Kantharyar Centre
×

အိႏၵိယ ႏုိင္ငံတြင္ လူနာအမ်ိဳးသမီးကို မုဒိမ္းက်င့္ေၾကာင္း စြပ္စြဲမႈျဖင့္ ဆရာဝန္ တစ္ဦးကို ဖမ္းဆီးလိုက္ေၾကာင္း သိရွိရသည္။

ဂူဂ်ာရတ္ ျပည္နယ္တြင္ အဆိုပါ ဆရာဝန္သည္ အသက္ ၂၁ ႏွစ္အရြယ္ ေသြးလြန္တုပ္ေကြး ေဝဒနာရွင္ အမ်ိဳးသမီး တစ္ဦးကို လိင္ပိုင္းဆုိင္ရာ ေစာ္ကား တိုက္ခုိက္ခဲ့ျခင္းဟု ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ အခင္းျဖစ္ပြားခ်ိန္က အဆိုပါ လူနာအမ်ိဳးသမီးသည္ လူအဝင္အထြက္ နည္းပါးသည့္ အထူးၾကပ္မတ္ ကုသေဆာင္ထဲတြင္ ရွိေနခဲ့ရာ ယင္းအေျခအေနကို ဆရာဝန္ျဖစ္သူက အျမတ္ထုတ္ခဲ့သည္ဟု ဆိုသည္။

ဆရာဝန္၏ ရာဇဝတ္မႈကို အလုိတူအလုိပါ ကူညီအားေပးမႈျဖင့္ အမ္မာဘာဒက္ၿမိဳ႕ရွိ ေအပိုလို ေဆး႐ံုမွ ဝန္ထမ္းတစ္ဦးကိုလည္း စြဲခ်က္တင္ထားလုိက္ၿပီ ျဖစ္သည္။ ရဲမ်ားက ဆရာဝန္သည္ လူနာအမ်ိဳးသမီးကို ေဆးျပင္းမ်ား တိုက္ေကၽြးၿပီး အသိမဲ့ ေမ့ေျမာေနခ်ိန္တြင္ မုဒိမ္းက်င့္ခဲ့ျခင္းဟု ေျပာၾကားခဲ့သည္။

ေအပိုလိုေဆး႐ံု အုပ္ခ်ဳပ္မႈအဖြဲ႕က ယခုျဖစ္ရပ္အတြက္ ရဲတပ္ဖြဲ႕၏ စံုစမ္းစစ္ေဆးမႈမ်ားကို အျပည့္အဝ ပူးေပါင္း ကူညီသြားမည္ဟု ေၾကညာသည္။ “စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနဆဲ အေတာအတြင္းမွာေတာ့ ျဖစ္ရပ္အေပၚ ဘာမွ မွတ္ခ်က္မေပးလိုေသးပါဘူး”ဟု ေဆး႐ံု၏ ေျပာေရးဆိုခြင့္ရ အရာရွိ ဆန္ဒိပ္ဂ်ိဳရွီက ေျပာၾကားခဲ့သည္။

မုဒိမ္းမႈ က်ဴးလြန္သည့္ ဆရာဝန္သည္ ပါကစၥတန္ ႏုိင္ငံသား တစ္ဦးျဖစ္ၿပီး ယမန္ႏွစ္မွစ၍ အိႏၵိယတြင္ သက္တမ္းရွည္ ဗီဇာျဖင့္ လာေရာက္ အလုပ္လုပ္ေနျခင္းဟု သိရသည္။ ၂၀၁၂ က ေက်ာင္းသူ မိန္းကေလးငယ္ တစ္ဦးကို ရက္စက္ယုတ္မာစြာ အုပ္စုဖြဲ႕ မုဒိမ္းက်င့္မႈတစ္ခု ကမာၻသိ ေပၚေပါက္လာၿပီးေနာက္ အိႏၵိယ အမ်ိဳးသမီးမ်ားအေပၚ မုဒိမ္းက်င့္မႈမ်ား၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားတိုက္ခိုက္မႈမ်ား ထူေျပာျခင္းကို ႏုိင္ငံတကာက ပိုမို အာ႐ံုစိုက္မိလာသည္။

အိႏိၵယ အစိုးရသည္ မုဒိမ္းမႈ တိုက္ဖ်က္ေရး ဦးတည္ခ်က္ျဖင့္ ဥပေဒသစ္မ်ား သတ္မွတ္ ထုတ္ျပန္ခဲ့ေသာ္လည္း ႏုိင္ငံတစ္ဝန္းတြင္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးမ်ားအေပၚ လိင္ပိုင္းဆုိင္ရာ ေစာ္ကားတိုက္ခုိက္မႈမ်ား အရွိန္ေကာင္းေကာင္း ဆက္လက္ ေပၚေပါက္ေနဆဲ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အိန္ဒိယ နိုင်ငံတွင် လူနာအမျိုးသမီးကို မုဒိမ်းကျင့်ကြောင်း စွပ်စွဲမှုဖြင့် ဆရာဝန် တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

ဂူဂျာရတ် ပြည်နယ်တွင် အဆိုပါ ဆရာဝန်သည် အသက် ၂၁ နှစ်အရွယ် သွေးလွန်တုပ်ကွေး ဝေဒနာရှင် အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကား တိုက်ခိုက်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် အခင်းဖြစ်ပွားချိန်က အဆိုပါ လူနာအမျိုးသမီးသည် လူအဝင်အထွက် နည်းပါးသည့် အထူးကြပ်မတ် ကုသဆောင်ထဲတွင် ရှိနေခဲ့ရာ ယင်းအခြေအနေကို ဆရာဝန်ဖြစ်သူက အမြတ်ထုတ်ခဲ့သည်ဟု ဆိုသည်။

ဆရာဝန်၏ ရာဇဝတ်မှုကို အလိုတူအလိုပါ ကူညီအားပေးမှုဖြင့် အမ်မာဘာဒက်မြို့ရှိ အေပိုလို ဆေးရုံမှ ဝန်ထမ်းတစ်ဦးကိုလည်း စွဲချက်တင်ထားလိုက်ပြီ ဖြစ်သည်။ ရဲများက ဆရာဝန်သည် လူနာအမျိုးသမီးကို ဆေးပြင်းများ တိုက်ကျွေးပြီး အသိမဲ့ မေ့မြောနေချိန်တွင် မုဒိမ်းကျင့်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

အေပိုလိုဆေးရုံ အုပ်ချုပ်မှုအဖွဲ့က ယခုဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝ ပူးပေါင်း ကူညီသွားမည်ဟု ကြေညာသည်။ “စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ အတောအတွင်းမှာတော့ ဖြစ်ရပ်အပေါ် ဘာမှ မှတ်ချက်မပေးလိုသေးပါဘူး”ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဆန်ဒိပ်ဂျိုရှီက ပြောကြားခဲ့သည်။

မုဒိမ်းမှု ကျူးလွန်သည့် ဆရာဝန်သည် ပါကစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ယမန်နှစ်မှစ၍ အိန္ဒိယတွင် သက်တမ်းရှည် ဗီဇာဖြင့် လာရောက် အလုပ်လုပ်နေခြင်းဟု သိရသည်။ ၂၀၁၂ က ကျောင်းသူ မိန်းကလေးငယ် တစ်ဦးကို ရက်စက်ယုတ်မာစွာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတစ်ခု ကမ္ဘာသိ ပေါ်ပေါက်လာပြီးနောက် အိန္ဒိယ အမျိုးသမီးများအပေါ် မုဒိမ်းကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများ ထူပြောခြင်းကို နိုင်ငံတကာက ပိုမို အာရုံစိုက်မိလာသည်။

အိန္ဒိယ အစိုးရသည် မုဒိမ်းမှု တိုက်ဖျက်ရေး ဦးတည်ချက်ဖြင့် ဥပဒေသစ်များ သတ်မှတ် ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများ အရှိန်ကောင်းကောင်း ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top