာကုိယ္ပူေႏြးမႈက ရနံ႔ကို ပ်ံ႕ႏွံ႔ေစမွာျဖစ္တယ္။ ေရေမႊးစြတ္ဖုိ႔ အေကာင္းဆုံးေနရာေတြက လည္ပင္းေနာက္ဘက္၊ တံေတာင္ဆစ္ေခါက္ရုိး၊ လက္ေကာက္ဝတ္နဲ႔ ဝမ္းဗုိက္ေတြ ျဖစ္ပါတယ္။

လက္ေကာက္ဝတ္အခ်င္းခ်င္း မတုိ႔ရပါ။

ဒါ လူတုိင္းနီးနီး ျပဳလုပ္တဲ့ အမွားၾကီးတစ္ခု ျဖစ္ပါတယ္။ လက္ေကာက္ဝတ္ႏွစ္ခု တုိ႔ထိေပးတာ သုိ႔မဟုတ္ တစ္ခုနဲ႔တစ္ခု ပြတ္သပ္တာ လုံးဝ မလုပ္ပါနဲ႔။ ဘာေၾကာင့္လဲေျပာရင္ ဦးဦးဖ်ားဖ်ားထြက္တဲ့ ရန႔ံသင္းထုံမႈကို ဖ်က္ဆီးပစ္ျပီး ၾကာရွည္ခံမွာ မဟုတ္လို႕ပါပဲ။

ဘယ္ေရေမႊးရနံ႔မွ ထာဝရေမႊးပ်ံ႕ေအာင္ ဖန္တီးထားျခင္း မရိွပါဘူး။ ဒါေပမယ့္ အထက္ပါနည္းလမ္းေတြကေတာ့ ေရေမႊးအနံ႔အသက္ကို ပုံမွန္ထက္ ပုိမိုၾကာရွည္ စြဲက်န္ေစမွာ ေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Vesrion

 ရေမွှေးဆိုရင် များသောအားဖြင့် ဈေးကြီးကြတာများပါတယ်။ နာမည်ကြီး brand တွေဖြစ်လေ ဈေးပိုကြီးလေပါပဲ။ ဒီတော့ ဒီလိုတန်ဖိုးကြီးရေမွှေးဆွတ်ထားပြီး အနံ့ကမစွဲတာ မခံတာမျိုးတော့ ဘယ်လိုချင်ကြပါ့မလဲ။ အကြောင်းအမျိုးမျိုးကြောင့် သင့်ရေမွှေးရနံ့က ကြာရှည်မခံဘူးလို့ ခံစားရရင်၊ ဆွတ်ထားတာ  နေ့တစ်ဝက်တောင်မရောက်သေးပဲ ရနံ့ ပျက်ပြယ်လာတာမျိုး ကြုံရရင် မိမိရဲ့ ရေမွှေးရနံ့သင်းထုံမှု ပိုမိုကြာရှည် စွဲကျန်ရစ်အောင် လုပ်နိုင်မယ့် နည်းလမ်းတချို့ရှိပါတယ်။

မိမိအသားရေ စိုပြေအောင်ကြိုးစားပါ။

ရေမွှေးက အသားအရေ စိုပြေနေအချိန်မှာ ပိုကြာရှည်ခံပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပေါ် ရေမွှေးစွတ်လိုက်ပါက အဲ့ဒီ အရေပြားက ချက်ချင်း စုပ်ယူခံသွားပါလိမ့်မယ်။

လက်ခုံနေရာလေးမှာ ဆွတ်ပါ။

လက်ခုံနေရာများနဲ့ ပူနွေးတဲ့ ခန္ဓာကိုယ်နေရာတွေကို ရေမွှေးစွတ်ပေးရတဲ့ အကြောင်းအရင်း တစ်ချက်ရှိပါတယ်။ ခန္ဓာကိုယ်ပူနွေးမှုက ရနံ့ကို ပျံ့နှံ့စေမှာဖြစ်တယ်။ ရေမွှေးစွတ်ဖို့ အကောင်းဆုံးနေရာတွေက လည်ပင်းနောက်ဘက်၊ တံတောင်ဆစ်ခေါက်ရိုး၊ လက်ကောက်ဝတ်နဲ့ ဝမ်းဗိုက်တွေ ဖြစ်ပါတယ်။

လက်ကောက်ဝတ်အချင်းချင်း မတို့ရပါ။

ဒါ လူတိုင်းနီးနီး ပြုလုပ်တဲ့ အမှားကြီးတစ်ခု ဖြစ်ပါတယ်။ လက်ကောက်ဝတ်နှစ်ခု တို့ထိပေးတာ သို့မဟုတ် တစ်ခုနဲ့တစ်ခု ပွတ်သပ်တာ လုံးဝ မလုပ်ပါနဲ့။ ဘာကြောင့်လဲပြောရင် ဦးဦးဖျားဖျားထွက်တဲ့ ရနံ့သင်းထုံမှုကို ဖျက်ဆီးပစ်ပြီး ကြာရှည်ခံမှာ မဟုတ်လို့ပါပဲ။

ဘယ်ရေမွှေးရနံ့မှ ထာဝရမွှေးပျံ့အောင် ဖန်တီးထားခြင်း မရှိပါဘူး။ ဒါပေမယ့် အထက်ပါနည်းလမ်းတွေကတော့ ရေမွှေးအနံ့အသက်ကို ပုံမှန်ထက် ပိုမိုကြာရှည် စွဲကျန်စေမှာ သေချာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top