Kantharyar Centre
×

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ သိမ္ဆိပ္ပိုင္၊ က်ိဳေကၠာ္ရပ္ကြက္၊ တ႐ုတ္ဘံုေက်ာင္းအနီး ရန္ကုန္- ေမာ္လၿမိဳင္ ကားလမ္းေပၚတြင္ စက္တင္ဘာ ၁၅ ရက္၊ ည ၁၂ နာရီက လူ ငါး ဦးစီးလာသည့္ဆိုင္ကယ္ႏွင့္ လူ ႏွစ္ ဦးစီးလာ သည့္ဆိုင္ကယ္တို႔ ေခါင္းခ်င္းဆိုင္တိုက္ခဲ့မိရာ ႏွစ္ ဦးေသဆံုးခဲ့ေၾကာင္း သိရိွရသည္။

အခင္းျဖစ္ပြားရာေနရာသို႔ သိမ္ဆိပ္နယ္ေျမရဲစခန္းမွ တာဝန္ရွိသူမ်ားသြားေရာက္စစ္ေဆးခဲ့ရာ ဆိုင္ကယ္ ႏွစ္ စီး မွာ ကားလမ္းေပၚတြင္လဲေနၿပီး လူ ငါး ဦးစီးလာေသာဆိုင္ကယ္တြင္ လိုက္ပါလာသူ ငါး ဦးမွာ ဒဏ္ရာမ်ားျဖင့္လဲ ေနကာ အျခားဆိုင္ကယ္တစ္စီးမွ လူႏွစ္ ဦးမွာ အခင္းျဖစ္ေနရာတြင္ပင္ ေသဆံုးသြားေၾကာင္း ရဲမွတ္တမ္းမ်ား အရ သိရသည္။
“ဆိုင္ကယ္ကို ငါး ေယာက္လည္းစီးလာတယ္။ အေရွ႕ကယာဥ္ကိုလည္း အတင္းေက်ာ္တက္ေတာ့ တဖက္ယာဥ္ ေၾကာကဆိုင္ကယ္နဲ႔တိုက္လို႔ ဟိုဘက္ကဆိုင္ကယ္ေပၚပါတဲ့သူ ႏွစ္ ေယာက္ကေသသြားတယ္။ သူတို႔ဆိုင္ကယ္ က ငါး ဦးကလည္း အေျခေနမေကာင္းဘူး။စိုးရိမ္ရတယ္။ ဆိုင္ကယ္ေမာင္းတဲ့သူကလည္း အသက္ကငယ္ေသး တယ္။ ယာဥ္ေမာင္းကိုေတာ့ ဥပေဒအရအေရးယူမႈေတြ ျပဳလုပ္သြားမွာပါ။”ဟု သထံုၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး႐ံုးမွ ရဲအရာ ရွိတစ္ဦးက ေျပာသည္။

ငါး ဦးစီးလာသည့္ Wave 100 အစိမ္းေရာင္ဆိုင္ကယ္ေမာင္းသူမွာ သိမ္ဆိပ္ေက်းရြာအုပ္စု၊ တံတားဦးေက်းရြာ ေန ေအာင္မင္းႏိုင္(၁၅)ႏွစ္ဆိုသူျဖစ္ၿပီး ေက်ာ္သူစိုး၊ ေနမ်ိဳးႏိုင္၊ ထြန္းဝင္း၊ ေသာ္ညီတို႔ လိုက္ပါလာကာ သထံု ဘက္မွ ဘီးလင္းဘက္သို႔ေမာင္းႏွင္လာစဥ္ ေရွ႕မွသြားေနေသာယာဥ္အား ေက်ာ္တက္ရာမွ တစ္ဖက္ယာဥ္ေၾကာ သို႔ေရာက္ရွိၿပီး ဘီးလင္းဘက္မွ သထံုဘက္သို႔ ေက်ာ္ဆန္းဦး ေမာင္းႏွင္ၿပီး ေနာက္မွ အမည္မသိအမ်ိဳး သမီး တစ္ ဦးလိုက္ပါလာသည့္ Wave 100 အစိမ္းေရာင္ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္သည္။

 ယာဥ္တိုက္မႈေၾကာင့္ ေက်ာ္ဆန္းဦးႏွင့္ အမည္မသိအမ်ိဳးသမီးတို႔မွာ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆံုးသြားခဲ့ ၿပီး က်န္ ငါး ဦးမွာဒဏ္ရာျပင္းထန္သျဖင့္ သထံုခ႐ိုင္ျပည္သူ႔ေဆး႐ံုႀကီး တြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ မဆင္မျခင္ေမာင္းႏွင္သူ ေအာင္မင္းႏိုင္အား သိမ္ဆိပ္နယ္ေျမရဲစခန္းမွ ယာဥ္(ပ) ၃၀/ ၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၄-က/၃၃၈ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရတနာပံု သတင္းစာ

#Unicode Version
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ပိုင်၊ ကျိုက္ကော်ရပ်ကွက်၊ တရုတ်ဘုံကျောင်းအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်တွင် စက်တင်ဘာ ၁၅ ရက်၊ ည ၁၂ နာရီက လူ ငါး ဦးစီးလာသည့်ဆိုင်ကယ်နှင့် လူ နှစ် ဦးစီးလာ သည့်ဆိုင်ကယ်တို့ ခေါင်းချင်းဆိုင်တိုက်ခဲ့မိရာ နှစ် ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ် နှစ် စီး မှာ ကားလမ်းပေါ်တွင်လဲနေပြီး လူ ငါး ဦးစီးလာသောဆိုင်ကယ်တွင် လိုက်ပါလာသူ ငါး ဦးမှာ ဒဏ်ရာများဖြင့်လဲ နေကာ အခြားဆိုင်ကယ်တစ်စီးမှ လူနှစ် ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။
“ဆိုင်ကယ်ကို ငါး ယောက်လည်းစီးလာတယ်။ အရှေ့ကယာဉ်ကိုလည်း အတင်းကျော်တက်တော့ တဖက်ယာဉ် ကြောကဆိုင်ကယ်နဲ့တိုက်လို့ ဟိုဘက်ကဆိုင်ကယ်ပေါ်ပါတဲ့သူ နှစ် ယောက်ကသေသွားတယ်။ သူတို့ဆိုင်ကယ် က ငါး ဦးကလည်း အခြေနေမကောင်းဘူး။စိုးရိမ်ရတယ်။ ဆိုင်ကယ်မောင်းတဲ့သူကလည်း အသက်ကငယ်သေး တယ်။ ယာဉ်မောင်းကိုတော့ ဥပဒေအရအရေးယူမှုတွေ ပြုလုပ်သွားမှာပါ။”ဟု သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

ငါး ဦးစီးလာသည့် Wave 100 အစိမ်းရောင်ဆိုင်ကယ်မောင်းသူမှာ သိမ်ဆိပ်ကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ နေ အောင်မင်းနိုင်(၁၅)နှစ်ဆိုသူဖြစ်ပြီး ကျော်သူစိုး၊ နေမျိုးနိုင်၊ ထွန်းဝင်း၊ သော်ညီတို့ လိုက်ပါလာကာ သထုံ ဘက်မှ ဘီးလင်းဘက်သို့မောင်းနှင်လာစဉ် ရှေ့မှသွားနေသောယာဉ်အား ကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြော သို့ရောက်ရှိပြီး ဘီးလင်းဘက်မှ သထုံဘက်သို့ ကျော်ဆန်းဦး မောင်းနှင်ပြီး နောက်မှ အမည်မသိအမျိုး သမီး တစ် ဦးလိုက်ပါလာသည့် Wave 100 အစိမ်းရောင်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

 ယာဉ်တိုက်မှုကြောင့် ကျော်ဆန်းဦးနှင့် အမည်မသိအမျိုးသမီးတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ ပြီး ကျန် ငါး ဦးမှာဒဏ်ရာပြင်းထန်သဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မဆင်မခြင်မောင်းနှင်သူ အောင်မင်းနိုင်အား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃၀/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ရတနာပုံ သတင်းစာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top