Kantharyar Centre
×

သင္ ကားမူးတတ္ပါသလား။ ခရီးတစ္ေနရာ ကားနဲ႕သြားမယ္ဆုိရင္ ခရီးသြားရင္းနဲ႕ ေပ်ာ္ရမယ့္အေပ်ာ္ထက္ ကားမူးမယ့္ကိစၥၾကၤီးကုိ ၾကိဳေတြးျပီး အာရံုေနာက္ေနရတယ္ဆုိရင္ေတာ့  အေထာက္အကူျဖစ္ေစတယ္လုိ႔ အမ်ားစု သိၾကတဲ့ အိမ္တြင္းေဆးနည္းတခ်ဳိ႕ ေျပာျပေပးသြားပါမယ္။

လူသိမ်ားတဲ့ နည္းလမ္းတစ္ခုက သက္ဆုိင္ရာခႏၶာကိုယ္ အစိတ္အပုိင္းမွာ လက္ေခ်ာင္းမ်ားျဖင့္ ႏွိပ္နယ္ေပးနည္း acupressure ျဖစ္ပါတယ္။ လက္ေကာက္ဝတ္အတြင္းဘက္ ေခါက္ေၾကာင္းမွ လက္ေခ်ာင္းသုံးေခ်ာင္းစာခန္႔နဲ႔ အရြတ္ႏွစ္ခုၾကားကို ၅ စကၠန္႔ေလာက္ႏွိပ္ပါ။ Acupressure သေဘာက်သူေတြဟာ ဒီေနရာ ႏုိးဆြလႈံ႕ေပးျခင္းက မအီမသာ ပ်ဳိ႕အန္ခ်င္စိတ္ကို သက္သာေပ်ာက္ကင္းေစတယ္လုိ႔ ယူဆၾကပါတယ္။ ယင္းေနရာဖိႏွိပ္ေပးဖုိ႔ တီထြင္ဖန္တီးထားတဲ့ လက္ေကာက္ေတြလည္း ဝယ္ယူႏုိင္ပါတယ္။ ဒီနည္းလမ္း အသုံးတည့္မတည့္ေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ တခ်ဳိ႕ေလ့လာမႈေတြက အသုံးတည့္တယ္လုိ႔ ေဖာ္ျပတာရိွသလို တျခားေလ့လာမႈေတြက ဒီေလာက္ၾကီးမဟုတ္ဘူးလုိ႔ ဆုိျပန္ပါတယ္။ ဒါေပမယ့္ စမ္းၾကည့္လုိ႔ အႏၱရာယ္မျဖစ္ပါဘူး။

ဂ်င္းစားတာကေတာ့ ေနာက္ေရွးနည္းေဟာင္းတစ္ခုျဖစ္ပါတယ္။ ဂ်င္းတက္ကို အစိမ္းလုိက္စားေနစဥ္မွာ ပူရွိန္းျပားလည္း စမ္းသပ္ခ်င္စမ္းသပ္ႏုိင္ပါတယ္။ ဂ်င္းနဲ႔ အဆင္ေျပမေျပ သုေတသနေလ့လာမႈေတြ တစ္သမတ္တည္းမရိွပါဘူး။ စမ္းၾကည့္ရမွာပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ မတူၾကေပမယ့္ ဂ်င္းက ေသြးခဲမႈေႏွးေကြးေစလုိ႔ ေသြးခဲမႈျပသနာျဖစ္ေစတဲ့ aspirin သုိ႔မဟုတ္ warfarin စတဲ့ ေဆးဝါးေတြ မမွီဝဲသ၍ အႏၱရာယ္ကင္းပါတယ္။

ဒီပစၥည္းေတြ လက္ထဲ အဆင္သင့္မရိွပါက မအီမသာျဖစ္မႈ မေပ်ာက္မခ်င္း ေျဖးေျဖးခ်င္း အသက္ျပင္းျပင္းရွဴၾကည့္ပါ။ အသက္ခပ္ျမန္ျမန္ရွဴရႈိက္တာက ပိုဆုိးေစတတ္ပါတယ္။ ကား၊ ေလယာဥ္ ဒါမွမဟုတ္ သေဘၤာ ဘာပဲျဖစ္ျဖစ္ တံခါးေပါက္နား ကပ္ထိုင္ျပီး ျဖစ္ႏုိင္ရင္ မိုးကုတ္စက္ဝုိင္းကို စိုက္ၾကည့္ေနပါ။ အနီးနားတစ္ေနရာရာကို အာရုံစုိက္ေနတာထက္ မိုးကုတ္စက္ဝုိင္းကို စိုက္ၾကည့္ေနတာက လူကို ပုိတည္ျငိမ္ေစေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

သင် ကားမူးတတ်ပါသလား။ ခရီးတစ်နေရာ ကားနဲ့သွားမယ်ဆိုရင် ခရီးသွားရင်းနဲ့ ပျော်ရမယ့်အပျော်ထက် ကားမူးမယ့်ကိစ္စင်္ကြီးကို ကြိုတွေးပြီး အာရုံနောက်နေရတယ်ဆိုရင်တော့  အထောက်အကူဖြစ်စေတယ်လို့ အများစု သိကြတဲ့ အိမ်တွင်းဆေးနည်းတချို့ ပြောပြပေးသွားပါမယ်။

လူသိများတဲ့ နည်းလမ်းတစ်ခုက သက်ဆိုင်ရာခန္ဓာကိုယ် အစိတ်အပိုင်းမှာ လက်ချောင်းများဖြင့် နှိပ်နယ်ပေးနည်း acupressure ဖြစ်ပါတယ်။ လက်ကောက်ဝတ်အတွင်းဘက် ခေါက်ကြောင်းမှ လက်ချောင်းသုံးချောင်းစာခန့်နဲ့ အရွတ်နှစ်ခုကြားကို ၅ စက္ကန့်လောက်နှိပ်ပါ။ Acupressure သဘောကျသူတွေဟာ ဒီနေရာ နိုးဆွလှုံ့ပေးခြင်းက မအီမသာ ပျို့အန်ချင်စိတ်ကို သက်သာပျောက်ကင်းစေတယ်လို့ ယူဆကြပါတယ်။ ယင်းနေရာဖိနှိပ်ပေးဖို့ တီထွင်ဖန်တီးထားတဲ့ လက်ကောက်တွေလည်း ဝယ်ယူနိုင်ပါတယ်။ ဒီနည်းလမ်း အသုံးတည့်မတည့်တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တချို့လေ့လာမှုတွေက အသုံးတည့်တယ်လို့ ဖော်ပြတာရှိသလို တခြားလေ့လာမှုတွေက ဒီလောက်ကြီးမဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ ဒါပေမယ့် စမ်းကြည့်လို့ အန္တရာယ်မဖြစ်ပါဘူး။

ဂျင်းစားတာကတော့ နောက်ရှေးနည်းဟောင်းတစ်ခုဖြစ်ပါတယ်။ ဂျင်းတက်ကို အစိမ်းလိုက်စားနေစဉ်မှာ ပူရှိန်းပြားလည်း စမ်းသပ်ချင်စမ်းသပ်နိုင်ပါတယ်။ ဂျင်းနဲ့ အဆင်ပြေမပြေ သုတေသနလေ့လာမှုတွေ တစ်သမတ်တည်းမရှိပါဘူး။ စမ်းကြည့်ရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် ဂျင်းက သွေးခဲမှုနှေးကွေးစေလို့ သွေးခဲမှုပြသနာဖြစ်စေတဲ့ aspirin သို့မဟုတ် warfarin စတဲ့ ဆေးဝါးတွေ မမှီဝဲသ၍ အန္တရာယ်ကင်းပါတယ်။

ဒီပစ္စည်းတွေ လက်ထဲ အဆင်သင့်မရှိပါက မအီမသာဖြစ်မှု မပျောက်မချင်း ဖြေးဖြေးချင်း အသက်ပြင်းပြင်းရှူကြည့်ပါ။ အသက်ခပ်မြန်မြန်ရှူရှိုက်တာက ပိုဆိုးစေတတ်ပါတယ်။ ကား၊ လေယာဉ် ဒါမှမဟုတ် သငေ်္ဘာ ဘာပဲဖြစ်ဖြစ် တံခါးပေါက်နား ကပ်ထိုင်ပြီး ဖြစ်နိုင်ရင် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေပါ။ အနီးနားတစ်နေရာရာကို အာရုံစိုက်နေတာထက် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေတာက လူကို ပိုတည်ငြိမ်စေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top