Property Expo
×
(၄)     စတွေ့ချိန်မှာ
Credit:Trend Myanmar
Unicode Version
တချိန်တုန်းက မင်းမှာ ရွေးချယ်သင့်တဲ့အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးမယ်။ သူမမင်းကို လှမ်းကြည့်ပြီး ပြုံးပြတဲ့အချိန်မှာလည်း ရာခိုင်နှုန်း ၅၀လောက် မင်းအတွက် အခြေအနေ ကောင်းတယ်ဆိုတာ သိခဲ့လိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မင်းထင်သလောက်တော့ မလွယ်ကူပြန်ဘူး။
          အရက်ဟာ တစ်ခါတစ်ရံမှာ စိတ်လွတ်သွားတတ်ပြီး ပိုကောင်းသွားတတ်သလို ပိုလည်း ဆိုးသွားတတ်တယ်။ အဆုံးသတ်ရလဒ်ဟာ ကြောက်စရာကောင်းသွားတတ်တယ်။ သူမအနေနဲ့ မျက်လုံးချင်းဆုံရမှာ ရှောင်ရှားလာမယ်။ မင်းကို မသိချင်ယောင်ဆောင်မယ်။ ဒါတောင်မှ မင်းက နောက်မဆုတ်သေးဘူးဆိုရင် သူမရဲ့ သူငယ်ချင်း၊ ယောက်ျားလေးသူငယ်ချင်းတွေကို ခေါ်ပြီး မင်းကို ရိုက်ခိုင်းတဲ့ အခြေအနေတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုးနဲ့ မင်းကောင်မလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးပြီးပြီ ဆိုရင်တော့ နောက်တစ်ကြိမ် ဒါမျိုးမဖြစ်ရလေအောင် အခုပြောပြပေးမယ့် အမှားလေး တွေကိုရှောင်ရှားကြည့်ပါ။ မင်းကံကောင်းပါလိမ့်မယ်။
(၁)     နေရာမှားယွင်းစွာ ချဉ်းကပ်မိခြင်း
          တကမ္ဘာလုံးက မင်းရဲ့ကစားကွင်းမဟုတ်ဘူးဆိုတာ သတိပြုပါ။ ကြော်ငြာစာမကပ်ထားပေမယ့် ရွေးချယ်သင့်တဲ့ နေရာအချို့ရှိပါတယ်။ အားကစားရုံတစ်ခုမှာ မင်းက ပြင်းပြင်းထန်ထန် ကစားနေတဲ့အချိန် ချွေးသံတရွှဲရွှဲနဲ့ မင်းရဲ့ လက်မောင်းကြွက်သားတွေကို ကြည့်ပြီး သူမမူးမိုက် လဲသွား နိုင်လောက်တယ်။ ဒီတော့ မင်းအတွက် အန္တရာယ်ကင်းတဲ့ နေရာတွေကတော့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ပါတီ ၊ ဒါမှမဟုတ် ဘားတစ်ခုလိုမျိုး စကားစမြည် ပြောလို့ကောင်းတဲ့ နေရာ တွေကိုရွေးချယ်ပါ။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပြောဆိုနိုင်မှာဖြစ်ပြီး မျှတတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်အကြောင်းတော့ အသေအချာ မပြောပါနဲ့ဦး။
(၂)     ခံစစ်ပေါ်အခြေခံပြီး မစတင်ပါနဲ့
          တချို့သော ဗျူဟာတွေအတွက် ဒါက အရေးကြီးပေမယ့် ဒီတစ်ခါတော့ အသုံးမဝင်ပါဘူး။ ပွဲအပြီးရလဒ်ကို အရမ်းစိုးရိမ်နေပြီး သူ့ကိုခံငြင်းဖို့ချည်း စိတ်ကူးထားမယ်ဆိုရင်တော့ မင်းက ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အကြောင်းအရာစုံကို သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လိုက်ပြောတတ်သူမျိုး၊ အပြင်ထွက်လည်ရ အဆင်ပြေသူမျိုးကို နှစ်သက်တတ်ကြတယ်ဆိုတာ ယုံကြည်လိုက်ပါ။ သူတို့နဲ့ ဆန့်ကျင်ဖို့ထက် ပျော်စရာလေးတွေဖြစ်အောင်ပဲ ဖန်တီးပါ။
(၃)     မင်းအရမ်း မူးနေတဲ့အခါ
          ဝီစကီလေး နှစ်ပတ်လောက်သောက်ပြီးတဲ့အခါမျိုးမှာ မင်းဟာ ဂျိမ်းဘွန်းလောက်နီးနီး ချစ်ခင်စရာကြီး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဘယ်မိန်းမကမှ ရေအိမ်သွားဖို့ (၁၀)ခေါက်လောက် လိုက်ပိုု့နေရတာမျိုး၊ သူများတွေနဲ့ ရန်မဖြစ်အောင် လိုက်ထိန်းနေရတာမျိုးကို သဘောမကျတတ်ကြ ပါဘူး။ အရာရာကို ထိန်းချုပ်စီစဉ်နိုင်ပြီး သူမကိုပါ ဂရုစိုက်နိုင်သူမျိုးကိုသာ နှစ်သက်တတ်ကြတာပါ။ မျက်ထောင့်ကြီးနီရဲပြီး အာလေးလျှာလေးနဲ့ လာချဉ်းကပ်တာမျိုးတော့ လုံးဝ(လုံးဝ)ပဲနော် ကိုလူပျိုတို့။
(၄)     စတွေ့ချိန်မှာ
          စတွေ့လို့နှုတ်ဆက်ချိန်မှာ သာမန်အတိုင်းပဲ နှုတ်ဆက်ပါ။ ကဗျာဆန်ဆန် ၊ စာဆန်ဆန် ကွန့်ညွန့်လို့ နှုတ်ဆက်ခြင်းက မင်းကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသူ တစ်ယောက်နဲ့ တူစေပါတယ်။ အကောင်းဆုံး အဆင်ပြေစေနိုင်မယ့် စကားလုံးအသစ်အဆန်း မတွေ့မချင်း “Hello” ဟာ အရိုးရှင်းဆုံးနဲ့ ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်ပါပဲ။
(၅)     သူမ သူငယ်ချင်းမှတဆင့် ချဉ်းကပ်ခြင်း
          ဒါတွေက ၁၉၉၀ ခုနှစ် လောက်တုန်းကလူတွေ သုံးတဲ့နည်းလမ်းပါ။ ဒီရာစုနှစ်မှာတော့ ဒါတွေအသုံးမဝင်တော့ပါဘူး။ တကယ်လို့မင်းက သူမအတွက်နဲ့ သူမသူငယ်ချင်းကို အာရုံစိုက် ချဉ်းကပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေက ဒီရှုပ်ထွေးတဲ့ သဘောတရားကို သိပ်ခေါင်းရှုပ်ခံ စဉ်းစားနေတော့မှာမျိုး မဟုတ်ပါဘူး။ သူမအနေနဲ့ သူမရဲ့သူငယ်ချင်းကို နှစ်သက်လို့သာ မင်းဒီနေရာ ရောက်နေတာပဲလို့ ရိုးရိုးရှင်းရှင်းပဲ သဘောက်ပေါက်သွားပါလိမ့်မယ်။
(၆)     အလွန်နီးနီးကပ်ကပ် ရှိခြင်း
          တကယ်လို့များ အကြောင်းတစ်စုံတစ်ရာကြောင့် သူမရဲ့ အိပ်ခန်း ၊ ဆိတ်ကွယ်ရာ နေရာမျိုး ရောက်နေတယ်ဆိုပါစို့။ သူမနဲ့ သိပ်မရင်းနှီးသေးခင် အခြေအနေဆိုရင် မင်းရဲ့လက်တွေကို ထိန်းထိန်းသိမ်းသိမ်းနေပါ။ သူမရဲ့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စောင့်ကြည့်ပြီး အလိုက်သင့်လေးပဲ နေပါ။ တကယ်လို့များ သူမက မင်းကိုစိတ်ဝင်စားကြောင်း အခိုင်အမာပြနေပြီး မင်းရဲ့ လက်ကလေးကို မတော်တဆ ထိလိုက်မယ်ဆိုရင်တော့ ကြင်နာတဲ့ တုံ့ပြန်မှုမျိုး ပြန်ပြဖို့လိုပါပြီ။ ဖြည်းဖြည်းနဲ့ မှန်မှန်သာ တည်ဆောက်ပါ။ လူထူထပ်တဲ့နေရာမျိုးတွေမှာဆို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုးတွေကို ကြင်နာစွာ ရှောင်ကျဉ်ပါ။
ဒီအချက်တွေကို အလေးအနက်ထား လိုက်နာကြည့်မယ်ဆိုရင် မင်းချဉ်းကပ်လိုတဲ့ မိန်းမကောင်းလေးကို ရရှိမှာမလွဲဧကန်ပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top