Kantharyar Centre
×

        က်ပ္ငါးရာတန္ ထီလက္မွတ္မ်ားကို ၂၀၁၇ မတ္လတြင္ စတင္ေရာင္းခ်မည္ျဖစ္သည္။

က်ပ္ ၅၀၀ တန္ထီဖြင့္ လွစ္ပါက လက္ရွိဖြင့္လွစ္ေပးေန သည့္ က်ပ္ ၂၀၀ တန္ထီလက္မွတ္ေစာင္ေရ ေလွ်ာ့ခ်ထုတ္လုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ထီကိုယ္စားလွယ္မ်ားႏွင့္ ထီကံစမ္းလိုသူမ်ားသည္ ၂၀၁၇ ဧၿပီတြင္ ဖြင့္လွစ္မည့္ က်ပ္ ၅၀၀ တန္ထီကုိ စိတ္၀င္စားမႈ မ်ားေန ေသာေၾကာင့္ အဆိုပါထီ စတင္ ေရာင္းခ်သည့္ လကစ၍ က်ပ္ ၂၀၀ တန္ ထီလက္မွတ္ ျဖန္႔ျဖဴး ထုတ္လုပ္မႈကို ေလွ်ာ့ခ်မည္ဟု ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္ က ေျပာသည္။

 ‘‘ဆုေၾကးေငြကိုေတာ့ မ ေျပာင္းဘူး။ ႐ိုက္ထုတ္ေရာင္းခ် ေပးမယ့္ ထီလက္မွတ္ေစာင္ေရကို ပဲ ေလွ်ာ့ခ်မွာ။ ပံုမွန္အတိုင္းထုတ္ လုပ္ၿပီး မေရာင္းရဘူးဆုိရင္ ႏုိင္ငံ ေတာ္အတြက္ ဆံုး႐ႈံးမႈေတြရွိႏုိင္ တာေၾကာင့္ပါ’’ဟု ဦးမင္းထြဋ္က ေျပာသည္။

ႏုိင္ငံေတာ္က ထီလက္မွတ္ ႐ိုက္ထုတ္ၿပီးေနာက္ မေရာင္းခ်ႏုိင္ပါက အကၡရာ တစ္ခုလွ်င္က်ပ္သိန္း ၅၀ ခန္႔ ဆံုး႐ႈံးမႈရွိႏုိင္သည္ဟုဆုိသည္။ က်ပ္ ၂၀၀ တန္ထီလက္မွတ္႐ိုက္ႏွိပ္ေရာင္းခ်သည့္အေရအတြက္ကို ေလွ်ာ့ခ်မည္ဆုိေသာ္ လည္း ယခုအခ်ိန္အထိ မည္မွ် ေလွ်ာ့ခ်မည္ကို အတည္မျပဳႏုိင္ ေသးဘဲ ထီအေရာင္းကုိယ္စား လွယ္မ်ား၏ သေဘာထားကို ရ ယူေနဆဲျဖစ္သည္ဟု ဦးမင္းထြဋ္ က ေျပာသည္။

‘‘အခုအထိ ကိုယ္စားလွယ္ ေတြရဲ႕သေဘာအရကေတာ့ က်ပ္ ၅၀၀ တန္ထီကို ပုိၿပီးစိတ္၀င္စား ေနၾကတယ္။ က်ပ္ ၂၀၀ တန္ထီ ကိုလည္း ဆက္ေရာင္းမယ္။ ဒါ ေပမဲ့ အခုေလာက္ေတာ့ ဆက္မယူၾကေတာ့ဘူး ေျပာတယ္’’ဟု ၎က ဆုိသည္။

က်ပ္ ၅၀၀ တန္ထီလက္မွတ္ ကို ၂၀၁၇ မတ္လတြင္ စတင္ျဖန္႔ ခ်ိေရာင္းခ်မည္ျဖစ္ၿပီး အျမင့္ဆံုး ဆုေငြကို က်ပ္သိန္း တစ္ေသာင္းေပးမည္ဆို၍ ထီေလာကအတြင္း စိတ္၀င္စားမႈ ျမင့္တက္ေနသည္။

လက္ရွိဖြင့္လွစ္ေရာင္းခ်ေန သည့္ က်ပ္ ၂၀၀ တန္ထီမွာ အ ျမင့္ဆံုးဆုေၾကးအျဖစ္ က်ပ္သိန္း တစ္ေထာင့္ငါးရာသာ သတ္မွတ္ထားသည္။

လက္ရွိအခ်ိန္တြင္ အစိုးရ က ေအာင္ဘာေလထီဖြင့္ရာ၌ ထီ လက္မွတ္ေရာင္းရေငြ၏ ၄၀ ရာ ခုိင္ႏႈန္းကို ႏုိင္ငံေတာ္ဘ႑ာေငြ အျဖစ္ ရယူ၍ က်န္ ၆၀ ရာခုိင္ႏႈန္း  ကို ဆုေငြအျဖစ္ ထုတ္ေပးေနျခင္း ျဖစ္သည္။ က်ပ္ ၂၀၀ တန္ထီလက္ မွတ္ကို တစ္လလွ်င္ အေစာင္ေရ သိန္း ၂၇၀ ခန္႔႐ိုက္ထုတ္ေရာင္းခ် ၿပီး ဖြင့္လွစ္ေပးသည့္ ဆုမဲအေရ အတြက္မွာ ေလးေသာင္းေက်ာ္ရွိ ေၾကာင္း ေအာင္ဘာေလသိန္းဆု ဌာနမွတ္တမ္းမ်ားက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကျပ်ငါးရာတန် ထီလက်မှတ်များကို ၂၀၁၇ မတ်လတွင် စတင်ရောင်းချမည်ဖြစ်သည်။


ကျပ် ၅၀၀ တန်ထီဖွင့် လှစ်ပါက လက်ရှိဖွင့်လှစ်ပေးနေ သည့် ကျပ် ၂၀၀ တန်ထီလက်မှတ်စောင်ရေ လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထီကိုယ်စားလှယ်များနှင့် ထီကံစမ်းလိုသူများသည် ၂၀၁၇ ဧပြီတွင် ဖွင့်လှစ်မည့် ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားမှု များနေ သောကြောင့် အဆိုပါထီ စတင် ရောင်းချသည့် လကစ၍ ကျပ် ၂၀၀ တန် ထီလက်မှတ် ဖြန့်ဖြူး ထုတ်လုပ်မှုကို လျှော့ချမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောသည်။

 ‘‘ဆုကြေးငွေကိုတော့ မ ပြောင်းဘူး။ ရိုက်ထုတ်ရောင်းချ ပေးမယ့် ထီလက်မှတ်စောင်ရေကို ပဲ လျှော့ချမှာ။ ပုံမှန်အတိုင်းထုတ် လုပ်ပြီး မရောင်းရဘူးဆိုရင် နိုင်ငံ တော်အတွက် ဆုံးရှုံးမှုတွေရှိနိုင် တာကြောင့်ပါ’’ဟု ဦးမင်းထွဋ်က ပြောသည်။

နိုင်ငံတော်က ထီလက်မှတ် ရိုက်ထုတ်ပြီးနောက် မရောင်းချနိုင်ပါက အက္ခရာ တစ်ခုလျှင်ကျပ်သိန်း ၅၀ ခန့် ဆုံးရှုံးမှုရှိနိုင်သည်ဟုဆိုသည်။ ကျပ် ၂၀၀ တန်ထီလက်မှတ်ရိုက်နှိပ်ရောင်းချသည့်အရေအတွက်ကို လျှော့ချမည်ဆိုသော် လည်း ယခုအချိန်အထိ မည်မျှ လျှော့ချမည်ကို အတည်မပြုနိုင် သေးဘဲ ထီအရောင်းကိုယ်စား လှယ်များ၏ သဘောထားကို ရ ယူနေဆဲဖြစ်သည်ဟု ဦးမင်းထွဋ် က ပြောသည်။

‘‘အခုအထိ ကိုယ်စားလှယ် တွေရဲ့သဘောအရကတော့ ကျပ် ၅၀၀ တန်ထီကို ပိုပြီးစိတ်ဝင်စား နေကြတယ်။ ကျပ် ၂၀၀ တန်ထီ ကိုလည်း ဆက်ရောင်းမယ်။ ဒါ ပေမဲ့ အခုလောက်တော့ ဆက်မယူကြတော့ဘူး ပြောတယ်’’ဟု ၎င်းက ဆိုသည်။

ကျပ် ၅၀၀ တန်ထီလက်မှတ် ကို ၂၀၁၇ မတ်လတွင် စတင်ဖြန့် ချိရောင်းချမည်ဖြစ်ပြီး အမြင့်ဆုံး ဆုငွေကို ကျပ်သိန်း တစ်သောင်းပေးမည်ဆို၍ ထီလောကအတွင်း စိတ်ဝင်စားမှု မြင့်တက်နေသည်။

လက်ရှိဖွင့်လှစ်ရောင်းချနေ သည့် ကျပ် ၂၀၀ တန်ထီမှာ အ မြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်း တစ်ထောင့်ငါးရာသာ သတ်မှတ်ထားသည်။

လက်ရှိအချိန်တွင် အစိုးရ က အောင်ဘာလေထီဖွင့်ရာ၌ ထီ လက်မှတ်ရောင်းရငွေ၏ ၄၀ ရာ ခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် ရယူ၍ ကျန် ၆၀ ရာခိုင်နှုန်း  ကို ဆုငွေအဖြစ် ထုတ်ပေးနေခြင်း ဖြစ်သည်။ ကျပ် ၂၀၀ တန်ထီလက် မှတ်ကို တစ်လလျှင် အစောင်ရေ သိန်း ၂၇၀ ခန့်ရိုက်ထုတ်ရောင်းချ ပြီး ဖွင့်လှစ်ပေးသည့် ဆုမဲအရေ အတွက်မှာ လေးသောင်းကျော်ရှိ ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှတ်တမ်းများက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top