Property Expo
×

သင့္ရဲ႕ ဆရာဝန္ကသင့္ကုိ ကုိယ္ဝန္ရွိေနၿပီလုိ႔ ေျပာတဲ့အခ်ိန္ကစၿပီး သင့္အေနနဲ႔ စစ္ပြဲတစ္ပြဲတုိက္ေနရသလုိ အမ်ိဳးမ်ိဳးေသာ အႏၱရာယ္ေတြေက်ာ္လႊားရေတာ့မွာျဖစ္ပါတယ္။ ဒီအတြက္ သင့္အေနနဲ႔ သင့္ကေလးေရာ သင္ကုိယ္တုိင္ပါက်န္းမာေနဖုိ႔လုိအပ္လို႔ သင့္အေနနဲ႔ အစားအေသာက္ေတြကအစ အစစအရာရာ ဆင္ျခင္ေနထုိင္ရေတာ့မွာျဖစ္ပါတယ္။ ဒီအတြက္ ေအာက္ကအခ်က္ေလးေတြက သင့္ကုိအေထာက္အကူျဖစ္ႏုိင္ေစဖုိ႔အတြက္ ကူညီေပးႏုိင္ပါလိမ့္မယ္။

၁) က်န္းမာတဲ့ အစားေရွာင္ျခင္း

ဒီအခ်က္ကေတာ့ ဘယ္လုိအသက္အရြယ္ အဆင့္အတန္းမွာမဆုိအေရးႀကီးပါတယ္။ ဒါေပမယ့္ ကုိယ္ဝန္ေဆာင္ေတြနဲ႔ ႏုိ႔တုိက္မိခင္ေတြ ျဖစ္လာရင္ေတာ့ ပုိၿပီးအေရးပါတာေပါ့။ သင္နဲ႔ သင့္ကေလး ဖြံ႔ျဖိဳးဖို႔အတြက္ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြက အလြန္အေရးပါပါတယ္။

၂) တစ္ရက္ကုိအသီးအရြက္ ငါးမ်ိဳးေလာက္စားဖို႔ရည္ရြယ္ထားပါ


အသီးအရြက္ေတြကုိ ေပါင္မုန္႔၊ အာလူး၊ ဆန္စပါးတုိ႔လုိ မူလအစားအေသာက္ေတြနဲ႔ တြဲဖက္စားသံုးေပးရပါမယ္။ အသီးအရြက္ေတြမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါဝင္သလုိ၊ အမွ်င္ဓာတ္ေတြလည္းပါဝင္တာေၾကာင့္ ကုိယ္ဝန္ေဆာင္ေတြမွာ ျဖစ္ေပၚတတ္တဲ့ ဝမ္းခ်ဳပ္ေစတာနဲ႔ အစာမေၾကတာေတြကုိ ကူညီေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

၃) ပရုိတိန္းဓာတ္ေတြမ်ားမ်ားစားဖို႔လုိ


ကုိယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ပရုိတိန္းဓာတ္ကုိေန႔စဥ္မွီဝဲသင့္ပါတယ္။ ပရုိတိန္းေတြကို ငါး၊ ဥအမ်ိဳးမ်ိဳး၊ ပဲအမ်ိဳးမ်ိဳး၊ အေစ့အဆံအမ်ိဳးမ်ိဳး နဲ႔ နီရဲတဲ့အသားေတြမွာ ေတြ႕ရမွာပါ။ ဒါေပမယ့္ အသည္းေတြ ကလီစာေတြကုိေတာ့ ကုိယ္ဝန္ေဆာင္စဥ္ကာလမွာ ေရွာင္သင့္ပါတယ္။ ေရွာင္ရမယ့္ အစားအစာေတြကုိေတာ့ သင့္ OG နဲ႔ညွိႏွဳိင္းတုိင္ပင္ သင့္ပါတယ္။

၄) ကယ္လ္ဆီယမ္ကုိျမွင့္တင္ပါ


သင့္အေနနဲ႔ ကယ္လ္ဆီယမ္လံုေလာက္တာ ေသခ်ာပါေစ။ ႏုိ႔ထြက္ပစၥည္းေတြျဖစ္တဲ့ ႏြားႏုိ႔၊ ခ်ိစ္နဲ႔ ဒိန္ခ်ဥ္တုိ႔မွာ ကယ္လ္ဆီယမ္ေတြၾကြယ္ဝပါတယ္။ သၾကားမ်ားတဲ့ Snack ေတြကုိေတာ့ မစားမိဖို႔ႀကိဳးစားပါ။

၅) ေရမ်ားမ်ားေသာက္ပါ


ဝမ္းခ်ဳပ္တာေတြမျဖစ္ရေအာင္ ေရမ်ားမ်ားကုိ ပံုမွန္ေသာက္ဖို႔ ကလည္းအေရးပါပါတယ္။ ေကာ္ဖီကုိလည္း သတ္သတ္မွတ္မွတ္ေသာက္ႏုိင္ပါတယ္။

၆) ကေလးကုိဒီအတိုင္းႏုိ႔တုိက္မလား ႏုိ႔ဘူးပဲတိုက္မလား


ေျခာက္လေအာက္ ႏို႔စုိ႔ကေလးေတြအတြက္ ကေလးမိခင္ေတြအတြက္ မိခင္ႏုိ႔ရည္သာအေကာင္းဆံုးလုိ႔ သိရပါတယ္။ မိခင္ႏုိ႔ရည္ဟာ ကေလးအတြက္ ျပည့္စံုတဲ့ အစာအာဟာရပဲျဖစ္ပါတယ္။ မိခင္ႏုိ႔ရည္မွာ ကေလးကုိ ကူးစက္ေရာဂါေတြကေန ကာကြယ္ႏုိင္ဖုိ႔အတြက္ ကူညီေပးတဲ့ အားသာခ်က္ေတြအမ်ားႀကီးရွိပါတယ္။

၇) ကိုယ္ဝန္ေဆာင္အာဟာရဓာတ္မ်ား


ေဖာလစ္အက္ဆစ္ ၄၀၀ မုိက္ခရုိဂရမ္ေလာက္ကုိ သင့္အေနနဲ႔ ကုိယ္ဝန္မေဆာင္ခင္နဲ႔ ကုိယ္ဝန္၁၂ပတ္အထိ မွီဝဲသင့္ပါတယ္။ ဗီတာမင္ဒီ ၁၀မုိက္ခရုိဂရမ္ေလာက္ကုိ ႏုိ႔တုိက္မိခင္မျဖစ္ခင္အထိမွီဝဲသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

သင့်ရဲ့ ဆရာဝန်ကသင့်ကို ကိုယ်ဝန်ရှိနေပြီလို့ ပြောတဲ့အချိန်ကစပြီး သင့်အနေနဲ့ စစ်ပွဲတစ်ပွဲတိုက်နေရသလို အမျိုးမျိုးသော အန္တရာယ်တွေကျော်လွှားရတော့မှာဖြစ်ပါတယ်။ ဒီအတွက် သင့်အနေနဲ့ သင့်ကလေးရော သင်ကိုယ်တိုင်ပါကျန်းမာနေဖို့လိုအပ်လို့ သင့်အနေနဲ့ အစားအသောက်တွေကအစ အစစအရာရာ ဆင်ခြင်နေထိုင်ရတော့မှာဖြစ်ပါတယ်။ ဒီအတွက် အောက်ကအချက်လေးတွေက သင့်ကိုအထောက်အကူဖြစ်နိုင်စေဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။

၁) ကျန်းမာတဲ့ အစားရှောင်ခြင်း

ဒီအချက်ကတော့ ဘယ်လိုအသက်အရွယ် အဆင့်အတန်းမှာမဆိုအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ ဖြစ်လာရင်တော့ ပိုပြီးအရေးပါတာပေါ့။ သင်နဲ့ သင့်ကလေး ဖွံ့ဖြိုးဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အလွန်အရေးပါပါတယ်။

၂) တစ်ရက်ကိုအသီးအရွက် ငါးမျိုးလောက်စားဖို့ရည်ရွယ်ထားပါ


အသီးအရွက်တွေကို ပေါင်မုန့်၊ အာလူး၊ ဆန်စပါးတို့လို မူလအစားအသောက်တွေနဲ့ တွဲဖက်စားသုံးပေးရပါမယ်။ အသီးအရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်သလို၊ အမျှင်ဓာတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ဝမ်းချုပ်စေတာနဲ့ အစာမကြေတာတွေကို ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။

၃) ပရိုတိန်းဓာတ်တွေများများစားဖို့လို


ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပရိုတိန်းဓာတ်ကိုနေ့စဉ်မှီဝဲသင့်ပါတယ်။ ပရိုတိန်းတွေကို ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုး နဲ့ နီရဲတဲ့အသားတွေမှာ တွေ့ရမှာပါ။ ဒါပေမယ့် အသည်းတွေ ကလီစာတွေကိုတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ရှောင်သင့်ပါတယ်။ ရှောင်ရမယ့် အစားအစာတွေကိုတော့ သင့် OG နဲ့ညှိနှိုင်းတိုင်ပင် သင့်ပါတယ်။

၄) ကယ်လ်ဆီယမ်ကိုမြှင့်တင်ပါ


သင့်အနေနဲ့ ကယ်လ်ဆီယမ်လုံလောက်တာ သေချာပါစေ။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ချိစ်နဲ့ ဒိန်ချဉ်တို့မှာ ကယ်လ်ဆီယမ်တွေကြွယ်ဝပါတယ်။ သကြားများတဲ့ Snack တွေကိုတော့ မစားမိဖို့ကြိုးစားပါ။

၅) ရေများများသောက်ပါ


ဝမ်းချုပ်တာတွေမဖြစ်ရအောင် ရေများများကို ပုံမှန်သောက်ဖို့ ကလည်းအရေးပါပါတယ်။ ကော်ဖီကိုလည်း သတ်သတ်မှတ်မှတ်သောက်နိုင်ပါတယ်။

၆) ကလေးကိုဒီအတိုင်းနို့တိုက်မလား နို့ဘူးပဲတိုက်မလား


ခြောက်လအောက် နို့စို့ကလေးတွေအတွက် ကလေးမိခင်တွေအတွက် မိခင်နို့ရည်သာအကောင်းဆုံးလို့ သိရပါတယ်။ မိခင်နို့ရည်ဟာ ကလေးအတွက် ပြည့်စုံတဲ့ အစာအာဟာရပဲဖြစ်ပါတယ်။ မိခင်နို့ရည်မှာ ကလေးကို ကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကူညီပေးတဲ့ အားသာချက်တွေအများကြီးရှိပါတယ်။

၇) ကိုယ်ဝန်ဆောင်အာဟာရဓာတ်များ


ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ်လောက်ကို သင့်အနေနဲ့ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်၁၂ပတ်အထိ မှီဝဲသင့်ပါတယ်။ ဗီတာမင်ဒီ ၁၀မိုက်ခရိုဂရမ်လောက်ကို နို့တိုက်မိခင်မဖြစ်ခင်အထိမှီဝဲသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top