Property Expo
×
Credit : Duwun
#Unicode Version
နယူးယော့ခ်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သမီးရင်းဖြစ်သူအား သတ်ဖြတ်မှုနဲ့ တရားရုံးကပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သမီးဖြစ်သူအပေါ် မနာလိုစိတ်တွေ ပွားမိရာက ဘေ့စ်ဘောရိုက်တံနဲ့ ရိုက်သတ်ခဲ့တာပါ။
ရွိုင်ယန် လောရင့်စ်ရဲ့ သမီးငယ် မက်ဒေ့ါစ်ဟာ အသက် ၂၁ လ (၁ နှစ်နှင့် ၉ လ) အရွယ်သာ ရှိပါသေးတယ်။ သူမအသက် ၁ နှစ်မပြည့်မီက မျက်လုံးမှာ ကင်ဆာဖြစ်ခဲ့ပြီး အသက်ဆုံးရှုံးရမယ့်အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ ကံကောင်းစွာနဲ့ပဲ အသက်ရှင်သန်ခွင့် ရနေသေးတဲ့ သမီးငယ်လေးကို လူတွေက သနားချစ်ခင်ကြပါတယ်။ အဲ့ဒီအပေါ် လောရင့်စ်က မနာလိုစိတ်တွေ ပွားများပြီး ကလေးကို ဘေ့စ်ဘောရိုက်တံနဲ့ရိုက်သတ်ကာ မီးရှို့ခဲ့တာဖြစ်ပါတယ်။ အလောင်းကိုလည်း စမ်းချောင်းထဲမျှောကာ လက်စဖျောက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ယခုနှစ်ဖေဖော်ဝါရီ ၂၀ ရက် ဖြစ်ပွားခဲ့တာပါ။ ကလေးပျောက်နေလို့ မိခင်က ရဲတပ်ဖွဲ့ကို အကူအညီတောင်းခဲ့ရာမှာ အလောင်းကိုသာ ပြန်လည်ရရှိခဲ့ပါတယ်။ တရားရုံးက လောရင့်စ်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့လို့ ထောင်ဒဏ် ၂၅ နှစ်ထက်မနည်း ကျခံသွားရဖို့ရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top