Property Expo
×

     ပထမဆံုးအေျခခံအားျဖင့္ တစ္ေန့ကို ေရဖန္ခြက္(၈) ခြက္ အနည္းဆံုး ေသာက္သံုးေပးသင့္ျခင္းနဲ့အတူ သန့္ရွင္းလတ္ဆတ္တဲ့ အသီးအနွံ
ဟင္းသီးဟင္းရြက္မ်ားကို စားသံုးေပးသင့္ပါတယ္။အေရျပားေပၚကုိ ေနေရာင္ျခည္ တုိက္ရိုက္က်ေရာက္ျခင္းကိုလည္း ကာကြယ္ေပးသင့္ပါတယ္။

     တစ္ေန့လွ်င္ မ်က္နွာသစ္ျခင္းကို (၂) ၾကိမ္ထက္ပိုျပီး မျပဳလုပ္သင့္ပါဘူး။မၾကာခဏ မ်က္နွာသစ္ျခင္းဟာ အသားအေရကို ပိုမို ေျခာက္ေသြ့ေစ
ပါတယ္။မ်က္နွာသစ္တဲ့ အခါမ်ိဳးမွာလည္း ေျခာက္ေသြ့တဲ့အသားအေရပိုင္ရွင္မ်ား(dry skin) အတြက္ သီးသန့္ထုတ္လုပ္ထားတဲ့ မ်က္နွာသစ္ဆပ္ျပာ
(cleanser) ကိုသာ ေရြးခ်ယ္အသံုးျပဳသင့္ပါတယ္။

     အခ်ိန္ၾကာျမင့္စြာ ေရခ်ိဳးျခင္းနွင့္ အပူခ်ိန္မ်ားေသာ ေရေႏြးကို အသံုးျပဳျပီး ေရခ်ိဳးျခင္းမ်ိဳးကို ေရွာင္ရွားသင့္ပါတယ္။တစ္ေန့လွ်င္ ေရကို တစ္ၾကိမ္
ေလာက္သာ ခ်ိဳးရန္ သတ္မွတ္ထားသင့္ပါတယ္။ဆပ္ျပာ အလြန္အကြ်ံ အသံုးျပဳျခင္းဟာ အသားအေရ ေျခာက္ေသြ့ေစေသာ အေၾကာင္းအရင္း တစ္ရပ္
ျဖစ္တာမို့ အလြန္အကြ်ံ အသံုးျပဳျခင္းကို ေရွာင္ရွားသင့္ပါတယ္။

     ေရခ်ိဳးရာတြင္ အသားေရစိုေျပမွဳကို အေထာက္အကူေပးေသာ (olive oil) သံလြင္ဆီ သိုု့မဟုတ္ lavender မွ ထုတ္လုပ္ရရွိေသာ အဆီကို အသံုး
ျပဳသင့္ပါတယ္။ေျခာက္ေသြ့ေသာ အသားအေရ ပိုင္ရွင္မ်ား(dry skin) ဟာ ေရခ်ိဳးျပီးစ အခ်ိန္တြင္ အ၀တ္ျဖင့္ ပြတ္တုိက္ေရသုတ္ေပးျခင္းဟာ အေရျပား
ရွိ အစိုဓါတ္ကို ထိန္းသိမ္းနုိင္ေသာ အဆီဓါတ္ကို ကုန္ဆံုးေစတာမို့ ေရွာင္က်ဥ္သင့္ပါတယ္။ခႏၶာကိုယ္ရွိ ေရမ်ားကို အသာအယာ နူးညံ့ေသာ အ၀တ္ျဖင့္
အသာအယာ သုတ္ေပးသင့္ပါတယ္။

     ခႏၶာကိုယ္ေပၚရွိ ေရအစိုဓါတ္မခန္းေျခာက္မီ မိမိအသားအေရနွင့္ အသင့္ေတာ္ဆံုး Moisturizer ကို လိမ္းေပးပါ။အမ်ိဳးအစားေပါင္းမ်ားစြာရွိတဲ့
Moisturizer ထဲမွ မိမိနွင့္ အသင့္ေလ်ာ္ဆံုး Moisturizer ကို နားလည္တတ္ကြ်မ္းေသာ အေရျပားဆုိင္ရာ ပညာရွင္မ်ားထံ ေမးျမန္းျပီး အသံုးျပဳနုိင္ပါတယ္။

     ပူလြန္း ေအးလြန္းတဲ့ အိမ္အတြင္းနွင့္ စက္ရံု အလုပ္ရံု အခန္းမ်ားဟာ အသားအေရ စိုစြတ္မွဳကို ပ်က္စီးေစတတ္ေသာ အေၾကာင္းအရင္းတစ္ခုလည္း
ျဖစ္တာမုိ့ အထူးသတိထားရန္ လိုအပ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Internet Health

#Unicode Version
  ပထမဆုံးအခြေခံအားဖြင့် တစ်နေ့ကို ရေဖန်ခွက်(၈) ခွက် အနည်းဆုံး သောက်သုံးပေးသင့်ခြင်းနဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံ
ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပါတယ်။အရေပြားပေါ်ကို နေရောင်ခြည် တိုက်ရိုက်ကျရောက်ခြင်းကိုလည်း ကာကွယ်ပေးသင့်ပါတယ်။

     တစ်နေ့လျှင် မျက်နှာသစ်ခြင်းကို (၂) ကြိမ်ထက်ပိုပြီး မပြုလုပ်သင့်ပါဘူး။မကြာခဏ မျက်နှာသစ်ခြင်းဟာ အသားအရေကို ပိုမို ခြောက်သွေ့စေ
ပါတယ်။မျက်နှာသစ်တဲ့ အခါမျိုးမှာလည်း ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်များ(dry skin) အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာ
(cleanser) ကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

     အချိန်ကြာမြင့်စွာ ရေချိုးခြင်းနှင့် အပူချိန်များသော ရေနွေးကို အသုံးပြုပြီး ရေချိုးခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။တစ်နေ့လျှင် ရေကို တစ်ကြိမ်
လောက်သာ ချိုးရန် သတ်မှတ်ထားသင့်ပါတယ်။ဆပ်ပြာ အလွန်အကျွံ အသုံးပြုခြင်းဟာ အသားအရေ ခြောက်သွေ့စေသော အကြောင်းအရင်း တစ်ရပ်
ဖြစ်တာမို့ အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။

     ရေချိုးရာတွင် အသားရေစိုပြေမှုကို အထောက်အကူပေးသော (olive oil) သံလွင်ဆီ သိုု့မဟုတ် lavender မှ ထုတ်လုပ်ရရှိသော အဆီကို အသုံး
ပြုသင့်ပါတယ်။ခြောက်သွေ့သော အသားအရေ ပိုင်ရှင်များ(dry skin) ဟာ ရေချိုးပြီးစ အချိန်တွင် အဝတ်ဖြင့် ပွတ်တိုက်ရေသုတ်ပေးခြင်းဟာ အရေပြား
ရှိ အစိုဓါတ်ကို ထိန်းသိမ်းနိုင်သော အဆီဓါတ်ကို ကုန်ဆုံးစေတာမို့ ရှောင်ကျဉ်သင့်ပါတယ်။ခန္ဓာကိုယ်ရှိ ရေများကို အသာအယာ နူးညံ့သော အဝတ်ဖြင့်
အသာအယာ သုတ်ပေးသင့်ပါတယ်။

     ခန္ဓာကိုယ်ပေါ်ရှိ ရေအစိုဓါတ်မခန်းခြောက်မီ မိမိအသားအရေနှင့် အသင့်တော်ဆုံး Moisturizer ကို လိမ်းပေးပါ။အမျိုးအစားပေါင်းများစွာရှိတဲ့
Moisturizer ထဲမှ မိမိနှင့် အသင့်လျော်ဆုံး Moisturizer ကို နားလည်တတ်ကျွမ်းသော အရေပြားဆိုင်ရာ ပညာရှင်များထံ မေးမြန်းပြီး အသုံးပြုနိုင်ပါတယ်။

     ပူလွန်း အေးလွန်းတဲ့ အိမ်အတွင်းနှင့် စက်ရုံ အလုပ်ရုံ အခန်းများဟာ အသားအရေ စိုစွတ်မှုကို ပျက်စီးစေတတ်သော အကြောင်းအရင်းတစ်ခုလည်း
ဖြစ်တာမို့ အထူးသတိထားရန် လိုအပ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Internet Health
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top