Property Expo
×








Credit:7Day Daily

#Unicode Version
 ပီအက်စ်ဂျီမှ ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝစ်ကို ချယ်လ်ဆီးက သုံးနှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူလိုက်ကြောင်း အတည်ပြု ကြေညာသည်။


လူးဝစ်ကို ၂၀၁၄ ဇွန်လတွင်ပီအက်စ်ဂျီက ကမ္ဘာ့စံချိန်တင် ကြေး ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူ ခဲ့သည်။

၂၀၁၁ က ဘင်ဖီကာမှ ချယ်လ်ဆီးသို့ ပြောင်းလာခဲ့သော လူးဝစ်သည် ပြိုင်ပွဲအရပ်ရပ်တွင် ၁၄၃ ပွဲကစားပြီး ၁၂ ဂိုးသွင်းကာ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ် ဖလားနှင့် အက်ဖ်အေဖလားတို့ ရရှိခဲ့သော်လည်း ဖိအားများ အောက်တွင် ယုံကြည်စိတ်ချရ ခြင်းမရှိဟု တစ်ခါတစ်ရံဝေဖန်ခံ ရသည်။

ပီအက်စ်ဂျီမှ ၎င်းကို ချယ်လ်ဆီးက ပြန်ခေါ်စဉ် ပေါင်သန်း ၃၀သာပေးခဲ့ရကြောင်း ဗြိတိန်သတင်းများအရ သိရသည်။

၎င်းသည် ပီအက်စ်ဂျီနှင့်အ တူ လီဂူးဝမ်းဖလား ၂ နှစ်ဆက် တိုက်ရရှိခဲ့ပြီး ဘရာဇီးအတွက် လည်း ပွဲ ၅၀ ကျော်ပါဝင်ကစားခဲ့ သည်။

‘‘ကျွန်တော်ချယ်လ်ဆီးကို ပြန်လာရတာ ဝမ်းသာပါတယ်။ ပထမတစ်ကြိမ်ချယ်လ်ဆီးတုန်း က ကျွန်တော့်မှာ ဇာတ်လမ်း ကောင်းတစ်ခုရှိခဲ့ပါတယ်။ နည်း ပြကွန်တီနဲ့ ချယ်လ်ဆီးအတွက် အောင်မြင်မှုတွေ အများကြီးရယူ ပေးချင်ပါတယ်’’ဟု ဒေးဗစ်လူး ဝစ်က ချယ်လ်ဆီးအသင်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြော ကြားသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top