Kantharyar Centre
×

          ဖိလစ္ပိုင္ႏိုင္ငံ မနီလာအက်ဥ္းေထာင္အတြင္း ေတြ႕ရစဥ္ (ဓာတ္ပံု - အီးပီေအ)

အစိုးရအေနျဖင့္ မူးယစ္ေဆး၀ါး ႏွိမ္နင္းရာတြင္ ဖိလစ္ပိုင္သမၼတ ဒူတာတီကို စံျပနမူနာယူသင့္ေၾကာင္း အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဂ်ေယာ၀ူက စက္တင္ဘာ ၈ ရက္၌လႊတ္ေတာ္တြင္ ေျပာခဲ့သည္။


‘‘အၾကမ္းဖက္သမားေတြကို လည္း သူကေတာ့ အရွင္လတ္ လတ္ ၀ါးစားပစ္မယ္လို႔ ေျပာပါ တယ္။ ဒါကို ကြၽန္ေတာ္တို႔အစိုးရ ကလည္း စံျပနမူနာထားသင့္ပါ တယ္’’ဟု၎ကေျပာသည္။

ေတာင္ေပၚေဒသ ေျမျပန္႔၌ ေက်ာင္းသားမက်န္ အဓိကတိုက္ ခိုက္ခံေနရသည္မွာ မူးယစ္ေဆး ၀ါးျဖစ္ၿပီး အစိုးရအေနျဖင့္ သႏိၷ႒ာန္ခ်ရမည့္အခ်ိန္ ေရာက္ေန ေၾကာင္း ၎ကေျပာသည္။

‘‘ျပတ္ျပတ္သားသားႏွိမ္နင္း တဲ့ သမၼတ ဒူတာတီကို ဖိလစ္ ပိုင္ျပည္သူေတြက တစ္ခဲနက္ ေထာက္ခံေနၾကပါတယ္’’ဟု ဦး ေဂ်ေယာ၀ူကေျပာၾကားသည္။

ယခင္အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ေဟာင္း ဦးခင္ေအာင္ျမင့္ တင္သြင္းေသာ တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအတြက္ စာမတတ္ သူပေပ်ာက္ေရး၊ အဆင့္ျမင့္ ပ ညာေရးမ်ား သင္ၾကားႏိုင္ေရးႏွင့္ တိုင္းရင္းသားစာေပ ထြန္းကား ေရးတို႔ကို အထူးစီမံကိန္းခ်မွတ္၍ စဥ္ဆက္မျပတ္ အားေပးျမႇင့္တင္ ရန္ ျပည္ေထာင္စုအစိုးရသို႔ တိုက္ တြန္းေၾကာင္းအဆိုကို ေဆြးေႏြး စဥ္ ၎က ထည့္သြင္းေျပာၾကား ျခင္းျဖစ္သည္။

ဖိလစ္ပိုင္သမၼတ ဒူတာတီ သည္ စကားေျပာၾကမ္းရမ္းသူ တစ္ဦးျဖစ္ေၾကာင္း ႏိုင္ငံတကာ သတင္းစာမ်က္ႏွာမ်ားထက္တြင္ မၾကာခဏ ေတြ႕ျမင္ေနရသည္။

၎အာဏာရလာၿပီးေနာက္ အေကာင္အထည္ေဖာ္သည့္ မူး ယစ္ေဆး၀ါး တိုက္ဖ်က္ႏွိမ္နင္းမႈမ်ားအတြင္း လူေပါင္း ၁,၉၀၀ေက်ာ္ ေသဆံုးၿပီးျဖစ္ေၾကာင္း CNN သတင္းတစ္ရပ္အရ သိရသည္။

ဒူတာတီသည္ ႏိုင္ငံအတြင္း အျမစ္တြယ္ေနသည့္ မူးယစ္ေဆး၀ါးျပႆနာမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ားကို အၾကမ္းနည္းျဖင့္ ႏွိမ္နင္းမည္ဟု ေႂကြးေၾကာ္ရင္း ေရြးေကာက္ပြဲ၌ လူႀကိဳက္မ်ားခဲ့သူျဖစ္သည္။

ဒူတာတီက ရဲတပ္ဖြဲ႕အေနျဖင့္ အလြယ္တကူ အဖမ္းမခံဘဲ တံု႔ျပန္ရန္ ႀကိဳးစားသည့္ မည္သည့္သံသယတရားခံကိုမဆို ပစ္ သတ္ခြင့္ရွိေၾကာင္း၊ ျဖစ္သမွ်ကိစၥ ကို မိမိကူညီေျဖရွင္းမည္ျဖစ္ ေၾကာင္း ေၾကညာထားသည္။

ထိုျဖစ္ရပ္မ်ားႏွင့္ပတ္သက္ ၍ ကုလသမဂၢတြင္ လူ႔အခြင့္အေရးေဖာက္ဖ်က္မႈမ်ားအသြင္ကို ေဆာင္ေနေၾကာင္း ေ၀ဖန္ရာ ဒူတာတီက လိုအပ္လွ်င္ ဖိလစ္ပိုင္သည္ ကုလသမဂၢမွ ႏုတ္ထြက္ရန္ ေႏွာင့္ေႏွးေနမည္မဟုတ္ဟု တံု႔ျပန္ခဲ့သည္။

ဒူတာတီ အာဏာရလာၿပီး ေနာက္ မူးယစ္ေဆး၀ါးေမွာင္ခို ဂိုဏ္းမ်ားကို အၾကမ္းနည္းျဖင့္ ႏွိမ္နင္းခဲ့သကဲ့သို႔ မူးယစ္ေဆး၀ါး သံုးစြဲသူမ်ားကိုလည္း ရဲမ်ားက ေတြ႕ရာေနရာ ပစ္သတ္ေနသည့္ သတင္းမ်ားေၾကာင့္ ေၾကာက္လန္႔ တၾကား လာေရာက္အဖမ္းခံသည့္ မူးယစ္ေဆး၀ါးမႈ တရားခံအ ေျမာက္အျမားရွိရာ အက်ဥ္းေထာင္ မ်ားႏွင့္ မဆံ့ေတာ့သျဖင့္ ယာယီ ထိန္းသိမ္းေရးစခန္းမ်ား တည္ ေဆာက္ၿပီး လူအမ်ား ႁပြတ္သိပ္ ထားရွိရေၾကာင္း သိရသည္။

ဒူတာတီက ‘‘ဖိလစ္ပိုင္မွာ မူးယစ္ေဆး၀ါး ေမွာင္ခိုဂိုဏ္းေတြ ကို ၿဖိဳခြင္းမႈေတြ ဆက္လုပ္မွာပါ။ အမ်ားႀကီး ေသလိမ့္ဦးမယ္။ ေနာက္ကြယ္က တကယ့္မူးယစ္ ရာဇာေတြ ထြက္မလာခင္ လူေတြ အမ်ားႀကီးေသလိမ့္ဦးမယ္။ ဒီႏွိမ္ နင္းမႈေတြကို ေနာက္ဆံုးလက္ က်န္ထုတ္လုပ္ေရာင္းခ်သူေတြ ေသတဲ့အထိ ဆက္လုပ္သြားမွာ ျဖစ္တယ္’’ဟုလည္း ေျပာၾကား ထားသည္။

လာအိုႏိုင္ငံတြင္ ျပဳလုပ္ေနေသာ ထိပ္သီးအစည္းအေ၀း၌ အေမရိကန္သမၼတအိုဘားမားကဖိလစ္ပိုင္၌ မူးယစ္ေဆး၀ါးေမွာင္ခိုမႈမ်ားကို အၾကမ္းနည္းျဖင့္သတ္ျဖတ္ ႏွိမ္နင္းေနျခင္းမ်ားအေပၚ ဒူတာတီႏွင့္ ေဆြးေႏြးရန္အစီအစဥ္ရွိေသာ္လည္း ၎၏ ပုဂၢိဳလ္ ေရး ေစာ္ကားေျပာဆိုမႈေၾကာင့္ အစီအစဥ္ဖ်က္ခဲ့ရသည္။

ဒူတာတီက ‘‘အဲဒီပူတန္ဂီနာ (မိန္းမပ်က္တစ္ဦး၏သား)ကို က်ဳပ္က ေဆြးေႏြးပြဲမွာ က်ိန္ဆဲပစ္ ဦးမွာ’’ဟု တံု႔ျပန္ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဖိလစ်ပိုင်နိုင်ငံ မနီလာအကျဉ်းထောင်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ)

အစိုးရအနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရာတွင် ဖိလစ်ပိုင်သမ္မတ ဒူတာတီကို စံပြနမူနာယူသင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက စက်တင်ဘာ ၈ ရက်၌လွှတ်တော်တွင် ပြောခဲ့သည်။


‘‘အကြမ်းဖက်သမားတွေကို လည်း သူကတော့ အရှင်လတ် လတ် ဝါးစားပစ်မယ်လို့ ပြောပါ တယ်။ ဒါကို ကျွန်တော်တို့အစိုးရ ကလည်း စံပြနမူနာထားသင့်ပါ တယ်’’ဟု၎င်းကပြောသည်။

တောင်ပေါ်ဒေသ မြေပြန့်၌ ကျောင်းသားမကျန် အဓိကတိုက် ခိုက်ခံနေရသည်မှာ မူးယစ်ဆေး ဝါးဖြစ်ပြီး အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချရမည့်အချိန် ရောက်နေ ကြောင်း ၎င်းကပြောသည်။

‘‘ပြတ်ပြတ်သားသားနှိမ်နင်း တဲ့ သမ္မတ ဒူတာတီကို ဖိလစ် ပိုင်ပြည်သူတွေက တစ်ခဲနက် ထောက်ခံနေကြပါတယ်’’ဟု ဦး ဂျေယောဝူကပြောကြားသည်။

ယခင်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့် တင်သွင်းသော တိုင်းရင်းသား မျိုးနွယ်စုများအတွက် စာမတတ် သူပပျောက်ရေး၊ အဆင့်မြင့် ပ ညာရေးများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကား ရေးတို့ကို အထူးစီမံကိန်းချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင် ရန် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်းအဆိုကို ဆွေးနွေး စဉ် ၎င်းက ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတီ သည် စကားပြောကြမ်းရမ်းသူ တစ်ဦးဖြစ်ကြောင်း နိုင်ငံတကာ သတင်းစာမျက်နှာများထက်တွင် မကြာခဏ တွေ့မြင်နေရသည်။

၎င်းအာဏာရလာပြီးနောက် အကောင်အထည်ဖော်သည့် မူး ယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းမှုများအတွင်း လူပေါင်း ၁,၉၀၀ကျော် သေဆုံးပြီးဖြစ်ကြောင်း CNN သတင်းတစ်ရပ်အရ သိရသည်။

ဒူတာတီသည် နိုင်ငံအတွင်း အမြစ်တွယ်နေသည့် မူးယစ်ဆေးဝါးပြဿနာများ၊ အကျင့်ပျက်ခြစားမှုများကို အကြမ်းနည်းဖြင့် နှိမ်နင်းမည်ဟု ကြွေးကြော်ရင်း ရွေးကောက်ပွဲ၌ လူကြိုက်များခဲ့သူဖြစ်သည်။

ဒူတာတီက ရဲတပ်ဖွဲ့အနေဖြင့် အလွယ်တကူ အဖမ်းမခံဘဲ တုံ့ပြန်ရန် ကြိုးစားသည့် မည်သည့်သံသယတရားခံကိုမဆို ပစ် သတ်ခွင့်ရှိကြောင်း၊ ဖြစ်သမျှကိစ္စ ကို မိမိကူညီဖြေရှင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။

ထိုဖြစ်ရပ်များနှင့်ပတ်သက် ၍ ကုလသမဂ္ဂတွင် လူ့အခွင့်အရေးဖောက်ဖျက်မှုများအသွင်ကို ဆောင်နေကြောင်း ဝေဖန်ရာ ဒူတာတီက လိုအပ်လျှင် ဖိလစ်ပိုင်သည် ကုလသမဂ္ဂမှ နုတ်ထွက်ရန် နှောင့်နှေးနေမည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။

ဒူတာတီ အာဏာရလာပြီး နောက် မူးယစ်ဆေးဝါးမှောင်ခို ဂိုဏ်းများကို အကြမ်းနည်းဖြင့် နှိမ်နင်းခဲ့သကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲသူများကိုလည်း ရဲများက တွေ့ရာနေရာ ပစ်သတ်နေသည့် သတင်းများကြောင့် ကြောက်လန့် တကြား လာရောက်အဖမ်းခံသည့် မူးယစ်ဆေးဝါးမှု တရားခံအ မြောက်အမြားရှိရာ အကျဉ်းထောင် များနှင့် မဆံ့တော့သဖြင့် ယာယီ ထိန်းသိမ်းရေးစခန်းများ တည် ဆောက်ပြီး လူအများ ပြွတ်သိပ် ထားရှိရကြောင်း သိရသည်။

ဒူတာတီက ‘‘ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေ ကို ဖြိုခွင်းမှုတွေ ဆက်လုပ်မှာပါ။ အများကြီး သေလိမ့်ဦးမယ်။ နောက်ကွယ်က တကယ့်မူးယစ် ရာဇာတွေ ထွက်မလာခင် လူတွေ အများကြီးသေလိမ့်ဦးမယ်။ ဒီနှိမ် နင်းမှုတွေကို နောက်ဆုံးလက် ကျန်ထုတ်လုပ်ရောင်းချသူတွေ သေတဲ့အထိ ဆက်လုပ်သွားမှာ ဖြစ်တယ်’’ဟုလည်း ပြောကြား ထားသည်။

လာအိုနိုင်ငံတွင် ပြုလုပ်နေသော ထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတအိုဘားမားကဖိလစ်ပိုင်၌ မူးယစ်ဆေးဝါးမှောင်ခိုမှုများကို အကြမ်းနည်းဖြင့်သတ်ဖြတ် နှိမ်နင်းနေခြင်းများအပေါ် ဒူတာတီနှင့် ဆွေးနွေးရန်အစီအစဉ်ရှိသော်လည်း ၎င်း၏ ပုဂ္ဂိုလ် ရေး စော်ကားပြောဆိုမှုကြောင့် အစီအစဉ်ဖျက်ခဲ့ရသည်။

ဒူတာတီက ‘‘အဲဒီပူတန်ဂီနာ (မိန်းမပျက်တစ်ဦး၏သား)ကို ကျုပ်က ဆွေးနွေးပွဲမှာ ကျိန်ဆဲပစ် ဦးမှာ’’ဟု တုံ့ပြန်ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top