Property Expo
×

စိတ္က်ေရာဂါဟာ ကမာၻတစ္ဝွမ္း အျဖစ္မ်ားဆုံးေရာဂါ အမ်ဳိးအစားေတြထဲက တစ္ခုျဖစ္ပါတယ္။ Van Gogh Ernest Hemingway၊ Michelangelo နဲ႔ Mark Twain တုိ႔လုိ နာမည္ၾကီးပုဂၢဳိလ္ေတြလည္း စိတ္က်ေရာဂါ ခံစားခဲ့ၾကရဖူးပါတယ္။ ေဟာလိဝုဒ္အေက်ာ္အေမာ္ Jim Carrey၊ Brook Shield နဲ႔ Owen Wilson တုိ႔မွာလည္း ဒီေရာဂါ ရိွတယ္လို႔ သိရပါတယ္။  စိတ္က်ေရာဂါက ရုပ္ပုိင္းဆုိင္ရာနဲ႔  စိတ္ပုိင္းဆုိင္ရာႏွစ္ခုစလုံး ထိခုိက္ေစႏုိင္တဲ့ စိတ္ေရာဂါအမ်ဳိးအစား တစ္ခုျဖစ္ျပီး ျပင္းထန္တဲ့ အေျခအေနမ်ဳိးေတြမွာဆုိရင္ အသက္အႏၱရာယ္ဆံုးရႈံးတဲ့အထိေတာင္ ျဖစ္ေစႏိုင္ပါတယ္။

စိတ္က်ေရာဂါျဖစ္ပြားေစတဲ့ အဓိကအရာေတြကေတာ့…

·         စိတ္က်ေရာဂါက ဦးေႏွာက္ရိွ ဇီဝဓာတ္မညီမွ်မႈကဲ့သုိ႔ ဇီဝပုိင္းဆုိင္ရာအခ်က္တခ်ဳိ႕နဲ႔ ဆက္စပ္ေနပါတယ္။ ဦးေႏွာက္ဇီဝဓာတ္ထုတ္လုပ္မႈ နည္းလြန္းျခင္း သုိ႔မဟုတ္ မ်ားလြန္းျခင္းက စိတ္က်ေရာဂါ ျဖစ္ေစႏုိင္ပါတယ္။ စိတ္က်ေရာဂါအမ်ားစုက မ်ဳိးရုိးလုိက္တာ ျဖစ္ပါတယ္။

·         အမ်ဳိးသမီးေတြဟာ အမ်ဳိးသားေတြထက္ စိတ္က်ေရာဂါျဖစ္ႏုိင္ေျခ ႏွစ္ဆ ပိုမ်ားပါတယ္။ အမ်ဳိးသမီး ၄ ေယာက္မွာ ၁ ေယာက္က သူတုိ႔ဘဝတစ္သက္မွာ စိတ္က်ေရာဂါ ခံစားခဲ့ၾကရဖူးပါတယ္။ အမ်ဳိးသမီးေတြအေနနဲ႔ ကုိယ္ဝန္ေဆာင္ကာလ၊ ကေလးေမြးဖြားကာလ၊ ရာသီလာခ်ိန္နဲ႔ ေသြးဆုံးခ်ိန္အတြင္း ေဟာ္မုန္းကေမာက္ကမျဖစ္မႈေတြေၾကာင့္ စိတ္က်ေရာဂါ ေတြ႔ၾကဳံခံစားရေလ့ရိွၾကပါတယ္။ အမ်ဳိးသမီးေတြမွာ စိတ္ဖိစီးမႈျဖစ္ပြားမႈႏႈန္းက အမ်ဳိးသားေတြထက္ ပိုမ်ားတယ္လုိ႔လည္း ယုံၾကည္ထားပါတယ္။

·         မိမိကုိယ္မိမိ အပ်က္သေဘာေတြးတတ္သူ၊ အျပစ္ျမင္တတ္တဲ့ အျမင္ရႈေထာင့္ေတြနဲ႔ သိမ္ငယ္စိတ္ရိွသူေတြဟာ ျပင္းထန္တဲ့ စိတ္က်ေရာဂါအႏၱရာယ္ျဖစ္ပြားႏုိင္ေျခ ပိုမ်ားၾကပါတယ္။

·         စိတ္က်ေရာဂါက အိမ္ေထာင္ကြဲ၊ အလုပ္လက္မဲ့ျဖစ္သူေတြ စတဲ့ အေျခအေနအရပ္ရပ္တုိ႔ေၾကာင့္ ျဖစ္ပြားႏုိင္ပါတယ္။ ေငြးေရးေၾကးေရးျပသနာေတြက ဒီေရာဂါျဖစ္ပြားႏိုင္ေျခပုိမ်ားပါတယ္။ မိမိခ်စ္ရတဲ့သူေတြ အသက္ဆုံးရႈံးတဲ့အခါ ခံစားေၾကကြဲျပီးေတာ့လည္း စိတ္က်ေရာဂါ ခံစားရႏိုင္ပါတယ္။

·         ကင္ဆာ၊ ႏွလုံးေရာဂါ၊ ေျခတုန္လက္တုန္ျဖစ္ျခင္း၊ အယ္လ္ဇုိင္းမား၊ သုိင္းရိြဳက္နဲ႔ ေဟာ္မုန္းကေမာက္ျဖစ္ျခင္း ကဲ့သုိ႔ အၾကီးစားေရာဂါခံစားရသူေတြလည္း စိတ္က်ေရာဂါ ျဖစ္ပြားႏုိင္ပါတယ္။

·         ေဆးေတြ ေသာက္သံုးရတဲ့အခါေတြမွာလည္း ေဘးထြက္ဆိုးက်ဳိးတစ္ခုအေနနဲ႔ စိတ္က်ေရာဂါျဖစ္ပြားတတ္ပါတယ္။ စိတ္ျငိမ္ေဆး၊ အကိုက္အခဲေပ်ာက္ေဆးစတဲ့ ေဆးေတြက စိတ္က်ေရာဂါ ျဖစ္ပြားေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

စိတ်ကျရောဂါဟာ ကမ္ဘာတစ်ဝှမ်း အဖြစ်များဆုံးရောဂါ အမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်။ Van Gogh Ernest Hemingway၊ Michelangelo နဲ့ Mark Twain တို့လို နာမည်ကြီးပုဂ္ဂိုလ်တွေလည်း စိတ်ကျရောဂါ ခံစားခဲ့ကြရဖူးပါတယ်။ ဟောလိဝုဒ်အကျော်အမော် Jim Carrey၊ Brook Shield နဲ့ Owen Wilson တို့မှာလည်း ဒီရောဂါ ရှိတယ်လို့ သိရပါတယ်။  စိတ်ကျရောဂါက ရုပ်ပိုင်းဆိုင်ရာနဲ့  စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံး ထိခိုက်စေနိုင်တဲ့ စိတ်ရောဂါအမျိုးအစား တစ်ခုဖြစ်ပြီး ပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာဆိုရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။

စိတ်ကျရောဂါဖြစ်ပွားစေတဲ့ အဓိကအရာတွေကတော့…

·         စိတ်ကျရောဂါက ဦးနှောက်ရှိ ဇီဝဓာတ်မညီမျှမှုကဲ့သို့ ဇီဝပိုင်းဆိုင်ရာအချက်တချို့နဲ့ ဆက်စပ်နေပါတယ်။ ဦးနှောက်ဇီဝဓာတ်ထုတ်လုပ်မှု နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်းက စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါအများစုက မျိုးရိုးလိုက်တာ ဖြစ်ပါတယ်။

·         အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ကျရောဂါဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။ အမျိုးသမီး ၄ ယောက်မှာ ၁ ယောက်က သူတို့ဘဝတစ်သက်မှာ စိတ်ကျရောဂါ ခံစားခဲ့ကြရဖူးပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ၊ ကလေးမွေးဖွားကာလ၊ ရာသီလာချိန်နဲ့ သွေးဆုံးချိန်အတွင်း ဟော်မုန်းကမောက်ကမဖြစ်မှုတွေကြောင့် စိတ်ကျရောဂါ တွေ့ကြုံခံစားရလေ့ရှိကြပါတယ်။ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုဖြစ်ပွားမှုနှုန်းက အမျိုးသားတွေထက် ပိုများတယ်လို့လည်း ယုံကြည်ထားပါတယ်။

·         မိမိကိုယ်မိမိ အပျက်သဘောတွေးတတ်သူ၊ အပြစ်မြင်တတ်တဲ့ အမြင်ရှုထောင့်တွေနဲ့ သိမ်ငယ်စိတ်ရှိသူတွေဟာ ပြင်းထန်တဲ့ စိတ်ကျရောဂါအန္တရာယ်ဖြစ်ပွားနိုင်ခြေ ပိုများကြပါတယ်။

·         စိတ်ကျရောဂါက အိမ်ထောင်ကွဲ၊ အလုပ်လက်မဲ့ဖြစ်သူတွေ စတဲ့ အခြေအနေအရပ်ရပ်တို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ငွေးရေးကြေးရေးပြသနာတွေက ဒီရောဂါဖြစ်ပွားနိုင်ခြေပိုများပါတယ်။ မိမိချစ်ရတဲ့သူတွေ အသက်ဆုံးရှုံးတဲ့အခါ ခံစားကြေကွဲပြီးတော့လည်း စိတ်ကျရောဂါ ခံစားရနိုင်ပါတယ်။

·         ကင်ဆာ၊ နှလုံးရောဂါ၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ အယ်လ်ဇိုင်းမား၊ သိုင်းရွိုက်နဲ့ ဟော်မုန်းကမောက်ဖြစ်ခြင်း ကဲ့သို့ အကြီးစားရောဂါခံစားရသူတွေလည်း စိတ်ကျရောဂါ ဖြစ်ပွားနိုင်ပါတယ်။

·         ဆေးတွေ သောက်သုံးရတဲ့အခါတွေမှာလည်း ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ စိတ်ကျရောဂါဖြစ်ပွားတတ်ပါတယ်။ စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးစတဲ့ ဆေးတွေက စိတ်ကျရောဂါ ဖြစ်ပွားစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top