Property Expo
×

၀က္ ျခံ မထြက္ေအာင္ ဂရုစိုက္နည္းေတြ သင္ေတာ္ေတာ္ေလး သိထားျပီးျဖစ္ပါလိမ့္မယ္။ ဒါ့အျပင္ မ်က္ႏွာကို ဘယ္လို treatment ေတြ အဆင့္ဆင့္လုပ္ေဆာင္ရမယ္ဆုိတာလည္း သင္သိေနႏွင့္ပါျပီ။ ဒါေပမယ့္ ခုေျပာျပမယ့္ ၀က္ျခံမထြက္ေအာင္ ဂရုစိုက္နည္းတစ္ခ်ိဳ႕ကိုေတာ့ သင္သိဦးမွာ မဟုတ္ပါဘူး။ အထူးတလည္ လုပ္ေဆာင္စရာမလိုပဲ သင့္ေန႕စဥ္ျပဳမူလုပ္ေဆာင္မႈတစ္ခ်ိဳ႕ကို နည္းနည္းေျပာင္းလဲ လုပ္ေဆာင္ေပးရံုပါပဲ။

၁။ ေရခ်ိဳးရမယ့္အခ်ိန္ကို ဟိုေရႊ႕ဒီေရႊ႕မလုပ္ပါနဲ႕။
ေလ့က်င့္ခန္းလုပ္ျပီးတဲ့အခ်ိန္၊ ေခ်ြးေတြထြက္ျပီးခ်ိန္ေတြမွာ ေရတန္းခ်ိဳးပါ။ ဒါကို ေနာက္ဆယ့္ငါးမိနစ္မွ၊ မိနစ္ႏွစ္ဆယ္မွဆုိျပီး အခ်ိန္ေတြေရြႊ႕ေနျခင္းက သင့္မ်က္ႏွာေပၚမွာ ၀က္ျခံေတြထြက္လာေစတဲ့ အေၾကာင္းအရင္းတစ္ခုပါပဲ။ တကယ္လို႕ ေလ့က်င့္ခန္းလုပ္ျပီးလို႕ ေရတန္းမခ်ိဳးႏိုင္ေသးဘူးဆုိရင္လည္း salicylic ဒါမွမဟုတ္ glycolic အက္ဆစ္တစ္ခုခုပါ၀င္တဲ့ သန္႕ရွင္းေရးလုပ္ႏိုင္တဲ့ pad ေလးေတြသံုးျပီး သန္႕စင္လိုက္ပါ။

၂။ဆပ္ျပာ body wash ကိုလည္း မွန္ကန္စြာ ေရြးခ်ယ္အသံုးျပဳပါ။
သင္သံုးစြဲေနတဲ့ Body Wash ဟာ ဘက္တီးရီးယားကာကို ထိေရာက္စြာ ကာကြယ္ႏိုင္တဲ့၊ ဒါ့အျပင္ ၀က္ျခံမထြက္ေအာင္ တားဆီးေပးႏိုင္တဲ့ ေရခ်ိဳးဆပ္ျပာရည္သာ ျဖစ္ရပါလိမ့္မယ္။ သာမာန္ေရခ်ိဳးဆပ္ျပာရည္ေတြက သင့္ခႏၶာကိုယ္ေပၚက ဘက္တီးရီးယားေတြကို ထိေရာက္စြာ ဖယ္ရွားမေပးႏိုင္ပါဘူး။

၃။ကုိယ္ခႏၶာကို ပံုမွန္ေခ်းခ်ြတ္ေပးဖုိ႕လိုအပ္ပါတယ္။
အသားအေရ ေကာင္းမြန္ဖုိ႕နဲ႕ ဆဲလ္အေသေတြ ဖယ္ရွားႏိုင္ဖုိ႕ ကိုယ္ခႏၶာကုိ scrub လုပ္ေပးဖုိ႕ လုိအပ္ပါတယ္။ အနည္းဆံုး အ၀တ္တစ္ခုနဲ႕ ကိုယ့္ေဘာ္ဒီကို တိုက္ေပးတာကိုက သင့္အတြက္ ထူးျခားမႈေတြ ခံစားရပါလိမ့္မယ္။

၄။ၾကပ္လြန္းတဲ့ အ၀တ္အစားေတြ ေရွာင္၀တ္ပါ။
အ၀တ္အစား ၀တ္တဲ့အခါ အသက္ရႈရေခ်ာင္ခ်ိတဲ့ အ၀တ္အစားေတြကသာ အေကာင္းဆံုးပါ။ ခ်ည္သားေလးေတြကလည္း အသားအေရအတြက္ ေကာင္းမြန္ပါတယ္။ အရမ္းက်ပ္လြန္းတဲ့ အက်ီ၊ ေဘာင္းဘီေတြကိုေတာ့ ေရွာင္၀တ္ဖုိ႕လုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yomalan

Unicode Version

၀က်ခြံမထွက်အောင် ဂရုစိုက်နည်းတွေ သင်တော်တော်လေး သိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် မျက်နှာကို ဘယ်လို treatment တွေ အဆင့်ဆင့်လုပ်ဆောင်ရမယ်ဆိုတာလည်း သင်သိနေနှင့်ပါပြီ။ ဒါပေမယ့် ခုပြောပြမယ့် ဝက်ခြံမထွက်အောင် ဂရုစိုက်နည်းတစ်ချို့ကိုတော့ သင်သိဦးမှာ မဟုတ်ပါဘူး။ အထူးတလည် လုပ်ဆောင်စရာမလိုပဲ သင့်နေ့စဉ်ပြုမူလုပ်ဆောင်မှုတစ်ချို့ကို နည်းနည်းပြောင်းလဲ လုပ်ဆောင်ပေးရုံပါပဲ။

၁။ ရေချိုးရမယ့်အချိန်ကို ဟိုရွှေ့ဒီရွှေ့မလုပ်ပါနဲ့။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်၊ ချွေးတွေထွက်ပြီးချိန်တွေမှာ ရေတန်းချိုးပါ။ ဒါကို နောက်ဆယ့်ငါးမိနစ်မှ၊ မိနစ်နှစ်ဆယ်မှဆိုပြီး အချိန်တွေရွှေ့နေခြင်းက သင့်မျက်နှာပေါ်မှာ ဝက်ခြံတွေထွက်လာစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ပြီးလို့ ရေတန်းမချိုးနိုင်သေးဘူးဆိုရင်လည်း salicylic ဒါမှမဟုတ် glycolic အက်ဆစ်တစ်ခုခုပါဝင်တဲ့ သန့်ရှင်းရေးလုပ်နိုင်တဲ့ pad လေးတွေသုံးပြီး သန့်စင်လိုက်ပါ။

၂။ဆပ်ပြာ body wash ကိုလည်း မှန်ကန်စွာ ရွေးချယ်အသုံးပြုပါ။
သင်သုံးစွဲနေတဲ့ Body Wash ဟာ ဘက်တီးရီးယားကာကို ထိရောက်စွာ ကာကွယ်နိုင်တဲ့၊ ဒါ့အပြင် ဝက်ခြံမထွက်အောင် တားဆီးပေးနိုင်တဲ့ ရေချိုးဆပ်ပြာရည်သာ ဖြစ်ရပါလိမ့်မယ်။ သာမာန်ရေချိုးဆပ်ပြာရည်တွေက သင့်ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားတွေကို ထိရောက်စွာ ဖယ်ရှားမပေးနိုင်ပါဘူး။

၃။ကိုယ်ခန္ဓာကို ပုံမှန်ချေးချွတ်ပေးဖို့လိုအပ်ပါတယ်။
အသားအရေ ကောင်းမွန်ဖို့နဲ့ ဆဲလ်အသေတွေ ဖယ်ရှားနိုင်ဖို့ ကိုယ်ခန္ဓာကို scrub လုပ်ပေးဖို့ လိုအပ်ပါတယ်။ အနည်းဆုံး အဝတ်တစ်ခုနဲ့ ကိုယ့်ဘော်ဒီကို တိုက်ပေးတာကိုက သင့်အတွက် ထူးခြားမှုတွေ ခံစားရပါလိမ့်မယ်။

၄။ကြပ်လွန်းတဲ့ အဝတ်အစားတွေ ရှောင်ဝတ်ပါ။
အဝတ်အစား ဝတ်တဲ့အခါ အသက်ရှုရချောင်ချိတဲ့ အဝတ်အစားတွေကသာ အကောင်းဆုံးပါ။ ချည်သားလေးတွေကလည်း အသားအရေအတွက် ကောင်းမွန်ပါတယ်။ အရမ်းကျပ်လွန်းတဲ့ အကျီ၊ ဘောင်းဘီတွေကိုတော့ ရှောင်ဝတ်ဖို့လိုပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:.yomalan





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top