စူပါတိုင္ဖြန္း
မုန္တိုင္းႀကီး မီရန္တီ ဝင္ေရာက္ တိုက္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၆ ဦးမွ်
ေသဆံုးခဲ့ေၾကာင္း တ႐ုတ္ မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
မီရန္တီသည္ ၂၁
ႏွစ္တာ ကာလအတြင္း အင္အားအေကာင္းဆံုး တိုင္ဖြန္းႀကီးအျဖစ္ ထုိင္ဝမ္ကၽြန္းကို
ေက်ာ္ျဖတ္ၿပီးေနာက္ စက္တင္ဘာ ၁၅ ရက္တြင္ တ႐ုတ္ႏုိင္ငံ အေ႐ွ႕ေတာင္ဘက္သို႔
ကုန္းတြင္းဝင္ေရာက္ တိုက္ခတ္ခဲ့ျခင္း ျဖစ္သည္။
ထိုင္ဝမ္ကို
ျဖတ္သန္းစဉ္က မုန္တိုင္းေၾကာင့္ အနည္းဆံုး လူ ၁ ဦး ေသဆံုးခဲ့သည္။
တ႐ုတ္ကမ္းေျခကို ကုန္းတြင္း ဝင္ေရာက္ခ်ိန္တြင္မူ ဖူဂ်ီအန္း၌ ၃ ဦးေသကာ ၄
ဦးေပ်ာက္ဆံုးခဲ့ၿပီး ရွီက်န္းတြင္ ၃ ဦးေသဆံုးကာ ၂
ဦးေပ်ာက္ဆံုးခဲ့ေၾကာင္း သိရသည္။
အင္အားျပင္း တိုင္ဖြန္းႀကီးသည္
ရွာမန္းအနီးတြင္ စက္တင္ဘာ ၁၄ ရက္ မနက္အေစာပိုင္းက ကုန္းတြင္း
ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္။ မုန္တိုင္းေၾကာင့္ မိုးသည္းထန္စြာ ရြာသြန္းၿပီး
ေလျပင္းမ်ား တိုက္ခတ္ခဲ့သည္။ မီရန္တီ၏ဒဏ္ကို ဂ်ီယန္႐ွဴး ေဒသတြင္လည္း
ျပင္းျပင္းထန္ထန္ သက္ေရာက္ ခံစားခဲ့ရသည္။
စက္တင္ဘာ ၁၅ ရက္
မနက္ပိုင္းတြင္မူ မုန္တုိင္းသည္ အားေပ်ာ့သြားခဲ့ၿပီ ျဖစ္ေသာ္လည္း
ကုန္းတြင္းပိုင္းသို႔ ဆက္လက္ ေ႐ြ႕လ်ားေနၿပီး မုိးသည္းထန္စြာ ရြာသြန္းမည္ဟု
မိုးေလဝသ ပညာရွင္မ်ားက ခန္႔မွန္းထားသည္။ လတ္တေလာတြင္ အျခား
မုန္တိုင္းတစ္ခုမွာ ထုိင္ဝမ္သို႔ ဦးတည္ ေ႐ြ႕လ်ားလ်က္ ရွိေနၿပီး
ကၽြန္းႏုိင္ငံေလးတြင္ တိုင္ဖြန္းမာလာကက္စ္အတြက္ ႀကိဳတင္သတိေပးမႈမ်ား
ထုတ္ျပန္ထားေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
#Unicode Version
စူပါတိုင်ဖွန်း
မုန်တိုင်းကြီး မီရန်တီ ဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦးမျှ
သေဆုံးခဲ့ကြောင်း တရုတ် မီဒီယာများက ဖော်ပြခဲ့သည်။
မီရန်တီသည် ၂၁
နှစ်တာ ကာလအတွင်း အင်အားအကောင်းဆုံး တိုင်ဖွန်းကြီးအဖြစ် ထိုင်ဝမ်ကျွန်းကို
ကျော်ဖြတ်ပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ အရှေ့တောင်ဘက်သို့
ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်ကို
ဖြတ်သန်းစဉ်က မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့သည်။
တရုတ်ကမ်းခြေကို ကုန်းတွင်း ဝင်ရောက်ချိန်တွင်မူ ဖူဂျီအန်း၌ ၃ ဦးသေကာ ၄
ဦးပျောက်ဆုံးခဲ့ပြီး ရှီကျန်းတွင် ၃ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးခဲ့ကြောင်း
သိရသည်။
အင်အားပြင်း တိုင်ဖွန်းကြီးသည် ရှာမန်းအနီးတွင် စက်တင်ဘာ ၁၄
ရက် မနက်အစောပိုင်းက ကုန်းတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ
တိုက်ခတ်ခဲ့သည်။ မီရန်တီ၏ဒဏ်ကို ဂျီယန်ရှူး ဒေသတွင်လည်း ပြင်းပြင်းထန်ထန်
သက်ရောက် ခံစားခဲ့ရသည်။
စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းတွင်မူ
မုန်တိုင်းသည် အားပျော့သွားခဲ့ပြီ ဖြစ်သော်လည်း ကုန်းတွင်းပိုင်းသို့
ဆက်လက် ရွေ့လျားနေပြီး မိုးသည်းထန်စွာ ရွာသွန်းမည်ဟု မိုးလေဝသ ပညာရှင်များက
ခန့်မှန်းထားသည်။ လတ်တလောတွင် အခြား မုန်တိုင်းတစ်ခုမှာ ထိုင်ဝမ်သို့
ဦးတည် ရွေ့လျားလျက် ရှိနေပြီး ကျွန်းနိုင်ငံလေးတွင်
တိုင်ဖွန်းမာလာကက်စ်အတွက် ကြိုတင်သတိပေးမှုများ ထုတ်ပြန်ထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
Home
»
မႈ႔ခင္း
»
လူမႈ႔ဘဝ
»
သတင္း
»
အေထြေထြ
»
ႏိုင္ငံတကာ
» မီရန္တီ တိုင္ဖြန္းေၾကာင့္ တ႐ုတ္တြင္ လူ ၆ ဦး ေသဆံုး
မီရန္တီ တိုင္ဖြန္းေၾကာင့္ တ႐ုတ္တြင္ လူ ၆ ဦး ေသဆံုး
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။