Kantharyar Centre
×

စက္တင္ဘာ ၅ ရက္က ျပဳလုပ္ေသာ ရခိုင္ျပည္နယ္ဆိုင္ရာေကာ္မရွင္ ဖြင့္ပြဲ အခမ္းအနားတြင္ စကားလက္ဆံုက်ေန သည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကိုဖီ အာနန္တို႔ကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေက်ာ္ဇင္သန္း)


ရခုိင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္တြင္ ႏုိင္ငံ တကာမွ ပုဂၢိဳလ္မ်ားပါ၀င္ဖဲြ႕စည္း ထားျခင္းႏွင့္ပတ္သက္၍ စိုးရိမ္မႈ မ်ားရွိေနေသာ္လည္း အခ်ဳပ္အ ျခာအာဏာကို ထိခိုက္ခံမည္မ ဟုတ္ေၾကာင္း ႏုိင္ငံေတာ္၏ အ တုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္း စုၾကည္က ေျပာၾကားသည္။

ထို႔အျပင္ အႀကံေပးေကာ္မ ရွင္ဥကၠ႒ႏွင့္ ႏုိဗယ္ဆုရွင္ မစၥတာ ကိုဖီအာနန္က ဘက္လိုက္မႈလံုး၀ မရွိဘဲ ရခိုင္အေရးေျဖရွင္းႏုိင္မည့္ နည္းလမ္းမ်ားကို အစြမ္းကုန္ရွာ ေဖြမည္ဟု ေျပာၾကားခဲ့သည္။ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိေနသည့္ ရခိုင္ျပည္နယ္ဆုိင္ရာ အႀကံေပး ေကာ္မရွင္ဥကၠ႒ မစၥတာကိုဖီအာ နန္တို႔ စက္တင္ဘာ ၅ ရက္က အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန(NRPC)တြင္ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္က ရခိုင္ျပည္နယ္အေရးကိစၥသည္ ႏုိင္ငံေတာ္တည္ၿငိမ္ဖံြ႕ၿဖိဳးေရးအ တြက္ အလြန္အေရးႀကီး၍ ၀ိုင္း ၀န္းအေျဖရွာရမည္ျဖစ္ၿပီး အႀကံ ေပးေကာ္မရွင္က နည္းလမ္းမ်ား ရွာေဖြေပးႏုိင္မည္ဟု ေမွ်ာ္လင့္ ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ သည္။

ေကာ္မရွင္တြင္ ႏုိင္ငံတကာ ပုဂၢိဳလ္မ်ား ပါ၀င္ဖဲြ႕စည္းထားျခင္း ေၾကာင့္ အခ်ဳပ္အျခာအာဏာထိ ခိုက္မည္ကို မစိုးရိမ္ၾကရန္လည္း ‘‘ေကာ္မရွင္မွာ ႏုိင္ငံတကာက ပုဂၢိဳလ္ေတြပါ၀င္ဖဲြ႕စည္းမႈနဲ႔ပတ္ သက္လို႔ အခ်ဳပ္အျခာအာဏာကို ထိခိုက္ႏုိင္တယ္ဆုိၿပီး တခ်ိဳ႕စိုး ရိမ္မႈေတြရွိေနပါတယ္။ အခ်ဳပ္ အျခာအာဏာကို လံုး၀ အထိအ ခုိက္မခံပါဘူး။ ကၽြန္မတို႔ တုိင္း ျပည္ရဲ႕ အခ်ဳပ္အျခာအာဏာဟာ ျပည္သူလူထုက ပိုင္တာပါ။ အား လံုးပိုင္တာျဖစ္တယ္။ အစိုးရ လည္းမပိုင္ပါဘူး။ ျပည္သူလူထု က ကၽြန္မတို႔ တုိင္းျပည္ရဲ႕ ေအး ခ်မ္းတည္ၿငိမ္ ဖံြ႕ၿဖိဳးမႈကုိ လိုခ်င္ တယ္ဆုိတာ နားလည္သေဘာ ေပါက္ေနရင္ ကၽြန္မတို႔ တိုင္းျပည္ ရဲ႕ အခ်ဳပ္အျခာအာဏာကို မည္ သူတစ္ဦးတစ္ေယာက္ကမွ မထိ ပါးႏုိင္ပါဘူး’’ဟု ေဒၚေအာင္ဆန္း စုာကည္က ေျပာသည္။

ကိုဖီအာနန္ကလည္း ‘‘ကၽြန္ ေတာ္ ခင္ဗ်ားတုိ႔ ရခုိင္ျပည္သူ ေတြကို အာမခံတယ္။ ရခုိင္ျပည္ နယ္ အႀကံေပး ေကာ္မရွင္ဟာ ဘက္လိုက္မႈ လံုး၀မရွိဘဲ အစြမ္း ကုန္ႀကိဳးစားေဆာင္ရြက္ၿပီး အခု လိုစိန္ေခၚမႈေတြကို ေျဖရွင္းႏုိင္ မယ့္နည္းလမ္းေတြကို အဆိုျပဳ ရွာေဖြမွာျဖစ္တယ္’’ဟု ေျပာသည္။

ရခိုင္ျပည္နယ္ဆိုင္ရာအႀကံ ေပးေကာ္မရွင္ကို အစိုးရႏွင့္ ကုိဖီ အာနန္ေဖာင္ေဒးရွင္းတို႔ နားလည္ မႈစာခၽြန္လႊာ (MoU) ကို စက္တင္ဘာ ၅ ရက္က ေရးထိုးၿပီး ဖဲြ႕စည္းေဆာင္ရြက္ျခင္းျဖစ္သည္။

အႀကံေပးေကာ္မရွင္ အေနျဖင့္ ရခုိင္အေရးႏွင့္ ပတ္သက္၍ ေလ့လာသံုးသပ္သည့္ အႀကံျပဳခ်က္မ်ားကို ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္မွတစ္ဆင့္ တစ္ႏွစ္အတြင္း အစိုးရထံ တင္ျပရမည္ျဖစ္သည္။

ကိုဖီအာနန္ဦးေဆာင္သည့္ အႀကံေပး ေကာ္မရွင္သည္ စက္ တင္ဘာ ၆ ရက္(ယေန႔) တြင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕သို႔သြားေရာက္ မည္ျဖစ္သည္။

ရခုိင္အႀကံေပး ေကာ္မရွင္ ကို ၾသဂုတ္ ၂၄ ရက္စဲြျဖင့္ ဖဲြ႕စည္း ခဲ့ၿပီး ႏုိင္ငံတကာမွ ပုဂၢိဳလ္သံုးဦး၊ ျမန္မာႏုိင္ငံမွ  ေျခာက္ဦး  ပါ၀င္ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင် ဖွင့်ပွဲ အခမ်းအနားတွင် စကားလက်ဆုံကျနေ သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီ အာနန်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံ တကာမှ ပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်း ထားခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှု များရှိနေသော်လည်း အချုပ်အ ခြာအာဏာကို ထိခိုက်ခံမည်မ ဟုတ်ကြောင်း နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ထို့အပြင် အကြံပေးကော်မ ရှင်ဥက္ကဋ္ဌနှင့် နိုဗယ်ဆုရှင် မစ္စတာ ကိုဖီအာနန်က ဘက်လိုက်မှုလုံး၀ မရှိဘဲ ရခိုင်အရေးဖြေရှင်းနိုင်မည့် နည်းလမ်းများကို အစွမ်းကုန်ရှာ ဖွေမည်ဟု ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာ နန်တို့ စက်တင်ဘာ ၅ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးကိစ္စသည် နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးရေးအ တွက် အလွန်အရေးကြီး၍ ဝိုင်း ဝန်းအဖြေရှာရမည်ဖြစ်ပြီး အကြံ ပေးကော်မရှင်က နည်းလမ်းများ ရှာဖွေပေးနိုင်မည်ဟု မျှော်လင့် ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

ကော်မရှင်တွင် နိုင်ငံတကာ ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားခြင်း ကြောင့် အချုပ်အခြာအာဏာထိ ခိုက်မည်ကို မစိုးရိမ်ကြရန်လည်း ‘‘ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေပါဝင်ဖွဲ့စည်းမှုနဲ့ပတ် သက်လို့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တယ်ဆိုပြီး တချို့စိုး ရိမ်မှုတွေရှိနေပါတယ်။ အချုပ် အခြာအာဏာကို လုံး၀ အထိအ ခိုက်မခံပါဘူး။ ကျွန်မတို့ တိုင်း ပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုက ပိုင်တာပါ။ အား လုံးပိုင်တာဖြစ်တယ်။ အစိုးရ လည်းမပိုင်ပါဘူး။ ပြည်သူလူထု က ကျွန်မတို့ တိုင်းပြည်ရဲ့ အေး ချမ်းတည်ငြိမ် ဖွံ့ဖြိုးမှုကို လိုချင် တယ်ဆိုတာ နားလည်သဘော ပေါက်နေရင် ကျွန်မတို့ တိုင်းပြည် ရဲ့ အချုပ်အခြာအာဏာကို မည် သူတစ်ဦးတစ်ယောက်ကမှ မထိ ပါးနိုင်ပါဘူး’’ဟု ဒေါ်အောင်ဆန်း စုာကည်က ပြောသည်။

ကိုဖီအာနန်ကလည်း ‘‘ကျွန် တော် ခင်ဗျားတို့ ရခိုင်ပြည်သူ တွေကို အာမခံတယ်။ ရခိုင်ပြည် နယ် အကြံပေး ကော်မရှင်ဟာ ဘက်လိုက်မှု လုံးဝမရှိဘဲ အစွမ်း ကုန်ကြိုးစားဆောင်ရွက်ပြီး အခု လိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင် မယ့်နည်းလမ်းတွေကို အဆိုပြု ရှာဖွေမှာဖြစ်တယ်’’ဟု ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်ကို အစိုးရနှင့် ကိုဖီ အာနန်ဖောင်ဒေးရှင်းတို့ နားလည် မှုစာချွန်လွှာ (MoU) ကို စက်တင်ဘာ ၅ ရက်က ရေးထိုးပြီး ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်။

အကြံပေးကော်မရှင် အနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်၍ လေ့လာသုံးသပ်သည့် အကြံပြုချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် တစ်နှစ်အတွင်း အစိုးရထံ တင်ပြရမည်ဖြစ်သည်။

ကိုဖီအာနန်ဦးဆောင်သည့် အကြံပေး ကော်မရှင်သည် စက် တင်ဘာ ၆ ရက်(ယနေ့) တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့သွားရောက် မည်ဖြစ်သည်။

ရခိုင်အကြံပေး ကော်မရှင် ကို သြဂုတ် ၂၄ ရက်စွဲဖြင့် ဖွဲ့စည်း ခဲ့ပြီး နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး၊ မြန်မာနိုင်ငံမှ  ခြောက်ဦး  ပါဝင် သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top