Kantharyar Centre
×




Credit : Duwun

#Unicode Version

လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ယူအသင်းက အသလက်တီကို ကြယ်ပွင့်ကစားသမား ဂရိဇ်မန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက် လာမယ့်ရာသီမှာ ဂရိဇ်မန်းက မန်ယူအသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်လာမှာပါ။ ဂရိဇ်မန်းအပါအဝင် ကြယ်ပွင့်ကစားသမားအချို့ကို ခေါ်ယူဖို့ မန်ယူအသင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက ပြင်ဆင်ခဲ့ပေမယ့် အသင်းကရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့အပြင် မန်နေဂျာတွေလည်းမတည်မငြိမ်ဖြစ်ခဲ့တာကြောင့် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟို ရောက်လာတဲ့အချိန်မှာ ကြယ်ပွင့်ကစားသမားတွေခေါ်ယူဖို့ ပိုမို လွယ်ကူခဲ့ပြီးတဲ့နောက် ဂရိဇ်မန်းဟာ အသင်းရဲ့ပစ်မှတ် ဖြစ်လာခဲ့တာပါ။

မကြာသေးခင် အချိန်ကလည်း ဂရိဇ်မန်းကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ ကစားရတာ သဘောကျတယ်လို့ ဝန်ခံပြောကြားထားမှု ရှိခဲ့ပါတယ်။ Mirror သတင်းစာရဲ့ ဖော်ပြချက်အရ အသလက်တီကိုနဲ့ ဂရိဇ်မန်းက ၂၀၂၁ ခုနှစ်အထိ စာချုပ်ရှိပေမယ့် အသင်းက ကြယ်ပွင့်ကစားသမားတွေကို ရောင်းချလေ့ရှိတဲ့ ထုံးစံအတိုင်း သင့်တော်တဲ့ဈေးနှုန်းရရင် ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top