Kantharyar Centre
×

ရပ္ကြက္(သို႔မဟုတ္) ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒ ၾကမ္းပါ ဧည့္စာရင္းတိုင္ၾကားရ မည့္အခ်က္ပယ္ဖ်က္သင့္၊ မသင့္ ဆိုသည့္အခ်က္ႏွင့္ပတ္သက္၍ ျပည္သူလူထု၏သေဘာဆႏၵမ်ား ကို အြန္လုိင္းမွ တစ္ဆင့္ စစ္တမ္း ေကာက္ယူေနေၾကာင္း ရပ္/ေက်း ဥပေဒျပင္ဆင္ေရးပူးေပါင္းအဖြဲ႕ မွ သတင္းရရွိသည္။

ဧည့္စာရင္းတိုင္ၾကားရမည့္ အခ်က္၊ ဧည့္စာရင္းစစ္ေဆးရ မည့္အခ်က္၊ ယင္းႏွင့္ဆက္စပ္၍ ျပစ္ဒဏ္တို႔ကို ဥပေဒတြင္ ဆက္လက္ထားရွိမည္ (သို႔မဟုတ္) ပယ္ဖ်က္မည္ဟူေသာ ျပည္သူ႔ သေဘာထားစစ္တမ္းေကာက္ယူ ျခင္းကို စက္တင္ဘာလဆန္းပိုင္း က စတင္၍ အြန္လိုင္းတြင္ ေကာက္ယူေနေၾကာင္း ရပ္/ေက်းဥပေဒ ျပင္ဆင္ေရးပူးေပါင္းအဖြဲ႕မွ မသၪၨာရႊန္းလဲ့ရည္က ေျပာသည္။

‘‘လက္ရွိမွာေတာ့ ႏုိင္ငံတစ္ ဝန္းလံုးက အင္တာနက္အသံုးျပဳ ေနတဲ့ ျပည္သူေတြရဲ႕သေဘာ ထားကို အရင္ေကာက္ယူၾကည့္ တာပါ။ ၿပီးရင္ အားလံုးရဲ႕သေဘာ တူညီခ်က္နဲ႔အညီ အရပ္ဘက္အ ဖြဲ႕အစည္းအသီးသီးပါဝင္မႈနဲ႔နယ္ ေတြက၊ ရပ္ရြာက လူေတြရဲ႕အသံေတြ ပါဝင္လာဖို႔ လုပ္ေဆာင္ သြားမယ္’’ဟု ၎က ေျပာသည္။

အဆိုပါ ျပည္သူ႔သေဘာ ထားစစ္တမ္းေကာက္ယူျခင္းကို ျပည္တြင္း၌သာမက ျပည္ပေရာက္ ျမန္မာႏုိင္ငံသားမ်ားကိုပါ  ထည့္သြင္းေကာက္ယူေနၿပီး ၿမိဳ႕ေပၚေန ျပည္သူမ်ားထက္ နယ္ၿမိဳ႕မွျပည္သူအခ်ိဳ႕က ယင္းအခ်က္ မပယ္ဖ်က္သင့္ဟု သေဘာထားမ်ားရွိေၾကာင္း မသၪၨာရႊန္းလဲ့ရည္ က ဆက္လက္ ေျပာသည္။

ရပ္/ေက်းဥပေဒပါ ဧည့္စာ ရင္းတိုင္ၾကားရမည့္ အခ်က္ကို ပယ္ဖ်က္လုိက္ပါက ရာဇဝတ္မႈ က်ဴးလြန္သူမ်ားႏွင့္ အျခားသူစိမ္း မ်ား ျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ ေရာက္လာမည္ကို နယ္ၿမိဳ႕ေန ျပည္သူမ်ားက စိုးရိမ္ေနေၾကာင္း စစ္တမ္းေကာက္ယူခ်က္မ်ားအ ေပၚ အေျခခံ၍ ၎က ေျပာသည္။

‘‘ဧည့္စာရင္းကိစၥပယ္ဖ်က္ လိုက္ရင္ ရပ္ကြက္ေန ျပည္သူ ေတြရဲ႕ လံုၿခံဳေရးနဲ႔ တရားဥပေဒ စိုးမိုးေရးလုပ္ငန္းေတြ ေဆာင္ရြက္တဲ့အခါမွာ အခက္အခဲေတြျဖစ္ ေပၚၿပီးေတာ့ ျပည္သူေတြပဲ လံုၿခံဳ ေရးဒုကၡခံစားရမွာပါ။ အန္ကယ္ တို႔အုပ္ခ်ဳပ္ေရးမွဴးေတြအေနနဲ႔ ျပႆနာမရွိဘူး။ မပယ္ဖ်က္ရင္ ေတာ့ အန္ကယ္တို႔က ျပည္သူ ေတြရဲ႕ လံုၿခံဳေရးနဲ႔ တရားဥပေဒ စိုးမိုးမႈကို ပိုၿပီး ေပးႏိုင္မွာပါ’’ဟု ကမာရြတ္ၿမိဳ႕နယ္ အမွတ္(၇)ရပ္ ကြက္မွ အုပ္ခ်ဳပ္ေရးမွဴး ဦးေအး သန္းက ေျပာသည္။

ရပ္/ေက်းဥပေဒအေၾကာင္း မသိရွိေသးသည့္ ၿမိဳ႕ရြာမ်ားမွ ျပည္သူလူထုကို အသိပညာေပးရန္ ရပ္/ေက်းဥပေဒျပင္ဆင္ေရးပူး ေပါင္းအဖြဲ႕က ေဆာင္ရြက္ေနၿပီး အြန္လိုင္းမွ ျပည္သူ႔သေဘာထား စစ္တမ္းေကာက္ယူခ်က္မ်ားကို လႊတ္ေတာ္သို႔ ေပးပို႔မည္ ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါစစ္တမ္းကို ရပ္/ ေက်းဥပေဒျပင္ဆင္ေရးပူးေပါင္း အဖြဲ႕၏ ၀က္ဘ္ဆိုက္ျဖစ္သည့္ https:/docs.google.com တြင္ ေဖာ္ျပထားသည္။

လက္ရွိလႊတ္ေတာ္တြင္ ေဆြးေႏြးေနသည့္ ရပ္/ေက်းဥပေဒၾကမ္းတြင္ ဧည့္စာရင္းတိုင္ၾကားရမည့္အခ်က္ ပယ္ဖ်က္ရန္ႏွင့္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားေရြးခ်ယ္ပိုင္ခြင့္ႏွင့္ ပညာေရးကန္႔သတ္ထားသည့္ အခ်က္မ်ားအပါအဝင္ အဓိကအခ်က္ ၁၀ ခ်က္ကိုရပ္/ေက်းဥပေဒ ျပင္ဆင္ေရးပူးေပါင္းအဖြဲ႕၏ တင္ျပေတာင္းဆိုမႈအေပၚ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကြမ်းပါ ဧည့်စာရင်းတိုင်ကြားရ မည့်အချက်ပယ်ဖျက်သင့်၊ မသင့် ဆိုသည့်အချက်နှင့်ပတ်သက်၍ ပြည်သူလူထု၏သဘောဆန္ဒများ ကို အွန်လိုင်းမှ တစ်ဆင့် စစ်တမ်း ကောက်ယူနေကြောင်း ရပ်/ကျေး ဥပဒေပြင်ဆင်ရေးပူးပေါင်းအဖွဲ့ မှ သတင်းရရှိသည်။

ဧည့်စာရင်းတိုင်ကြားရမည့် အချက်၊ ဧည့်စာရင်းစစ်ဆေးရ မည့်အချက်၊ ယင်းနှင့်ဆက်စပ်၍ ပြစ်ဒဏ်တို့ကို ဥပဒေတွင် ဆက်လက်ထားရှိမည် (သို့မဟုတ်) ပယ်ဖျက်မည်ဟူသော ပြည်သူ့ သဘောထားစစ်တမ်းကောက်ယူ ခြင်းကို စက်တင်ဘာလဆန်းပိုင်း က စတင်၍ အွန်လိုင်းတွင် ကောက်ယူနေကြောင်း ရပ်/ကျေးဥပဒေ ပြင်ဆင်ရေးပူးပေါင်းအဖွဲ့မှ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

‘‘လက်ရှိမှာတော့ နိုင်ငံတစ် ဝန်းလုံးက အင်တာနက်အသုံးပြု နေတဲ့ ပြည်သူတွေရဲ့သဘော ထားကို အရင်ကောက်ယူကြည့် တာပါ။ ပြီးရင် အားလုံးရဲ့သဘော တူညီချက်နဲ့အညီ အရပ်ဘက်အ ဖွဲ့အစည်းအသီးသီးပါဝင်မှုနဲ့နယ် တွေက၊ ရပ်ရွာက လူတွေရဲ့အသံတွေ ပါဝင်လာဖို့ လုပ်ဆောင် သွားမယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ပြည်သူ့သဘော ထားစစ်တမ်းကောက်ယူခြင်းကို ပြည်တွင်း၌သာမက ပြည်ပရောက် မြန်မာနိုင်ငံသားများကိုပါ  ထည့်သွင်းကောက်ယူနေပြီး မြို့ပေါ်နေ ပြည်သူများထက် နယ်မြို့မှပြည်သူအချို့က ယင်းအချက် မပယ်ဖျက်သင့်ဟု သဘောထားများရှိကြောင်း မသဉ္ဇာရွှန်းလဲ့ရည် က ဆက်လက် ပြောသည်။

ရပ်/ကျေးဥပဒေပါ ဧည့်စာ ရင်းတိုင်ကြားရမည့် အချက်ကို ပယ်ဖျက်လိုက်ပါက ရာဇဝတ်မှု ကျူးလွန်သူများနှင့် အခြားသူစိမ်း များ မြန်မာနိုင်ငံအတွင်းသို့ ဝင် ရောက်လာမည်ကို နယ်မြို့နေ ပြည်သူများက စိုးရိမ်နေကြောင်း စစ်တမ်းကောက်ယူချက်များအ ပေါ် အခြေခံ၍ ၎င်းက ပြောသည်။

‘‘ဧည့်စာရင်းကိစ္စပယ်ဖျက် လိုက်ရင် ရပ်ကွက်နေ ပြည်သူ တွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေဖြစ် ပေါ်ပြီးတော့ ပြည်သူတွေပဲ လုံခြုံ ရေးဒုက္ခခံစားရမှာပါ။ အန်ကယ် တို့အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြဿနာမရှိဘူး။ မပယ်ဖျက်ရင် တော့ အန်ကယ်တို့က ပြည်သူ တွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးမှုကို ပိုပြီး ပေးနိုင်မှာပါ’’ဟု ကမာရွတ်မြို့နယ် အမှတ်(၇)ရပ် ကွက်မှ အုပ်ချုပ်ရေးမှူး ဦးအေး သန်းက ပြောသည်။

ရပ်/ကျေးဥပဒေအကြောင်း မသိရှိသေးသည့် မြို့ရွာများမှ ပြည်သူလူထုကို အသိပညာပေးရန် ရပ်/ကျေးဥပဒေပြင်ဆင်ရေးပူး ပေါင်းအဖွဲ့က ဆောင်ရွက်နေပြီး အွန်လိုင်းမှ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်များကို လွှတ်တော်သို့ ပေးပို့မည် ဖြစ် ကြောင်း သိရသည်။

အဆိုပါစစ်တမ်းကို ရပ်/ ကျေးဥပဒေပြင်ဆင်ရေးပူးပေါင်း အဖွဲ့၏ ဝက်ဘ်ဆိုက်ဖြစ်သည့် https:/docs.google.com တွင် ဖော်ပြထားသည်။

လက်ရှိလွှတ်တော်တွင် ဆွေးနွေးနေသည့် ရပ်/ကျေးဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားရမည့်အချက် ပယ်ဖျက်ရန်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ပိုင်ခွင့်နှင့် ပညာရေးကန့်သတ်ထားသည့် အချက်များအပါအဝင် အဓိကအချက် ၁၀ ချက်ကိုရပ်/ကျေးဥပဒေ ပြင်ဆင်ရေးပူးပေါင်းအဖွဲ့၏ တင်ပြတောင်းဆိုမှုအပေါ် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top