Kantharyar Centre
×

ထိုင္းႏိုင္ငံမွ ဆယ္ေက်ာ္သက္အရြယ္ ေက်ာင္းသူတဦးဟာ သူ႔ရဲ႕ေနအိမ္ေပၚတက္ကာ အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားသူတဦးကို ျပန္လည္တံု႔ျပန္တိုက္ခိုက္ခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၀ ရက္ ညေနပိုင္းမွာ ျဖစ္ခဲ့တာျဖစ္ၿပီး သူက ဘယ္လိုတံု႔ျပန္တိုက္ခိုက္ခဲ့တယ္ဆိုတာကို သတင္းေထာက္ေတြကို ျပန္လည္ေျပာျပခဲ့တာပါ။

ေနာင္ဘိုးအမည္ရတဲ့ အသက္ ၁၈ ႏွစ္အရြယ္ အဆိုပါေက်ာင္းသူဟာ ခ်ိန္နတ္ခ႐ုိင္ထဲက ေနအိမ္မွာ မိခင္နဲ႔ ၂ ဦးတည္း ေနထိုင္တာျဖစ္တယ္လို႔ ထိုင္းဘာသာနဲ႔ ထုတ္ေ၀တဲ့ ဆႏြတ္ခ္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

သူဟာ ေဒသတြင္း ေက်ာင္းတေက်ာင္းမွာ တက္ေရာက္ေနတာျဖစ္ၿပီး ေက်ာင္းသားေကာင္စီေခါင္းေဆာင္တဦး ျဖစ္ပါတယ္။

အဲဒီေန႔က သူဟာ မိခင္ျဖစ္သူနဲ႔အတူ အိမ္အနီးက ေစ်းတခုဆီ သြားခဲ့ၾကတာျဖစ္ၿပီး မိခင္ျဖစ္သူဟာ သူ႔ရဲ႕မိတ္ေဆြနဲ႔ စကားေျပာေနခဲ့ခ်ိန္မွာ ေနာင္ဘိုးက အိမ္စာလုပ္စရာရွိတဲ့အတြက္ အိမ္ကို တေယာက္တည္း ျပန္ခဲ့တယ္လုိ႔ ဆိုပါတယ္။

သူမဟာ အိမ္ထဲကို တေယာက္တည္း၀င္လာခဲ့ခ်ိန္မွာ အိမ္အတြင္း ေရခဲေသတၱာေနာက္မွ လူတဦး ႐ုတ္တရက္ေပၚလာခဲ့ၿပီး သူ႔ေနာက္ကေန ဦးေခါင္းကို အဆက္မျပတ္ ႐ုိက္ႏွက္ခံခဲ့ရပါတယ္။

ေနာင္ဘိုးဟာ ၾကမ္းျပင္ေပၚလွဲခ်ၿပီး ေသသြားခဲ့သေယာင္ ေဆာင္ခဲ့ခ်ိန္မွာ အဲဒီအမ်ိဳးသားက သူ၀တ္ဆင္ထားတဲ့ အားကစားေဘာင္းဘီကို ဆြဲခၽြတ္ခဲ့တာပါ။

အဲဒီေနာက္ေတာ့ အတြင္းမွထပ္၀တ္ထားတဲ့ ဂ်င္းသားအတြင္းခံကို ခက္ခက္ခဲခဲ ဆြဲခၽြတ္ခဲ့ခ်ိန္မွာ သူက အနားမွာရွိတဲ့ ေရပံုးကို ဆြဲယူၿပီး အဆိုပါအမ်ိဳးသားရဲ႕ ဦးေခါင္းကို ႐ုိက္ခဲ့ပါတယ္။

ေနာင္ဘိုးဟာ အဲဒီအမ်ိဳးသားရဲ႕မ်က္လံုးကို လက္နဲ႔ထိုးသြင္း တိုက္ခိုက္ခဲ့ခ်ိန္မွာ သူ႔ရဲ႕ဖုန္းကိုယူၿပီး ထြက္ေျပးသြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္မွာေတာ့ ထိခိုက္ဒဏ္ရာရခဲ့တဲ့ ေနာင္ဘုိးကုိ ေဆး႐ုံပို႔ေဆာင္ၿပီး ၇ ခ်က္ခ်ဳပ္ခဲ့ရတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

လက္ရွိမွာေတာ့ က်ဴးလြန္ခဲ့သူ အမ်ိဳးသားကို အိမ္နီးခ်င္းတဦးျဖစ္မယ္လို႔ ယူဆေနကာ ရဲေတြက ေဒသခံေတြနဲ႔ ပူးေပါင္းၿပီး စံုစမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံမှ ဆယ်ကျော်သက်အရွယ် ကျောင်းသူတဦးဟာ သူ့ရဲ့နေအိမ်ပေါ်တက်ကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားသူတဦးကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူက ဘယ်လိုတုံ့ပြန်တိုက်ခိုက်ခဲ့တယ်ဆိုတာကို သတင်းထောက်တွေကို ပြန်လည်ပြောပြခဲ့တာပါ။

နောင်ဘိုးအမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် အဆိုပါကျောင်းသူဟာ ချိန်နတ်ခရိုင်ထဲက နေအိမ်မှာ မိခင်နဲ့ ၂ ဦးတည်း နေထိုင်တာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူဟာ ဒေသတွင်း ကျောင်းတကျောင်းမှာ တက်ရောက်နေတာဖြစ်ပြီး ကျောင်းသားကောင်စီခေါင်းဆောင်တဦး ဖြစ်ပါတယ်။

အဲဒီနေ့က သူဟာ မိခင်ဖြစ်သူနဲ့အတူ အိမ်အနီးက ဈေးတခုဆီ သွားခဲ့ကြတာဖြစ်ပြီး မိခင်ဖြစ်သူဟာ သူ့ရဲ့မိတ်ဆွေနဲ့ စကားပြောနေခဲ့ချိန်မှာ နောင်ဘိုးက အိမ်စာလုပ်စရာရှိတဲ့အတွက် အိမ်ကို တယောက်တည်း ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာ အိမ်ထဲကို တယောက်တည်းဝင်လာခဲ့ချိန်မှာ အိမ်အတွင်း ရေခဲသေတ္တာနောက်မှ လူတဦး ရုတ်တရက်ပေါ်လာခဲ့ပြီး သူ့နောက်ကနေ ဦးခေါင်းကို အဆက်မပြတ် ရိုက်နှက်ခံခဲ့ရပါတယ်။

နောင်ဘိုးဟာ ကြမ်းပြင်ပေါ်လှဲချပြီး သေသွားခဲ့သယောင် ဆောင်ခဲ့ချိန်မှာ အဲဒီအမျိုးသားက သူဝတ်ဆင်ထားတဲ့ အားကစားဘောင်းဘီကို ဆွဲချွတ်ခဲ့တာပါ။

အဲဒီနောက်တော့ အတွင်းမှထပ်ဝတ်ထားတဲ့ ဂျင်းသားအတွင်းခံကို ခက်ခက်ခဲခဲ ဆွဲချွတ်ခဲ့ချိန်မှာ သူက အနားမှာရှိတဲ့ ရေပုံးကို ဆွဲယူပြီး အဆိုပါအမျိုးသားရဲ့ ဦးခေါင်းကို ရိုက်ခဲ့ပါတယ်။

နောင်ဘိုးဟာ အဲဒီအမျိုးသားရဲ့မျက်လုံးကို လက်နဲ့ထိုးသွင်း တိုက်ခိုက်ခဲ့ချိန်မှာ သူ့ရဲ့ဖုန်းကိုယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နောင်ဘိုးကို ဆေးရုံပို့ဆောင်ပြီး ၇ ချက်ချုပ်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခဲ့သူ အမျိုးသားကို အိမ်နီးချင်းတဦးဖြစ်မယ်လို့ ယူဆနေကာ ရဲတွေက ဒေသခံတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top