Property Expo
×


Credit : Duwun


#Unicode Version

လက်ပတ်နာရီဓာတ်ခဲတွေကို ကလေးငယ်တွေနားမှာ လုံးဝမထားသင့်ပါဘူး။ မျိုချမိတဲ့အခါမှာ အသက်ရှုကြပ်နိုင်သလို အစာအိမ်ရေမျိုကိုပါ လောင်ကျွမ်းသွားစေနိုင်တာ ဖြစ်ပါတယ်။သတင်းတစ်ရပ်မှာတော့ ဆေးရုံအချို့မှာ ဓာတ်ခဲမျိုမိတဲ့ကလေးတွေကို ကုသပေးရမှုဟာ မြင့်တက်လာပြီး မန်ချက်စတာမှာ ကလေးနှစ်ယောက် ဓာတ်ခဲမျိုချတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ပတ်နာရီဓာတ်ခဲဟာ သေးတာကြောင့် အလွယ်တကူထားမနိုင်ပြီး ကလေးတွေကလည်း အလွယ်တကူမျိုချမိနိုင်ပါတယ်။ မျိုချမိတဲ့အခါမှာလည်း ကလေးရဲ့အစာအိမ်ရေမျိုမှာ တင်နေနိုင်ပြီး လောင်ကျွမ်းနိုင်တာဖြစ်ပါတယ်။ လက်ပတ်နာရီ ဓာတ်ခဲနဲ့ပက်သက်လို့ ခြောက်နှစ်အောက် ကလေးတွေဟာ အန္တရယ်အရှိနိုင်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top