Property Expo
×

သီရိလကၤာႏုိင္ငံ တရား႐ုံးက ၿပဳိင္ဘက္ ႏုိင္ငံေရးသမားကုိ သတ္ျဖတ္မႈျဖင့္ လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦးအား ေသဒဏ္က်ခံေစရန္ အမိန္႕ခ်မွတ္လုိက္ပါတယ္။

ဒူမင္ဒါ ေဆးလ္ဗား အမည္႐ွိ အမတ္ေဟာင္းနဲ႕ အျခား လူေလးဦးဟာ လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ေ႐ြးေကာက္ပြဲကာလအတြင္း ကုိလံဘုိၿမဳိ႕မွာ ၿပဳိင္ဘက္ ႏုိင္ငံေရးသမား ဘာရာသာ လက္႐ွ္မန္း ပရီမာခ်န္ဒါနဲ႕ ၎အားေထာက္ခံသူ သုံးဦးကုိ ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ေသဒဏ္ခ်မွတ္ခံရတဲ့ လႊတ္ေတာ္အမတ္ေဟာင္းဟာ သီရိလကၤာမွာ ေသဒဏ္ဆုိင္းငံ့ထားမႈေၾကာင့္ ႏွစ္႐ွည္ေထာင္ဒဏ္ က်ခံရဖြယ္႐ွိေၾကာင္း သိရပါတယ္။ ယခု ျပစ္ဒဏ္ကုိ အယူခံဝင္သြားမယ္လုိ႕ တရားခံေ႐ွ႕ေနေတြက ေျပာပါတယ္။ ေသဒဏ္ခ်ခံရတဲ့ အမတ္ေဟာင္းဟာ သီရိလကၤာမွာ ၾသဇာႀကီးတဲ့ ကာကြယ္ေရးဝန္ႀကီးနဲ႕ နီးကပ္တဲ့ မိတ္ေဆြလည္း ျဖစ္ပါတယ္။

တရား႐ုံးမွာ ဒူမင္ဒါ ေဆးလ္ဗားကုိ ေသဒဏ္အမိန္႕ခ်မွတ္ခဲ့မႈအေပၚ လူအမ်ားအျပားက ႀကဳိဆုိလုိက္ၾကၿပီး ယခု စီရင္ခ်က္မွာ တရားစီရင္ေရးကိစၥေတြကုိ သီရိလကၤာမွာ လြတ္လပ္စြာ ေဆာင္႐ြက္ႏုိင္ေၾကာင္း ျပသရာေရာက္တယ္လုိ႕ သုံးသပ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

သီရိလင်္ကာနိုင်ငံ တရားရုံးက ပြိုင်ဘက် နိုင်ငံရေးသမားကို သတ်ဖြတ်မှုဖြင့် လွှတ်တော်အမတ်ဟောင်းတစ်ဦးအား သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်ပါတယ်။

ဒူမင်ဒါ ဆေးလ်ဗား အမည်ရှိ အမတ်ဟောင်းနဲ့ အခြား လူလေးဦးဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ကိုလံဘိုမြို့မှာ ပြိုင်ဘက် နိုင်ငံရေးသမား ဘာရာသာ လက်ရှ်မန်း ပရီမာချန်ဒါနဲ့ ၎င်းအားထောက်ခံသူ သုံးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ လွှတ်တော်အမတ်ဟောင်းဟာ သီရိလင်္ကာမှာ သေဒဏ်ဆိုင်းငံ့ထားမှုကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံရဖွယ်ရှိကြောင်း သိရပါတယ်။ ယခု ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ တရားခံရှေ့နေတွေက ပြောပါတယ်။ သေဒဏ်ချခံရတဲ့ အမတ်ဟောင်းဟာ သီရိလင်္ကာမှာ သြဇာကြီးတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ နီးကပ်တဲ့ မိတ်ဆွေလည်း ဖြစ်ပါတယ်။

တရားရုံးမှာ ဒူမင်ဒါ ဆေးလ်ဗားကို သေဒဏ်အမိန့်ချမှတ်ခဲ့မှုအပေါ် လူအများအပြားက ကြိုဆိုလိုက်ကြပြီး ယခု စီရင်ချက်မှာ တရားစီရင်ရေးကိစ္စတွေကို သီရိလင်္ကာမှာ လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ပြသရာရောက်တယ်လို့ သုံးသပ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top